ကုရ်အာန့် သုတ » history

အစ္စလာမ့် ဖြစ်စဉ်သမိုင်း(၃)
အစ္စလာမ့်စာစဉ်အမှတ်(၁၂)

သို့ ဖြစ်ရကား ကျွန်ုပ်တို့၏ သာသနာကို လွယ်ကူနားလည် သဘောပေါက် နှစ်ခြိုက်စွာ ကျင့်သုံးနိုင် ရန်အတွက် ကျွန်ုပ်တို့၏ ရှေ့ပြေးခေါင်းဆောင်ကြီးများ ဖြစ်ကြသော “ဆရာ ကြီးဦးနု”နှင့် ဗြိတိသျှခေတ်တွင် ပေါ် ပေါက်ခဲ့သော “ဟာဂျီ ဦးဘအို” K.I.H တို့၏လမ်း စဉ်ကို လိုက်သောအားဖြင့် မြန်မာစကားသန့်သန့်၊ မြန်မာဆန် ဆန်ရေးသားထားသည့် သာ သနာ့စာပေစဉ်များကို ထုတ်ဝေလာခဲ့ပေသည်။

ယခုအခါ စာစဉ်အမှတ်(၁၁)အထိ ထုတ်ဝေပြီးသည်ဖြစ်ရာ ဤ“အစ္စလာမ့်ဖြစ်စဉ်သမိုင်း”ကို အစ္စလာမ့်စာစဉ်အမှတ်(၁၂)အဖြစ်ထုတ်ဝေနိုင်ခွင့် ရသောကြောင့် အထူးဝမ်းမြောက်မိပါ သည်။

ရှင်းလင်းသောသမိုင်းဖြစ်စဉ်

“ အစ္စလာမ့်ဖြစ်စဉ်သမိုင်း” သို့မဟုတ် “မွတ်စ်လင်မ်တို့ ၏ရာဇဝင်”မှာ လူတို့အသိညဏ်မှီ၍ ခိုင်ခိုင်လုံလုံသိရသော ရာဇဝင်ခေတ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များဖြစ်သည်။ အသိ ညဏ် မမှီသော ခေတ်ဟောင်းက ဖြစ်ခဲ့သည့်ဖြစ်စဉ်များ မဟုတ်ပေ။

သို့ဖြစ်၍ စမ်းတဝါးဝါး ယူဆရန်အချက်အလက်များ၊ သဘာဝမဆန် အံ့ဖွယ်သူရဲဖြစ်သည့် ဒဏ္ဍရီဆန်သော အဖြစ်အပျက်မျိုးများ ပါဝင်သည့် ရာဇဝင်မျိုးမဟုတ်ကြောင်း သိရှိထား သင့်ပေ သည်။

အမှန်မှာ ကျွန်ုပ်တို့ သာသနာ၏ ဖြစ်စဉ်သမိုင်းမှာ ရှင်းလင်းပြတ်သား၍ သဘာဝကျ လှပေသည်။

ပေါ်ပေါက်လာပုံ

သို့ပင်ဖြစ်လင့်ကစား ရှင်းလင်းသိရှိ နိုင်ခွင့်ရသော ဤဖြစ်စဉ်များကို မြန်မာဘာသာနှင့်ဖတ် ရှုနိုင်ရန်လွယ်ကူစွာ မရနိုင်သောကြောင့် အင်္ဂလိပ်ဘာသာ၊အုရ်ဒူဘာသာတို့ကိုမ တတ်သောတိုင်း ရင်းသားမွတ်စလင်မ်တို့အတွက် သိရှိနိုင်ရန်လွန်စွာ ခက်ခဲနေပေသည်။ မိမိတို့သာသနာ၏ ဖြစ်စဉ်ကိုသိရှိလွန်းလှ၍ အုရ်ဒူစာကိုမတတ်သော မြန်မာမွတ်စလင်မ် တစ်ဦးသည် လည်းကောင်း၊ အုရ်ဒူစာနှင့်အင်္ဂလိပ်စာကို တတ်အောင်သင်ရမည် ဆိုပါက အ သက်အတန်ကြီးမှ ဤလွယ်ကူ၍ သဘာဝကျသော    ကျွန်ုပ်တို့၏ သာသနာ့ဖြစ်စဉ်ကို သိ နားလည်နိုင်တော့မည်။

ဤကဲ့သို့ သော ပုဂ္ဂိုလ်မျိုးများအတွက် ထိုင်ရာမထ ဖတ်ရှုနားလည်နိုင်စေရန် မြန်မာဘာ သာဖြင့် ဤအကြောင်းရပ်ကို အစ္စလာမ့်စာစောင် အတွင်းတွင်အခန်းဆက် ဆောင်းပါးများ အဖြစ် ရေး သားပေးခဲ့ပါသည်။

ဤရေးသားချက်များကို စုပေါင်း၍ တစ်စုတစ်ပေါင်းတည်း ဖတ်ရှုနိုင်ရန်ရိုက်ထုတ် သင့် သည်ဟု အစ္စလာမ်သာသနာ ရေးရာကောင်စီ ဋ္ဌာနချုပ်မှ ဆုံးဖြတ်ချက်ချသည့်အတိုင်း ဤစာအုပ် ငယ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

ဤစာအုပ်မှာ အပြီးဆုံးခန်းတိုင် ရောက်မည် မဟုတ်သေးပါ။ ယခုခေတ်အထိဖြစ်သော အစ္စလာမ့်သမိုင်းကို ပြည့်စုံအောင် ရေးသားရန်လိုပါသေးသည်။ အလိုတော်ရှိပါကအ ရှင်မြတ်၏အကူ အညီဖြင့် ဆုံးခန်း တိုင် ရေးနိုင်ရန် အင်အားနှင့်အကူအညီကို ပေးပါရန်အ ရှင့်ထံ တွင် ဆုထူးပန်လျက်ရှိပါသည်။

ဤစာအုပ်ကို ရေးသားရာ၌ ရေးသားသူသည် ဤဘာသာရပ်တွင် ကျွမ်းကျင်သူ ကဝိတစ် ဆူ အကျော်အမော် မဟုတ်ကြောင်း ရိုသားစွာဝန်ခံပါသည်။

မိဘဆရာသမားများ ကျေးဇူးဖြင့် အရှင့်အလိုတော်အရ တတ်သိလာရသော ပညာများကို အခြေခံပြုကာစိတ်အားထက်သန် လွန်းလှ၍သာ မြန်မာစာကိုတတ်သိသော မွတ်စလင်မ် တို့၏ အကျိုး အလို့ငှာရေးသားရခြင်း ဖြစ်သည်ကိုလည်း ရိုးသားစွာ ဝန်ခံလိုပါသည်။

ကျမ်းကိုးကျမ်းကားများ

ဤကျမ်းစာကို ရေးသားရာ၌ အောက်ပါစာအုပ်များကို ကိုးကားအခြေပြုကြောင်း ဖော်ပြ အပ်ပါသည်။

၁။THE HISTORY OF ISLAM V01.I by HAFIZ  GHULAM   SARWAR   M.A. RetiredDistrict judge, Singapore.

၂။A SHORT HISTORY OF THE SARACENS,by AmeerAli,Syed,P.C. C.I.E.LL.D.,D.L.

၃။HISTORY OF THE ISLAMIC PEOPLES,Carl Brockelmann (a translation from German Edition).

၎။HISTORY OF THE ARABS, By Philip K.Hitti,Professor of Semitic Literature,Princeton University.

(ကိုးကားအသုံးပြုသောအခြားကျမ်းငယ်များလည်းရှိပါသေးသည်။)

ကျေးဇူးတင်ပါ၏။

ဤကျမ်းကို ဤအခြေသို့ ရောက်အောင် စုစည်း ပုံနှိပ်ထုတ်ဝေရာ၌ တာဝန်ယူဆောင် ရွက်သော ကောင်စီ ဒု-ဥက္ကဋ္ဌနှင့် အာလင်မ်ပညာရှင်များ ရေးရာကော်မတီ အတွင်းရေး မှူးဖြစ်သော “မောင်လာနာဃာဇီ မုဟမ္မဒ်ဟာရှင်မ်”နှင့် အစ္စလာမ့်စာစောင် စာတည်းမှူး “ဆ ရာဦးဃနီ”တို့အား ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ် ပါသည်။

ဆုတောင်း

တိုင်းရင်းသား မွတ်စလင်မ်တို့သည် မိမိတို့သာသနာကို မိမိတို့စာပေစကားနှင့် ရှင်း လင်းပြတ်သားစွာ သိနားလည်ကြ၍ စွဲမြဲနှစ်ခြိုက် ယုံကြည်စွာဖြင့် မြန်မာ့ယဉ်ကျေးမှု မြန် မာ့ဓလေ့အတိုင်း ကျင့်သုံးသွားနိုင်ခွင့်ရရန် ကူညီစောင့်ရှောက် အားပေးတော်မူပါရန် အ ရှင်မြတ်ထံ လေးနက်စွာ “ဒုအာ”ဆုပန်လျက်……………..။

ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်

အတွင်းရေးမှူးချုပ်(၁၉၅၆-၁၉၇ဝ)

အစ္စလာမ်သာသနာရေးကောင်စီဋ္ဌာနချုပ်

ရက်စွဲ။               ။၁၉၆ဝပြည့်နှစ်၊မတ်လ၊(၂၅)ရက်။

(ရစူလ်သခင်၏အမည်တော်ကိုတွေ့ တိုင်း ဆွလဝသ်ဖတ်ကြပါရန်)

အစ္စလာမ့်ဖြစ်စဉ်သမိုင်း

(အကြင်လူသားတို့ ၊ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့မှ အသင်တို့အား ဖန်ဆင်းခဲ့၍ မိသားစုများ၊ လူမျိုးစုများ၊ ဖြစ်အောင် ပြုလုပ်ပေးခဲ့ရာ၌ အမှန်စင်စစ်အားဖြင့် သင်တို့အ ချင်းချင်း သိနားလည်ကြစေရန်သာ ဖြစ်သည်။ “အလာဟ်” အရှင်မြတ်အထံတော်၌ အသင်တို့အနက် “အမွန်မြတ်ဆုံးသူ”မှာ “အကျင့်သီလအကောင်းဆုံးသူ”သာလျှင်ဖြစ် ၏။)      (ကျမ်မြတ်ကုရ် အာန်-၄၉း၁၃)

ထင်ရှားသော ကမ္ဘာ့သာသနာကြီးများ အယူဝါဒယုံကြည်မှုများတွင် “အစ္စလာမ်” (Islam)သည် ထူးခြားလှစွာ ထွန်ကားပါဝင်လျက်ရှိ၏။ ကမ္ဘာ့လူဦးရေ၏ ရှစ်ပုံတစ်ပုံသည် “အစ္စလာမ်”ကို သက်ဝင်ယုံကြည် လျက်ရှိ၏။ တစ်နည်းဆိုသော် ကမ္ဘာသူကမ္ဘာသား ရှစ်ဦးလျှင် တစ်ဦးမှာ(ယခု-ငါးပုံတစ်ပုံ၊ လူသားငါးဦးလျှင် တစ်ဦးသည်) “အစ္စလာမ်”ကို သက်ဝင်ယုံကြည် လိုက် နာသူဖြစ်သည်။

(မှတ်ချက်) ထိုအရည်အတွက်သည် ၁၉၆ဝပြည့်နှစ်က ဖြစ်သည်။

ဤသာသနာပေါ်ပေါက်လာပုံ၊ ထွန်းကားပျံ့နှံ့လာပုံနှင့် ဤသာသနာက ကမ္ဘာသူကမ္ဘာသား တို့အကျိုးအတွက်လည်းကောင်း၊ ငြိမ်းချမ်းသာယာမှု၊ အသိပညာ၊ လောကဓာတ်ပညာ ထွန်းကားမှု တို့အတွက် လည်းကောင်း၊ လူ့သမိုင်းတစ်လျှောက် မည်သို့အကျိုး ပွားများစေ ခဲ့ပုံကို အကျဉ်းအားဖြင့် ဖော်ပြရန်ဖြစ်၏။ သို့ ဖြစ်၍ အစ္စလာမ့်ဖြစ်စဉ်သမိုင်းဟု ခေါင်းစဉ် တပ်ထားခြင်းဖြစ် သည်။ ရေးသားဖော်ပြလိုသော အကြောင်းအရပ်ကို စာလုံးအနည်းငယ် မျှနှင့် ဖော်ပြရသော် “အစ္စလာမ်ဝင်”ဟုပင် ဆိုရပါမည်။

“အစ္စလာမ်”ဟူသော ဝေါဟာရတွင် “သာသနာ”သို့ မဟုတ် “ကိုးကွယ်ယုံကြည်မှု” ဟူသော အဓိပ္ပာယ်သည် အကျုံးဝင်ပြီးဖြစ်၏။ “အစ္စလာမ်”ကို သက်ဝင်ယုံကြည်သူများကို “မွတ်စ်လင်မ်” (Muslim) ဟူသော ဝေါဟာရနှင့် သိနားလည်သည်။

“အစ္စလာမ်ဝင်” ဆိုရာ၌ မွတ်စလင်မ်တို့ သက်ဝင်ယုံကြည်သည့် သာသနာဝင်ဟု နားလည် ရန်ပင်ဖြစ်သည်။ ရိုးရိုးစကားဖြင့်ဆိုရသော် “အစ္စလာမ်ဖြစ်စဉ်” အကြောင်းရပ်ပင်ဖြစ်ပေ သည်။

ဇေယျကျော်ထင် ဗိုလ်မှုးကြီးဘရှင်

(မြန်မာနိုင်ငံမှ တော်ဝင်သမိုင်းပညာရှင်)၏

အစ္စလာမ့်ဖြစ်စဉ်သမိုင်းစာအုပ်ကို ပြန်လည်တင်ပြသည်။

ကျော်မျိုးလွင်(ခေါ်)ဖိုက်ဇလ်ဟတ်က်

မြန်မာနိုင်ငံအစ္စလာမ့် ဖြစ်စဉ်သမိုင်း(၂)
မဒ္ဒရစဟ်ကျောင်းအချို့

ဤကဲ့သို့ သော မြန်မာမွတ်စ်လင်မ် ရှေ့ဆောင်များ ပြန်ရောက်လာသောအခါ အိန္ဒိယ၊ ပါကစ္စ တန်ယဉ်ကျေးမှု၊ အရှိန်ပြင်းထန်စွာဖြင့် အခွင့်အရေးအလိုက် မဒ္ဒရစဟ် (သို့မဟုတ်) ယသင်မ်ခါ နာ ကျောင်းများ ကိုဖွင့်လာကြသည်။ သင်ကြားသည်မှာ အခြေခံ အလစ်ဖ် ၊ဘေ၊မှပင် စသော်လည်း ကျောင်းအမည်ကိုကား အရဗီ တက္ကသိုလ်အမည်မှ တစ်ဆင့်မျှ မလျှော့ကြပေ။ ဤကျောင်းများကို ဖွင့်ရာ၌အကျိုးမဲ့ မဟုတ်ပါ။ အကျိုးရှိသင့် သလောက် ရှိပါသည်။ သို့ရာတွင် ဤကျောင်းအချို့ကိုဖွင့်ရာ၌ ဖွင့်သောရှေ့ဆောင်၏ ဘဝရပ် တည်ရေးကိုသာရှေ့ ရှုသည်ဖြစ်ရာ ၎င်းတို့အနက် အချို့တို့မှာ အလှူငွေ များပေးနိုင်သော ပယောဂယှဉ်သည့် စက်ကွင်းအတွင်းသို့  ကျမှန်းမသိ ကျသွားသည်ကိုလည်း တွေ့ ရပေ သည်။

မြန်မာမဆန်မှု အန္တရာယ်၏ရှေးဖြစ်စဉ်

မြန်မာဆန်မှုကို တိုက်ဖျက်သည့် ဤအန္တရာယ်ကို ကျွန်ုပ်တို့သည် ယခုမှသာတွေ့ မြင်ရ သည်မဟုတ်။ (၁၉၂၈)ခုလောက်ကတည်းက အမြင်ကျယ်သောမြန်မာမွတ်စ်လင်မ်တို့ သည် မျက်ဝါး ထင်ထင်တွေ့မြင်ရပြီးဖြစ်သည်။သို့ ဖြစ်၍လည်း မြန်မာ မွတ်စ်လင်မ်တို့အား ကျမ်းမြတ်ကုရ်အာန်ကို နားလည်နှစ် ခြိုက်စွာ တတ်သိယုံကြည်နိုင်စေ ရန် ဟာဂျီဦးဘအို K.I.H သည် သခင်ကြီးဦးကာလူ၏ အကူအညီဖြင့် ကုရ်အာန် ကျမ်းမြတ်ကို မြန်မာ ဘာသာသို့ ပြန်ဆိုကာ အခမဲ့ဝေငှခဲ့သည် မဟုတ်ပါလော။

ထိုကုရ်အာန် ဘာသာပြန်အပြင် အစ္စလာမ်သာသနာ့ ပေါင်းချုပ်ကျမ်း၊ အရှင်မြတ်၏ ဂုဏ်တော်အဖွင့် ကျမ်းမှစ၍ ကျမ်းအများကို ကွယ်လွန်သူ ဆရာဦးထွန်းကြွယ်၏ အကူအ ညီဖြင့် ငွေ ကုန်ကြေးကျခံကာ ရိုက်နှိပ်ဖြန့် ချိခဲ့ပေသည်။ ဤကား အန္တရာယ် ကိုမြင်၍ တစ်ဦးတစ်ယောက်တည်း အနေနှင့်ဆောင်ရွက် ကာကွယ်ခဲ့ခြင်းဖြစ် ပေသည်။

ယခုခေတ်တွင်လည်း ရန်ကုန်အစ္စလာမ်မစ် ဆိုဆိုင်တီမှဦးစီး၍ ကျမ်းမြတ်ကုရ်အာန်ကို မြန်မာဘာ သာသို့ ပြန်ဆိုနေသည်မှာ (၁၀)စောင်အထိပြီး၍ (၃)စောင်ရိုက်နှိပ်ပြီး ဖြစ်သည် ဟု သိရ သည်။ ဝမ်းမြောက်ဖွယ်ရာပင်။

ဗမာမွတ်စ်လင်မ်ပညာရေးကွန်ဖရင့်

အဖွဲ့အစည်းအနေနှင့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ခဲ့သည် လည်းရှိသည်။ ဒုတိယကမ္ဘာ စစ် မဖြစ်မီအလျင်က အစ္စလာမ်သာသနာ့ ပညာရေးအတွက် တိုင်းရင်းသားနှင့် တိုင်းရင်း သားမဟုတ် သူ မွတ်စ်လင်မ်တို့  ပူးပေါင်းဆောင်ရွက် ထားသောအဖွဲ့ အစည်းကြီးရှိသည်။ ထိုအဖွဲ့အ စည်းသည် နှစ်စဉ်ညီလာခံ ကျင်းပသည်။ (၁၉၃ဝ)ခုလောက်တွင် ကျင်းပသော ပဲခူးညီလာခံတွင် အစ္စ လာမ် ၏သာသနာ့ပညာ သင်ကြားပို့ချပေးရာတွင် အုရ်ဒူ ဘာသာကို အသုံးပြုရမည်ဟု ဆိုလာကြသည်။ အမြင်ကျယ်သော မွတ်စ်လင်မ်ခေါင်းဆောင်တို့ က လက်မခံကြ။ မြန်မာဘာသာနှင့် သာ သင်ရမည်ဟု တင်းခံခဲ့ကြသည်။ သို့နှင့်ကွဲကြ ၊ ပြဲ ကြသည်။

ဤအကွဲအပြဲမှနေ၍  မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စ်လင်မ် ပညာရေးကွန်ဖရင့်ကြီး ပေါ် ပေါက်လာခဲ့ရသည်။

ထို့နောက် အမျိုးသားစိတ်ဓာတ် နိုးကြားမှုတွင် မြန်မာမွတ်စ္စလင်မ်များလည်း စွမ်းစွမ်းတမံ ပါဝင်လာ ကြ၍ နိုးကြားရေးအဖွဲ့များ ပေါ်ပေါက်လာခဲ့ကြသည်။ စစ်ပြီးတစ်ခေတ်တွင် (ဗ.မ.က)အ ဖွဲ့ရှိခဲ့သော်လည်းသာသနာရေးထက်နုင်ငံအရေးကိုဆောင်ရွက်သောကြောင့် သာသနာမှုဘက်တွင် ထူးခြားသောပြောင်းလဲမှုများ မဖြစ်ခဲ့သည့်တိုင်အောင် အမျိုးသား စိတ်ဓာတ်နိုးကြားမှု အ ဟုန်ကိုကားကောင်းစွာ ထိန်းပေးခဲ့သည်။ (ဗ.မ.က)မရှိခဲ့ သည့်နောက်ပိုင်း အမျိုးသားစိတ်ဓါတ်ကို ဆန့်ကျင်သော သာသနာကျင့်သုံးမှုနှင့် သဘော တရားများကို မြန်မာမဆန်သည့် မွတ်စ လင်မ်တို့သည် မြန်မာမွတ်စလင်မ် လောကတွင် သွတ်သွင်း ပေးလာကြသည်မှာ ယခုအခြေအနေ အထိပင်ဖြစ်သည်။

နားလည်သင့်သည့်အချက်

“ဘာသာမျိုးခြား စာစကားသင်ကြားသင့်သည်မှတ်” ဟုဆိုသည့် စကားအတိုင်း မည်သည့် ဘာသာ ခြားစကားကိုမဆို သင်ကြားတတ်မြောက်ရန် အရေးကြီးပါသည်။ အားပေးရန် လည်းသင့် သည်။သို့ရာတွင် ဘာသာခြားစကားသင်နိုင်သူမှာ အခြေအနေအရတစ်ထောင် လျှင်တစ်ယောက်မျှပင် မရှိနိုင်။ ဘာသာစကားသင်ရ မည်ဆိုသည်တွင်လည်း မိမိ၏အမိ ဘာသာစကားနှင့် စာပေတို့ကို သင်ကြားတတ်မြောက် ပြီးမှသာလျှင် သင်ရန် ဖြစ်သည်။ မိမိ၏အမိဘာသာ စကားနှင့်စာပေကို သတ်ပစ်ရန်အတွက် ဘာသာခြားစကားနှင့် စာပေကို သင်ရမည် ကား မဟုတ်ပေ။

“အင်းနမာလ်၊မုအ်မိနူးန၊ အစ်ခဝတွန်” ဟု လာရှိသည့်အတိုင်း မွတ်စ်လင်မ်မှန်လျှင် ညီရင်းအစ်ကို ဖြစ်ကြသည်။

ဘဂါင်္င်္လီဖြစ်စေ၊ ပန်ချာဗီဖြစ်စေ၊ ကျိုလီယာဖြစ်စေ၊ စူရတီဖြစ်စေ၊ ဟိန္ဒူစတာနီဖြစ်စေ၊ ပါကစ္စတာ နီဖြစ်စေ၊ အင်ဒိုနီးရှင်းဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လူမျိုးတစ်ရာ့တစ်ပါး မည်သည့်နိုင်ငံ၊ မည် သည့်ဒေသမှဖြစ်စေ၊ မွတ်စလင်မ်ဖြစ်ပါက ကျွန်ုပ်တို့ညီနောင် များသာဖြစ်သည်။

ထိုမွတ်စ်လင်မ် ညီနောင်တို့၏ စာပေဘာသာတို့မှာ မိမိတို့လူမျိုးနှင့် တိုင်းပြည်အလိုက် ပေါ်ထွန်း ခဲ့သည့်အတိုင်း ကျွန်ုပ်တို့က ဂရုဓမ္မပြုရပေမည်။

အလားတူပင် မြန်မာမွတ်စ်လင်မ်ဖြစ်သော ကျွန်ုပ်တို့၏စာပေနှင့် စကားကို အခြားနိုင်ငံသား မွတ် စလင်မ်တို့က ဂရုပြုသင့်သည်ဟု ကျွန်ုပ်တို့လေးနက်စွာ ယုံကြည်သည်။

အထက်ပါ မူ(၂)ရပ်ဖြစ်သော ဘာသာခြားစာ သင်သင့်သည်ဟူသောမူနှင့်မွတ်စလင်မ်တို့ သည် ညီ နောင်ဖြစ်ကြသည် ဟူသောမူတို့ကို လက်ခံယုံကြည် သူများဖြစ်ပါက ကျွန်ုပ်တို့ ၏နိုင်ငံ သို့အသက်မွေဝမ်းကြောင်း နှင့်စီးပွားရေးအတွက် ရောက်ရှိလာကာ ကျွန်ုပ်တို့နိုင်ငံ ၏ အကျိုးပြုခြင်းကို ခံယူနေကြကုန်သော နိုင်ငံခြားသား မွတ်စလင်မ်ညီနောင်တို့သည် တိုင်းရင်းသား မွတ်စလင်မ် ညီနောင်တို့ကို ကူညီကြသောအခါတွင် အဘယ့်ကြောင့် မြန်မာ စာပေနှင့် ဗမာစကားကို အားပေးခြင်း မပြုနိုင်ကြရအံ့နည်း။

နည်းယူဖွယ်ရာ

အခြားသာသနာတို့ ၏ သာသနာပြုများသည်  မိမိတို့ သွားရောက်သာသနာပြုသော ဒေ သရှိလူများ သို့ မဟုတ် လူမျိုးစုများ၏ ဘာသာစကားကို တတ်သိနားလည်အောင် “ကျား ကုတ်ကျား ယက်” ခက်ခက်ခဲခဲ လေ့လာသင်ကြား တတ်မြောက်ပြီးမှ လူမျိုးစုတို့၏ ဘာ သာစကားစာပေများကိုအသုံးပြု၍ သာသနာပြုကြသည်ကို ကျွန်ုပ်တို့၏ညီနောင်များဖြစ် ကြသော မြန်မာနိုင်ငံ ရှိ နိုင်ငံခြားသားနှင့် နိုင်ငံခြားသားစိတ်ရှိသူ မွတ်စလင်မ်တို့  အဘယ်ကြောင့် သဘောမပေါက်နိုင်ဘဲ ရှိနေနိုင်ကြအံ့နည်း။

သာသနာဖွံ့ ဖြိုးမှု တစ်ခုတည်းကိုသာ ရှေ့ ရှုသူမှန်လျှင် မြန်မာစကားနှင့် မြန်မာစာပေတို့ကို အသုံးပြု ၍ သာသနာရေးကို ဆောင်ရွက်ရန် အားပေးကူညီမှု ပြုကြသည်သာမက မိမိတို့၏ အယူ သီးမှုများကို ဖယ်ရှားကာ မိမိတို့ကိုယ်တိုင် မြန်မာစာနှင့် မြန်မာစကားကို တတ် ကျွမ်းအောင် မအိပ်မနေ အရိုးကျေကျေ အရေခမ်းခမ်း ကြိုး စားကြမည်သာဖြစ်သည်။

သာသနာဖွံ့ ဖြိုးမှု သန့်သန့်အတွက်သာ ရည်ရွယ်ချက်သန့်ရှင်းစွာ မထားဘဲ ပယောဂယှဉ် သည့် သာသနာပြုလုပ်ငန်းမျိုးကို ဆောင်ရွက်ကြသည် ဖြစ်ပါကကျွန်ုပ်တို့ မည်သို့မှပြော ဆိုနိုင်တော့ မည်မဟုတ်ပေ။၎င်းတို့ကြိုက်သော စာနှင့်စကားကိုသုံးစေ၍မြန်မာ့အ သွင် ပျောက်အောင် မြန်မာမွတ်စလင်မ်တို့ကို ဖန်တီးပေး လာကြမည်သာ ဖြစ်ပေသည်။

မြန်မာစာကိုလည်းမရေးတတ်၊မြန်မာစကားကိုလည်း မပြောတတ်၊မြန်မာ့ယဉ်ကျေးမှုကို လည်း စိုးစဉ်းမျှနားမလည်ဘဲနှင့် အစ္စလာမ်သာသနာပြသနာရပ်တို့၏ အဆုံးအဖြတ် ကို မြန်မာ မွတ်စလင်မ်တို့ အတွက် ပေးရန် တာဝန်ယူဝံ့သူတို့မှာ သာသနာ့ပညာရပ်ကို မိုး ထိအောင်ပင် တတ်နေစေကာမူ တလွဲသတ္တိကောင်း၍ လူထူးလူဆန်းဖြစ်သည်ဟုဆိုလျှင် မည်သူငြင်းနိုင်အံ့ နည်း။

မြန်မာစိတ်မွေးပါမှ

“ရောမမြို့သို့ရောက်နေစဉ် ရောမသားလိုကျင့်ရမည်”ဟုအဆိုရှိသည်။ ပန်ဂျပ်တွင်အခြေ စိုက်နေ၍ သာသနာပြုလိုသူသည် ပန်ဂျာဗီစကား တတ်ရုံသာမက၊ပန်ဂျာဗီစိတ်ပေါက် ဖို့ ပင်လို သည်။

အလားတူပင် ဘင်္ဂလားပြည်၌ အခြေစိုက်၍ အစ္စလာမ်သာသနာပြုလိုသူသည် ဘဂါင်္လီ စာနှင့်စကားကိုတတ်ရုံသာမက ဘဂါင်္လီစိတ် ပေါက်ရပေမည်။ မုန်ညင်းဆီကို နှစ်နှစ် ခြိုက်ခြိုက် သုံးဝံ့ ရပေလိမ့်မည်။ နံသည်ဟု ပယ်ထား၍မဖြစ်ပေ။

ထို့အတူပင် မြန်မာပြည်တွင် မြန်မာမွတ်စလင်မ် တို့အတွက် အစ္စလာမ်ဖွံ့ ဖြိုးရေးကို ဆောင် ရွက် ပေးလိုသူတို့သည် မြန်မာပြည်၌ ဆောင်ရွက်သည့် အတွင်း မြန်မာစကားအစား အုရ် ဒူစကား ကို ပြောရမှ၊နှမ်းဆီအစား ထောပတ်ကိုသုံးရမှ၊ ဆန်အစားဂျုံမှုန့်ကို သုံးရမှဖြစ် မည်ဟူသော အယူအဆရှိနေလျှင် ထိုပုဂ္ဂိုလ်တို့၏လုပ်ငန်းမှာအဘယ်မှာလျှင်အောင်မြင်နိုင် အံ့နည်း။

သာသနာကိုချစ်ပါလျက် အဘယ့်ကြောင့် အထက်ပါအစွဲတို့ကို မစွန့်ပစ်နိုင်သနည်း။ ပယောဂမ ရှိသူမှန်လျှင် မြန်မာစာနှင့် မြန်မာစကားကို အားပေးရုံသာမက မိမိတို့ကိုယ်တိုင် က မြန်မာ့ အလေ့အထသည် ကောင်းသည်၊ ကောင်းသည်နှင့်အမျှ နှစ်ခြိုက်သည်၊ ဤအလေ့အထအတိုင်း ပြုမူကျင့်သုံးခြင်းသည် သာသနာ တိုးတက်မှုအတွက် အကူ အထောက် ဖြစ်စေလိမ့်မည်ဟု ယုံကြည်လာကာ မြန်မာစိတ်ပေါက်အောင် ကြိုးစားဆောင် ရွက်ကြမည်သာ ဖြစ်ပေသည်။

အမြင်ကျယ်နိုင်ငံခြားသား မွတ်စ်လင်မ်များ

ဤသို့ ကြိုးစားဆောင်ရွက်မှုများ မရှိဟုမဆိုလိုပါ။ မကြာသေးမီက ဗမာပြည်သို့ လာရောက် လည်ပတ်သွားသော အစ္စမာအီလီခိုဂျာအဖွဲ့ခေါင်းဆောင် ကရီမ်အာဂါခန်လည်းမြန်မာ ဝတ်စုံ ပုဆိုးတောင်ရှည်၊ ခေါင်းပေါင်း ရင်ဖုံးအကျီနှင့် အခမ်းအနားတစ်ခုသို့  တက်ရောက် လာပုံကို သတင်းစာ၌ တွေ့လိုက်ရသည်။

ဤခေါင်းဆောင်၏နောက်လိုက်များသည် မြန်မာနိုင်ငံ၌ဘာသာရေးမှလွဲ၍ အခြားအချက် အလက်တို့တွင် မြန်မာတို့နှင့်တထေရာတည်း ကျအောင်ပြုမူကျင့်သုံးနေထိုင်ကြသည်။နာ မည်သာမ ကပြောဆိုသည့်စကားပင်လျှင် မြန်မာစကားဖြစ်နေသည်။ မွတ်စလင်မ်တို့အ တွက် ကိုးကွယ်ယုံကြည်မှုနှင့် သာသနာ့စည်းကမ်းများသည် တစ်ခြား၊ဒေသနှင့်လူမျိုးကို လိုက်၍ ဖြစ်ပေါ်သော ဘာသာရေးနှင့် မဆိုင်သည့် ယဉ်ကျေးမှု အစဉ်အ လာ ဓလေ့ထုံးစံ တို့သည် တစ်ခြားဟု အမြင်ကျယ်စွာ ခွဲခြားနားလည်ကြရန် အချိန်ရောက်ပေပြီ။

အုရ်ဒူမှအုရ်ဒူဟုဆိုသော ကျွန်ုပ်တို့၏ဆရာကြီး အချို့တို့ကမူ အုရ်ဒူစာသည် ယုံကြည် သူတို့၏ဘာ သာရေးစာ၊ မြန်မာစာသည် မယုံကြည်သူတို့၏ ဘာသာရေးဆန့်ကျင်သော စာဟုယူဆ လျက် ရှိနေသည်မှာ အစဉ်အလာ ထုံးစံဓလေ့နှင့် ယဉ်ကျေးမှု အချက်အလက် တို့ကို အစ္စလာမ်၏ စည်းကမ်းနည်းလမ်း ပညတ်ချက် များသဖွယ် ထည့်သွင်းသွန် သင် ပြသနေကြသည်မှာ လည်း ကြေကွဲဖွယ်ကောင်းလှ၏။

တကယ့်အကြောင်းအရင်း

အထက်ပါ အစ္စမာအီလီ အဖွဲ့ကဲ့သို့ပင် အမြင်အကျယ်သော နိုင်ငံခြားသား မွတ်စလင်မ်အ ချို့ ရှိနေသေးသည်မှာလည်း ကျွန်ုပ်တို့အဖို့  နှစ်သိမ့်ဖွယ်ရာဖြစ်သည်။ သို့ရာတွင် အမြင် မကျယ်သူ တို့၏ အားက များနေသောကြောင့်၊ ကျွန်ုပ်တို့အဖို့မှာ မြန်မာစကား၊ မြန်မာ စာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို စွန့်လွှတ်မှ မွတ်စ်လင်မ် ဖြစ်နိုင်သည်ဟူသော ယုံကြည် မှုကို ရောက်အောင်အ တင်း တွန်းပို့လျက်ရှိသော မကောင်းဆိုးဝါး အားကြီးကို ဖြစ်နိုင်သည့် နည်းနှင့် တွန်းလှန်ဖြိုခွင်း ချေမှုန်းလမ်းလွှဲရပေမည်။

အဘယ်ကြောင့်နည်း။

နိုင်ငံခြားသား မွတ်စ်လင်မ်များကို မလိုလားမနှစ်မြို့၍ လုံးဝမဟုတ်ပါ။ ၎င်းတို့၏ ကျေးဇူး များကိုကျွန်ုပ်မမေ့သေးပါ။ အုရ်ဒူစာပေကို မချစ်၍မဟုတ်ပါ။ အလွန်ကြွယ်ဝသော ဤ ဂန္တဝင်စာပေကို တတ်အားသမျှ လေ့လာကြရပါမည်။

အကြောင်းရင်းမှာ ကျွန်ုပ်တို့သာသနာကို သဘောပေါက် နားလည်နှစ်ခြိုက်စွာ လိုက်နာ ကျင့်သုံး နိုင်ရန်နှင့် ဗမာပြည်တွင် နှစ်ရှည်လများ ဘိုးစဉ်ဘောင်ဆက်ကတည်းကသပ္ပာယ် မျှစွာမွတ်စ လင်မ်မဟုတ်သည့် တိုင်းရင်းသားတို့နှင့် ဒိုးတူပေါင်ဖက် အေးအတူပူအမျှ နေ ထိုင် လာခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ဘဝတည်မြဲရေး အတွက်သာ ဖြစ်ပေသည်။

ဤအချက်ကို ကျွန်ုပ်တို့၏ ညီနောင်များဖြစ်သော နိုင်ငံခြားသားမွတ်စလင်မ်၊ နိုင်ငံခြား သား စိတ် ပေါက်နေသော တိုင်ရင်းသားမွတ်စလင်မ်တို့  နားလည်ကြစေချင်ပါသည်။ နား လည်အောင် လည်း ကူညီတော်မူ ပါဟုအရှင့်ထံ ရိုးသားစွာ ဆုတောင်းမိပါသည်။

ဇေယျကျော်ထင် ဗိုလ်မှုးကြီးဘရှင်

(မြန်မာနိုင်ငံမှ တော်ဝင်သမိုင်းပညာရှင်)၏

အစ္စလာမ့်ဖြစ်စဉ်သမိုင်းစာအုပ်ကို ပြန်လည်တင်ပြသည်။

ကျော်မျိုးလွင်(ခေါ်)ဖိုက်ဇလ်ဟတ်က်

မြန်မာနိုင်ငံအစ္စလာမ့် ဖြစ်စဉ်သမိုင်း(၁)
ကျမ်းဦးစကား

မကြာသေးမီ ရက်များအတွင်း (ဟိဂ်ျဂျရီ ၁၃၇၉ခု၊ ရမဒွါန်လ)က အစ္စလာမ့်ကောင်စီ ကိစ္စနှင့်ဖြူးမြို့ သို့ ရောက်ရှိခဲ့သည်။ ဖြူးမြို့ဗလီဝတ်ကျောင်းကြီးကို ထိုမြို့နေမွတ်စလင်မ် တို့ကလှပတင့် တယ်စွာမွမ်းမံပြင်ဆင်ထားသည်ကို ဝမ်းမြောက်စွာနှင့််တွေ့ရသည်။ ဗလီ ၀တ်ကျောင်းအတွင်းမျက်နှာကြက် အောက်နံရံများ၏အထက် နှုတ်ခမ်းတွင်ကျမ်းမြတ် ကုရ်အာန်မှအာယသ် များကောင်းနိုးရာရာများကို ရွေးချယ်၍ အရဗီဘာသာ စာလုံးကြီး များနှင့်ထင်ရှားစွာ ရေးသားထားသည်ကို တွေ့ရ၏။ တာဝန်ခံပုဂ္ဂိုလ်များက ဗလီလာသူ တိုင်း အရှင်မြတ်၏ မုက္ခ ပါဋ္ဌ်တော်များကို လွယ်ကူစွာတွေ့မြင် သတိရစေအံ့သောငှာ အသင့်ရေးပေး ထားခြင်းဖြစ်သည်ဟု ဆိုသည်။

အရဗီကို မြန်မာအနက်အဓိပ္ပါယ်ဖြင့် နားမလည်ကြသောအများစုအတွက် မည်သို့အကျိုး ရှိအံ့နည်းဟု ဆန်းစစ်ရာ ထိုတာဝန်ခံများက အာယသ်တော်များအောက်တွင် မြန်မာဘာ သာဖြင့်ရေး သားခြင်းမှာ အပြစ်ရှိ/မရှိ သံသယဖြစ်နေသည်ကတစ်ကြောင်း ရှရီအသ်ကိုအ တန်ကျွမ်းကျင်သူတို့က မရေးသင့်၊ရေးသည့်အစဉ်အလာ မရှိဟုဆိုကြသောကြောင့် တစ်ကြောင်း ဆိုင်းငံ့နေရ ပါသည်ဟု ဖြေကြသည်။

ဗလီအတွင်းမြန်မာစာရေးကောင်းသလော

ဤအဆိုပြုချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်၊ စိုးရိမ်ကြောက်ရွံ့ ဖွယ်ရာလည်းဖြစ် သည်။ ဗလီတွင်း၌ အရှင့်မုက္ခပါဋ္ဌ်တော် များကိုပင်လျှင် မြန်မာစာပေနှင့် မရေးအပ်၊ ကျမ်းမြတ်ကုရ် အာန်ထဲတွင်မှတ်စုမှတ်ရာများကို မြန်မာစာနှင့်ပုံမနှိပ်အပ်အလွန်ငရဲ ကြီးလိမ့်မည်ဟုအယူသီးအောင် မြန်မာစာမတတ်သူတို့က အသိညဏ်မဖွံ့ ဖြိုးသေး သည့် မြန်မာစာကိုသာတတ်သည့် တိုင်းရင်းသားမွတ်စ်လင်မ်တို့အား လှည့်ဖြားခဲ့ကြသည် မဟုတ် ပါလော။

ကျမ်းမြတ်ကုရ်အာန်ထဲတွင် အရဗီစာတန်းများ ကြား၌သော်လည်းကောင်း၊ ဘေးနေရာ လပ် များတွင်လည်းကောင်း၊ ဒေါင်လိုက်ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ ကန့်လန့် ဖြစ်စေ ရနိုင်သည့် နည်းနှင့် အုရ်ဒူစာ များကိုရေးသား ပုံနှိပ်ထားသည် မဟုတ်ပါလော။ အုရ်ဒူစာကို ဗလီအတွင်း (မင်န်ဗရ်)ထိပ်၌ လည်းကောင်း၊ ခေါင်း ဆောင်ဝတ်ပြုရာ အထက်နံရံ၌ လည်းကောင်း၊ အရေး အပါဆုံး နေရာများတွင် ထင်ရှားစွာရေးသားထားသည်ကိုမကြာ ခဏတွေ့ ရပေသည်။

အုရ်ဒူစာပေသည် သာသနာ့စာပေလော

ကျွန်ုပ်တို့နိုင်ငံ တိုင်းရင်းသား မွတ်စ်လင်မ်လောကတွင် နိုင်ငံခြားသား ရှေ့ဆောင်ဆရာ များက နည်းပေး လမ်းပြပြုနေသည်။ ထိုပုဂ္ဂိုလ်တို့သည် အုရ်ဒူစကား၊ အုရ်ဒူစာပေကို အ သုံးပြုသူ များ ဖြစ်ကြသကဲ့သို့ အုရ်ဒူ ယဉ် ကျေးမှုပတ်ဝန်းကျင် အတွင်းတွင် ကြီးပြင်းလာရ သူများဖြစ်ကြသည်။ သို့ ဖြစ်၍သူတို့ ယဉ်ပါးနေသော၊သူတို့ အသုံးပြုနေသောအုရ်ဒူ စာပေ ကို အရဗီစာပေ၏ အဆင့်အတန်းသို့ ရောက်အောင်မြှင့်တင် အသုံးပြုကြသည်မှာ ဓမ္မ တာသာဖြစ်သည်။

ထိုသာသနာ့ရှေ့ဆောင်တို့အနက် အများစုသည် မြန်မာစာနှင့် မြန်မာစကားကိုမသုံးကြ။ တတ်လည်းမတတ်ကြ။ မြန်မာစာပေအသုံးပြုသူအများစုမှာ မွတ်စလင်မ်မဟုတ်သူများ ဖြစ် ကြသည်။ သို့ဖြစ်၍ မြန်မာစာပေမှာ မွတ်စလင်မ်တို့နှင့်မဆိုင်ဟုသူတို့ယူဆကြသည်။မ ဆိုင်ရုံသာမက မြန်မာစာသုံးလျှင်ငရဲကြီးသည်၊ ပညတ်ချက်ကိုကျူးလွန်သည် ဟူသောအ ဆင့်ထိအောင်ပြင်း ထန် လာကြသည်။ ဤကဲ့သို့သော သာသနာ့ရှေ့ဆောင်တို့၏ အဆုံး အမအောက်တွင် နှစ်ရှည်လများ နေလာကြကုန်သော တိုင်ရင်းသား မွတ်လင်မ်တို့မှာ ဘာ သာရေး၌ မြန်မာ စာသုံးခြင်း သည် ပညတ်ချက်ကို ကျူးလွန်ရာရောက်သည်၊ ငရဲကြီးသည်၊ ဗလီတွင်မရေးအပ်၊ ကုရ်အာန် ကျမ်းမြတ်တွင်လည်း မရေးအပ်၊ အခြားစကား မတတ်၍ သာ မြန်မာစကားကို ပြောနေရသည်၊ အုရ်ဒူ စကားပြော တတ်လျှင်ပိုကောင်းမည်ဟူသော လွဲမှားသည့် အယူသီးမှုများ တဖြည်းဖြည်းရရှိ လာကြခြင်း ဖြစ်သည်။

သို့ ဖြစ်၍လည်း ဖြူးဗလီအတွင်း အာယသ်တော်များ၏ အောက်တွင် မြန်မာဘာသာနှင့် ပြန် ဆို ရေးသားရန် နှောင့်နှေးခြင်း၊ စိတ်စနောင့်စနင်း ဖြစ်နေခြင်းမှာ မထူးဆန်းတော့ပေ။

ကြောက်ဖွယ်အန္တရာယ်

ဤအယူသီးမှုမှာ ကျွန်ုပ်တို့သာသနာ့ ဖွံ့ ဖြိုးမှုနှင့်ကျင့်သုံးမှုတို့တွင် အလွန်ကြောက် ဖွယ် ကောင်းလှသော အဖျက်အစီး၊ အဟန့်အတားနှင့် အန္တရာယ်ဆိုးကြီး ဖြစ်နေသည်ကို သဘောပေါက် သူ နည်းပါး လိမ့်မည်ထင်သည်။

ဤအယူသီးမှုကိုဖြစ်အောင်ဖန်တီးပေးသူတို့တွင်သဘောရိုးနှင့်မိမိတို့ယုံကြည်ချက်အ တိုင်းဆောင်ရွက်သူများလည်းပါသည်။ မြန်မာစာကိုမိမိတို့လုံးဝမတတ်၊တတ်ပြန်သော် လည်းမတောက် တခေါက်ဖြစ်နေသဖြင့်ရှေ့ဆောင်ဆရာ၏ ဂုဏ်သိက္ခာလည်းမပျက် ရလေအောင် မိမိနားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ၊အုရ်ဒူစကားကို အ ရှင်မြတ်၏မုက္ခပါဋ္ဌ်ယောင်ယောင် ဖြစ် လာအောင် အုရ်ဒူစကားကို နကန်း တစ်လုံးမျှ နားမ လည်သော မိမိ၏နောက်လိုက် ပရိတ်သတ်ရှေ့တွင် ဟိတ်ဟန်ဖြင့်ပြောဆို ကြွားဝါခြင်းဖြင့် လှည့် စားလာခဲ့ကြ သူများလည်းရှိသည်။

မြန်မာစာမတတ်၍ အုရ်ဒူကိုသိဒ္ဓိတင်ခြင်း

နိုင်ငံခြားမှလာရောက်၍ ရှေ့ဆောင်ဆရာ လုပ်နေသူအချို့မှာ အရဗီစာကို ဖတ်တတ် သည်။ အုရ်ဒူ စကားကိုမတောက်တခေါက် ပြောတတ်သည်။ စာရေးသားမှု၌ မည်သည့် စာကိုမှ မရေး သားတတ်ကြ။ မိမိတို့ တိုင်းပြည်သို့ စာရေးလိုသောအခါ မိမိတို့ ဘာသာ၊ သို့မဟုတ် အုရ်ဒူစာကို ရေးတတ်သော အခြားပုဂ္ဂိုလ် တစ်ဦးဦး ထံ တိတ်တဆိတ် သွားရောက် အကူအ ညီတောင်း သည်ကို တွေ့ခဲ့ရဖူးသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးများ က မိမိတို့ပြောရုံသာတတ်သော အုရ်ဒူစကားကို သိဒ္ဓိတင်လိုသောကြောင့် မြန်မာစ ကားပြောခြင်း၊ ရေးခြင်းတို့ မှာ မသင့်ဟုရှရီအသ် ၏ အဆုံးအဖြတ်သဖွယ် ဟောပြောလာ သည် မှာ ကျွနုပ်တို့ သာသနာအတွက် အလွန်ဝမ်းနည်းဖွယ် ကောင်းလှပေသည်။

နိုင်ငံခြားသား ကျွန်ုပ်တို့၏သာသနာ့ညီနောင်

ကျွန်ုပ်တို့ နိုင်ငံတွင် အိန္ဒိယသား၊ ပါကစ္စတန်သား၊ မွတ်စ်လင်မ်အများ ရှိနေသည်။ သူတို့ သည် လည်း အစ္စလာမ်သာသနာဝင် များဖြစ်သည့်အားလျော်စွာ သာသနာ၌ စိတ်ဝင် စားကြသည်။ မွတ်စ်လင်မ်ဖြစ် ကြသည့်အားလျော်စွာ သူတို့မှာကျွန်ုပ်တို့၏ရောင်းရင်း မိတ်ဆွေများသာမက မွတ်စ်လင်မ်ညီနောင် အုပ်စုဝင်များ လည်းဖြစ်သည်။ အထက်၌ဆို ခဲ့သော နိုင်ငံခြား သားရှေ့ဆောင်ဆရာများနည်းတူ သူတို့အထဲ၌ အများစုမှာ မြန် မာစာကိုမတတ်ကြ။ ဗမာစကားကိုလည်း မတောက်တစ်ခေါက်သာ ပြောတတ်သည်။ သို့နှင့် မြန်မာစာပေနှင့့် မြန်မာစကား ကို သူတို့ အထင် မကြီးကြ၊ မလေးစားလိုကြ၊ သူတို့ တတ်သိသော အုရ်ဒူစာနှင့်စကား၊ ဘဂါလီစာနှင့်စကား၊ဂူဂျရာတီစာနှင့် စကားစသည်ဖြင့် လူမျိုးကိုလိုက်၍ မိမိတို့စာပေကို သာ လေးစား ကြ သည် ။ အလေးဂရုပြုကြ သည်။ ဤသည်မှာ ဓမ္မတာသာဖြစ်သည်။ မည်သို့ မျှ အပြစ်ဆိုဖွယ်ရာမရှိပေ။

အုရ်ဒူမတတ်လျှင် ဘာသာပျက်အံ့လော

ယင်းနိုင်ငံခြားသားတို့မှာ တိုင်းရင်းသား မွတ်စ်လင်မ်များထက် ပို၍ပစ္စည်းဥစ္စာ ကုံလုံ ကြွယ်ဝသည်။ မြန်မာနုင်ငံအတွင်း၌ သုံးပစ်ရန် ငွေပိုငွေလျှံလည်း များစွာရှိကြသူ များဖြစ် သည်။ သဘောရိုး သက်သက်နှင့်ဖြစ်စေ၊ ပယောဂဝင်လျက်ဖြစ်စေ၊ မိမိတို့၏ငွေပို ငွေလျှံ များကို အစ္စလာမ်သာသနာရေး အတွက် လှူဒါန်းသုံးစွဲကြသောအခါတွင် တိုင်းရင်းသား မွတ်စလင်မ် များ ဖြစ်သော မွတ်စ်လင်မ်အများစုနှင့်ဆက်သွယ်မိလာသည်။သို့ဆက်သွယ် မိလာသောအခါ ၎င်းတို့ယုံကြည်သည့် အတိုင်းသဘောရိုးအားဖြင့် သော်လည်းကောင်း၊ ၎င်းတို့လွှမ်းမိုးလှည့်စား လိုသည့်အတိုင်း ပယောဂယှဉ်၍သော်လည်းကောင်း၊ အုရ်ဒူ စာပေသင်ကြားရေး၊ အုရ်ဒူစကားပြောဆိုရေးကို ဖိ၍ အားပေးလာသည်။ အုရ်ဒူစာနှင့် ရေး ထားသော ကျမ်းမှသာလျှင် မွတ်စ လင်မ်ကျမ်း ဖြစ်သည်ဟု ယုံကြည်အောင် ဖန်တီးလာ ကြသည်။ သူတို့၏စောင်မချက်ဖြင့် မြန်မာစာမတတ်သော ရှေ့ဆောင်ဆရာများသည်  တိုင်းရင်းသား မွတ်စ်လင်မ်လူထု အတွင်း သို့ရောက်လာ တတ်ကြသည်။အုရ်ဒူစာမှမ တတ်လျှင် ဘာသာပျက်မည့်အခြေသို့  ရောက်လိမ့်မည်ဟု အထင်ရောက်လာအောင် ဖိ လာကြသည်။

စေသနာသန့်နှင့်ပယောဂအလှူ

တိုင်းရင်းသားမွတ်စ်လင်မ်အများစုမှာ ထင်းခွေ၊ယာလုပ်၊ မီးသွေးဖုတ်၊လှည်း တိုက်၊ တောင် သူလယ် သမားစသည်ဖြင့် ခွန်အားကိုစေစား၍ အသက်မွေးကြ ရသူများဖြစ်ရာ မိမိတို့ ရပ်ရွာ ရှိ ကျောင်းများအတွက်သော်လည်းကောင်း၊ ဗလီဝတ်ကျောင်းများအတွက်သော် လည်းကောင်း၊ သာသနာရေး လုပ်ငန်းအတွက် သော်လည်း ကောင်း၊ ငွေကုန်ကြေးကျ ရှိလာသောအခါ ၎င်း တို့၏ချွေးနည်းစာမှာ မည်သို့ မျှ ထေမိအောင်ကာမိအောင် မလုံ လောက်သဖြင့် ထိုပိုက်ဆံကြွယ်ဝသော နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြားသား စိတ်ရှိသူ မွတ်စ်လင်မ်တို့ထံတွင် လက် ဖြန့်ခံ ၍ တောင်းနေကြရသည်မှာ ကျွန်ုပ်တို့အသိ ပင် ဖြစ်သည်။ ထိုကြွယ်ဝသော ပုဂ္ဂိုလ်တို့ကလည်း ရက် ရောစွာလှူဒါန်း ကြပါသည်။ ကျေး ဇူးလည်း တင်ရပါမည်။

၎င်းတို့ကြောင့်၊ ၎င်းတို့၏ ဘိုးဘေးများကြောင့် မြန်မာနိုင်ငံတွင် ဗလီဝတ်ကျောင်းများနှင့် သာသနာ့ အဆောက်အဦများ ပေါ်ထွန်းခဲ့ရသည်ကိုလည်း ဂုဏ်ယူစွာဖြင့် ဖော်ပြရပါမည်။

သို့ရာတွင်အချို့လှူဒါန်းမှု၌လှူဒါန်းလိုက်သော ငွေနှင့်ထက်ချပ်မကွာပါလာသော အန္တရာယ်သည် တစ်ခါတစ်ရံအထက်၌ဆိုခဲ့သော ကြောက်မက်ဖွယ် ကောင်းလှသည့် အ ယူသီး မှုပင် ဖြစ် သည်ကိုကား သတိမူ လိုက်မိသူ လွန်စွာနည်းပေလိမ့်မည်။

ထူးခြားသည်မှာ ထိုငွေရှင်၊ကြေးရှင် အချို့တို့သည် ဗလီဝတ်ကျောင်း အတွက်သော် လည်းကောင်း၊ အခြားကုသိုလ်ရေး ကိစ္စတစ်ခုခုအတွက် သော်လည်းကောင်း၊ လှူဒါန်းရန် ရှိသောအခါ အနည်းငယ်လက်တွန့် သည်ကိုတွေ့ရသည်။

မဒ္ဒရစဟ်ခေါ်သော သာသနာ့စာသင် ကျောင်းများအတွက်နှင့် ယသင်မ်ခါနာခေါ်သော မိဘမဲ့ ကျောင်းများအတွက် လှူဒါန်းရန်ရှိသောအခါ လွန်စွာရက်ရော ကြပေသည်။ ကိုယ်ဖိရင်ဖိလည်း ရှိကြသည်။အဖွဲ့ အစည်းကိုပင်ဖွဲ့စည်း၍ လှူကြသည်။ ထိုကျောင်းများ ကို မိမိတို့အဖွဲ့ နာမည်ပင်တပ်ပေး ထားကြသည်။ ဆရာများ ကို ရှာပေးသည်။ ဆရာ့လခ ကိုလည်းပေးသည်။ ကျောင်း သူ/ကျောင်းသားများ အတွက်စာအုပ်များကိုလည်း အခ မဲ့ဝေသည်။ မိမိတို့အကြိုက်ဖြစ်သော ကျောင်းသုံးစာအုပ်များကို ပြဋ္ဌာန်း၍ ပုံနှိပ် ထုတ်ဝေ သည်။

သို့ဆောင်ရွက်ရာ၌ သဘောရိုး စေသနာသန့်သန့်နှင့် ဆောင်ရွက်သူလည်း ရှိသည်။ပယော ဂယှဉ်၍ ဆောင်ရွက်သူလည်းရှိသည်။

ဗမာမွတ်စ်လင်မ် ရှေ့ဆောင်များနှင့် နိုင်ငံခြားယဉ်ကျေးမှုမျက်မှန်

ထိုပုဂ္ဂိုလ်တို့၏ ဆောင်ရွက်မှုကို အောင်မြင်စေရန် ကူညီရိုင်းပင်း နေသူတို့တွင် ကျွန်ုပ်တို့ တိုင်းရင်းသား မွတ်စ်လင်မ်များလည်း ပါသည်။ ထိုမွတ်စလင်မ်များမှာ အထက် ၌ဆိုခဲ့သော မဒ္ဒရစဟ်၊ ယသင်မ်ခါနာတို့၏ အထောက်အပံ့ကိုယူ၍ သင်ကြား တတ်မြောက်ပြီးနောက် သူတို့၏အကူအညီဖြင့် အိန္ဒိယပြည်နှင့်ပါကစ္စတန်ပြည်ရှိ ရှေ့ဆောင်သင်တန်းကျောင်းများ သို့ သွား ရောက်သင် ကြား တတ်မြောက်လာသူများ အနက်မှအချို့ဖြစ်သည်။

ယင်းမြန်မာမွတ်စလင်မ် ရှေ့ဆောင်များမှာ ငယ်ရွယ်စဉ်ကတည်းက အုရ်ဒူပတ်ဝန်းကျင် တည်း ဟူသော နို့ချိုကိုသောက်၍ ကြီးပြင်းလာရပြီးလျှင် အုရ်ဒူ၊အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ အလယ်၌ လူလား မြောက်လာ၍ ပညာရင့်ကျက် သူများဖြစ်သည့်အတိုင်း အုရ်ဒူယဉ်ကျေးမှု မျက်မှန်ဖြင့်သာလျှင် အစ္စလာမ်သာသ နာကိုမြင်ကြ မည်သာဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု မျက်မှန်ဖြင့် အစ္စလာမ်သာသနာကို ၎င်းတို့ မမြင်နိုင်စွမ်းသည့်အတွက် ကျွန်ုပ် တို့အဖို့မှာ ဝမ်းနည်းရုံမှတစ်ပါး မည်သို့မျှ အပြစ်ဆိုနိုင်မည်မဟုတ်ပေ။

ဇေးယျကျော်ထင် ဗိုလ်မှုးကြီးဘရှင်

(မြန်မာနိုင်ငံမှ တော်ဝင်သမိုင်းပညာရှင်)၏

အစ္စလာမ့်ဖြစ်စဉ်သမိုင်းစာအုပ်ကို ပြန်လည်တင်ပြသည်။

ကျော်မျိုးလွင်(ခေါ်)ဖိုက်ဇလ်ဟတ်က်

သမိုင်းစာမျက်နှာပေါ်မှ သင်ခန်းစာများ
အစ္စလာမ်သာသနာကို  သက်ဝင်ယုံကြည်သော မွတ်စလင်မ်တို့သည် မြေပြင်အရပ်ရပ် တွင် နေထိုင်ကြပြီးလူမျိုးအသီးသီး ဖြစ်လျှက်လည်းကောင်း၊ ယဉ်ကျေးမှုအသီးသီးဖြစ် လျှက် လည်းကောင်း၊ စကား အပြောအဆိုကွဲပြား လျှက်လည်းကောင်း၊ ရှိလင့်ကစား  တစ်ပါးတည်းသော ကိုးကွယ်ရာအရှင် အဖြစ် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံ  ကြည့် ကြလေသည်။ နောက် ဆုံးပေါ်ထွန်းခဲ့သော တမန်တော်မုဟမ္မဒ်(SAW)၏နောက်လိုက် အဖြစ်လည်းကောင်း၊ မျက်နှာမူရာအရပ်တစ်ခုတည်းကို မျက်နှာမူရာတွင်လည်းကောင်း၊ တစ်စောင်တည်းသောကျမ်းကို ပြည့် ၀ကုံလုံပြည့်စုံသော  ဘ၀လမ်းညွှန်အဖြစ် လိုက်နာရာ တွင်လည်းကောင်း၊ ထပ်တူထပ်မျှဖြစ်ကြကုန်သည်။

ကိုကျင့်တရားတွင်  အမြတ်ဆုံး၊ ကျင့်စဉ်ကျင့်ရပ်တွင် အစင်ကြယ်ဆုံး၊ လူမှုရေးတာဝန်တွင်  အပီပြင်ဆုံး လူ့အကျိုးပြုရာတွင် အထက်မြက်ဆုံးအုပ်စုအဖြစ် အတိတ်သမိုင်းက သက်သေခံ လျှက်ရှိသည်။ ကမ္ဘာ့ သမိုင်းမှတ်တိုင်များအနက် အတိအကျ  မှတ်တိုင်တစ်ခု ကိုထောက်ပြရသော် ၁၈၈၂ခုနှစ် အီဂျစ်နိုင်ခံ၏ ”သောက်ဖိးက်သစ္စာဖေါက်မှု အရေး” ကြောင့်ဗြိတိသျှတို့သည် အစ္စလာမ်သာသနာဝင်တို့၏ နယ်မြေများအနက် အမာ ခံဒေသ တစ်ခုဖြစ်သော အီဂျစ်နိုင်ငံကို စတင်တိုက်ခိုက်  သိမ်းပိုက်နှိုင်ခဲ့သည်။ မွတ်စ လင်မ်တို့ဖက်မှ အူရာဘီခေါင်းဆောင် မှုဖြင့်  ပြန် လှန် တိုက်ခိုက်ခဲ့သော်လည်း ခေတ်မှီ လက်နက်အင် အား မမျှတမှုကြောင့်  မွတ်စလင်မ်တို့စစ်ရှုးပြီး ဗြိတိသျှတို့သည် မွတ်စ လင်မ်တို့၏နယ်မြေတစ်ခုကို ခြေကုတ်ရခဲ့သည်။

လက်နက်အင်အားကြေင့်  တစ်ကြိမ်ထိုးဖေါက် ၀င်ရောက်နှိုင်လင့်ကစား မွတ်စလင်မ်တို့ သည် နိုးကြား  ထက်မျက်တက်ကြွသူများ ဖြစ်ကြသည်။ သူတို့အားလုံးထံတွင်လူ့ဘ  ၀ဖွံ့ဖြိုး တိုးတက်မှု အမျိုးမျိုးကိုပို့ ချသော ဘ၀လမ်းညွှန်ကျမ်းရှိသည်။  ထိုလမ်းညွှန်ကျမ်းမှာ မည် သည့်အရပ်တွင်ရှိသည့် မွတ်စလင်မ် မည်သည့်အမိဘာသာ  စကားကိုပင်ပြောပြောမူရင်း အားဖြင့် အရဗီ စာပေနှင့် ရေးသားထားသော ကျမ်း ကို  ဖတ်ရွတ်ရာတွင်၊ နားလည် သဘောပေါက်ရာတွင်၊ လက်တွေ့လိုက်နာကျင့်သုံးရာတွင်  အားလုံးသော မွတ်စလင်မ်တို့ တွင် တူညီချက်တစ်ရပ်ရှိသည် ကို ဗြိတိသျှတို့က  တစ်ဖြေးဖြေးလေ့လာ တွေ့ရှိရလေသည်။ ထို့ကြောင့် ဗြိတိသျှတို့သည်  မွတ်စလင်မ်တို့၏ နယ်မြေတစ်ကွက် ကို အချိန်အတော်ကြာ အုပ်စိုး နှိုင်ဖို့ရာ  အခက်အခဲရှိကြကြောင်း တစ်ဖြေးဖြေး သိမြင်လာလေသည်။ ရရှိပြီးဖြစ်သော နယ်မြေကို  ကောင်းစွာ အုပ်ချုပ်နှိုင်ရေး၊ နောက်ထပ် မွတ်စလင်မ်များ၏ နယ်မြေများကို  ဆက်ခါဆက်ခါသိမ်းပိုက် နှိုင်ရေး အတွက် ဗြိတိ သျှတို့ ဆက်လက်လေ့လာ ကြ  လေတော့သည်။

စစ်ပွဲများအပွဲပွဲနွဲပြီး  အသက်ပေါင်းများစွာ သေဆုံးပြီးမှ အောင်မြင်ခြင်းထက် ရန်သူဖြစ်သူ များကပင်  အညံ့ခံလက်မြှောက်အရှုံးပေးပြီး ကျွန်တော်တို့ မွတ်စလင်မ်များအတွက်  အ သင်တို့ဗြိတိ သျှများသာ အုပ်ချုပ်စိုးမိုးသူ အရှင်သခင်များဖြစ်သည်ဟု  မွတ်စလင်မ်တို့၏ လက်တွေ့ဘ၀ကပင် သက်သေခံရ လောက်အောင် ကြိုးပမ်းဆောင်ရွက်ချက်  တစ်ရပ် ကိုပြုလုပ်ခဲ့သည်။ သာမန် အားဖြင့်ပြောရလျှင်လိမ်မာ ပါးနပ်သည်ဟု  ဆိုနှိုင်သော်လည်း အကြံပက်စက်သော ဗြိတိသျှတို့မှာ အသိဥာဏ်ဖြင့်  ပရိယာယ်ကိုသုံး စွဲရာတွင် အလွန် ထက်မျက်လေသည်။ တစ်ဖက်သား အပေါ်  လိမ်လည်လှည့်ဖြားရာတွင် တစ်ထက်ရန် သူ က အလိမ်ခံရသည်ဟု မထင်သည့်အပြင်  ကျေးဇူးရှင်ဟုပင် ထင်မှတ် လာရန် ပြုနှိုင်စွမ်း ရှိ၏။ ရန်သူ သည် မိမိနှင့်  နောင်လာနောက်သား အဆက်အနွယ်များကိုပင် ယင်းအမွေ ဆိုးကို မက်မက်မောမော လို  လိုချင်ချင်ဆက်ခံယူစေကြသည်။ နယ် ချဲ့တို့သည် ထိတ် တိုက်တွေ့နေရသော  မွတ်စလင်မ်အင်အားစု အ ရေးနှင့်ပတ်သက် ၍ ကောင်းစွာလေ့လာ ဆည်းပူးပြီး  ထိုအချိန်ထိုအခါက ဗြိတိသျှအစိုးရ၏ နန်းရင်းဝန် ဝီလီယံအက်(ဒ) ဝါဒ်ဂ လက်စတုံး  (၁၈ဝ၉-၁၈၉၈)သည် မိမိ၏ပါလီမန်တွင် မွတ်စလင်မ်တို့အပေါ် ထာဝ ရအောင်နှိုင်ရန်  သုတေသန စာတန်းတစ်ဆောင် တင်သွင်းခဲ့ သည်။

ဝီလီယံအက်(ဒ)ဝါဒ်ဂလက် စတုံးသည် ၁၈၈၂ ခုနှစ်တွင် ဗြိတိသျှပါလီမန်တွင်  ကျမ်းမြတ်ကုရ်အာန်ကို လက်တွင်ကိုင်၍ အောက်ပါမိန့်ခွန်းကိုပြော ကြားခဲ့သည်။

ရဲဘော်တို့-  အဲ့ဒီကျမ်းစာအုပ်ဟာ မွတ်စလင်မ်တို့ အတွက် ဘဝတည်ဆောက်မှု ဥပဒေဖြစ်တယ်။  မွတ်စလင်မ်တွေဟာ အဲ့ဒီကျမ်းကို သဘောပေါက်ပြီး လက်တွေ့လိုက်နာ  ကျင့်သုံးနေသမျှ ကာလပတ် လုံး ဒို့ဗြိတိသျှများ အပါအဝင်မည်သည့်  လူမျိုးများကမျှ မွတ်စလင်မ်တို့ကို ဖိနှိပ်ချုပ်ချယ်နှိုင်မှာ မဟုတ် ဘူး။   ၄င်းတို့၏နယ်ပယ်များကို အေး ချမ်းစွာကြီးစိုးနှိုင်မှာ မဟုတ်ဘူး။  ဘာကြာင့်လည်း ဆိုတော့   မွတ်စ လင်မ်တို့ရဲ့ အတွေးအခေါ် အမျှော်အမြင်  လုပ်ရည်ကိုင်ရည်ကို ထက်မြက်မြင့်မားအောင် သွန်သင်ရာမှာ ဘယ်လုပ်ငန်း  တာဝန်တွေ ဆောင်ရွက်ရင်းနဲ့  ဘယ် လို ဘဝတည် ဆောက်ရတယ်လို့ မွတ်စလင်မ်များ ကို  ဒီကျမ်းက အသေးစိပ် ညွန်ကြားပြဌာာန်းထားတယ်။

ဒီတော့  တို့ဗြိတိသျှ အာဏာပိုင်တွေဟာ ရောက်လေရာ အရပ်တိုင်းမှာရှိတဲ့  မွတ်စလင်မ်တွေအတွက် အလိမ္မာတရားသုံးပြီး အောက်ပါပညာရေးမူဝါဒ တစ်ခုကို  မဖြစ်ဖြစ် အောင်ကြိုးစား အကောင် အထည် ဖော်ကြရမယ်။ ဗြိတိသျှ နန်း  ရင်းဝန်၈လက်စတုံးမှ မွတ်စလင်မ်တို့ အတွက်ပညာရေးမူဝါဒ ပြဌာန်း ချက် မှာ-

(၁)  အစ္စလာမ်သာသနာသည် မွတ်စလင်မ် အားလုံးကို နေ့စဉ်နှင့် တစ်သက်တာပတ်လုံး အလ္လာဟ်အရှင်မြတ်အား တသသတိရလျက် ဝတ်ပြုလျက်ရှိနေရမည်ဖြစ်သည်။ တစ် ကိုယ်ရေ တစ်ကာယ  တရား ဘာဝနာစီးဖြန်းပြီး၊ ဤလောကအလှကို ရွံရှာမုန်းတီးမှုကို သာ  ပြဌာန်းကြောင်းကောင်းစွာ သဘောပေါက် စေရမည်။ ဤလူ့ဘောင်လောကသည် အကုသိုလ်အတိပြီးလျက် ရှိပြီး ကောင်းမှုနှင့်မကောင်းမှုကို နားလည်သည့်ကယ်တင်ရှင် လမ်းပြများကို ရှာဖွေပြီးတပည့်ခံ လိုက်နာကြရမည်ဟု သင်ကြား ပေး  ရမည်။

(၂)  ကုရ်အာန်ကျမ်းသည် အလွန်မြင့်မြတ်သော ကောင်းကင်ကျကျမ်းဖြစ်သည်။  လူတိုင်းနှင့်မဆိုင် လူ တိုင်းနားမလည်နိုင် ဘာသာစကားမျိုးစုံတတ်မှ  လေ့လာနိုင်မည်။ လူ တိုင်းမလေ့လာရ။ လမ်းလွဲသွား မည်။ အဓိပ္ပါယ်ဖွင့်ဆိုရန်  မည်သူမျှ မစွမ်းဆောင်နိုင်။ ဘာသာရေးပညာရှင် အလင်းရပုဂ္ဂိုလ် အဆောင်  အယောင်ရှိသူတို့ အတွက်သာ ချ ပေးသောကျမ်း၊ သူတို့၏  သင်ကြားပြ သ လမ်းညွှန်မှုကိုသာ ခံယူရမည်။ သူတို့ထံမှသာ ဘာသာသာသနာ အစစ်အမှန်ကို  ရရှိနိုင်မည်ဟုသာ သင်ကြားပို့ချပေးရမည်။ သာ မန်လူ တို့အတွက်  လာဘ်လာဘတိုးပွားဘို့ အသံထုတ်ဖတ် ရွတ်ခြင်း သက်သက် ပြုလုပ်ရုံဖြင့်  အလွန်မတန် လုံ လောက်လှပြီဟုသာ သင်ကြားပို့ချပေးရမည်။

ဒီအချက်  နှစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မွတ်စလင်မ်များအား ပို့ချပြီးအသားသေနေအောင် ပြု လုပ်နိုင်လျှင် တို့နယ်ချဲ့ ဗြိတိသျှတို့အတွက်  မွတ်စလင်မ်များကို လက်နက်စွဲကိုင်တိုက် ခိုက်နေစရာ မလို၊ ယှဉ်ပြိုငိ  ကြိုးစားနေရန် မလိုဘဲလျက် သူတို့သည်တို့အဖို့ ထာဝရအလုပ် အကြွေးပြုမည့်  တပည့်ကောင်း၊ ကျွန် ကောင်းများအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်နေ ကြမည်မှာ  မြေကြီး လက်ခပ်မလွဲပင်ဖြစ်သည်။

ဤကဲ့သို့သင်ကြား ပေးခြင်းမျိုးမဟုတ်ဘဲ အကယ်၍ ကုရ်အာန်လမ်းညွန်မှုကို  မွတ်မလင်မ် များ နားလည် သဘောပေါက်သည် ဆိုသည်နှင့် ဧကန်အမှန်အစ္စလာမ်သည် –

(၃)လူမှုဆက်ဆံရေးနှင့်  စီးပွားရေး၊ ကြီးပွားရေးတို့ကို လူ့လောကတစ်ခွင်တွင် တစ်သက်ပတ်လုံးမည်သို့  ရှာဖွေဆည်းပူးခံစား၍၊ သာယာဝပြောသော လောကသစ်ကို တည် ဆောက်ရန် သင်ကြားပေးသည့်  လမ်းညွှန်ဖြစ်ကြောင်း သိသွားကြပေမည်။ အဲဒီအခါတို့ဗြိတိသျှများအဖို့  ဒီလောကတွင် တိုးတက်ကြီးပွား ချမ်းသာဖို့အခြေအနေ လုံးဝရှိ တော့မည်  မဟုတ်သဖြင့် မွတ်စလင်မ်များအား ကုရ်အာန်ပါ လူမှုဆက်ဆံ ရေး၊ စီးပွားရေး  တိုးတက်ဖွံ့ဖြိုးမှု ဆိုင်ရာများကို နားလည်သဘောပေါက်ခြင်း မရှိစေဘဲ၊ အဖတ်  သက် သက်(အသံထုတ်ရုံမျှလောက်) ဖြင့် အလွန်မတန် လုံလောက်ပြီဟု သိစေလျက်၊  မြင်သာမြင်စေ မကြင် စေနှင့်၊ ဖတ်သာဖတ်စေ၊ နားလည်ရန်၊ တတ်သိရန်၊ သဘော  ပေါက်ရန်၊ လုံးဝမကြိုးစားစေနှင့် စိတ်ကူး ပင်မပေါ်စေနှင့်။

(၄)အစ္စလာမ်သည်  လူတို့နေထိုင် အသက်ရှင်ရာ ရပ်ရွာ၊နယ်ပယ်၊ တိုင်းပြည်၊  လူ့ဘောင်တစ်ရပ်လုံးကို မည်သို့မည်ပုံစီမံ၊ ကွပ်ကဲအုပ်ချုပ်ရမည်ကို  သင်ကြားပေးသောစနစ် ကျင့်စဉ်တစ် ခု ဖြစ်သည်ကို လုံးဝအ သိမပေးရ။ ဒီနည်းတွေ  ကုရ်အာန်မှာပါလို့ ပါမှန်းမသိစေဘဲ၊ ကုသိုလ်ရရေး၊ ၈ျန္နတ်ရောက်ကြောင်း အ တွက်  အပတ်တကုတ် အလွတ် ကျက်မှတ်၊ အာ၈ုံဆောင်စေ၊ ထပ်တလဲလဲ ဖတ်စေရုံအခြေတွင်  ရှိစေရ မည်။ ဒါမှသာ ဒီမြေဒီမိုး ရှိရှိသမျှဟာ တို့ရဲ့ပိုင်နက်ဖြစ်ပြီး  မွတ်စလင်မ်တွေဟာ ယင်းပိုင်နက်မှ သစ္စာ အရှိ ဆုံး ကျေးကျွန်များအဖြစ်  သားစဉ်မြေး ဆက်တို့အတွက် ရပ်တည်နေပေမည်။

(၅)အစ္စလာမ်သည်  လူသားတို့ဘဝဖြစ်စဉ်၊ လူသားဘဝ၏ ရည်ရွယ်ချက်၊ လူ့တန်ဖိုး၊ လူ့အရည်အသွေး  ဖြင့် အပြည့်အဝ နေထိုင်အသက်ရှင်ရန် လမ်းညွှန်ပြသည်ကို လုံးဝ  ပြည်ဖုံးကားချ ထားပြီး၊ သေနေ့မွေး နေ့ နှစ်ရက်အတွင်း ဘဝကိုအရှုံးပေး  လက်မြှောက်ပြီး အညံ့ဆုံးသတ္တဝါအဖြစ် မိမိကိုယ်ကို ခံယူထားရန် မျှသာ  အသိပေးပါ။

(၆)အထက်ပါ  အချက်အလက်များအစား အစ္စလာမ်သာသနာသည် အဆိုအမျိုးမျိုး၊ အတွေးအခေါ်ကင်း မဲ့သော  ပုံပြင်ဒဏ္ဍာရီ သိန်းသောင်းဖြင့် သံသယဖြစ်ဖွယ် အသွယ် သွယ်နှင့်  အငြင်းပွား စရာ များပြည့်နက် လျက်၊ အသေးအဖွဲ ကွဲလွဲချက်များအပေါ်   ငြင်းခုံနေခြင်း၊ ခိုက်ရန်ပွားနေခြင်း၊ မွတ်စလင်မ်အချင်းချင်း  တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ် ပြောဆို ဝေဖန်ခြင်း၊ စွတ်စွဲခြင်း  အ ဆုံးအဖြတ်ပေးခြင်း၊ အုပ်စုဖွဲ့ တိုက် ခိုက်ခြင်း၊ အသေသတ်နိုင်သည်  အထိတိုက်ပွဲ ဝင်ခြင်းသည် သာသနာ့ အာဇာနည်ဘွဲ့ရရှိပြီး သာသနာ ကို ချစ်သူများ  ပြုကိုပြုရမည့် တာဝန်ဟုသိနား လည်စေ ရမည်ဟု ဂလက်စတုံးက မိန့်ခွန်းကို အဆုံး  သတ်ခဲ့သည်။

မွတ်စလင်မ်များ  အတွက်နယ်ချဲ့ ဗြိတိသျှ ပါလီမန်မှ (၁၈၈၂) တွင် အထက်ပါ ပြဌာန်းချက် အတိုင်း  နယ်ချဲ့ ဗြိတိသျှတို့သည် ရောက်လေရာ အရပ်တိုင်း အထူးသဖြင့် အရှေ့အလယ် ပိုင်း၊ အာ ဖရိကတိုက်၊ အိန္ဒိ ယပြည်၊ မြန်မာပြည်၊ အရှေ့ပါကစ္စတန်နှင့်  အနောက်ပါကစ္စတန် တွင် တိတိကျကျ ဆောင်ရွက်ကြသဖြင့် ယင်းနယ်မြေများရှိ  မွတ်စလင်မ် များသည် အစ္စလာမ်သာသနာကို နားလည်သဘောပေါက်ရာတွင် တူညီနေကြလေသည်။မြန်မာပြည် တိုင်းရင်းသား မွတ်စလင်မ်တို့ထံ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ  များမှတ ဆင့် အစ္စလာမ်သာသ နာတော် ပြန့် ပွားရောက် ရှိလာသည်။ ရှေးယခင်က Indian  sub Continentalဟု ခေါ် သော အိန္ဒိယတိုက်ငယ်တွင် အိန္ဒိယပြည်၊ အနောက်ပါကစ္စတန်၊  အရှေ့ပါကစ္စတန် ယခု ဘင်္ဂလားဒေရှ့် နှင့် မြန် မာပြည်တို့ ပါဝင်ပြီး   ဗြိတိသျှနယ်ချဲ့သည် အိန္ဒိယပြည်တွင် ရုံးစိုက်၍ ကျန်ပြည်နယ်ငယ်များကို  အုပ်စိုးလေသည်။ ထိုကြောင့် ယင်းဒေသရှိ အစ္စလာမ် သာသနာဝင်တို့အပေါ် ဗြိတိသျှ  နယ်ချဲ့တို့ ၏ ဖေါ် ပြပါ ပညာရေးမူဝါဒကို ကောင်းစွာပုံသွင်း နိုင်ခဲ့လေသည်။  ပေါ်လွင်လာသော ရုပ်သွင်မှာလည်း အိန္ဒိ ယ သဘာဝ၊ အိန္ဒိယဓလေ့ ထုံးတမ်းများနှင့်  အိန္ဒိယယဉ်ကျေးမှု အတိုင်း ဖြစ် ကြ သည်။ ၄င်းတို့ အားလုံး သည်  အစ္စလာမ်အမွေအနှစ်ဟု နှစ်နှစ်ကာကာ လက်ခံယုံ ကြည် ထား ကြလေသည်။ ၄င်းတို့သည်  ဘာသာယဉ်ကျေးမှု၊ မိရိုးဖလာ ထုံးတမ်းဓလေ့နှင့် လူမျိုး ယဉ်ကျေး မှုတို့ကို  ခွဲခြား၍နားမလည်ကြချေ။

သို့ရာတွင်  ဗြိတိသျှနယ်ချဲ့၏ လှည့်ဖြားမှုကမည်မျှအထိ ထိရောက်ပိုင်နိုင်ပုံကို  လေ့လာလျှင် ယင်းဗြိတိသျှ ပညာရေးစနစ် ပြိုးထောင်မှုအောက်တွင်  ကြီးပြင်းလာသူသည် မစ္စတာဂ လက်စတုံး မရှိတော့သည့်နောက်  ဗြိတိသျှနယ်ချဲ့တို့၏ နေမဝင်နိုင်ငံနေဝင်ပြီး သည့်နောက် ခေတ်အဆက်ဆက်တိုင်  ယင်းဒေသရှိ မွတ်စလင်မ်တို့မှာ ဆက်လက်၍ဗြိ တိသျှတို့၏သွန်သင်မှုအတိုင်း  မပြောင်းမလဲတွေ့နေရသေးသည်။ထို့ကြောင့်ဗြိတိသျှနယ် ချဲ့၏  မွတ်စလင်မ်များအတွက် ပညာရေးမူဝါဒ သက်ရောက်ရှင်သန်သည့် ဒေသရှိ  မွတ်စ လင်မ်တို့တွင် ကုရ်အာန်ကျမ်းသည် အ ဓိပ္ပါယ်သိနားလည်ရန် မလိုဘဲ၊ အသံထုတ်ဖတ် တတ်ရုံ ဖတ်တတ်သော ဆရာဖြစ်သူက တပည့်ကိုလည်းကောင်း အဖတ်သာ သင်၏။  အဖတ်အရွတ်မျှဖြင့် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိတ်ပန် ဆင်အရိုအသေထား၏။  သိနား လည်စရာမလို၊ မသိဘဲ ဖတ်ရုံဖြင့် စာ တစ်လုံးလျှင်  အကျိုးပေါင်းများစွာဖြင့် အကျေနပ် ကြီးကျေနပ်နေ၏။ ယင်းဆရာနှင့် တပည့်တို့  ထံတွင် ကုရ်အာန် ဖတ် တတ်ရုံနှင့်သာသနာ့ တည်ဆောက်မှု ဘဝမှာပြီးပြည့်စုံနေလေပြီ။ ကုရ်အာန်ကျမ်းမြတ်ကို ရေးသားပို့ချသော အာရဗီစာပေသည်  အခြားအခြားသော စာပေကဲ့သို့စာပေတစ်ခု အနေဖြင့် လေ့ လာ ရကောင်းမှန်း  မသိရှိတော့ပေ။

ယနေ့မွတ်စလင်မ်အများစုကို လေ့လာကြည့်ရှုကြပါလျှင် ဗြိတိသျှနယ်ချဲ့၏  မွတ်စလင်မ် များအတွက် ပညာရေးမူဝါဒမှာ ယနေ့ထိတိုင် အပီပြင်ဆုံး အကောင်အထည်  ပေါ် လွင်လျှက် ရှိနေသေး၏။ သင်ခန်းစာယူကြဖို့ အချိန်တန်နေလေပြီ။  ဘာသာရေးဆိုတိုင်း မစဉ်းစားမဆင်ခြင်ဘဲ လက်ခံနားထောင်မနေသင့်ဘဲ၊  ကုရ်အာန်လမ်းညွှန်မှုဖြင့် လည်းကောင်း၊ တမန်တော်မြတ် ၏ အဆုံးအမဖြင့်လည်းကောင်း၊ မိမိ၏ဆင်ခြင်တုံတရား အသိပညာဖြင့် အမှန်နှင့်အမှားကို  ခွဲခြားနားလည်ဖို့ အချိန်တန်လေပြီ။ မွတ်စ လင်မ်တိုင်း အမျိုးသမီးရော၊  အမျိုးသားပါ၊ လူကြီးရော လူငယ်ပါ၊ မိမိ၏ ဘာသာသာသနာ အဆုံးအမ ကို  မိမိကိုယ်တိုင် ကိုယ်ကျ အရင်းအမြစ်ကျကျ လေ့လာဆည်း ပူးသင့်ပါ သည်။  လေ့ လာဆည်းပူး ရန်လည်း တာဝန်ရှိပါသည်။

ဦးမြတ်သူ(MSc)

ကိုးကားချက်။   ။ ကူဝိတ်နိုင်ငံ ၊ ဒါရွလ်ဘယာန်စာပေတိုက်မှ ၁၉၆၄ ခုနှစ်တွင်  (၆) ကြိမ်မြောက်ရိုက်နှိပ် ထုတ်ဝေခဲ့ရသော “မုဟမ္မဒ်ကုသုဗ်” ရေးသားသည့်  “ရှဗ်ဟါသ်ဟောင် လုလ်အိစ်လာမ်” အရဗီကျမ်းမှထုတ်နှုတ် ဘာသာပြန်ထားသောဆရာဦးမြတ်သူ ၏ ဆောင်းပါးကို အစ္စလာမ့်ဗိမာန်နှစ်(၃၀) ပြည့် မဂ္ဂဇင်းမှ  ပြန်လည်ကူးယူ ဖေါ်ပြခြင်းဖြစ် သည်။

ကုရ်အာန်ကပြောသော(ဒိုင်နိုဆော)သမိုင်း
ဒိုင်နိုဆောဟူသောဝေါဟာရသည်၊ဂရိဘာသာစကားဖြစ်သည်။ “ဒိုင်နို” အလွန်ကြောက် မက်ဖွယ်ရာ ကောင်းသော“ဆိုရော့စ်”ဧရာမအိမ်မြေုာင်ကြီးဟုRichard Owen (1842) က ဖွင့်ဆိုခဲ့ သည်။ ဒိုင်နိုဆောများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ကမ္ဘာ့တိုက်ကြီးများ အတွင်းရို အာရှ၊  အာဖရိက၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတို့မှ ရှာဖွေရရှိ ခဲ့ကြသည်။ ထိုဒိုင်နိုဆော များ နေထိုင်ခဲ့သော ခေတ်ကာလသည် လူသားများကမ္ဘာတွင် စတင် နေထိုင်ခဲ့ခြင်းမရှိသေးသော နှစ်ပေါင်းသန်း၆၅မှ သန်း၂၃၀ကာလတို့တွင်ဖြစ်သည် ဟု သိပ္ပံဆိုင်ရာ သုသေသ နပြုချက် များအရသိရှိရသည်။ ဒိုင်နိုဆောခေတ်တွင်ရှိခဲ့ ကြသော ဒိုင်နိုဆောအမျိုးအစားများမှာ တစ်ထောင်ကျော်ရှိသည်။ငှက်များကဲ့သို့ပျံသန်း သွားလာကြသော အမျိုးအစားများလည်းပါရှိသည်။ ယနေ့ရှာဖွေတွေ့ရဗိသော ကျောက်ဖြစ် ရုပ်ကြွင်းများ အရအကြီး ဆုံးသော ဒိုင်နိုဆောသည်  အမြင့်ပေ၄၀ အလျားပေ ၁၀၀ကျော် ရှိပြီး အလေးချိန်တန်၈၀ ရှိ မည်ဟုခန့်မှန်း ခဲ့ကြသည်။

ဤသည်ကမ္ဘာကြီးတွင်လူသားများစတင်ဖန်ဆင်း ခြင်းမတိုင်မီကကမ္ဘာကြီးတွင် နေထိုင်ခဲ့ ကြသော ဒိုင်နိုဆောများအကြောင်းဖြစ်သည်။ ကုရ်အာန်သည်အရာခပ်သိမ်း တို့၏ရှင်း လင်းချက် ကျမ်းဖြစ်သည်။ အရာရာတိုင်းကို လည်းကုရ်အာန်၏ မှတ်ကျောက်ဖြင့်ချင့်ချိန် တိုင်းတာရန်အတွက်လက်ဦးမဆွကပင် ကုရ်အာန်ကဆိုထားပြီးဖြစ်သည်း။  ယနေ့ခေတ် သစ်သိပ္ပံပညာရှင်များ ၏စူးစမ်းလေ့လာမှုများအရ၊ ၎င်းတို့၏တွေ့ရှိချက် ကျောက်ဖြစ်ရုပ် ကြွင်းများသည် လူသားများမတိုင်ခင်အလျင်နှစ်ပေါင်း ၆၅သန်းမှသန်း၂၃၀အလျင်က ဒိုင်နိုဆောသတ္တဝါ များနေထိုင် ခဲ့ကြောင်းကိုယနေ့ခေတ်လူသားများက မျက်ဝါး ထင် ထင်၊တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ ထိုဖော်ပြပါဒိုင်နိုဆောများနှင့်စပ်လျှင်းပြီးကုရ်အာန် တွင်ပါဝင်နေကြောင်းကို အောက်ဖော်ပြပါ ကုရ် အာန်၊၂း၃၀၊၃၁၊၃၂တို့ကိုလေ့လာခြင်းဖြင့် သိရှိ နိုင်ပေသည်။

၂း၃၀ (ဖန်ဆင်းရှင်က ကမ္ဘာမြေတွင်လူသားမျိုးနွယ်ကို စတင်ဖန်ဆင်းမည့်အကြောင်းကောင်း ကင်တ မန်၊များကိုပြောကြားခဲ့၏။) ထိုအခါကောင်းကင်တမန်များကတစ်ညီတစ် ညွတ် တည်းဆိုကြ၏။ (အိုအ ရှင်ထိုသူတို့အားအသင် ဖန်ဆင်းမည်လော၊၎င်းတို့သည်တစ်ဦးကိုတစ်ဦးဘေးအန္တရာယ် များ သွေးထွက် သံယိုမှုများပြုကြမည်ဟုလျှောက်ထားခဲ့ကြသည်။) (ထို အခါဖန်ဆင်းရှင်ကအသင်တို့မသိသောအရာများ ကိုငါအရှင်ကအသိဆုံး ဖြစ်သည် ဟုမိန့်ကြား ခဲ့သည်။)

၂း၃၁ တွင် ( လူသားမျိုးနွယ်ဗီဇကိုဖန်ဆင်းပြီးသောအခါထိုလူသားအား အမည်နာမများ ကို ကောင်းကင် တမန်များရှေ့မှောက်တွင်သင်ကြားပေးခဲ့၏။) ထိုနောက်အရှင်က ကောင်း ကင်တမန်များကိုအ သင်တို့ယခုငါအရှင်လူသားမျိုးနွယ်၏ဗီဇကို သင်ကြားပေးသောအမည်များကိုရွတ်ပြကြဟုမိန့်ကြားခဲ့ သည်။

ထိုအခါ ၂း၃၂တွင် ကောင်းကင်တမန်မန်များက၊ (အသင်သာလျှင်ချို့တဲ့မှုအပေါင်းမှစင်ကြယ်ဆုံးသော အရှင်ဖြစ်၏။ကျွန်တော်မျိုးတို့သည် အသင် သင်ကြားပေးသောအရာများမှ အပ တတ်သိနားလည်သူ များမဟုတ်ပါ။အသင်အရှင်သာ လျင် ဥာဏ်တော် အနန္တနှင့်ပြည့်စုံသောအကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်၏ ဟုလျှောက် ထားကြ၏။)

အထက်ပါအာယာသ်(၃)ခုကိုဆက်စပ်ကြည့်ခြင်းဖြင့်ကောင်းကင်တမန်များသည်ဖန် ဆင်းရှင်က ချီးမြှင့် တားသောအသိသာလျငိရှိသူများဖြစ်ကြသည်။ ၎င်းတို့သည်အရှင့်၏အမိန့်များ ကိုသာ တစ်သွေမတိမ်း နာခံလျှက်ရှိသူများဖြစ်ကြောင်း ကုရ်အာန်တွင်၊မြောက်များစွာဖော်ပြထားသည်။

သို့ဖြစ်လျှင်ကမ္ဘာမြေပေါ်တွင် လူသတ္တဝါများကို ဖန်ဆင်းမည်ဟုအရှင်က ဆိုရုံဖြင့်၎င်း တို့ကနောင်အနာဂတ်တွင် လူသားတို့၏ဖြစ်ပျက်မှုအလုံးစုံကို ကြိုတင်သိထား၍ ယခုကဲ့ သို့ တစ်ဦးကို တစ်ဦး ဘေးအန္တရာယ်များ၊သွေးထွက်သံယိုမှုများဖြစ်မည်ဟုအရှင်အားလျှောက် ထားခြင်းမဖြစ်နိုင်ဟု ယူဆရပေသည်။

ဖြစ်နိုင်စရာရှိသောအကြောင်း တစ်ရပ်မှာလူသားများကို စတင်ဖန်ဆင်းမှုမပြုမည်နှစ် သန်းပေါင်း၂၃၀နှင့် ၆၅သန်းတို့စပ်ကြားနေထိုင်ခဲ့ကြသောဒိုင်နိုဆောခေတ်တွင်အမျိုးမတူ သူဒိုင်နိုဆော များတွင်သွေး ထွက်သံယိုမှုအနိဌာရုံများကိုမြင်တွေ့ခဲ့ကြရသော ကြောင့် လူသားများသည်လည်း ထိုကဲ့သို့ဖြစ်နိုင်မည် ဟုထင်မှတ်၍လျှောက်ထားခြင်း ဖြစ်နိုင်ပေ သည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးတွင်လူသားများ မတိုင်ခင်အလျှင်က ခြောက်သွေ့ ၍သေနေသော ကမ္ဘာကြီးအား ရှင်သန်လန်းဆန်းရန်အတွက် မိုးများရွာသွန်းပေးခဲ့ခြင်း၊ အပင်များ၊ တိ ရစ္ဆာန်များကို ရှင်သန်စခဲ့ကြောင်း အကြိမ်ကြိမ် ကုရ်အာန်တွင်ပြဌာန်း ထားပြီးဖြစ်သည်။ ထိုကဲ့သို့သေနေသော ကမ္ဘာအားရှင်သန်လန်းဆန်းရန်အတွက်ဖန် ဆင်းခြင်းမှာ လူသားတို့ ၏ ကွန်းခိုရာစခန်းအဖြစ်ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟူ ၍ အကြိမ်ကြိမ် ဆိုထားပြီးဖြစ် သည်။

ဤဆောင်းပါးကိုပေးပို့သူမှာ  SHERMAN