ကုရ်အာန့် သုတ » muhammed

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၉)
ဟာဒစ်သမိုင်းကျမ်းပါ တမန်တော်

ကျမ်းမြတ်ကုရ်အာန်က ဖေါ်ပြသောတမန်တော်သည် ကုရ်အာန်၏ လမ်းညွှန်ချက်များနှင့် ထပ်တူ ထပ်မျှ ဖြစ်နေသော ကုရ်အာန်ပုံတူလူသား တစ်ဦးဖြစ်သည်။ တမန်တော်နှင့်ကုရ် အာန်သည် တစ်သွေးတည်းတစ်သားတည်း ဖြစ်တည်နေမှုကြောင့်တမန်တော်သည် ကိုယ် ကျင့်တရားအရာတွင် အကောင်းဆုံးဖြစ်သည်။ မေတ္တာအရာတွင်သူမတူအောင် စွမ်းနှိုင် သူဖြစ်သည်။ တ မန်တော်သည် မွတ်စလင်မ်များ၏ စံပြရှေ့ဆောင် ဖြစ်သည်။ မွတ်စ လင်မ်များသည် တမန်တော်ကို စံထား၍ တမန်တော့်နည်းတူ ကုရ်အာန်ကညွှန် ကြားပြ သသော ပုံစံခွက်ထဲသို့ မိမိတို့၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို ထည့်သွင်း သွန်းလောင်း ပုံဖေါ်ရန် (ကုရ် အာန်၇း၂၀၃ နှင့် ၃း၃၁ ) တို့ကလမ်းညွှန်ပြဌာန်းထားသည်။

قُلْ إِنَّمَا أَتَّبِعُ مَا  يُوحَىٰ إِلَيَّ مِن رَّبِّي ۚ هَٰذَا بَصَائِرُ مِن رَّبِّكُمْ وَهُدًى  وَرَحْمَةٌ لِّقَوْمٍ يُؤْمِنُونَ

”  Say,  “I  only  follow  what   is  revealed  to  me  from  my  Lord.  This  [Qur'an]  is  enlightenment  from  your  Lord  and  guidance  and  mercy  for  a   people  who  believe.”

(အို-တမန်တော်) ၄င်းတို့အား အသင်ဤသို့ ပြောကြားပါလေ၊ (အချင်းတို့) ငါသည်ငါ၏ အရှင်ထံမှ ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကုရ်အာန်အတိုင်း သာ ဖဝါးထပ်တူ လိုက်နာကျင့်သုံး ဘဝ တည်ဆောက် သူဖြစ်သည်။ ထိုကုရ်အာန် သာလျင် အသင်တို့၏ အရှင်ထံမှ သက်သေ လက္ခဏာဖြစ်သည်။ ထို့ပြင် သက်ဝင်ယုံကြည် သူများအတွက် ဘဝလမ်းညွှန်မှုနှင့် ကရုဏာလည်း ဖြစ် သည်။)

قُلْ إِن كُنتُمْ تُحِبُّونَ  اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ  ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ

Say,  [O  Muhammad],  “If  you   should  love Allah ,  then  follow  me,  [so] Allah will  love  you and   forgive  you  your  sins.  And Allah is  Forgiving  and  Merciful.”

(အို-တမန်တော်) ၄င်းတို့အား အသင် ဤသို့ပြောကြား လိုက်ပါလေ။ (အချင်းတို့) အသင်တို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အား ချစ်ကြောက် ရိုသေခန့်ညား ကြသူများ ဖြစ်ကြပါလျှင် ငါ၏ နည်းတူ ကုရ်အာန်အတိုင်း ဖဝါးထပ်တူ ဘဝတည်ဆောက်ကြ။ သို့မှသာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က အသင်တို့အား ချစ်ခင်မြတ်နိုး တော်မူမည်ဖြစ်သည်။)

ကုရ်အာန်၇း၂၀၃နှင့် ၃း၃၁တို့က တမန်တော်သည် ထာဝရအရှင်အပေါ် (သ၀က္ကလ်)ပုံအပ်မှု၊ တမန်တော်နှင့် ထိုအရှင်၏စပ်ကြား စိတ်ကွယ်ရာမရှိမှု၊ တမန်တော်၏ ထိုအရှင့်အပေါ် အား ကိုး စိတ်၊ တမန်တော်၏ ထိုအရှင်တစ်ပါးတည်းထံမှ အကူအညီတောင်းခံစိတ်၊ တမန်တော်၏ ထိုအရှင်တစ်ပါးတည်းထံမှသာ လွတ်ငြိမ်းချမ်းသာမှုကိုမျှော်လင့်စိတ်၊ တမန်တော်၏ ထိုအရှင်သာ လျှင် အရာရာကို စွမ်းဆောင် နှိုင်သည်ဟူသော ယုံကြည်စိတ်၊ တမန်တော်၏ လူသားတစ်ရပ်လုံး အပါအ၀င် သတ္တ၀ါများအပေါ် မေတ္တာထားနှိုင်မှု၊ ဟူသော တမန်တော်၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အတုယူ၍ ဘ၀တည်ဆောက်ရမည်ဟု ပြဌာန်းထားသော ဗျာဒိတ်များဖြစ်သည်။

သို့ရာတွင် များစွာသော မွတ်စလင်မ် ဆရာတော်ကြီးများ၏ မွတ်စလင်မ်များအတွက် ဘဝလမ်းညွှန်ကျမ်းများတွင် တမန်တော်ကိုစံထားရာ၌ တမန်တော်၏ သွားလာပြောဆို စားသောက် နေ ထိုင် ဝတ်စားဆင်ယင်ပုံ ဟူသော ဟဒီးဆ် (ဆင့်ဆိုသမိုင်းကျမ်း)များပါ တမန်တော်၏ပြင်ပရုပ်ပိုင်းဆိုင်ရာ ဓလေ့ထုံးတမ်းများသည် မွတ်စလင်မ်များအတွက် အရေးပါသော ဥပဒေများဖြစ် လာတော့သည်။

ဖော်ပြပါ ထိုပညာရှိများ၏ အရိုက်အရာကို ဆက်ခံလာကြသော မျိုးဆက်သစ်ပညာရှင်များ လက်ထက်တွင် ကုရ်အာန်သည် နှုပ်တိုက် အသံထုတ်ရုံ သက်သက်သာ ဖတ်ရွတ်ရသော တုနှိုင်း မဲ့ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဖြစ်သည်။ ဟဒီးဆ် (ဆင့်ဆိုသမိုင်း)ကျမ်း များသည် “ စွန္နဟ်” တမန်တော်၏ လက်တွေ့ဘဝ တည်ဆောက်မှု လမ်စဉ်ဖြစ်သည် ဟူသောအချက်ကို မွတ်စလင်မ်များ အတွက် “အီမာန်” သက်ဝင်ယုံ ကြည်မှုအဖြစ် တိုးမြှင့် ပြဌာန်းခဲ့ကြသည်။

ထိုသို့အားဖြင့် ဟဒီးဆ်(ဆင့်ဆိုသမိုင်း) ကျမ်းများကို အဓိက ဘာသာရပ် အဖြစ်ဘာ သာရေး ကျောင်းများတွင် သင်ကြားပေးသော ပညာရေးစနစ်ကြီး လွှမ်းမိုးလာခဲ့သည်။ ထိုဟဒီးဆ်(ဆင့်ဆို သမိုင်း) ကျမ်းတတ် ပညာရှင်များသည် ဘာသာရေးဆိုင်ရာ ကိစ္စဟူ သ၍ကို မြင်တွေ့ ကြည့်ရှု ကြရာ၌ ဟဒီးဆ်(ဆင့်ဆိုသမိုင်း) ကျမ်းများ၏အမြင် ရှုဒေါင့်တစ် ခုတည်းမှ မြင်တတ် ကြည့် တတ်သော အလေ့အထများသည် အစ္စလာမ့်အခြေခံ ဥပဒေတစ်ရပ်အဖြစ် လွှမ်းမိုးလာခဲ့သည်။ ထိုအချိန်မှစတင်၍ ကုရ်အာန်ပါ တမန်တော်နှင့် ဟဒီးဆ် (ဆင့်ဆိုသမိုင်း)ကျမ်းများပါ တ မန်တော်သည် လုံးဝဥဿုံ ကွဲပြားခြား နားခဲ့ လေတော့သည်။ ထိုကွဲပြားခြားနားချက်များကို ယှဉ်တွဲဖော်ပြရပါမည် ဆိုပါ က—-

သမိုင်း ဆရာများ၏ ဖော်ပြချက်အရ တမန်တော် မုဟမ္မဒ်(ဆွ)၏ မိန့်ဆိုချက်များတွင် ၄င်းယူဆောင်လာခဲ့သော အစ္စလာမ်သာသနာကို ထိန်းသိမ်းစောင့်ရှောက် ရန်အတွက် နှစ်တစ်ရာပြည့် တိုင်း သာသနာကို ပြန်လည်ထိန်းသိမ်းမည့် (မူဂျဒ္ဒစ်ဒ်) အလင်းရပုဂ္ဂိုလ် တစ်ပါး၊ တစ်ပါးပွင့်မည်။ ထိုအလင်းရပုဂ္ဂိုလ်များက သာသနာကိုပြန်လည် ထိန်းသိမ်း၍ မွတ်စလင်မ်များကို လမ်းမှန်ပြ မည်။

ကမ္ဘာကြီး ပျက်သုဉ်းရန် နီးကပ်လာလျှင်ယာဂျွဒ်နှင့်မာဂျွဒ်ဟူသော အန္တရာယ်သတ္တ၀ါ များကို နှိမ်နင်းရန်အတွက် အေမာမ်မဲဟ်ဒီ ရောက်ရှိလာမည်။ သမိုင်းကျမ်းများ၏ဖော်ပြ ချက်တွင် အေ မာမ်မဲဟ်ဒီသည် အခြားသူမဟုတ်။ တမန်တော်မုဟမ္မဒ်(ဆွ) ကိုယ်တော် တိုင်ပင်ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် သမိုင်းကျမ်းပါ တမန်တော် မုဟမ္မဒ် (ဆွ)ပြောသော မဲဟ်ဒီ သည် တမန်တော်မုဟမ္မဒ်(ဆွ)တွင် ရှိနေသော အရည်အချင်းများ တွင်မက ၄င်း၏မိဘအမည်များသည်ပင် တမန်တော်မုဟမ္မဒ်(ဆွ)၏ မိဘအမည်များနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။ တမန်တော် မုဟမ္မဒ်(ဆွ)က ထိုအကြာင်းကို ပြောကြားစဉ် မဟာသာဝက တစ်ဦးက တမန်တော်မုဟမ္မဒ်(ဆွ)အား အေမာမ်မဲဟ်ဒီတွင် ရှိနေသော အရည်အချင်း အားလုံးသည် တမန်တော် မုဟမ္မဒ် (ဆွ) နှင့်ခွဲခြား မရအောင်တူနေ သည့်အတွက် ကေယာမသ်နီးလျှင် တမန်တော်မုဟမ္မဒ်(ဆွ) ကိုယ်တော်တိုင် အေမာမ် မဲဟ်ဒီအဖြစ်နှင့်ပြန်လည်ရောက် ရှိလာမည် မဟုတ်သလော ဟူ ၍ မေး ခွန်းမေးခဲ့သည်။ ထိုအခါ တမန်တော်က အဖြေမပေးဘဲ ထိုထိုင်ဝိုင်းမှ ထွက်ခွါသွားသည်။ ဤသည့် အချက်ကို ထောက်ရှု၍ များစွာသော ရှေးပညာရှိများက ကေယာမသ်နီးလျှင် အေ မာမ်မဲဟ်ဒီအဖြစ် ရောက်ရှိလာမည့် သူသည် တမန်တော် ကိုယ်တိုင် ဖြစ်နှိုင်သည်ဟု ယုံကြည် ကြသည်။

မဲဟ်ဒီသည် ယာဂျွှဒ်နှင့် မာဂျွှဒ်များကို နှိမ်နင်းအပြီးတွင် (ဒဂ်ျဂျလ်)ဟူသော မိစ္ဆာကောင် ကြီး ပေါ်ပေါက်လာဦးမည်။ ထို(ဒဂ်ျဂျလ်) မိစ္ဆာကောင်ကို နှိမ်နင်းရန်အတွက် မိုးလေး ထပ်ပေါ်တွင် အ သက်ရှင်သန် လျက်ရှိသော တမန်တော်အီဆာသည် ဒမတ်စကတ်မြို့ ဂျာမေဝတ်ကျောင်းပေါ်ရှိ “မီနာရသ်” သို့ ကောင်းကင်တမန် နှစ်ဦးနှင့်အတူ ဆင်းသက် လာမည်။ ထို“မီနာရသ်”မှ လှေ ခါး တောင်း၍ ဆင်းလာမည်။

(မိုးလေးထပ် မှ “မီနာရသ်”ထိခရီးသည် ကောင်းကင်ဘုံနှင့် ဆိုင်သောခရီးစဉ်ဖြစ် ၍ ကောင်းကင် တမန်များ၏ အကူအညီဖြင့် ဆင်းသက် လာခြင်းဖြစ်သည်။ “မီနာရသ်”မှ ဝတ်ကျောင်းအ တွင်း သို့ဆင်းသက်ရာတွင် လောကီနှင့် ဆိုင်သောခရီး ဖြစ်၍ လူသားသ ဘာဝ လှေခါးနှင့်ဆင်းသက်ခြင်း ဖြစ်ကြောင်း နောက်ပိုင်း ဟဒီးဆ်သမိုင်း ပညာရှင်များ က ထပ်ဆင့် ရှင်းလင်း ဖေါ်ပြ ထားသည်။)

ထိုအချိန်တွင် အေမာမ်မဲဟ်ဒီက အဆွရ်ဆွလာသ် ဝတ်ပြုရန် အဆင်သင့် ဖြစ်နေသည်။ တမန်တော် အီဆာကို မြင်တွေ့သော အေမာမ်မဲဟ်ဒီက အဆွရ်ဆွလာသ်ကို ဦးဆောင် ရန် မေတ္တာရပ်ခံ မည်။ ထိုအခါ တမန်တော်အီဆာက ကျွန်ုပ်လာခြင်းသည် ဆွလာသ်ကို ဦးဆောင် ရန်မဟုတ်၊ (ဒဂ်ျဂျလ်) မိစ္ဆာကောင် ကို နှိမ်နင်းရန်ဖြစ်သည်။ တမန်တော်အီ ဆာသည် (ဒဂ်ျဂျလ်) ကိုသတ်၍ နှစ်ပေါင်းများစွာ လောကတွင် ရှင်သန်နေ ထိုင်ဦးမည်။

တမန်တော်အီဆာ အိမ်ထောင်ကျမည် နောက်ပိုင်းသေဆုံးသွားမည်။ ထိုကဲ့သို့ နဗီတစ် ပါးဖြစ်သော တမန်တော်အီဆာ သေဆုံးပါက မြေမြှုပ်ရန်အတွက် ဟဒီးဆ်သမိုင်းကျမ်း များ အဆိုအရ၊ တမန်တော်မုဟမ္မဒ်(ဆွ)၏ မှာကြားမှုဖြင့် မဒီနာရှိ တမန်တော်မုဟမ္မဒ်၏ (ရောက်ဿွာ) သင်းချိုင်းဘေးတွင် တမန်တော် အီဆာကို မြှုတ်နှံရန်အတွက် တမန်တော် အီဆာဟူသော အမည် ကို ရွှေအတိဖြင့် ကဗျည်းအက္ခရာတင်၍ သင်းချိုင်းနေရာကြိုတင် ယူထားသည်ကို မဒီနာသို့ ရောက်ဖူး သူတိုင်း မြင်တွေ့ ကြရသည်။

ဖေါ်ပြပါ သမိုင်းကျမ်းများတွင်ပါဝင်သော အကြောင်းအရာများသည် တမန်တော်မုဟမ္မဒ် (ဆွ)၏ ကြိုတင်ပြောကြားချက် များစွာအနက်မှ အချို့သာဖြစ်သည်။ ထိုအကြောင်း အ ရာများကို ယုံ ကြည် မှသာ စစ်မှန်သော အစ္စလာမ် သာသနာကို လက်ခံ ယုံကြည်သော မွတ်စလင်မ်ဖြစ်မည်။ ထိုအကြောင်းအရာကို မယုံ ကြည်ပါက စစ်မှန်သော မွတ်စလင်မ် မဖြစ်နှိုင်ဟူ၍ မွတ်စလင်မ် အ များ စုကို ရှေ့ဆောင်သော မွတ်စလင်မ်ဆရာ တော်ကြီး များ၏ ဥပဒေများ တွင်ပြဌာန်းထားသည်။

(ကိယာမသ်၏ အတိတ်နမိတ်များ ဆိုင်ရာကျမ်းကို၊ (ကွယ်လွန်သူ) ဆရာ တော်ကြီး အလ်အဇ်ဟရ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မုဟမ္မဒ် ဿန်သာဝီ၏ (အကီဒါ-ဝါ- အတ်ခလာက်) အရဗီ မူရင်းကျမ်းမှ အနည်းငယ်ကို ကောက်နှုပ်ဖေါ် ပြသည်။

ဆက်လက်၍ (အစ္စလာမ့်ရေစီးကြောင်းမှ တာတမံခုလုတ်ကသင်းများ(၁၀) တွင်ကုရ်အာန်ပါ တမန် တော်အကြောင်းကို  -

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)