ကုရ်အာန့် သုတ » prayer

ကျမ်းမြတ်ကုရ်အာန်လာဆွလာသ်
လွယ်ကူသောဥပဒေမှခက်ခဲသောဥပဒေများစီသို့

ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးတွင် ရှေးကျမ်းရများအကြောင်း အများဆုံးဖော်ပြထား သည်။ ထိုကဲ့သို့ ဖော်ပြရာ၌ နွားမတစ်ကောင်ကဏ္ဍဟူ၍ သီးခြားဖော်ပြထားပေသည်။ ထို ကဏ္ဍတွင် တမန်တော်မူဆာ၏ နောက်လိုက်များသည် တမန်တော်မူဆာ ရက်ပေါင်း(၄၀) ကမ္မဌာန်းဝင်ချိန်တွင် နွားကိုးကွယ်သောဝါဒ လမ်းစဉ်ကိုလက်ခံယုံကြည်ခဲ့ကြသည်။ တ မန်တော်မူဆာ၏ ဆုံးမ သြဝါဒများအားဖြင့် ၎င်းတို့၏မှားယွင်းမှု ကို အလ္လာ့ဟ်ထံ တွင် ဝန်ချတောင်းပန်ခဲ့ကြ၏။ထိုအခါအလ္လာဟ်အရှင်က ၎င်းတို့အားခွင့်လွှတ်၍ အလ္လာ့ဟ် အတွက်နွားမတစ်ကောင်ကို ဇဗီဟာပြုလုပ်ရန်အမိန့်ပေးခဲ့၏။ ၎င်းတို့သည် ထိုအမိန့်ကို ချက်ချင်းနာခံခဲ့ ပါကမည်သည့် အခက်အခဲ မျှမရှိပေ။ သို့ရာတွင် ၎င်းတို့သည်တမန်တော် မူဆာမှတဆင့် မည်သည့် အရောင်အဆင်းမည်သည့်အရွယ်အစား ထွန်ယက် ရာတွင် အသုံးပြုထားသောနွားမ သို့မဟုတ် ရေငင်ရာတွင်အသုံးပြု ထားသောနွားမဟူ၍ စောရ ကမေး ခွန်းပေါင်းများ စွာကြောင့် ၎င်းတို့အတွက်ခက်ခဲသော ဥပဒေအဖြစ်သို့ရောက်ရှိ ခဲ့ကြရသည်။ (ထို အကြောင်း၂း၆၇မှ၇၁ထိ) ထိုအကြောင်းကို ကျမ်းမြတ် ကုရ်အာန်၏ ပထမ မျက်နှာတွင် ဖော်ပြထားရခြင်းဖြစ်သည်။ အစ္စလာမ်သာသနာဝင်မွတ်စလင်မ် များအဖို့်ထိုကဲ့သို့သော အဖြစ်မျိုးနှင့်မကြုံရစေရန်ဖြစ်သည်။ သို့ရာတွင်မွတ်စလင်မ်များ သည် အများအားဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် အဓိကဖော်ပြထားခြင်းမရှိသောကိစ္စရပ် များအတွင်း အငြင်းပွားအချိန်ကုန်သောစနစ်ကို ရှေးကျမ်းရများနည်းတူ အကောင်အ ထည်ဖေါ်ဆောင် ကြ ရင်း အချင်းချင်းစိတ်ဝမ်းကွဲလျက် ရှိကြပေသည်။

ဥပမာအားဖြင့် ကုရ်အာန်တွင်ဆွလာသ်ဟူသော ဝေါဟာရအကြိမ်ပေါင်း (၉၉)ကြိမ်ပါဝင် သည်။ သို့ရာတွင် ဆွလာသ်တွင်ပါဝင်သော အဓိကအချက်များအဖြင့် (၀ိုဇူ)ရေသန့် စင်ခြင်း၊ (ကစ်ဘ် လာဟ်)မျက်နှာမူ ခြင်း၊(ကေယမ်)မတ်တပ်ရပ်ခြင်း၊(ကာအေဒါ) ထိုင်ခြင်း၊ (ရကူ)ကိုင်းညွှတ်ခြင်း၊ (စဂ်ျဒဟ်)ဦးချခြင်းတို့ဖြစ် သည်။ ဤဆွလာသ် နှင့် စပ်လျှင်းသော အမိန့်ပညတ် ချက်အား လုံးသည် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်း လဲရန် တို့ဖြစ်သည်။ ကုရ်အာန်၂၉း၄၅ တွင်

(ဧကန် ဆွလာသ်တည်ဆောက်ခြင်းသည် မကောင်းမှုအမှုများနှင့် အလွန်စက်ဆုပ်ဖွယ်ရာများမှ တားခဲ့ လေသည်။)

ကုရ်အာန်ကပြောသော ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဆွလာသ်အတွင်း၌ မိမိ ၏နှုတ်လျှာအမူအရာများနှင့် စိတ်ပိုင်းဆိုင်ရာအားလုံးက ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် အခစား ဝင် ရောက်၍ မိမိတို့၏ ကာယကံ၊ဝစီကံ ၊မနောကံတို့ဖြင့် ကျူးလွန်ခဲ့သောအပြစ် များကို ဝန်ချတောင်းပန်၍ နောင်ထိုသို့သော မကောင်းမှုတို့မှရှောင်ကျဉ်ပါတော့ မည် ဟူ၍ အာမဗန္တေ ခံခြင်း ဖြစ် သည်။ ထိုသို့သောအကြောင်းကြောင့် ‘အကေမစ်ဆွလာသ်’(ခေါ်) ဆွလာသ် တည်ဆောက်ပါဟူ၍ ကုရ်အာန်ကပြဌာန်းထားခြင်းဖြစ်သည်။ ဆွလာသ်အတွင်း ၌ မိမိတို့၏ နှုတ်လျှာ အမူအ ရာနှင့် စိတ်ပိုင်းဆိုင်ရာအားလုံးက အရှင့်အမိန့်ကို တစ်သဝေ မတိမ်းနာခံ သကဲ့သို့ ဆွလာသ်၏ ပြင်ပဖြစ်သော နေ့စဉ်ဘဝတည်ဆောက်ရာ၌လည်းမိမိ တို့၏နှုတ်လျှာ အမူအရာများနှင့် စိတ်ပိုင်းဆိုင်ရာ အားလုံးက   အရှင့်အမိန့်အတိုင်းတစ်သွေး တည်းတစ်သားတည်း ဖြစ် နေခြင်းကို ဆွလာသ်တည်ဆောက်ခြင်းဟုကုရ်အာန်ကပြဌာန်း ခဲ့ ခြင်းဖြစ်သည်။

ဆွလာသ်တည်ဆောက်ခြင်းဟူသည့် အနှစ်သာရများကို ကုရ်အာန်၂၃း၁ မှ ၁၁ အ ထိဖော်ပြ ထားသည်။

၁။ ( အကြင်သက်ဝင်ယုံကြည်သူများသည် အောင်မြင်မှုလည်းရရှိပြီးဖြစ်သည်။)

၂။ ( ထိုသူများသည် ဆွလာသ်အတွင်း တစိတ်တ လက်ကျိုးနွံသူများဖြစ်ကြ၏။)

၃။ ( ထိုဆွလာသ်အတွင်း ကျိုးနွံခဲ့သူများသည် အကျိုးမဲ့သောအရာများမှ ရှောင်ကျဉ်သူများဖြစ် ကြ၏။)

၎။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် ‘ဇကားသ်’ ဆင်းရဲသားများ၏ ရန်ပုံငွေခွန်များကိုလည်း တာ ဝန်ကျေစွာပေးဆောင်ကြ၏။)

၅။ ( ထိုဆွလာသ်အတွင်း ကျိုးနွံသူများသည် မိမိတို့၏ အရှက်အင်္ဂါများကို ကာမေသုမိစ္ဆာစရကံ မှ ရှောင် ကျဉ်ခဲ့ကြ၏။)

၆။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် မိမိတို့၏ ဇနီးမယားများ နှင့်သာဆက်ဆံပေါင်းသင်း ကြခြင်း ကိုအပြစ်ဆိုဖွယ်ရာမရှိပေ။)

၇။ ( မိမိတို့၏ဇနီးမယားမဟုတ်သူများအပေါ်သို့ စိတ်ရောက်ခြင်းသည် ကျူးလွန်သူများဖြစ်ကြ ၏။)

၈။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် အပ်နှံပစ္စည်းများ၊ ယုံကြည်စိတ်ချ၍ ရင်ဖွင့်ချက်များနှင့်ကတိ ကဝတ် ဆိုင်ရာစည်းကမ်းချက်များ ကိုထိမ်းသိမ်းသူများဖြစ်ကြ၏။)

၉။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် မိမိတို့၏ဆွလာသ်တည် ဆောက်မှုများကိုထိမ်းသိမ်းသူများ ဖြစ်ကြ၏။)

၁၀။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများသည် အမွေစားအမွေခံများဖြစ်ကြ၏။)

၁၁။ ( ထိုဆွလာသ်အတွင်းကျိုးနွံသူများ၏ အမွေမှာ ‘ဖေရ်ဒေါက်(စ်)’ (ခေါ်)မြင့်မြတ်သော နိဗ္ဗန်ဘုံနန်းများ တွင် ထာဝရနေထိုင်ကြရမည့်သူများဖြစ်၏။)

ဆွလာသ်တည်ဆောက်ရာ၌ ရကသ်တိုင်းတွင် ‘စူရာဟ်ဖါတေဟာ’ ကို ဖတ်ရွတ်ရသောအကြောင်းရင်း မှာ စူရာဖာတေဟာသည် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံတို့၏စပ်ကြား တိုက်ရိုက်ဆက် သွယ်စကားပြောခြင်းဖြစ် သည်။

(စူရာဖါတေဟာ ၏အဓိပ္ပါယ်)

(၁) ချီးမွမ်းခြင်းအပေါင်းသည် စင်္ကြာဝဋ္ဌာ အနန္ဒကို ပြုစုပျိုးထောင်သောအလ္လာအရှင်မြတ်အတွက်သာ ဖြစ်၏။

(၂) ထိုအလ္လာဟ်အရှင်သည် အလွန်တရာမျှ သနားညှာတာတော်မူ၍ ဂရုဏာ ရှင်ဖြစ်တော်မူ၏။

(၃) ကေယာမသ် အစားပေးသော နေ့၏စိုးပိုင်သော အရှင်ဖြစ်တော်မူ၏။

(၄) ကျွန်တော်၊ ကျွန်မတို့သည် အသင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်၍ အသင့်တစ်ပါး တည်း ထံမှ သာအကူအညီတောင်းခံပါ၏။

(၅) ကျွန်တော်၊ ကျွန်မတို့အားဖြောင့်မတ် မှန်ကန်သော တရားလမ်းမှန် ကိုပြသတော်မူပါ။

(၆) အရှင်၏အခွင့် အရေးပေးခြင်းခံကြရသော သူမွန်သူမြတ်တို့၏ တရားလမ်းမှန်ကိုသာ ပြသ တော်မူပါ။

(၇) အရှင်၏ အမြက်ရှခြင်း ခံကြရသော မသူတော်များ၏ မှားယွင်းချွတ်ချော်သောလမ်းများမှ ကျွန် တော်၊ ကျွန်မတို့အား ဖယ်ရှားပေးသနားတော်မူပါ။

ဤသည်ဆွလာသ်၏ရကသ်တိုင်း၌ ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် ဖန်ဆင်းခံကျေးကျွန် များကတောင်း ခံချက်များဖြစ်သည်။ ထိုကဲ့သို့ပင် ‘ရကူ’ကိုင်းညွတ်ရာ၌ စွဗ္ဗဟားနရဗ္ဗေ ယလ် အဇွီး(မ်) (အရှင် သည်ချို့တဲ့မှုအပေါင်း မှကင်းစင်ဆုံးသော အရှင်ဖြစ်တော်မူ၏။) ‘ရကူ’ မှ ‘ကေယမ်’ ပြန်ထရာ၌(စမိယလ္လာဟ်ဟုလိမန်းဟမိဒ) အရှင်သည်ချီးကျူးသူ၏ ချီးကျူးမှုကိုအကြွင်းမဲ့ သိတော်မူသောအရှင်ဖြစ်တော်မူ၏။)ဟူ၍ Superlative Degree ဖြင့် အလ္လာဟ့်အားအထပ်ထပ်ချီးကျူးချက် များဖြစ်သည်။ ထိုကဲ့သို့ဖန်ဆင်းရှင်အားချီးကျူး သည့်ဝေါဟာရများနှင့်၊စူရာ ဖာတေဟာပါ ဖန်ဆင်းရှင်ထံမှ တောင်းခံရိုကျိုးလျက်ရှိ သည့်ဝေါ ဟာရများ သည် ဆွလာသ်တည်ဆောက်ခြင်း၏ အဓိကသော့ချက် များဖြစ်သည်။

လူသား၏နှလုံးသားသည် မည်မျှပင်မာကျောစေကာမူ ဆွလာသ် တည်ဆောက်ခြင်း အားဖြင့် မိမိဖန် ဆင်းရှင်ထံအသနားခံရိုကျိုးခြင်းဖြင့် လောဘ၊မောဟ၊ဒေါသ၊မာန ဟူသော စိတ်ပိုင်း ဆိုင်ရာရောဂါများကို ပျောက်ကင်းနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့စိတ်ပိုင်းဆိုင် ရာရောဂါ များကြောင့်ပင် လူသားသည်မကောင်းမှုအမှုများနှင့် မဖွယ်ရာသောစက်ဆုပ်ဖွယ် ရာ ဒုစရိုက်များကိုကျူး လွန်နေကြခြင်းဖြစ်သည်။

လူတစ်ဦးသည် ကာမေသုမိစ္ဆာစရကံကို ကျူးလွန်ခြင်းသည် မကောင်းမှုစက်ဆုပ်ဖွယ်ဖြစ် သည်ကိုမသိ၍ ကျူးလွန်ခြင်းမဟုတ်။ မိမိ၏အတ္တစိတ်ရိုင်းကို ထိမ်းချုပ်နိုင်မှုမရှိခြင်း ကြောင့် ကျူး လွန် ခြင်းဖြစ်သည်။

ထိုကဲ့သို့ပင်လူတစ်ဦးသည်လူသတ်မှုကိုကျူးလွန်၏။ ထိုလူသတ်ခြင်းသည်မကောင်းမှု ကိစ္စရပ်မှန်းမသိ၍ကျူးလွန်ခြင်းမဟုတ်၊ မိမိ၏ဒေါသစိတ်ရိုင်းကိုအချိန်မှီတားဆီးနိုင်မှုမ ရှိသောကြောင့် လူသတ်မှုကိုကျူး လွန်ခြင်းဖြစ်သည်။ လူသားနှင့် အခြားဖန်ဆင်းခံတို့၏ ကွာခြားချက်မှာ လူသားတွင် (ဆင်ခြင်တုံတရား) ဟူသော အဆိုးနှင့်အကောင်းကို ပိုင်းခြားနိုင်သောအသိ ဥာဏ်ဖြစ် သည်။ ဆွလာသ် တည်ဆောက် ခြင်းသည် လူသား၏ မကောင်းသောစိတ်ညဉ်မှ ကောင်းသောစိတ်ညဉ်အဖြစ် ဖွံဖြိုးတိုးတက်စေသော ကျင့်စဉ် တစ်ရပ်ဖြစ်သည်။

ဆွလာသ်တည်ဆောက်မှုအတွင်း ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံတို့စပ်ကြား ဆက်သွယ်ခြင်း၊ ကတိကဝတ်ပြုခြင်းများ၏ အကျိုးသက်ရောက်မှုသည်၊ဆွလာသ်၏ ပြင်ပဖြစ်သောလူ့ဘ ဝရပတည်   ရာ၌လည်း ဖန်ဆင်းရှင်၏ သိစိတ်ဖြင့် ရှင်သန်သော အလေ့အကျင့်များကိုရ ရှိလေသည်။

((သတ်က၀ါ)ဖန်ဆင်းရှင်၏သိစိတ်နှင့် ရှင်သန်ခြင်းဟူသည် မိမိ၏လုပ်ရပ်တိုင်းစိတ်ကူး တိုင်းကိုပင် ဖန်ဆင်းရှင်ကအကြွင်းမဲ့ သိရှိနေသည်ဟူသော အသိဖြစ်သည်။)

ဆွလာသ်အတွင်း မိမိ၏နှုတ်လျှာမှ မိမိပြောစကားများကို နားလည်ရမည်မှာ အဓိကတာဝန် တစ်ရပ် ဖြစ် ကြောင်း ကုရ်အာန်၎း၄၃တွင်ဖော်ပြထားသည်။

(အို သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့မူးရစ်နေသော အချိန်များတွင် ဆွလာသ်တည်ဆောက် မှု၏ အနီးသို့ပင်မချဉ်းကပ်လေနှင့် အသင်တို့၏ နှုတ်လျှာမှအသင်တို့ပြောဆိုသော စကားကိုအ သင်တို့ နားလည်သဘောပေါက် သောအချိန်မှသာ ဆွလာသ်တည်ဆောက်ကြ။)

ဆွလာသ်အတွင်း မိမိတို့၏နှုတ်မှထွက်ဆိုသော စကားများမိမိတို့ကိုယ်တိုင်နားလည် သိ ရှိရမည်ဖြစ်သည်ဟု အထက်ပါဗျာဒိတ်က မိန့်ထားခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သာမန်လူ မှုကိစ္စအဝဝတို့အတွက် စာချုပ်ချုပ်ဆိုခြင်း၊ ကတိကဝတ်ပြုခြင်းကိစ္စတို့တွင် ပင်လျှင် ထိုစာချုပ်ကိုလက်မှတ်ရေးထိုးသူသည် စာချုပ်ပါအချက်အလက်အားလုံးကို နား လည်သဘောပေါက်၍ သတိရှိစွာဖြင့် လက်မှတ်ရေးထိုးပါသည်ဟု ဝန်ခံကတိပြုရသည်။ ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် ဖန်ဆင်းခံကမိမိ၏ အမှားများကို ဝန်ချတောင်းပန် ၍ နောင်တွင်ထိုသို့သော အမှားများမှရှောင်ကျဉ်ပါတော့ မည်ဟုကတိသစ္စာဆိုခြင်းဖြစ်သည့်အတွက် မိမိ၏နှုတ်ထွက်စကားကို မိမိကိုယ်တိုင်သတိ ရှိစွာဖြင့် နားလည်သဘောပေါက်ရမည်ဖြစ် သည်။

အကယ်၍တစ်ဦးတစ်ယောက်သည်မူးရစ်နေသောအချိန်၌ဆွလာသ်တည်ဆောက်ခြင်းဖြင့် ၎င်း၏နှုတ် ထွက်ကတိသစ္စာစကားများကို ၎င်းကိုယ်တိုင်နားလည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အထက်ပါကုရ်အာန် ၄း၄၃ ကဆွလာသ်တည်ဆောက်မှု၏ အနားသို့ပင်မကပ် ရန် တားမြစ်ထားခြင်း ဖြစ်သည်။

ယနေ့ မွတ်စလင်မ်အများစု၏ ဖြစ်အင်သည် မူးရစ်ခြင်းလည်းမရှိ၊ ဆွလာသ်ကိုလည်း ပုံမှန်တည်ဆောက်ပါလျက် ဆွလာသ်အတွင်း မိမိတို့၏နှုတ်ထွက်စကားများကိုမိမိတို့ကိုယ် တိုင်ကနား လည်သဘောပေါက်ခြင်းမရှိ သကဲ့သို့ နားလည်သဘောပေါက်ရမည်ဟူ၍ လည်း မသိကြပေ။ ထိုနည်းတူစွာ မွတ်စလင်မ်အများစုကို ဦးဆောင်သော တာဝန်ရှိသူ များ၏ ဟောကြားချက်များ တွင်လည်းကောင်း၊ ဆွလာသ်တည်ဆောက်ရာ၌ ပြင်ပလှုပ် ရှားမှု အသွင်သဏ္ဍန်များကိုသာ ဦးစားပေးတိုက်တွန်းလျက် ရှိကြသည်။ ဆွလာသ်နှင့်စပ် လျှင်းသော ပြင်ပပုံစံများကိုမူ ကျမ်းမြတ် ကုရ်အာန်က အလေးပေးပြဌာန်းထားခြင်းမရှိပေ။ ဆွလာသ်၏အနှစ်သာရဖြစ်သော စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးကိုသာဦးတည်ပြ ဌာန်းထားသည်။ ထို့ကြောင့်ဆွလာသ်အတွင်း မိမိ ၏နှုတ်ထွက်စကားသည် အဓိကအရေး ကြီးသကဲ့သို့ ထိုနှုတ်ထွက်စကားများကို နားလည်သဘောပေါက်မှသာလျှင် ဆွလာသ် ၏ပြင်ပ ဘဝတည်ဆောက်ရာ၌ မိမိဂတိအတိုင်းဘဝရပ် တည်န်င်ရမည်ဖြစ်သည်။ သို့မှ သာကုရ်အာန်၂၃၊၁မှ၁၁ပါ သက်ဝင်ယုံ ကြည်သူများ၏ အရည်အချင်းများကိုအပြည့်အဝ ရရှိခံစားနိုင်မည်ဖြစ်သည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျပ်စစ်)