ကုရ်အာန့် သုတ » firaun

ကုရ်အာန်ကျမ်းလာ ဖါရိုအကြာင်း တစေ့တစောင်း
သို့သော် နင်သည် နောင်လာနောက်သားတို့ အဘို့ သက်သေ သာဓကတော် တစ်ပါး ဖြစ်စေရန် နင်၏ ကိုယ် ကာယကို ငါအသျှင်မြတ် ယခုကယ်ဆယ်တော်မူ၏။ ကြည့်ကြလော့ လူသားတို့ အနက် များလှစွာသော သူ တို့သည် ငါ၏ သက်သေသာဓကများကို သတိမမူကြချေ။ ကုရ်အာန် ( ၁၀း ၉၂ )

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ۞

So this day We will save thee in thy body alone that thou mayest be a Sign to those who come after thee. And surely, many of mankind are heedless of Our Signs. (10:92)

[10:93] فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةً۬‌ۚ وَإِنَّ كَثِيرً۬ا مِّنَ ٱلنَّاسِ عَنۡ ءَايَـٰتِنَا لَغَـٰفِلُونَ

ထာဝရမှန်ကန်နေသော ပရမတ္တ သစ္စာတရားကို ကုရ်အာန်ကျမ်းတော်မှအပ အခြားနေရာများတွင် မတွေ့နိုင်ပါ။ လူသားတို့၏ ခန့်မှန်းကြံစည် တွေးတောမှု များသည် ယနေ့တွင် မှန်ကန်နေသော်လည်း မနက်ဖြန်တွင်မူ မသေချာပေ။ ထိုနည်းအတူ အံ့မခန့်း တဟုန်ထိုး တိုးတက်နေသော သိပံပညာသည်ပင်လျှင် တနေ့တွေ့ရှိမှုနှင့် နောက်တနေ့ တွေ့ရှိမှုတို့မတူနိုင်ပါ။  ထာဝရမှန်ကန်မှု (Absolute truth) သဘောတရားသည် လူသားဉာဏ်စဉ် အဆင့်အတန်းဖြင့် မည်သို့မျှ မသိ ရှိနိုင်ဆိုသည်မှာ ရှင်းနေပေသည်။ သို့သော်လူသားတို့၏ သဘာဝမှာ အမြဲပင်

စောဒက တက်ကြလျှက်ရှိမြဲဖြစ်သည်။ ထိုသို့လူသားတို့ တွေးတော ကြံစည် တွက်ဆမှုများ၏ နောက်ကွယ်မှ ဖြစ်ပျက်မှု မှန်သမျှကို သဘာဝလွန် အံ့သြဆန်းကြယ်မှုများဟု ခေါ်ဝေါ်သုံးစွဲကြတတ်ပေသည်။  မျက်မှောက် လက်ရှိ ဆန်းသစ်လျှက်ရှိသော ခောတ်သစ်သိပံ္ပပညာ၏ အကူအညီဖြင့် စမ်းသပ် အဖြေထုတ်၍ မရနိုင်သော သဘာဝလွန် အံ့သြဆန်းကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင် ရှိလျှက်ရှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှု ဖြစ်ရပ်ဆန်းများ၏ လျှို့ဝှက်ချက်များကို သိလိုသည့် သဘောတရားများသည် လူသား အများစု တွင် ရှိတတ်ကြသည်မှာ ဓမတာပင် ဖြစ်သည်။ သို့သော် ရှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာ ကား တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မဟုတ်ပေ။

အချို့က ထိုသို့သဘာဝလွန် ဖြစ်ရပ်ဆန်းများကို ကိုယ်တွေ့ တွေ့ရှိပါက “ပရမတ္ထ သစ္စာတရား”၏ အကူအညီဖြင့် တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုလုပ်ကြသည်။ အချို့က သိရှိမှုအသိဖြင့်သာ လုံ လောက် တင်းတိမ်ကြသည်။ အချို့ကမူ ယနေ့မျက်မှောက် ခောတ်သိပံ္ပ၏ အကူအညီဖြင့် ၎င်းဖြစ်ရပ်ဆန်းများကို ကိုင်တွယ် ဖြေရှင်းတတ်ကြပေသည်။  အချို့ကမူ သဘောတရားမပါသော လက်တွေ့ထက် သဘောတရားနှင့် အနှစ်သာရပါရှိသော လက်တွေ့ခွဲခြမ်း စိတ်ဖြာမှုများကို ပြုကြပြီးမှ နောက်ဆုံးတွင် ၎င်းလေ့လာစမ်းစစ်ကြသည့် ထာဝရမှန်ကန်လျှက်ရှိသော သစ္စာတရားအောက်၌ ဒူးထောက်ကြတတ်သည်။

၎င်းတို့အထဲတွင် ဒေါက်တာမောရစ်ဘူကိုင်း တစ်ယောက်သည်လည်းအပါအ၀င်ဖြစ်သည်။ အံ့သြခြင်းများစွာဖြင့် နုတ်မှထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် “ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ ကျွန်ပ် ကုရ်အာန်ကို ယုံပါပြီ” “အလ္လာဟ် အသျှင်မြတ်မှအပ အခြားကိုးကွယ်ရာအသျှင်မရှိပါ။ တမန်တော်မိုဟမဒ်သည် ၎င်း၏ စေတမန်တော် တစ်ပါးဖြစ်ကြေင်း ကျွန်ပ်ယုံကြည်ပါ၏။” မိမိကိုယ်တိုင်လည်း ဆေးသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ခရစ်ယာန် ဘာ သာဝင် တစ်ဦးပီပီ သမိုင်းကျမ်း စာပေအထောက်အထားများမှတဆင့် ရှေ့ခောတ်အီဂျစ် မင်းဆက်များနှင့် ဖါရို ဘုရင်အကြောင်း၊ ၎င်းမင်းဆက်များအကြောင်း ကောင်းစွာသိရှိသော ပါမောက္ခတစ်ဦး ဖါရိုဘုရင်(ရာမ်ဆိးစ် ၂)  ရုပ်အလောင်းရှေ့တွင် အလုပ်ရှုပ်လျှက် ရှိနေပါတော့သည်။

Firaun

အိုး….တစ်ကယ်ဘဲလားဗျာ……ဘယ်လိုဖြစ်တာပါလဲဗျာ… ခင်ဗျားတို့ မွတ်ဆလင်တွေ ယုံကြည်တဲ့ ဒီကုရ်အာန် ကျမ်း တော်မြတ်က ဖါရိုဘုရင် ရေနစ်ပြီးသေတဲ့ အကြောင်းနှင့် ၎င်း၏ ရုပ်ခန္ဓာကိုယ်ကို နောင်လာ နောက်သားတွေ သတိသံဝေဂရစေရန် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ် ဆိုတာလေဗျာ…… ကျွန်တော့ နားတောင် ကျွန်တော် မယုံနိုင်စရာဘဲ…. ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကပဲ ဒီ အကြောင်းကို ဖေါ်ပြ ထားရပါလိမ့်… ဒီမာမ်မီခန္ဓာကိုယ်ကြီး တွေ့ရှိခဲ့တာမှဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော် လောက်ကမှ…. ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများ ထိန်းသိမ်းထားခဲ့ပါလိမ့်။ အား..မေးစရာ မေးခွန်း တွေကတော့ အများကြီးဘဲ။ တကယ် ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်းကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်းခြေထိ လိုက်ခဲ့တဲ့ ဖါရိုဘုရင်ကြီးပင်လား…. အစ္စလာမ်တွေ ယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမဒ်ဟာ ဒီဖါရိုဘုရင် အကြောင်း နှင့် ဒီခန္ဓာကြီးတည်ရှိနေတာ ဘယ်လိုလုပ်များ သိခဲ့ပါလိမ့်။ ပါမောက္ခကြီး  ဒေါက်တာမောရစ် တစ်ယောက် ဘယ် လိုမှကြိုးစားပြီး အိပ်သော်လည်း အိပ်လို့ မပျော်တော့ပါ။ သူ့ရဲ့ ရှေ့းသမ္မာကျမ်းတော်ကို လှန်ရင်း“ ဟော တွေ့ပြန်ပြီ ဒီဖါရိုး” “ပင်လယ်ကြီးသည် ဖါရိုဘုရင်နဲ့ ၎င်း၏ ကြီးမား လှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက် မျှ အသက်မရှင်ခဲ့” ထွက်မြောက်ရာကျမ်း(၁၄း၂၈) သူမကျေနပ်သေး———– ဘာလို့ ဒီဓမ္မဟောင်း ငါတို့ရဲ့ သမ္မာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာ ရှိနေသေးကြောင်း ဘာလို့မပြောတာ ဘာလိမ့်….၊၊ သူကား စိတ်မကျေ နပ်…. ထပ်ပြီးထပ်ပြီးအဖြေများ လိုအပ်နေသေးပေ၏။ ခေတ်သစ် ဆေးသိပ္ပံ ပညာရှင်ကြီး တစ်ဦးလည်းဖြစ်၊ လက်ရှိဖါရိုဘုရင် မွမ်းမံစစ်ကြောရေး အဖွဲ့၏ ဥက္ကဋ္ဌကြီးလည်း ဖြစ်သော ပါမောက္ခကြီးမောရစ် တစ်ယောက် သူ့ရောင်းရင်း လုပ်ဖေါ်ကိုင်ဖက် ဆေးနှင့် မျိုးရိုးဗီဇ၊ မနုဿဗေဒ၊ ခန္ဓာဗေဒ ပရော်ဖက်ဆာများ၊ ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့် အတူ ခောတ်မှီနည်းပညာ cutting edge စမ်းသပ် စစ်ဆေးရေးကိရိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော သိလိုစိတ်မှာ “ဘယ်လိုများ ဒီမာမ်မီ (ဖာရို) အလောင်းဟာ ကွယ်လွန်ခဲ့ပါလိမ့်” အနုစိတ်(Autopsy) စမ်းသပ်၍ နေပါတော့သည်။ ညဦးယံဘက် ပညာရှင် အသီးသီး သက်ဆိုင်ရာ ကဏ္ဍများကို အသီးသီးစစ်ဆေးပြီး သကာလ- နောက်ဆုံး final report ကိုတင်ပြနေကြပြီဖြစ်၏။ ပရော်ဖက်ဆာ အသီးသီး၏ ကောက်ချက်အရ ဤမာမ်မီ(ဖာရို) ရုပ် အလောင်းမှာ ပင်လယ်တွင် ရေနစ် သေဆုံး ခဲ့ကြောင်း များမကြာမီ အချိန်တို အတွင်းတွင်ပင် ပင်လယ်မှ ဆယ်ယူခြင်းကို ခံခဲ့ရပြီး (၀ါ) ပင်လယ်ထဲတွင် အချိန်ကြာမြင့်စွာ မရှိခဲ့ကြောင်း  ခန္ဓာကိုယ်တွင်းမှ ဆားဓာတ် အထောက်ထားနှင့် ပင်လယ်နီရွံ့စေး အထောက် ထားများမှ သက်သေခံလျှက် ရှိကြောင်းတို့ကို နောက်ဆုံး အစီရင်ခံစာကြီးတွင် တင်ပြလာကြသောအခါ.. ၎င်း အဖွဲ့ကို ဦးဆောင်နေသော ပရော်ဖက်ဆာဒေါက်တာမောရစ် တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရ ပါတော့သည်။

“အား…မဟုတ်နိုင်သေးပါဘူး ရေထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များ ဒီလောက် ပုံပန်း မပျက် ပဲ အခြားမာမ်မီများထက်ပင် လတ်ဆတ် လန်းဆန်း ပကတိပုံအတိုင်း ဒီအချိန်ထိ တည်ရှိနေရပါလိမ့်၊” ..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်း ကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူသေရုပ်လောင်း ပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆရာဝန်တစ်ဦးအဖို့ ဇဝေဇ၀ါနှင့် စဉ်းစား၍အတွေးများ ထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီး အားမရဖြစ်နေသော ပါမောက္ခကြီး၏ ပုံကို စာဖတ်သူများပင်မြင်ယောင်မိမည် ထင်ပါသည်။

အချိန်မှာကား ၁၉၈၁ ခုနှစ် ပြင်သစ်နိုင်ငံတွင် ပြင်သစ်သမ္မတကြီး ဖရန်စစ်စကိုမစ်တရာ အုပ်ချုပ်စဉ် ဖြစ်သည်။ အီဂျစ် အစိုးရ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဖာရိုဘုရင်ရာမ်စစ် (၂) ၏ ရုပ်အလောင်းအား သမိုင်းကြောင်း အဆို အရ ကမ္ဘာ့အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ ခေါင်းအမာဆုံး အီဂျစ်ဘုရင်အား ခောတ်မှီဓာတ်ခွဲ စမ်းသပ်မှုများ (မျိုးရိုးဗီဇ DNA သေဆုံးခြင်းဇစ်မြစ်နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပညာရပ်၊ မျက်နှာပြုပြင် မွမ်းမံမှု) ပြုလုပ် ရန်ရည် ရွယ်ချက်တို့ဖြင့် ပြင်သစ်အစိုးရမှ ကမ်းလှမ်းခဲ့ပါသည်။ ပြင်သစ်လေဆိပ်သို့ ရောက်လျှင် ရောက် ခြင်းပင် ပြင်သစ်သမ္မတ နှင့်တစ်ကွ ၎င်း၏အတွင်းဝန် ၀န်ကြီးများမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြု ကြိုဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင် ပြီးချင်းပင် ဖါရိုဘုရင်၏ အလောင်းအား စူးစမ်းရှာဖွေ စမ်း သပ်မှုများ ပြုလုပ်ရန် ပြင်သစ်နိုင်ငံ၏ အထူး မနုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့ သယ်ဆောင် လာခဲ့ ကြပါ သည်။

ပထမဦးဆုံး Cutting Edge Technology ဖြင့် သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများ ပြုလုပ်ရန် ရည်ရွယ် ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာ အကယ်ဒမီ၏ ဥက္ကဌကြီးမှာ ပရော်ဖက်ဆာဒေါက်တာ မောရစ်ဘူ ကိုင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်ပင် ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာ စမ်းသပ်ခွင့်ရရှိခဲ့ပါသည်။

မေးခွန်းပေါင်းမြောက်များစွာဖြင့် အဖြေမရနိုင်သေးသော ပါမောက္ခကြီး

ဒီနှစ်ပေါင်း သုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်း မပျက်စီးသေးတဲ့ မာမီကောင်ကြီး၊ သူတို့ အပြောအရ အီဂျစ်နိုင်ငံ ပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အရပ်မှာ တွေ့ရှိခဲ့တယ်ဆိုတဲ့ ဒီအလောင်းကြီး၊

ယခုလက်ရှိ အီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကုရ်အာန်က တိတိပပပြောဆို

ဖေါ်ပြထားတဲ့ ဒီဖါရိုဘုရင်ကြီး၊ ကျွန်ပ်တော့ဗျာ ခောတ်မှီဆန်သစ်တဲ့ Technology အကူအညီမပါဘဲ ဒီအ

ကောင်ကြီးကို သမိုင်းကြောင်းအရ စစ်ဆေးမယ်ဆိုရင်တော့ ယုံကြည်မှာ မဟုတ်ဘူးဗျာ။ ယခုလို တိုးတက်တဲ့

စက်ကိရိယာ Cutting Edge နည်းပညာ၊ ဆေးသိပ္ပံပညာတွေရဲ့ အကူအညီအရသာ ယုံရတာဗျာ ဟု ခေါင်းခါ

လျှက် တတွတ်တွတ်ပြောကြားလျှက်သာ ရှိပါတော့သည်။ ဘယ်လိုလုပ်ပြီး ဒီမွတ်ဆလင်တွေ ပြောတဲ့ ကျမ်းစာ

တော် ထဲမှာ ဒီဖါရိုအကြောင်း တိတိပပ ပါရှိနေရတာလဲ? သူ့ရဲ့ကိုယ်ခန္ဓာကိုလည်း ကမ္ဘာပေါ်မှာ ထိန်းသိမ်းထား

တယ်လို့လည်း ပါသေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။  သူကားစစ်ဆေးမှု အထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံး သံပြိုင်အဖြေရရှိသော်လည်း မကျေနပ်နိုင်သေး၊ မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြော့ပြန် ရောက်သွား ပါတော့သည်။ ဒေါက်တာမောရစ် တစ်ယောက် အိပ်မပျော် အခဲမကျေနိုင်သေးပါ။ နောက်ဆုံး ၎င်းဖါရိုဘုရင်ရှိရာ အီဂျစ်ပြည်သို့ ခရီးဆက်ရန်သာ ဆုံးဖြတ်လိုက်လေပါတော့သည်။ အီဂျစ်နိုင်ငံသို့ ရောက်လာပြီး သက်ဆိုင်ရာ ဘူမိဗေဒ ရှေးဟောင်းသမိုင်းပညာရှင်များ၊ ဆေးပညာ ပညာရှင်များ၊ မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေးနွေးမှုများပြုလုပ်လျှက်ရှိကာ အဖြေများကို ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေရာတွင် ၎င်း၏ တွေ့ရှိ ချက်များကို နှီးနှောရှင်းလင်းမှုတစ်ရပ် ပြုလုပ်နေစဉ် မွတ်ဆလင် ဆေးသိပ္ပံပညာရှင် တစ်ဦးမှ မတ်တပ်ရပ်ပြီး ခင်ဗျား ကျွန်ပ်တို့ ကျမ်းလာ ဒီပါဒတော်ကို ပြန်နားထောင်ပါဟု ဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်…

“ငါအသျှင်မြတ်သည် အစ္စရာအီလ် အမျိုးသားတို့ကို ပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖါရော မင်းသည် မိမိ၏စစ်သည်များနှင့် သူတို့ကိုမတရားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။ သို့သော်ရေနစ် မြုပ်ဘေး ထိသောအခါ သူသည် အစ္စရာအီလ် အမျိုးသားတို့ ယုံကြည်သော အသျှင်မှ တပါးအခြားအသျှင် သခင်မရှိဟု ကျွန်ပ်ယုံကြည်ပါ၏။ ကျွန်ပ်သည် အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ ဘောင်တွင် ပါဝင်ပါ၏ ဟုကြွေးကြော်၏။” ကုရ်အာန် (၁၀း၉၀)

ဘာလဲ ယခုမှ သင်ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည်ထောင်ထားခြားနား၍ မတရားပြုကျင့်သူတို့ ဘောင်တွင်ပါဝင်ပြီးမှ။ ကုရ်အာန် (၁၀း၉၁)

သို့သော် နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါး ဖြစ်စေရန် နင်၏ကိုယ်ခန္ဓာကို ယခု ငါအသျှင်မြတ်ကယ်တင်တော်မူ၏။ ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေ သာဓကတော် များကို သတိမမူကြချေ။ ကုရ်အာန် (၁၀း၉၂ )

အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပရော်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ် ငြိမ်သက် သွားကာ ”ပရမတ္ထ သစ္စာတရား” မှန်ကန်မှုနှင့် တိကျသေချာသော အဖြေကို ၎င်း၏ နှလုံးသည်းပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့ ၎င်း၏ ဟစ်အော်ချက်မှာကား

”ကျွန်ပ် အစ္စလာမ်ကိုယုံပါပြီ….ကျွန်ပ် ကုရ်အာန်ကိုယုံပါပြီ..”

“ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထိုတောင် သည် အလ္လာဟ်အား ကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသောသဘောဖြင့် ၀ပ်စင်း၍ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့ရလတံ့၊ ငါသည် ဤဥပမာများကို လူသားတို့ ဆင်ခြင် စဉ်းစားဘို့ရာ ဆောင်တော်မူ၏။ ” ကုရ်အာန် ( ၅၉း၂၁ )

“အလွန့်အလွန် သနားကြင်နာတော်မူသော မဟာဂရုဏာတော်သခင် အလ္လာဟ်အသျှင်မြတ်သည် အမှန်တရား မြတ်နိုးသူတို့၏ နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီတကား။”ကရ်အာန် ( ၂၈း၅၆ )

နှလုံးသားသစ်၊ စိတ်သစ်၊ လူသစ် အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခရီး

ပါမောက္ခကြီး၏ သတင်းသည်ကား နေရာအနှံ့သို့ တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။ ၎င်းနောက် ပါ မောက္ခကြီးသည် ၁၀ နှစ်တိုင်တိုင် အစ္စလာမ်နှင့် ပတ်သက်သော သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ၊ ကုရ်အာန်နှင့် သိပ္ပံ လေ့လာမှုများ၊ အာရ်ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studies များ ပြုလုပ်လျှက် အစ္စလာမ်ကို အပတ်တကုတ် လေ့လာခဲ့သည်။ ၎င်းလေ့လာသော အသီးအပွင့်များအဖြစ် ဥရောပတခွင်နှင့် ကမ္ဘာက အစ္စလာမ်ကို ပို၍သိလာကြသည်။ ”ကုရ်အာန်၊ ဘိုင်ဘယ်လ်နှင့်သိပ္ပံ” ဟူသော ခောတ်သစ် သိပ္ပံ ပညာဖြင့် ရှေးကျမ်းဂန်များကို စစ်ဆေးခြင်း၊ ကုရ်အာန်၏ ခိုင်လုံသော၊ တိကျသော၊ မငြင်းနိုင်သော အမှန်တရားများကို အခြားကျမ်းဂန်များနှင့် နှိုင်းယှဉ်ကာ ဖေါ်ပြခဲ့သည်။ လူသားများ အားလုံးသတိရစေရန် ပါမောက္ခ ကြီးသည် ၎င်း၏ တွေ့ရှိချက်များနှင့် စပ်လျင်းပြီး ကျမ်းတော်လာ ဤအာယတ် (ပါဒ) တော်ကို နောက်ဆုံး မီး မောင်းထိုးပြလျှက် ရှိခဲ့ပါသည်။

မုသားစကားသည် ထိုကျမ်းတော်ကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း မချဉ်းကပ်နိုင်

ချေ၊ ထိုကျမ်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ချီးမွမ်းခြင်းတည်ရာအသျှင်၏ ထံတော်မှဖြစ်၏။ ကုရ် အာန် ( ၄၁း၄၂)

ကျွန်ပ်တို့ အဘယ်ကြောင့် အလ္လာဟ်၏ သက်သေ လက္ခဏာတော်များကို သတိမမူကြသနည်း?

ကုရ်အာန်စူရာဟ် ( ၁၀း၉၂ ) ကြည့်ကြလော့ များစွာသော သူတို့သည် ငါ၏ သက်သေ လက္ခဏာတော်များကို သတိမမူကြချေ။

ထို့ကြောင့် အချို့သောသူတို့သည် သက်သေ သာဓကတော်များကို မျက်ဝါးထင်ထင် တွေ့မြင်ရသော်လည်း လက်မခံ မယုံကြည် ငြင်းပယ်လျှက် ရှိကြသည်။ အဆုံးစွန်သော အဖြေနှင့် မှားမှန်ကိုခွဲခြမ်းစိတ်ဖြာရန် စစ်ဆေး စုံစမ်းမှုများ ပြုလုပ်မှု မရှိကြပေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့ မွတ်ဆလင်များပင် ကုရ်အာန်ကို အဓိပ္ပါယ်ရှိရှိ သိရှိရန် မကြိုးစားကြချေ။ ကုရ်အာန်ကျမ်းလာ အံ့ဖွယ်သက်သေသာဓကများကို ပုံပြင် သဖွယ်သာ ခပ်ဝါးဝါး သိရှိတတ်ကြပြီး ၀ိရောဓိ ဘ၀ဖြင့်သာ တင်းတိမ်နေတတ်ကြပေသည်။ ကျွန်ပ်တို့ ယုံကြည် ထားသော ကုရ်အာန် ကျမ်းတော်မြတ်သည် တိကျမှန်ကန်သော ပရမတ္ထ သစ္စာတရားမှ မှန်ကန်မှုအပြည့်ဖြင့် အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ် အံ့သြဖွယ်ကျမ်းကြီးဖြစ်ရာ မယုံကြည်ဒွိဟရှိသူ မှန်သမျှအား တိုက်ဆိုင် စစ်ဆေးပြီး အဖြေထုတ်ရန် နည်းမျိုးစုံဖြင့် အသျှင်မြတ်က ကျွန်ပ်တို့ လူသားပင်မက နတ်သား(ဂျင်) မလာအေကာ အပေါင်းတို့ကိုပင် စိန်ခေါ်ထားသေး၏။ တမန်တော်မိုဟမဒ် သက်ရှိထင်ရှားရှိစဉ် အချိန်မှ ယခု အချိန်ထိနှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင်အာင် ထိုစိန်ခေါ်မှုသည် အသက်ဝင်လျှက် ရှင်သန်နေ၏။ ခောတ်သစ် သိပ္ပံပင် ယခု အချိန်ထိ လိုက်မမှီသေးပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီးသည် ရှင်သန်လျှက် ရှိနေ ဦးမည်ပင်။

ကု၇်အာန်စူရာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော် လူသားအားလုံးနှင့် ဂျင် နတ်သားအားလုံးတို့သည် ဤကုရ်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို စီကုံးရေးသားရန် စုရုံး စည်း ဝေး၍ သူတို့ အချင်းချင်း ကူညီယိုင်းပင်းသော်လည်း ဤကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို မဖွဲ့နိုင်ချေ။

ဒီ့အပြင် အလ္လာဟ်အသျှင်မြတ်သည် ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ်စောင်လုံး ထားဘိ တိကျမှန်ကန်ပြီး ပြည့်စုံသော ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်(ပါဒ) တော်တစ်ခုပင် ကျွန်ပ်တို့ မဖန်တီးနိုင်ကြောင်း ၎င်း၏ သြဇာအာဏာသည် စကြာဝဠာလောက တစ်ခုလုံးအား လွမ်းမိုးထားကြောင်း ဖေါ်ပြ ထားသေးပေသည်။ အကယ်၍ ဤကျမ်းတော်ပါ စကားများသည် အရာခပ်သိမ်းကို မွေးမြူတော်မူသော

အလ္လာဟ် အသျှင်မြတ်ထံတော်မှ မဟုတ်လျှင် မကိုက်ညီမှုများ၊ လျော့ရဲမှုများ၊ မမှန်ကန်မှုများကို တွေ့ရပေမည် ဖြစ်ကြောင်း ဖေါ်ပြထားသေး၏။ ကုရ်အာန် (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )

၎င်း၏ စကားနှင့် ပတ်သက်၍ ၎င်းကိုယ်တိုင်ပင် အာမခံထားကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် (၁၅း၉)်တွင် အသျှင်မြတ်သည် ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။ ထို့ကြောင့် ယနေ့အချိန်ထိ ကုရ်အာန်၏ စိန်ခေါ်မှု အာမ ခံချက်များကို အမှားထောက်ပြနိုင်သော လူသားပညာရှင်၊ ဂျင်နတ်သား တစ်ဦးတစ်ယာက်မျှ မတွေ့ရှိရသေးပေ။ နောင်တွင်လည်း တွေ့နိုင်မည် မဟုတ်ပေ။ ကုရ်အာန် (၂း၂၃၊ ၂၄)

အချုပ်အားဖြင့်ဆိုရသော် ကျမ်းတော်မြတ်ကုရ်အာန်လာ ဖါရိုဘုရင်သည်လည်း ကျွန်ပ်တို့ နောင်လာ နောက် သားများ မျက်တွေ့မြင်ရကာ သတိသံဝေဂတရားရနိုင်စေရန် အလ္လဟ်အသျှင်မြတ် ကိုယ်တော်တိုင် ပုံစံ မပျက် ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ်သည် ၎င်း၏ စကားကို တည်တော်မူသော အသျှင် ဖြစ်ကြောင်း တင်ပြရင်း……………..

ကိုးကား www.ayaat.wordpress.com

သီရိပျံချီ ဦးဘစိန် ကုရ်အာန်ဘာသာပြန်

M.AHNAF

Faculty of Medicine

Cairo University

Egypt.