ကုရ်အာန့် သုတ » global warming

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၅)
GLOBAL WARMING (သို.မဟုတ်)၂၁ရာစုကမ္ဘာ့အရေးတော်ပုံ။

ကမ္ဘာတစ်ဝှမ်းတွင် ယနေ့ခေတ်စား နေသော၊ ကမ္ဘာမြေကြီး ပူနွေးလာမှုအရေးသည် သတင်းစာ တိုင်း သတင်း ဌာနတိုင်းမှ အထူးသတင်း တစ်ရပ်ဖြစ်သည်။ ထိုကိစ္စဖြစ်ရ သော အကြောင်း ရင်းသည်၊ စက်မှု နိုင်ငံများ ၏ သူ့ထက်ငါ အပြိုင် စက်မှု ကုန်ထုတ် စနစ်ကြီး မှစတင် ခဲ့ခြင်း ဖြစ်သည်။ စက်ရုံများ တည် ဆောက်ခြင်း၊ နေရာ သစ်များ တိုး ချဲ့ခြင်း တို့ကြောင့် သဘာဝ သစ်ပင်များ ခုတ် လှဲခြင်း ၊ မိမိ တို့ နိုင်ငံ များ တွင်မက ၊ဆင်း ရဲသော နိုင်ငံများ သို့ပါ တိုးချဲ့၍ စက်ရုံများ တည်ထောင်ခြင်း ၊ ထိုစက်ရုံများမှစက် ပစ္စည်း များ လှိုင်လှိုင်ထုတ်ခြင်း၊ ထို ထုတ်ကုန်များ ကိုသယ်ဆောင်ရာ၌ ရထား၊ သင်္ဘော၊ မော်တော် ကား၊ လေယာဉ်ပျံ များဖြင့် သယ် ဆောင်ခြင်း၊ ထိုစက်ပစ္စည်း အားလုံးသည် ဓါတ်ဆီ ၊ ဓါတ်ငွေ့ လောင် စာများဖြင့် အသုံးပြုကြ ရသည်။ လူတို့၏ အိမ်များတွင် လည်း စက် ပစ္စည်းများ ပိုမို သုံး စွဲခြင်း နှင့် အတူ ဓါတ်ငွေ့ လောင်စာ များကို လည်း ပိုမို သုံးစွဲကြ ရလေသည်။ ထိုသို့သော အကြောင်း များ ကြောင့်လူသား ကမ္ဘာမှ ထုတ်လွှတ် လိုက်သော အခိုးအငွေ့များသည် ကမ္ဘာ့ ပတ်လည် လေထု ထဲ တွင်“ကာဘွန်ဒိုင်အောက်ဆိုက်” မှတစ်ဖြေးဖြေးချင်း အဆိုင်အခဲ အဖြစ်တည်ရှိနေခဲ့သည်။

ကမ္ဘာမြေကြီးသို့ နေကမ္ဘာမှ ထုတ်လွှတ်ပေး လျှက်ရှိသော နေရောင်ခြည်သည် ကမ္ဘာကြီးမှ အချို့ပြန် ကန်၍ ကမ္ဘာ့အ ပြင်သို့ ပြန်ထွက်သွားသော စနစ်ဖြင့်တည်ရှိနေ ခဲ့သည်။ ယခုအခါ ကမ္ဘာ ပတ်လည် လေထုထဲတွင် အဆိုင်အခဲ အဖြစ်တည်ရှိ နေသော ကာဗွန်များကြောင့် ကမ္ဘာမှပြန်ကန်ထွက်သော နေရောင်ခြည်သည် ကမ္ဘာ့အပြင်သို့ မထွက်နိုင်တော့ဘဲ ကမ္ဘာ့ပတ် လည်တွင်ဆက်လက် အောင်းနေ သောကြောင့် ကမ္ဘာကြီးသည် တစ်နှစ်ထက် တစ်နှစ် ပိုမို ပူနွေးလာ ခြင်းဖြစ်သည်။ထို ကမ္ဘာကြီး နွေး လာမှု ပြဿနာသည် နှစ်ဆယ့်တစ်ရာစုမှသိရှိရသော ပြဿနာတစ်ရပ်ဖြစ်သည်။

နှစ်ပေါင်းထောင့်ငါးရာ ကတည်းက လူသားတို့၏ ဘဝလမ်းညွှန်မှုအဖြစ်ချပေး ခဲ့သော ကျမ်းမြတ် ကုရ် အာန် ၃၀း၄၁ တွင် ကမ္ဘာကြီးသည် လူသားတို့၏ လက်ဖြင့်ဆည်းပူးသော အရာများကြောင့် ယခုကဲ့ သို့ အခက်အခဲမျိုးဖြင့်ရင်ဆိုင်ကြရ မည့်အကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။

(ကမ္ဘာမြေနှင့်သမုဒ္ဒရာပင်လယ်တို့တွင် လူသားတို့၏ လက်များဖြင့်် မှားယွင်းစွာ  ပြုမူချက် တို့ကြောင့် ပြဿနာ ရပ်များ ပေါ်ထွန်း လာမည်ဖြစ်သည်။ ထိုပြဿနာရပ်များမှ အချို့ကို ၎င်းတို့ပြန် လည်ခံစား ရ မည် ၊ သို့မှသာ ၎င်းတို့သည် ထိုအမှားမှ ပြန်လည် ဆုတ်ခွာကြမည်။ )ဟုဆိုထားသည်။

ကမ္ဘာကြီးပူနွေးလာခြင်း အပေါ် ဝန်ရိုးစွန်းတန်းရှိ ရေခဲတောင်များ၏ ပျော်ဝင်မှု ကြီးထွားလာသည်နှင့် အတူ ရေကြီးခြင်း၊ အပူအအေးမျှတမှု မရှိတော့ဘဲ နွေအခါ ပိုမို၍ ပူခြင်း၊ ဆောင်းအခါပိုမို၍အေးခြင်း၊ မိုးအခါ ပိုမို၍ မိုးများခြင်းဟူသော သဘာဝ အန္တာရာယ်များ ဆိုက်ရောက်လျက်ရှိသည်။ ထိုပြဿနာ များ၏ နောက် ဆက်တွဲ ဖြစ်ရပ်များ မှာ သီးနှံ စိုက်ပင်များ ပျက်ဆီးခြင်း၊ လူသား တို့၏ စားနပ်ရိက္ခာ ဖူ လုံမှု လျော့နည်းလာခြင်း၊ ဟူသောဒုက္ခများကို လူသားများပင် ပြန်လည်ခံစားကြ ရခြင်းဖြစ်သည်။

စင်္ကြာဝဠာရှိ အရာအားလုံးသည် လူသား၏ လက်အောက်ခံ အဖြစ် ဖန်ဆင်းထားကြောင်း ကုရ်အာန် တွင် အတိအလင်းကျေညာထားပြီးဖြစ်သည်။ လူသား၏ လုပ်ဆောင်ချက်ပေါ်မူတည်၍ ကောင်း ကျိုး များ နှင့် ဆိုးကျိုးများသည် လူသား အပါအဝင် ကမ္ဘာလောကကြီး တစ်ခုလုံးက မျှဝေခံစား ကြရမည် ဖြစ်သည်။ ယနေ့ကမ္ဘာ္ဘ့ ကုလသမ္မဂ္ဂ မှကြီးမှူး၍ ကမ္ဘာကြီး၏ နွေးလာ မှုကို ပျောက်ကင်းစေရန်အတွက် မူဝါဒ မြောက်များစွာ ချမှတ်ခဲ့ကြသည်။ ထိုမူဝါဒများ အနက် အဓိကအ ချက်သည်  စက်ယန္တယား များ ကိုထုတ်လုပ် ရာ၌် ဓါတ် ဆီနှင့် ဓါတ်ငွေ့သုံးယာဉ်များ ကို လျှော့ချ၍ ၊အခြား လျှပ်စစ်သုံး ကဲ့သို့သော လောင်စာများဖြင့် သုံးစွဲရန်မူဝါဒ ဖြစ်သည်။ ၂၀၁၀ခုနှစ် မှစတင်၍ကမ္ဘာတွင် ထုတ်လုပ်လျက်ရှိသော စက်တပ်ယာဉ် များကို ဓါတ်ဆီနှင့်ဓါတ်ငွေ့သုံးမှ ၂၅ ရာခိုင်နှုန်းလျှော့၍ အခြားလောင်စာ ဖြင့်သုံးစွဲ နိုင် ရန် ထုတ်လုပ်မည်ဖြစ်သည်။

ကျမ်းမြတ် ကုရ်အာန်၏ လမ်းညွှန်မှုသည် လူ့ဘဝ တည်ဆောက်မှု လမ်းညွှန် ချက်များ နှင့်အတူ လူ့ ပါတ် ဝန်းကျင်ရှိ လူသားများ နှင့်ဆက်နွယ် လျက်ရှိသော သဘာဝ သစ်တောများ ထိန်းသိမ်းရေး၊သ ဘာဝ တောတိရစ္ဆာန်များထိန်းသိမ်းရေး၊ ကမ္ဘာမြေအတွင်း သဲကန္တာရ များဖြစ်ထွန်းလာမှုမှ ကာကွယ် ရေး၊ တာဝန်သည် လူသား တစ်ရပ်လုံး အပေါ်၌ တာဝန်တစ် ရပ်ဖြစ်ကြောင်း အထက်မှစူရာဟ်(၃၀) အာယာသ်(၄၁)က လမ်းညွှန် ထားခြင်းဖြစ်သည်။ ထိုကိစ္စရပ်များတွင် မွတ်စလင်မ်များ အဖို့ ပို၍ပင် တာဝန်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မွတ်စလင်မ်များအ ဖို့ကျမ်းမြတ်ကုရ်အာန်သည် အခြေ ခံဥပဒေ ဖြစ်သော ကြောင့်ပင်။ ကုရ်အာန် တွင်ပါ ဝင်သော အာယာသ်များတွင်၊ အခြေအနေ နှင့်အ ချိန်အခါ ပေါ်တွင်မူတည်၍ သိနိုင်မည့်အာ ယာသ်များလည်း ပါဝင်သည်၊ ဥပမာ ကုရ်အာန်တွင် ဖေရ် အောင် ရုပ်လောင်းအား ကမ္ဘာ့လူသားများ တရားရယူနိုင်ရန် အလို့ငှာ ကေယာမသ်တိုင် ထိမ်းသိမ်း ထားမည် ဟူ၍ပါဝင်သည်။ ထိုရုပ်လောင်းကို ရှာဖွေ တွေ့ရှိခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာက မျှဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန်တွင် တမန်တော်အား ငါအရှင်၏ ဗျာဒိတ်များအနက် အချို့ ဗျာဒိတ်ပါ ကိစ္စရပ်များ သည် အသင်မရှိတော့သည့် နောက်ပိုင်းမှ ထင်ရှား မည်ဟူ၍ မိန့်ဆို ထားပြီး ဖြစ်သည်။ တမန်တော်မြတ်သည် ကုရ်အာန်ကို အသိဆုံး သော ပုဂ္ဂိုလ်ဖြစ်သည်နှင့်အတူ ကုရ်အာန်ကို တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်က ဗျာဒိတ်အဖြစ်ချပေးခဲ့သည့်မူရင်း အာရဗီအတိုင်း သာ မိမိ၏ မဟာ သာဝက များကို အမွေအဖြစ်ပေးခဲ့သည်။ ထိုမဟာသာဝကများကလည်း အဂ္ဂမဟာသာ ဝကများ ကိုမူရင်းအတိုင်း သာ အမွေပေးခဲ့သည်။ ထိုအဂ္ဂမဟာသာဝက များကလည်း ၎င်းတို့ အား အမွေဆက်ခံ သူများကို မူရင်းအတိုင်း အမွေပေးခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အားလုံးသည် တမန်တော်မြတ်ထံ မှဆင့်ကဲဆင့်ကဲ ကုရ်အာန်၏ အနှစ်သာရများကို သိခွင့်ရရှိခဲ့သူ များဖြစ် သော ကြောင့်၎င်းတို့၏ခေတ်တွင် ၎င်းတို့အားလုံးကတမန်တော်မြတ်နည်းတူ ကုရ်အာန်ကို သဖ်စီရ် ပြုခဲ့ခြင်း အလျှင်းမရှိခဲ့ပေ။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)