ကုရ်အာန့် သုတ » prophecy

ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၉)
ခေါင်းဆောင်များကိုစမ်းစစ်နည်း (၃)

တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် နဗီတမန်တော်များအား ခေတ်တိုင်းလူမျိုးတိုင်းနှင့် နေ ရာတိုင်းတို့တွင် စေလွှတ်၍ လမ်းညွှန်ဗျာဒိတ်ကျမ်းများကို ချပေးခဲ့ပြီးဖြစ်သည်။ သို့ရာ တွင်ရှေး လွန်လေပြီးခဲ့သောဘာသာ သာသနာတိုင်းတို့တွင် မူရင်းဗျာဒိတ်ကျမ်းဂန်၏ အနှစ် သာရများမှလွှဲချော်၍ လူသားတို့၏ အတွေးအခေါ် များအားဖြင့် ပုံဖော်ထားသော အယူ ဝါဒများကသာလျှင် သာသနာအဖြစ်ရပ်တည်လျှက် ရှိနေခဲ့ကြရလေ သည်။ ထိုကဲ့ သို့သော ဗျာဒိတ်ကျမ်းဂန်၏အလွန် အတွေးအခေါ်ရှိသော ခေါင်းဆောင်တိုင်း၏စွဲကိုင် ထားတတ်သောအလေ့အကျင့်အမူစရိုက် များနှင့် ၎င်းတို့၏စောရက မြောက်များစွာတို့ကို အတိုချုံး၍ ထိမိစွာ ဖော်ပြပုံမှာ ကုရ်အာန်၃၁း၂၁တွင်

(အသင်သည်၎င်းတို့အား အလ္လာအရှင်က ဗျာဒိတ်အဖြစ် ချပေးခဲ့သော ကျမ်းဂန်အတိုင်း အသင်တို့လိုက် နာကြဟု ပြောဆိုခြင်းခံကြရသည့်အခါတွင် ၎င်းတို့က ကျွန်ုပ်တို့၏ ဆရာသခင်များ ဘိုးဘွားများရှာဖွေ တွေ့ရှိထားသည့် တရားလမ်းစဉ်အတိုင်းသာ ကျွန်ုပ်တို့တစ်သွေမတိမ်း လိုက်နာသူများ ဖြစ်ကြသည်ဟူ၍ ပြန်လည်ပြောကြမည်ဖြစ်သည်။ အမှန်တကယ်တော့ ရှိုင်တွာန် သည် ၎င်းတို့ကို တောက်လောင်လျှက်ရှိ သော ငရဲမီးဖက်သို့ ဖိတ်ခေါ်ခြင်း သာဖြစ်၏။ )

အထက်ပါမှားယွင်းသော ခေါင်းဆောင်များ၏ စောရကများသည် မည်သည့်ခေတ် မည် သည့်ကာလ၌ပင်လျှင် မရိုးနိုင်သော ပြောဆိုတုံ့ပြန်ချက်များကို ဖော်ပြထားခြင်းဖြစ် သည်။ မည်သည့် ဘာသာ၊မည်သည့် သာသနာတွင်ဖြစ်စေ၊ မှားယွင်းသောခေါင်းဆောင် များ၏ ရပ်တည်ချက်၊ ခံယူချက်များသည် မိမိတို့၏ကျောင်း၊ မိမိတို့၏ဆရာ၊ မိမိတို့၏ဂိုဏ်းဂဏ ဝါဒလမ်းစဉ်များကို ဗျာ ဒိတ်ကျမ်းဂန်ထက် ပိုမိုဆွဲကိုင် မြတ်နိုးကြသည်မှာ ဓမ္မတာ ပင်ဖြစ်၏။ ဤသည့်အချက်ကို ထိုအာယာသ်က ပေါ်လွင်ထိမိစွာ ဖော်ပြထားခြင်းဖြစ် သည်။

ထိုသို့သောအကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန် တစ်အုပ်လုံးပါဗျာဒိတ်များ တွင် ရှေးအထက် ကာလများမှ မှားယွင်းသောအယူဝါဒများကိုဆွဲကိုင်ထားခြင်းဖြင့်၊လော က တွင်ပင်လျှင် ပျက်စီးဆုံးရှုံး သွားရသောလူမျိုးများအကြောင်းများကို အထပ်ထပ်ဖော်ပြ ၍ အောက်ပါညွှန်ကြားချက်များကို ပြဌာန်းခဲ့ သည်။ ကုရ်အာန်၁၂း၁၀၉၊၁၆း၃၆၊ ၃၀း၉၊ ၄၁၊၄၀း၂၁၊၈၁၊၄၇း၁၀၊ ၃း၁၃၇၊ ၄၉း၂၀ တို့တွင်

(အသင်တို့ကမ္ဘာလှည့်၍ ငါအရှင်၏ ပြဌာန်းထားသော ဥပဒေများကိုငြင်းပယ်ခဲ့ကြသူတို့၏ နောက်ဆုံး ဖြစ် အင်ကို ရှုမြင်၍ တရားရယူကြဟူ၍ ) မိန့်ဆိုထားသည်။

အထက်မှဖော်ပြခဲ့သည့်အတိုင်း ကုရ်အာန်သည် အတိတ်သမိုင်းမှ ဖြစ်ရပ်မှန်များကို ကြည့်ရှု၍ပစ္စုပ္ပန်ရှိ လူသားတို့သည် ထိုအမှားမျိုးမှ ကင်းဝေးနိုင်စေရန် တိုက်တွန်း ထားသော ဗျာဒိတ် များ ဖြစ်သည်။

အဒ်လူမျိုးများ

ကုရ်အာန်က ကမ္ဘာလှည့်၍ ရှုမြင်သုံးသပ်စေချင်သော လူမျိုးများ၏ဖြစ်အင်ကို ကုရ် အာန်တွင်ဖော်ပြထား ပြီးဖြစ်သည်။ ဥပမာအားဖြင့် တမန်တော်ဟူဒ်၏ အမျိုးသားများ သည် အဒ်လူမျိုး များဖြစ်သည်။၎င်းတို့ သည် တမန်တော်နူဟ်၏ လှေကြီးထဲတွင်ပါဝင်သော တမန်တော်နူဟ်၏ မျိုးနွယ်များဖြစ်သည်။ တမန်တော်နူဟ်ယူဆောင်လာသောအရှင်မြတ် ၏ဗျာဒိတ်ကျမ်းဂန်ကို ယုံကြည်သူများဖြစ်ကြသည်။တမန်တော်နူဟ်မရှိတော့သည့်နောက် ပိုင်းဗျာဒိတ်ကျမ်းဂန်၏အလွန် လူတို့၏ အယူဝါဒများ စွက်ဖက်လာရင်းမှ လုံးဝဥဿုံ ဗျာဒိတ်ကျမ်းဂန်၏ လမ်းညွှန်မှု လမ်းကြောင်းမှ ပျက်စီးခြင်းလမ်းကြောင်းပေါ် သို့ရောက်ရှိ ခဲ့ကြသူများဖြစ်သည်။ ၎င်းတို့သည် အလွန်ကြီးမားထွားကျိုင်း၍အားကောင်းမောင်း သန်သောလူမျိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန်မြင့်မားသောကျောက်တောင် များကို ထွင်းဖောက် ၍ လူနေအိမ်အဖြစ် နေထိုင်သူများ ဖြစ်ကြသည်။ကျောက်တောင် များကို ထွင်းဖောက်၍ တည်ဆောက်ထားသော လက်ရာများ သည် ဂျော်ဒန်နိုင်ငံတွင် ရှိနေပေ သည်။ နေ့စဉ် မြောက်များစွာသော ကမ္ဘာလှည့်ခရီးသည်များတစ်ဖွဲဖွဲသွားရောက် ကြည့်ရှုလျှက်ရှိကြသည်။

ထိုကဲ့သို့တမန်တော် နူဟ်ယူဆောင်လာသော ဗျာဒိတ်ကျမ်းဂန် လမ်းကြောင်းပေါ်မှ လူသားတို့၏ အတွေးအခေါ်များအားဖြင့် လမ်းမှားသို့ လုံးလုံးလျားလျား ရောက်ရှိနေကြ သူများကိုလမ်းမှန် ကိုညွှန်ရန် အတွက်၎င်းတို့၏ မျိုးနွယ်မှပင်တမန်တော်ဟူးဒ်ကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ တမန်တော်ဟူးဒ်သည် ၎င်း၏အမျိုးသားများအတွက် အသစ်အဆန်း လမ်းညွှန်ချက်ကျမ်း အသစ်ကို ယူဆောင်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့၏ရှေးတ မန်တော်နူဟ်၏ထံ ကျရောက်သော မူရင်းဗျာဒိတ်၏ အနှစ်သာရများနှင့် တစ်ထပ်တည်း တူညီသော အရှင်၏ဗျာဒိတ် များကိုသာပြန် လည်ပို့ ချခဲ့ခြင်းဖြစ်သည်။ ထိုအဒ်လူမျို များ အတွင်း အနည်း ငယ်သာရှိသော လူတစ်စု မှလွဲ၍ ကျန်အများစုသည် တမန်တော် ဟူးဒ်၏ ယူဆောင် လာသော ဗျာဒိတ်အစစ် အမှန် မူဝါဒကို လက်မခံ ခဲ့ကြပေ။ လက်မခံ ခဲ့ရုံမကထိုတ မန် တော် ဟူးဒ်နှင့် နောက်လိုက် လူနည်း စုကို ချိမ်းချောက်၍ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြရာမှ လောကတွင်ပင်လျှင် ပြစ်ဒဏ်ခံ၍ ပျက်စီးဆုံးရှုံးခဲ့ ကြ ရခြင်း ဖြစ်သည်။ တမန်တော်ဟူးဒ်၏မျိုးနွယ် “အားဒ်” လူမျိုးများနှင့် စပ်လျှင်းပြီး ကုရ်အာန် ၇း၆၅၊၇၂။ ၁၁း၅၀၊၆၀၊၈၉။ ၁၄း၉။ ၂၅း၃၈။ ၂၆း၁၂၃၊၁၄၀။၂၉း၃၈။ ၄၁း၁၃၊၁၆။ ၄၆း၂၁၊၂၆။ ၅၁း၄၁၊ ၄၂။ ၅၃း၅၀။ ၅၄း၁၈၊၂၁။ ၆၉း၎၊၆၊၈။၈၉း၆၈ ။ တို့တွင် ဖော်ပြထား ပြီးဖြစ်သည်။

ဆမူးဒ်လူမျိုးများ

ထိုတမန်တော်ဟူးဒ်၏ အမျိုးသားများဖြစ်သည့် “အာဒ်” လူမျိုးများအနက် အမိန့်မနာခံသူ များကို လောက တွင် ဖျက်စီးလိုက်ပုံကို အထက်မှအာယာသ်များတွင်အသေးစိပ်ဖော်ပြ ထားသည်။ တမန်တော်ဟူးဒ်နှင့် ၎င်း၏နောက်လိုက်လူနည်းစုကို တုနှိုင်းကိုးကွယ်ရာအရှင် က ကယ်တင်ခဲ့သည်။ ထိုလူနည်းစုများသည် လည်း တမန်တော်ဟူးဒ်ယူဆောင်လာသော ဗျာဒိတ်ကျမ်း ဂန်အ တိုင်း တစ်သွေမတိမ်းလိုက် နာသူများ ၏နောက်ပိုင်း မျိုးဆက်သစ်များ မှာလည်း ဗျာဒိတ်ကျမ်းဂန်၏ အယူဝါဒမှလူတို့၏အယူဝါဒအားဖြင့်လမ်း မှားသွားသော လူမျိုးစုများဖြစ်လာသည်။ ၎င်း တို့အား ကုရ်အာန်တွင် ဆမူဒ်မျိုးနွယ်များဟုခေါ်ဆိုသည်။ ၎င်းတို့အားတရားလမ်းမှန်ပြရန်အတွက်တမန်တော်စွာလေဟ်ကို ၎င်းတို့အနက်မှပင်ရွေး ချယ်ခဲ့သည်။ ၎င်းတို့၏ဆိုးယုတ်မှုသည် အဒ်မျိုးနွယ်များကဲ့သို့ပင် ထပ်တူထပ်မျှ ရှိနေ ခဲ့ခြင်းကြောင့် ၎င်း တို့အား ဒုတိယအဒ်များအဖြစ်သမိုင်းတွင် ခေါ်ဆိုခဲ့ကြသည်။ အထက် မှအဒ်လူမျိုး များကဲ့သို့ပင် ၎င်းတို့အားလောက တွင် ပင် လျှင်ဖျက်စီးခဲ့သည်။ အဒ်အမျိုး သားများနှင့်စပ်လျှင်း၍ ကုရ်အာန် ၇း၇၄၊ ၇၉၊ ၈၀။ ၁၁း၆၂၊၆၈။ ၁၄း၉။ ၁၅း၈၀။ ၂၅း၃၈။ ၂၆း၁၄၁၊၁၅၉။ ၂၇း၄၆၊၄၉၊၅၀။ ၄၁း၁၃၊ ၁၄၊ ၁၇၊၁၈။ ၅၁း၄၃၊ ၄၅။ ၅၃း၅၁။ ၅၄း၂၃၊၃၁။ ၆၉း၎၊၅။ ၈၉း၉။ ၉၁း၁၁၊၁၅ တို့တွင် အသေး စိပ်ဖော် ပြ ထား သည်။

လူးဒ်အမျိုးသားများ

အမျိုးသားအချင်းချင်း လိင်တူချင်း ဆက်ဆံမှုဖြင့် လောကတွင်ပင် ဖျက်ဆီးခံရသော တ မန်တော်လူးဒ်၏ အမျိုးသားများအကြောင်း အကျယ်တစ်ဝင့် ကုရ်အာန်တွင်ဖော်ပြ ထားပြီး ဖြစ်သည်။ ပင်လယ်သေဟုခေါ်သော ဂျော်ဒန်နိုင်ငံတွင်တည်ရှိနေသည့် ကမ္ဘာ့အ နိမ့်ဆုံးအပိုင်း ပင်လယ်ပြင်ကြီးသည် တမန်တော်လူဒ်၏ အမျိုးသားများကို ဖျက်စီးခဲ့ စဉ်က လက္ခဏာအဖြစ်ကျန် ရှိခဲ့ သော အထိမ်းအမှတ်တစ်ခုဖြစ်သည်။ အ သေးစိပ်ကို ကုရ်အာန် ၆း၆၈၊ ၁၁း၇၇၊၈၃။ ၁၅း၆၁၊ ၇၄း၂၁၊ ၇၄၊၇၅။ ၂၆း၁၆၀၊ ၁၇၃။ ၂၇း၅၄၊၅၈။၂၉း၃၂၊ ၃၅။ ၃၇း၁၃၃၊၁၃၆။ ၅၁း၃၂၊၃၇။ ၅၃း ၅၃၊ ၅၄။ ၅၄း၃၄၊၃၈။ ၆၆း၁၀။ တို့တွင် အသေး စိပ်ပါ ဝင်သည်။

ရှိုအိုက်အမျိုးသားများ

အလေးတင်းတောင်းချိန်ခွင် အစရှိသောချိန်တွယ်သော ပမာဏများကို စဉ်းလဲ၍ လော ကပြစ်ဒဏ်ခတ်ခြင်းခံကြရသော အမျိုးသားများအကြောင်း ကုရ်အာန် ၁၁း၈၄၊၉၅။ ၁၅း၇၈၊ ၇၉။၂၆း ၁၇၆၊၁၉၁။ ၂၉း၃၆၊၃၇ တို့တွင် အသေးစိပ်ပါဝင်သည်။

တမန်တော်မူဆာ၏အမျိုးသားများ

ကုရ်အာန်၂း၄၉ မှ ၇၁ ထိ ။၎း၁၅၃။ ၅း၂၀ မှ၂၆ ထိ ။ ၇း၁၀၃ မှ ၁၅၆ ထိ ။၇း၁၅၉ မှ၁၆၀ ထိ။ ၁၀း၇၅ မှ ၉၂ ထိ ။ ၁၁း၉၆ မှ ၉၉ထိ။ ၁၇း ၁၀၁ မှ ၁၀၄ ထိ ။ ၁၈း၆၀ မှ ၈၂ ထိ ။ ၁၉း ၅၁ မှ ၅၃ ထိ ။ ၂၀း ၉ မှ ၉၈ ထိ ။ ၂၃း၄၅ မှ ၄၉ ထိ။ ၂၆း ၁၀ မှ ၆၈ ထိ ။ ၂၇း ၇ မှ ၁၄ထိ ။ ၂၈း ၃ မှ ၄၄ ထိ ။ ၃၇း ၁၁၄ မှ ၁၂၂ ထိ ။ ၄၀း ၂၃ မှ ၅၄ ထိ။ ၄၃း၄၆မှ ၅၆ ထိ ။ ၄၄း ၁၇ မှ ၃၃ ထိ ။ ၅၁း၃၈ မှ ၄၀ ထိ။ ၆၁း၅ ။ ၇၉း၁၅ မှ ၂၆ ထိ။ တမန်တော်မူဆာ ၏ အမျိုးသား များအား ပင်လယ်နီမှ ကျော်ဖြတ်၍ ကယ်တင် ခဲ့ခြင်းနှင့် ဖေရ်အောင် ၏တပ်ဖွဲ့အား ပင်လယ်နီထဲ တွင်နစ်စေခဲ့သော အကြောင်းအရာ များအားလုံး အသေး စိပ်ဖော် ပြထား သည်။

ထိုကဲ့သို့သောလောကတွင်ပင် ဖျက်စီးခံကြရသော မျိုးနွယ်များ၏ နောက်ဆုံးဖြစ်အင် လက္ခဏာများကို ကြည့်ရင်းဖြင့် သံဝေဂ ရရှိစေရန် ဖြစ်သည်။ ဖော်ပြပါလူမျိုးများအား လုံးအနက် တ မန်တော်မူဆာ၏ အမျိုးသားများအကြောင်း ကုရ်အာန်တွင်အများ ဆုံးဖော်ပြ ထားသည်။ ဖော်ပြပါပင်လယ်နီတွင် နစ်မြုပ်သေဆုံးခဲ့သော ဖေရ်အောင်၏ ရုပ်လောင်းကို လူသားတို့ သံဝေဂ တရားရရှိရန် အလို့ငှာထိမ်းသိမ်း ထားမည် ဟူ၍ ကုရ်အာန်၁၀း၉၂ တွင် ဗျာဒိတ်ထားသည်။ ယနေ့ထိုရုပ်လောင်းကို အီဂျစ် နိုင်ငံကိုင် ရိုမြို့ ရှိပြတိုက်တွင် ကမ္ဘာ့လူသား တစ်ရပ်လုံး အတွက် ပြ သထားသည်။ ထို့ ကြောင့်ကမ္ဘာလှည့် ၍ အထက် ပါဖြစ်ရပ်မှန် များကို ကြည့်ရှုရန် အတွက် ကုရ်အာန်က အကြိမ်ပေါင်းများစွာ တိုက် တွန်း ထားခြင်းဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံးတွင် အများဆုံးပါဝင်သော အကြောင်းအရာများမှာရှေး ကျမ်းရများအကြောင်းဖြစ်သည်။ အထူးသဖြင့် တမန်တော်မူဆာ၏ နောက်လိုက်များ အကြောင်း ပို၍ များပေသည်။ ၎င်းတို့သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က၎င်းတို့ အား ဖေရ်အောင်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှကယ် တင်ရန်အတွက်တမန်တော်မူ ဆာအား တမန်တော်အဖြစ်ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝှမ်းတွင် ၎င်းတို့ အား အရှင်မြတ်၏ ချီးမြှင့်ခဲ့ခြင်း မျိုးကို မည်သည့် လူမျိုးတစ်ဦး တစ်ယောက်မျှ မရရှိ ခဲ့ ကြောင်း ကို ၂း၄၇ တွင်ဖော်ပြထားပြီးဖြစ်သည်။

ဖော်ပြပါတမန်တော် မူဆာ၏အမျိုးသားများသည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အချီးမြှင့် ခံရဆုံးသောသူ များဖြစ် သကဲ့သို့ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဂတိသက်ဆိုင်ရာ ပဋိ ညာဉ်များကို လည်းဖောက်ဖျက် ဆုံးသော လူမျိုးများဖြစ်ကြောင်း ကုရ်အာန်တွင် မှတ် တမ်းတင်ထားပြီးဖြစ်သည်။ ထိုနည်းတူစွာ သာသ နာကို လူတစ်စုက အပိုင်စီးလက်ဝါး ကြီးအုပ်၍ ၊ သာသနာပိုင်ဝါဒ ပုပ်ရဟန်းဝါဒများ တည်ထောင်၍ဗျာ ဒိတ်ကျမ်းဂန်ကို လူသားတစ်ရပ်လုံးနှင့် ထိတွေ့နိုင်မှုမရှိအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြသူ များဖြစ်သည်။ ၄င်းတို့သည် ဗျာဒိတ်ကျမ်းဂန်၏ အတွေးအခေါ်များမှ ၎င်းတို့၏ပုပ်ရဟန်း ဝါဒလမ်းစဉ်များအားဖြင့် နောက်လိုက်များကို လမ်းမှားစေခဲ့သောခေါင်းဆောင်များဖြစ် သည်။

ထိုအကြောင် အရာများနှင့် စပ်လျှင်း၍ ကုရ်အာန်၃း၁၈၇၊ ၅း၄၄၊၄၇၊၆၁၊၆၂။ ၂း၁၀၉၊ ၁၇၄ ။ ၂း၂၁၁၊ ၁၇၄။ ၂း၇၈၊၇၉ တို့တွင် ပုပ်ရဟန်းများ၏ လုပ်ရပ်ကို လေ့လာနိုင်သည်။

၎င်းတို့သည်တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အမိန့်ကိုမနာခံလို၍ မြောက်များစွာသောစောရ ကများနှင့် စပ် လျှင်း၍ နွားမကဏ္ဍတစ်ခုတည်းကိုလေ့လာရုံဖြင့် ၎င်းတို့၏အကြောင်းကို ထင်ရှားစွာ သိရှိနိုင်မည်ဖြစ် သည်။ ထို့အတွက်ကြောင့် စကြာဝဠာတစ်ခုလုံးနှင့်ဆိုင်သော ကမ္ဘာကြီးတည်ရှိနေသ၍ လူသားတစ်ရပ် လုံးအတွက် လမ်းညွှန်မှုကုရ်အာန်တွင် ၎င်းတို့ ၏အကြောင်းကို အ များဆုံးဖော်ပြ၍၊လူ သားတစ်ရပ်လုံးကို ထိုအမှားမျိုးမှကင်းဝေးစေ ရန်ဖြစ် သည်။

ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၈)
ခေါင်းဆောင်များကိုစမ်းစစ်နည်း (၂)

အာယာသ်၂း၇၉သည် လူသားတစ်ရပ်လုံးအား လမ်းလွဲသို့ရောက်ရှိရန် ဗျာဒိတ်ကျမ်းဂန် မတတ်သောတ ပည့်များကို မွေးထုတ်ပေးသော ဗျာဒိတ်ကျမ်းဂန် မတတ်သည့်ခေါင်းဆောင် များဖြစ် သည်။

(၎င်းတို့သည် စာအုပ်များကို မိမိတို့၏လက်များဖြင့် ရေးသားကြသည်။ ထို့နောက် ၎င်းတို့ကဆိုကြသေး သည် ၊ဤသည်အလ္လာဟ့်ထံမှ ချပေးသောကျမ်း၏ အနှစ်သာရများ ဖြစ်သည် ဟူ ၍ ဈေးပေါပေါနှင့် ကိုယ် ကျိုးအမြတ်ရှာဖွေကြ၏။ ၄င်းတို့၏လက်များကည်လည်းကောင်း ၎င်းတို့လက်များဖြင့် ရေးသားခဲ့ကြသော အရာများသည်လည်းကောင်း၊ ၎င်းတို့ဆည်းပူး ခဲ့ကြသော အရာများသည်လည်းကောင်း ပျက်စီးဆုံး ရှုံးကြ ရမည်သာဖြစ်၏။ )

ဖော်ပြပါခေါင်းဆောင်မျိုးသည် ခေတ်တိုင်းနှင့် ဘာသာသာသနာတိုင်းတွင် ရှိခဲ့ပြီးဖြစ်သည်။ ရှိနေသည်၊ရှိ နေဦးမည်သာ။ လိမ်ညာသူသည် လိမ်ညာမည်သာဖြစ်သည်။ ထိုလိမ်ညာ သူ၏ လိမ် ညာမှုကိုနောက်လိုက် များကမခံရလေအောင် ခေါင်းဆောင်စစ်မစစ်စမ်းစစ်ပုံ စမ်းစစ်နည်းများကို သင်ကြားပေးသောအာယာသ် များဖြစ်သည်။ ဓမ္မဓိဌာန်ကျကျထိုအာ ယာသ်အပေါ်စဉ်း စား ဆင်ခြင်ခြင်းဖြင့်မျက်ကန်းကိုဆရာတင်၍ အနောက်မှလိုက်သော တပည့်သားမြေးများသည် အချိန်မရွေးအန္တရာယ်တွင်းသို့သက်ဆင်းရန်အခွင့်အလန်း ရှိနေသည်။

ထိုကြောင့် လူသား တိုင်း သည် မိမိတို့သက်ဝင်ယုံကြည်သော ဗျာဒိတ်ကျမ်းဂန်ကို နား လည်သဘောပေါက် ရမည်ဖြစ်သည်။  လူအများကို ဦးဆောင်သောခေါင်းဆောင်များ သည် ဗျာဒိတ် ကျမ်းဂန်ကို ပိုမိုတတ်သူများ ကျမ်းဂန်အတိုင်းပိုမိုကျင့်သုံးသူများဖြစ်ရမည်။ သို့မှသာအမှားနှင့်အမှန် အကောင်းနှင့်အဆိုး အစစ်နှင့်အတုကိုပိုင်းခြားနိုင်မည်ဖြစ်သည်။ ထိုအာယာသ်နှစ်ခု သည် လူတစ်ဦးတစ်ယောက် (ဝါ)ဆရာသခင်များဟုခေါ်ဆိုသော မည် သည့်လူသားတစ်ဦးကိုမျှ စမ်းစစ်မှုမရှိဘဲ ဆရာပုံအပ်ဆည်းကပ်ဝါဒကို တားမြစ်ထားသည့် အာယာသ်များဖြစ် သည်။ လူသားဟူသည် အချိန်မရွေး မှားယွင်းနှိင် သောကြောင့် စူရာဖာသေဟာကို ဆွလာသ်၏ ရ ကအသ်တိုင်းတွင်ပြဌာန်းခြင်းဖြစ်သည်း။

အာယာသ်၂း၇၈သည် မိမိတို့ကိုယ်မိမိတို့က အမှန်တကယ်ပညာ တတ်ခေါင်းဆောင်များ ဟုထင်နေသော ဗျာဒိတ်ကျမ်းကိုမတတ်ဘဲ ကျောင်းတော်ဝါဒ၊ဂိုဏ်းဂနဝါဒများနှင့်ဆရာ့ ဆရာများ ၏ လူရေးကျမ်းအယူ ဝါဒများကိုသာ တတ်သိနားလည်ကြသော ခေါင်းဆောင် များကိုဆိုခြင်းဖြစ်သည်။ ဒုတိယအာယာသ်၂း၇၉သညှ် ကျမ်းဂန်ကိုတတ်ကျွမ်းပါလျှက် မိမိတို့၏ကိုယ်ကျိုးအတွက် အမြတ်ရှာလိုသော အသိခေါက်ခက်အဝင်နက် သည့် ခေါင်းဆောင်တို့ အကြောင်းဖြစ်သည်။ ၎င်းတို့မှာ မိမိတို့၏နောက်လိုက်တပည့် များကို ဗျာဒိတ်ကျမ်းဂန်၏ အတွေးအခေါ်များမှ ၎င်းတို့ ၏လူရေးကျမ်း မူဝါဒများသို့ အရောက်ပို့၍ တပည့်များကို လမ်း လွဲစေသော ခေါင်းဆောင်များကိုဆိုခြင်းဖြစ်သည်။

ကုရ်အာန်၃း၁၈၇တွင် (ငါအရှင်သည်ရှေ့ကျမ်းဂန် ရများနှင့် ပဋိန်ညာဉ်ပြုခဲ့၏။ ငါ၏ဗျာဒိတ်ကျမ်းဂန်ကို လူသားတို့အားထင်ရှားစွာ ရှင်းပြရန်နှင့်ထိုကျမ်းကို ထိမ်းချန်မှုမပြုရန်တို့ဖြစ်သည်။ သို့ရာတွင်၎င်းတို့သည် ကျမ်းဂန်ကိုနောက်ကျောတွင် ထား(ထိန်ချန်)၍ ကိုယ်ကျိုးအမြတ် ရှာဖွေသူများ ဖြစ်ခဲ့ ကြသည်။ )

ဤအာယာသ် တစ်ခုတည်းနှင့်ပင် ရှေးကျမ်းရခေါင်းဆောင်များသည် မိမိတို့၏ကိုယ်ကျိုး အမြတ်ရှာလို၍ မိမိတို့၏နောက်လိုက်တပည့်များကို ဗျာဒိတ်ကျမ်းဂန်၏ အယူဝါဒမှ၎င်းတို့ ၏ လူရေး ကျမ် မူဝါဒများသို့ ပြု ပြင်ပြောင်းလဲခဲ့ကြောင်း ထင်ရှားစွာ မြင်တွေ့နိုင်ပေ သည်။

အလားတူကုရ်အာန် ၅း၄၄တွင် ရှေးကျမ်းရပုပ်ရဟန်းများ၏ အတောမတတ်နိုင်သော မတော်လောဘ ကြောင့် စစ်မှန်သောဗျာဒိတ်ကျမ်းများပါ အယူဝါဒများမှ ၎င်းတို့၏ လုပ် ဇာတ် လူရေးမူ ဝါဒလမ်းကြောင်း ပေါ်သို့ မိမိတို့၏တပည့်များနှင့် နောက်လိုက်အမျိုးသား များကိုလမ်းလွဲစေသော လုပ်ဆောင်ချက်များကိုဖော်ပြထားသည်။ ထိုကြောင့် အထက်မှ ၂း၇၈တွင်ပါဝင်သော ကျမ်း ဂန်မတတ် သော လူ့ဘာလပညာမဲ့များဟူသည် ၂း၇၉ပါ ကိုယ်ကျိုးရှာကျမ်းတတ်ပုပ်ရဟန်းများ၏ ခေါ်ဆောင်မှုဖြင့် ရိုးသားစွာပညာမဲ့ဘဝ သို့ရောက်ရှိသွားသူများဖြစ်သည်။ မိမိကိုယ်တိုင်က ပညာမဲ့ ဖြစ်နေသည်ကို မသိ ဘဲ မိမိကိုယ်မိမိ တတ်သိ နားလည်သည် ဟုထင် မှတ်နေသူများဖြစ်သည်။

ထိုသို့သော အကြောင်းများကြောင့် ပညာရှိတို့၏ဆုံးမချက်များတွင် ချဉ်းကပ်ရမည့်သူများနှင့် ရှောင်ကျဉ် ရမည့်သူများကို ခွဲခြားသိရှိနိုင်စေရန်အတွက် လမ်းညွှန်ချက်များမှ တစ်ခုကို တင်ပြ ရမည်ဆိုပါက၊

(၁)    မိမိကိုယ်မိမိ တတ်သိနားလည်မှု မရှိသည်ကိုမသိဘဲ တတ်သိနားလည်သည်ဟု ထင်မှတ်နေသူများ သည် ပညာမဲ့လူ့ဘာလ ၊လူမိုက်များဖြစ်ကြ၏။ ၎င်းတို့နှင့်ရှောင်ပါ။

(၂)    မိမိကိုယ်မိမိ တတ်သိနားလည်သည်ကိုမသိဘဲ မတတ်ဟုထင်နေသူသည် အိပ်ပျော်နေသောသူနှင့် တူသည်။ ၎င်းအားလှုပ်နှိုးလိုက်ပါ။

(၃)    မိမိကိုယ်မိမိ မတတ်နားမလည်သည်ကို သိသောသူသည် ရိုးသားသူဖြစ်သည်။

(၄)    မိမိကိုယ်မိမိ တတ်သိပါလျှက် မိမိကိုယ်မိမိပညာရှိပါဟု ဘယ်သောအခါမျှ ထုတ်ဖော်မပြောသူသည် ပညာ ရှိအစစ်အမှန်ဖြစ်၏။ ၎င်းအား ချဉ်းကပ်ပါဟူ၏။

(စာရေးဆရာ မြသန်းတင့်)

ထပ်မံ၍ ဗျာဒိတ်ကျမ်းဂန်မတတ်သည့် မှားယွင်းသောခေါင်းဆောင်များကို ဆရာမတင် မိစေရန်ဓမ္မဓိဌာန် ကျကျ လမ်းညွှန်ချက်များအနက် အောက်ပါအာယာသ်လေးနှင့်ပင် အ သိဥာဏ်ရှိ သူ တိုင်းအတွက် လုံ လောက်နိုင်ပေသည်။ ကုရ်အာန် ၆၂း၅ တွင်

(“သောက်ရာဟ်”ဗျာဒိတ်ကျမ်းကိုရရှိပါလျှက် ထိုကျမ်းပါဥပဒေများအတိုင်း လိုက်နာကျင့်သုံးမှုမပြုသူများ ၏ ဥပမာသည် ကျမ်းဂန်ကိုသယ်ဆောင်ထားသော မြည်းသတ္တဝါနှင့်တူကြောင်း မိန့်ဆိုထားသည်။)

မြည်းသတ္တဝါ၏ ကျောပေါ်တွင် သယ်ဆောင်ထားသော ကျမ်းစာအုပ်များနှင့် ထိုကျမ်းပါ လမ်းညွှန်မှုများ သည် ထိုမြည်းသတ္တဝါအတွက် မည်သို့မျှအကျိုးဖြစ်ထွန်းနိုင်မည် မ ဟုတ်ပေ။ထိုအာ ယာသ်သည်ခေတ်တိုင်းစနစ်တိုင်းရှိ လူသားများအဖို့လွယ်ကူစွာ မမေ့နိုင်သောဥပမာအား ဖြင့်သတိပေး နှိုးဆော်ချက်တစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ခေတ်မှီ နိုင်ငံများအနက် အမေ ရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေတွင်အမေရိ ကန်နိုင်ငံသား ခံယူမည့်သူတစ်ဦးသည် အခြေခံဥပဒေများအနက် အဓိကမသိမဖြစ်သော ဥပဒေတစ်ရာကို တတ်သိနားလည် ရမည်ဖြစ် သည်။ နိုင်ငံတစ်နိုင်ငံက ပြဌာန်းထားသော ဥပဒေများသည် ထိုနိုင်ငံတွင်နေထိုင်သော ပြည်သူများအတွက် အကာအကွယ်အစောင့် အရှောက် ဖြစ်သည်ဆိုလျှင် လူ မျိုးတစ်မျိုး အ တွက် လမ်း ညွှန်အဖြစ် ချပေးခဲ့သောရှေး ကျမ်းဂန်သည် ပို၍ပင် အရေးကြီးမည်ဖြစ်သည်။ သို့ဆိုလျှင် ခေတ်တိုင်းနေရာတိုင်း လူမျိုးတိုင်းအတွက် ကမ္ဘာကြီးတည်ရှိနေသ၍ လမ်းညွှန် မှုပေး မည့် ကျမ်း မြတ်ကုရ် အာန်ကို တတ်သိနားလည် သဘောပေါက်ရန်အတွက် မည်မျှအရေးကြီးမည်ကို အသိ ဥာဏ် ရှိသူတိုင်း သိမည်ဖြစ်သည်။

ထိုကုရ်အာန်ကို အများမွတ်စလင်မ်များထက် ပိုမိုသိရှိရန် ပိုမိုနားလည်ရန်၊ ပိုမိုပို့ချရန်၊ပိုမို ၍ ဘာသာရေး ကျောင်းများတွင် သင်ကြားပေးရန် ပိုမို၍ အထောက်အထားအဖြစ်ကိုး ကားဖော်ပြရန် တာဝန်မှာ မွတ်စလင်မ်အများစုကို ဦးဆောင်လျှက်ရှိသော ပညာရှင်များ တွင် သာပို၍ တာဝန်ရှိသူများ ဖြစ်ကြသည်ဟူ၍ အထက်ပါအာယာသ်များက မီးမောင်း ထိုးပြလျှက် ရှိနေသည်။

ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ ခေတ်ရှေ့ပြေးဟောကိန်းများ(၇)
ခေါင်းဆောင်များကိုစမ်းစစ်နည်း (၁)

၃၁း၂၇(စင်စစ်သော်ကားကမ္ဘာမြေ၌ရှိကြကုန်သောသစ်ပင်အသီးသီးတို့သည် ကလောင် များဖြစ်၍ သမုဒ္ဒ ရာပင်လယ်သည် (မှင်ဖြစ်ပြီးယင်းပင်လယ်ရှိမှင်များကုန်ခန်းပြီးနောက်)သမုဒ္ဒရာ ပင်လယ်ခုနှစ်ခုမှမှင် များကို ထပ်မံ၍ဖြည့်အံ့ငြားလည်း အလ္လာအရှင်မြတ်၏ အာယာသ်(ဗျာဒိတ်များ)၏ လေးနက်ပြီးပြည့်စုံမှု များကိုဖွင့်ဆို)ကုန်ဆုံးနိုင်မည်မဟုတ်ပေ။ဧကန် အလ္လာဟ်အရှင် သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံ တော်မူသော ဆင်ခြင်တုံတရားနှင့်ပြည့် စုံတော်မူသော အရှင်ဖြစ်တော်မူ၏။ )

ကျမ်းမြတ်ကုရ်အာန်၏ပြီးပြည့်စုံသောလမ်းညွှန်မှုများနှင့်စပ်လျှင်းပြီးဖော်ပြရန်ကိစ္စရပ် သည်လူသားများအတွက်ကမ္ဘာကုန်ကျယ်သရွေ့ကမ္ဘာကြီးတည်ရှိနေသ၍ကုန်နိုင်မည်မ ဟုတ် ကြောင်း ကို ထိုအာ ယာသ်လေးတစ်ခုနှင့်ပင် လုံလောက်ပေမည်။ ကုရ်အာန်သည် အတိတ်သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ပြ လျက်ပစ္စုပ္ပန်ရှိလူသား တစ်ရပ်လုံးအတွက်အဓိ ကသင်ခန်းစာများ ပေးဝေလျှက်ရှိသော လမ်းညွှန်ကျမ်း ကြီးဖြစ်သည်။ ထိုကဲ့သို့ ပင်ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌လူသားများလွယ်ကူချောမွေ့နှိုင်စေ ရန်လည်း ရှေ့ပြေးဗျာဒိတ်များကိုလည်း ကြိုတင်ဟောကိန်းထုတ်ထား ချက်များပါဝင် သည်။ ရှေ့ နဗီ တမန်တော်များနှင့် စိတ်တူကိုယ်တူ ရဲဘော် ရဲဘက်များ၏စွန့်လွှတ် စွန့်စားမှုများနှင့်၎င်းတို့ အောင်မြင်မှုရရှိသော လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြ ထားသော လမ်းညွှန်ချက်များ စွာပါဝင်သည်။

ထိုနည်းတူစွာ ရှေးနဗီတမန်တော်များ ယူဆောင်လာခဲ့သော မူရင်းဗျာဒိတ်များနှင့်ထိုဗျာ ဒိတ်ပါအနှစ်သာရများမှ လွဲချော်စေသောခေါင်းဆောင်များ၏ မှားယွင်းချက်များကိုပီ ပီပြင်ပြင်ဖော်ပြ၍ ထိုကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်လာမှု မရှိနိုင်စေရန် သ တိပေးနှိုးဆော်ချက်များဖြင့်စီချယ်ထားသော ဆုံးမသြဝါဒများစွာပါဝင်သည်။ ထိုသို့သော ဆုံးမသြဝါဒများအား ဖော်ပြရာ၌ လူသားတို့၏ နှလုံးသည်းပွတ်အတွင်းမှ မေ့ပျောက်နိုင်မှု မရှိနိုင်သော ဥပမာဥပမေယျများဖြင့် ခိုင်းနှိင်းပုံ ဖော်ချက်များ ပါဝင်သည်။

ရှေးနဗီတမန်တော် များယူဆောင် လာသော မူလ ဗျာဒိတ် လမ်းညွှန်ချက်များမှ လမ်း လွဲသို့ မိမိ တို့၏ တပည့်များ ကိုခ်ါဆောင် သွားသော ခေါင်းဆောင်များ နှင့် စပ်လျှင်းပြီး ဖော်ပြ သုံးနှုန်း ချက်များသည် လူ သားလောက တစ်ခုလုံးတွင် အမြဲတန်းခေတ်မှီ သစ် လွင်၍ မရိုးနိုင်သော ဝေါဟာရများဖြင့် သီကုံး ဖော်ပြထားသည်။ ကျမ်းမြတ်ကုရ်အာန် ၂း၇၈း၇၉ တို့တွင် လူသား တစ်ရပ် လုံး အတွက် မိမိ တို့၏ ခေါင်း ဆောင် များ နှင့် စပ်လျှင်းပြီး မှန်ကန် သော ခေါင်းဆောင် ဖြစ်မှု ၊ မဖြစ်မှုတို့ကို တိုင်းတာ ချင့်ချိန် နိုင်ရန် အတွက် လမ်းညွှန်ချက်တို့မှာ ၂း၇၈ တွင်၊

(၎င်းတို့သည် ဗျာဒိတ်ကျမ်းဂန်ကို မတတ်သော ပညာမဲ့ လူ့ဘာလများသာဖြစ်ကြသည်။ ၎င်းတို့ တတ် သိနားလည်ထားသည်များမှာ သူပြောငါပြော ကောလဟဋ္ဌ များသာဖြစ်၏။ ၎င်း တို့ ပြုလုပ်လိုပါက မည် သည့်အဆိုက ပြုလုပ်ခွင့်ရှိသည်ဟူ၍၊ ၎င်းတို့မပြုလုပ်လိုပါက မည်သည့်အဆိုမည်သည့် အယူဝါဒက ပြု လုပ်ခွင့်မရှိဟူ၍ မှန်းဆရန်းဆ၍ပြုလုပ် သူများ သာဖြစ်ကြ ၏။)

ထို အာယာသ်သည် အလွန်တိုတောင်း၍ အလွန်အနှစ်သာရများဖြင့် ပြည့်ဝလျက်ရှိသော ထိမိသည့်လမ်း ညွှန်မှုတစ်ရပ်ဖြစ်သည်။ ဘာသာသာသနာတိုင်း၌ မိမိတို့၏ဗျာဒိတ်ကျမ်း ဂန်များ သည်သာလျှင် Supreme Law အခြေခံမူဝါဒဥပဒေများဖြစ်သည်။ မိမိတို့၏ ဘာသာသာသနာကို ဦးဆောင်သော ခေါင်းဆောင်တိုင်းသည်၊ မိမိတို့၏ဘာသာသာသနာ ၏ ဗျာဒိတ်ကျမ်းဂန်ကို တတ်သိနားလည်ရမည်မှာ တာဝန် တစ်ရပ်ဖြစ် သည်။အကယ်၍ ဘာသာသာသနာကို ဦးဆောင်သောခေါင်းဆောင်များသည် ဘာသာသာသနာ၏ အနှစ် သာရဖြစ်သော ဗျာဒိတ်ကျမ်းဂန် ကို မတတ်ဘဲ အခြားမူဝါဒလမ်းစဉ်များ၊အခြားလူရေးကျမ်း များ၊ လူရေးဝါဒများကို မည်မျှပင် တစ်ဖက်ကမ်းခတ် တတ်မြောက်ထားစေကာမူ ဘာသာ သာသနာနှင့် စပ်လျင်းပြီးပညာမဲ့လူ့ဘာလ များသာ ဖြစ်သည်ဟုထိုအာယာသ်ကမီးမောင်း ထိုးပြထားခြင်းဖြစ်သည်။

ဤအချက် တစ်ချက်ထဲနှင့်ပင် ခေတ်တိုင်းအတွက် အများနောက်လိုက် တပည့့်် တိုင်းက မိမိတို့၏ခေါင်း ဆောင်များသည် မှန်ကန်သောခေါင်းဆောင်ဖြစ်၏ မဖြစ်၏ဟူသောအချက် ကိုတိုင်း တာ၍ ခွဲခြားတတ်သောနည်းစနစ်စံကို ထည့်သွင်းပေးခြင်းဖြစ်သည်။ ဤသည့် စံသည်မည်သည့်ခေတ်မည်သည့်လူသား တစ်ဦးတစ်ယောက်ကမျှပင်၊လုံးဝငြင်းပယ်၍ မရနိုင်သောအချက် တစ်ချက်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကျမ်းမာရေးချို့တဲ့သူ တစ်ဦးက မိမိ၏ရောဂါကို ကုသရန်အတွက် ဆရာဝန်ထံသို့သွား မည်ဖြစ်သည်။ ထိုကဲ့သို့ ပင်ဆရာဝန်ဟူသော ဘွဲ့ အမည် ကို ခံယူထားသူကလည်းဆေးပညာနှင့်စပ်လျှင်းသော ပညာရပ်များကိုသာဆည်းပူး၍ ဆေးဝါးအကြောင်းကို တစ်ဖက်ကမ်းခတ်တတ် ကျွမ်းသော ပါရဂူတစ်ဦးဖြစ်ရမည်သာဖြစ်သည်။

ဆရာဝန်ဟူသောဆေးပညာပါဂူဘွဲကို ခံယူထားပြီး ဆေးပညာနှင့်စပ်လျှင်း၍ တစ်လုံး တစ်ဘာဒမျှ မတတ်ဘဲ အခြားဆေးဝါးနှင့်မဆိုင်သော ပညာရပ်များ မည်မျှပင်တတ် ကျွမ်းနေစေကာမူ ထိုသူအားဆရာဝန်ဟူ၍ မည်သူကမျှအသိအမှတ် ပြုမည်မဟုတ် ဘဲ ဒေါက်တာရမ်းကုဟုသာခေါ်ဆိုမည်ဖြစ်သည်။ ဆရာဝန်အမည်ခံ ဒေါက်တာရမ်းကုအား မိမိ၏ရောဂါကို ကုသရန် ပုံအပ်သောလူနာသည် ၎င်း၏ရောဂါ ပျောက်ကင်းနိုင်မှုထက် အသက်အန္တရာယ်စိုးရိမ်ရမှုက ရာနှုန်းပိုများမည်သာဖြစ်သည်။ အကယ်၍သာနောက် လိုက်တပည့်များသည် ဘာသာသာသ နာနှင့်စပ်လျှင်း ၍ ဗျာဒိတ်ကျမ်းဂန်ကို မတတ် သည့် ခေါင်းဆောင် များ၏ နောက်သို့လိုက်မိပါက နှစ်ဘဝအတွက် အဆုံးကြီးဆုံးရှုံးမည် သာ ဖြစ်သည်။

ခေါင်းဆောင်များကိုစမ်းစစ်နည်း(၁) မှ (၃) သည် ဆောင်းပါးတစ်ပိုဒ်တည်းဖြစ်သည်။

ဆက်လက်တင်ပြပါမည်။ ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၆)
ကုရ်အာန်၏အံ့ဩကုန်နိုင်ဘွယ် အာယာသ်များကို မြင်တွေ့ရခြင်းဖြင့်၊ အစ္စလာမ်သာသ နာဝင် မွတ်လင်မ် များဖြစ်လာသူများအနက် ပြင်သစ်နိုင်ငံခွဲစိတ်သမားတော် ဒေါက် တာမောရစ်ဗျူ ကိုင်းလ်အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ သူသည် ပြင်သစ် လူမျိုးဖြစ်သည့် အားလျော်စွာကုရ်အာန်ကို ပြင်သစ်ဘာသာဖြင့်ပြန် ဆို သည့်ဒေါက်တာ ဟာမီဒွလ္လာဟ်၏ ကုရ် အာန်ပြင်သစ်သဖ်စီရ်ကိုစတင်လေ့လာခဲ့သူဖြစ်သည်။ဘာသာပြန် ဖတ်ရုံဖြင့် ကုရ်အာန်တွင်တည်ရှိနေသော ခေတ်ရှေ့ပြေးဟောကိန်းများကို မြင်တွေ့ခဲ့ရ သူဖြစ်သည်။ သူ၏အမြင်တွင် မူရင်းအရဗီစာပေဖြစ်သော ကုရ်အာန်ကိုလေ့လာ ရာ၌ အရဗီစာပေကို တတ်သိမှသာလျှင် ကျမ်းဂန်၏ အနှစ်သာရများကို ပိုမို၍ မြင်တွေ့ခံစားနိုင် မည်ဟူ၍ အသက်ငါး ဆယ်ကျော်အ ရွယ် တွင် အရဗီစာပေကို ဆည်းပူးလေ့လာခဲ့သူ တစ်ဦးဖြစ်သည်။ သူ၏အရဗီ ဆည်းပူးလေ့လာမှု ၊သက်တမ်းနှစ်နှစ့်အတွင်း စအုဒီအရေး ဗီးယား၊ ကိုင်ရိုမြို့ရှိ အဇ်ဟရ်ကျောင်းတွင် သွားရောက်၍ ပါမောက္ခများနှင့်တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဒေါက်တာမောရစ်သည် အစ္စလာမ်သာသနာဝင် မဖြစ်သေးခင်ကပင်လျှင် ကျမ်းမြတ် ကုရ်အာန်၏  အသိတရားများကို ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက် မျှ ပြုလုပ် နိုင် မှုမရှိသေးသော ကြီးမားသည့် ဆောင်ရွက်ချက်ကြီးတစ်ခုကို အကောင်အ ထည်ဖော်နိုင်ခဲ့သည်။ သူ၏ကြိုးပမ်းချက်မှာ ဗာတီကန်မှ ပုပ်ကြီးများနှင့် စအုဒီအရေးဗီး ယားမှ အုလမာများကို တရားဝင်နှစ်ကြိမ် ဆုံတွေ့ပေးခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံပွဲ မပြုမီ ဒေါက် တာမောရစ်က ဗာတီကန်သို့သွားရောက်၍  အစ္စလာမ်သာသနာ၏ ခြေခံ ဥပဒေ ကျမ်း ကုရ်အာန်သည် ရှေးခရိ ယံ များယုံကြည်ထား သကဲ့သို့ ဂျူးနှင့်ခရစ်ယံကျမ်း တို့မှ ကူးယူ၍ဖော် ပြထားသည် ဟူသောအချက်မှာ မမှန်ကန်ကြောင်း ပုပ်ကြီးများကို အချက်ကျကျ ထောက်ပြနိုင်ခဲ့၏။ထိုမှ တစ်ဆင့်စ အူဒီအုလမာများနှင့် ဗာတီကန်၏ကိုယ် စားလှယ် ပုပ်များကို နှစ်ကြိမ်တိုင်တွေ့ဆုံ၍ အစ္စလာမ် သာသနာ၏ ကုရ်အာန်ကျမ်းသည် ခရစ်ယန်တို့၏ကျမ်းမှ ကောက်နှုတ်၍ ဖော်ပြထားသော ကျမ်း မဟုတ်ကြောင်းလက် မှတ်ရေးထိုးနိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ထို.နောက် ၁၉၇၈ခုနှစ်တ္ဗင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှကြီး မှူးကျင်း ပသည့် ညီလာခံတွင် စာ တမ်းသုံးဆောင် တင်ပြနိုင်ခဲ့သည်။ သူ၏  စာတမ်း အမည်မှာ-

(သန္ဓေအစမွေးဖွားမှု ပညာရပ်များ၊ နက္ခတ္တဗေဒများနှင့်  ခန္ဓာဗေဒဆိုင်ရာပညာရပ်များ) ကုရ်အာန်တွင် တည်ရှိနေသည်ဟူသော စာတမ်းများဖြစ်၏။ ထိုကဲ့သို့ပင်(ဘိုင် ဘယ်လ် ကုရ်အာန် နှင့် သိပ္ပံ)ဟူသောစာ အုပ်ကိုလည်း ရေးခဲ့သည်။ ထိုစာအုပ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အဇ်ဟရ်တက္ကသိုလ်မှ အရဗီဘာသာ စာပေဖြင့် ၁၉၉၈ခုနှစ်တွင် ဘာသာပြန် ၍ အဇ်ဟရ်တက္က သိုလ်ကြီး၏ ပါမောက္ခများ၏ လက်စွဲစာအုပ် ဖြစ်ခဲ့သည်။ ကိုင်ရိုမြို့ အဇ်ဟရ်တက္ကသိုလ်သည် မွတ်စလင်မ်လောကတစ်ခုလုံးကိုရှေဆောင်ပြုလျက်ရှိ နေသော တက္ကသိုလ်ကြီးဖြစ်သ ကဲ့သို့ ထိုတက္ကသိုလ် ကြီးမှ ပါမောက္ခများသည် လည်း အစ္စလာမ့် ပညာရေး လောကတစ်ခုလုံးကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်း လဲပေးနေသော ပညာရှင်ကြီးများ ဖြစ်ကြသည်။

ထိုကဲ့သို့သော ပါမောက္ခ မွတ်စလင်မ် ပညာရှင်ကြီးများက  ဒေါက်တာမောရစ်၏စာအုပ်ကို အရဗီစာပေဖြင့်ပြန်ဆို၍ လက်စွဲစာအုပ်အဖြစ် ပြဌာန်းရခြင်းသည် အလွန်သဘာဝကျ သော အချက် တစ်ချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့်သမိုင်းတစ်လျှောက် သဖ်စီရ်ကျမ်းပေါင်းမြောက်များ စွာပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ထိုကျမ်းများအားလုံး သည်နှစ်ပေါင်း ခုနှစ်ရာလောက် မှ ယနေ့အထိဖော်ပြနိုင်စွမ်းမရှိသေးသော ဖွင့်ဆိုချက်များ ကို အစ္စလာမ်သာသနာဝင်ပင် မဟုတ်သေးသော ဒေါက်တာမောရစ်က၎င်း၏ စာအုပ် တွင်ဓမ္မဓိဌာန်ကျကျကုရ်အာန်ကို ဖွင့်ဆိုပြနိုင် ခဲ့ ခြင်းကြောင့်ပင်။

ကျမ်းမြတ်ကုရ်အာန်တွင်နေ၏ အလင်းကို “ဒွေဟာ”ဟု ခေါ်ဆို၍ လ၏အလင်း ကို “ နူးရ်” ဟုခေါ်ဆိုထား၏။

မွတ်စလင်မ်သဖ်စီရ်ရှင်များအားလုံးက နေ၏အလင်း၊လ၏အလင်းဟူ၍ သာပြန်ဆိုခဲ့ကြ သည်။ ဒေါက်တာ မောရစ်က ကုရ်အာန်ပါဒွေဟာနှင့် နူရ်းဟူသောဝေါဟာရများကိုအရ ဗီပြင်သစ်အဘိ ဓါန်ကိုကြည့်ရာမှ နေ၏အလင်း(ဒွေယာ)ဟူသည် ကိုယ်ပိုင်အလင်း၊ အခြားအရာများကိုလည်း အလင်းပေးနိုင်သော လောင်ကျွမ်းနိုင်သည့် အလင်းဟူ၍ တွေ့ရ သည်။ ထိုကဲ့သို့ပင် လ၏အ လင်း(နူရ်း)မှာ အခြား၏အလင်းမှအလင်း ပြန်ခြင်း ဟူသော အဓိပ္ပါယ်ကိုတွေ့ရှိရပေသည်။ ဤအချက်နှစ်ချက်သည်သိပ္ပံပညာရှင်များ၏တွေ့ ရှိချက် (နေသည် ကိုယ်ပိုင်အလင်းဟူသောအ ချက်နှင့် လသည်ရောင်ပြန်အလင်း) ဟူသော ဖွင့်ဆိုချက်ထက် ကုရ်အာန်ကနှစ်ပေါင်းထောင်ချီ၍ စောစွာဖော်ပြခဲ့ခြင်းကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့သူတစ်ဦး ဖြစ်သည်။ ဤ သည် ဒေါက်တာမော ရစ်၏ ရာချီ၍ ကုရ်အာန်ကို သိပ္ပံနည်း ကျ ဖွင့်ဆိုချက်များမှ၊ အချက်ကလေး တစ်ချက် ကို တင်ပြခြင်းဖြစ်သည်။

ထိုကဲ့သို့တင်ပြရသော အကြောင်းရင်းမှာကုရ်အာန်သည် မွတ်စလင်မ်ဖြစ်စေမွတ်စလင်မ် မဟုတ်သူဖြစ်စေ၊၎င်းတို့ချဉ်းကပ်ရာ၌ မှန်ကန်သော ကုရ်အာန်၏နည်းလမ်းဖြင့် ချဉ်း ကပ်သူကိုသာ လမ်းမှန်ပေး သည်ဟူသောအချက်ပင်ဖြစ်သည်။ မွတ်စလင်မ်များသည် ကုရ်အာန်ကိုချဉ်းကပ်ရာ၌ မိမိတို့၏ကျောင်း၊ မိမိတို့၏ဂိုဏ်း၊ မိမိတို့၏ဆရာဟူသော အစွဲများအားဖြင့် ချဉ်း ကပ် ခဲ့ခြင်းကြောင့် ကုရ်အာန်ကပေးသော ကုရ်အာန်တွင်တည် ရှိနေသော အမှန်တရားလမ်းညွှန်မှုများကို ရသင့်သလောက်မရရှိကြပေ။အထက်မှဖ်ာပြ ခဲ့သော ဒေါက်တာမောရစ်သည် မွတ်စ လင်မ် မဟုတ်သောကြောင့် ကုရ်အာန်ကိုလေ့လာ ရာ၌ အထက်မှမွတ်စလင်မ်များတွင်ရှိနေသော အစွဲများမှကင်းစင်သောကြောင့် ကုရ်အာန် ကပေးသောလမ်း ညွှန်မှုအမှန်တရားကို ရရှိ ခဲ့ခြင်းဖြစ်သည်။ ထိုသို့သောအကြောင်း များကြောင့် အစ္စလာမ့်ရှေ့ဆောင် အဇ်ဟရ်တက္ကသိုလ်ကြီး၏ ပါမောက္ခများက သူ၏စာအုပ် ကို လက်စွဲအဖြစ် ကိုင်ထားကြရခြင်းဖြစ်သည်။

မွတ်စလင်မ်များ သိရှိပြီးဖြစ်သော ဖရ်အောင်၏ရုပ်လောင်းကို နှစ်ပေါင်းတစ်ရာအလျှင် ကတည်းက  လွတ်(စ်)ဇာအရပ်မှ တူးဖော်ရရှိခဲ့သည်။ ရမ်စီ II(ခေါ်)တမန်တော်မူ ဆာနှင့်ခေတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းနှစ်လောင်း ကိုတွေ့ရှိခဲ့၏။ ထိုနှစ်ပေါင်းတစ်ရာ အတွင်း မည်သည့်ပညာရှင်များမည်၏သည့်ပုဂ္ဂိုလ်များကမျှ ထိုရုပ်လောင်းနှစ်လောင်းအ နက်တ မန်တော်မူဆာ ခတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းကိုခွဲခြားနိုင်ခဲ့ခြင်းမရှိခဲ့ကြပေ။ ဒေါက် တာမောရစ်သည် ဖော်ပြပါရုပ်လောင်းမှတမန်တော်မူဆာ နှင့်ခေတ်ပြိုင်ဖိရ်အောင်၏ ရုပ်လောင်းကို ကုရ်အာန်၏စံချိန်စံ ညွှန်းခေတ် သစ်သိပ္ပံ၏ အထောက်အကူတို့ဖြင့် ဖော် ထုတ်နိုင်ခဲ့သည်။ ကုရ်အာန်ကိုအခြေခံ၍ ခေတ်သစ်သိပ္ပံကို ကျောထောက်နောက်ခံပြု၍၊ ၎င်း၏ ဓမ္မဓိဌာန်ကျသော ထောက်ပြချက်ကို မွတ်စလင်မ် လာကတစ်ခုလုံးနှင့် သိပ္ပံလော ကတစ်ခုလုံး က တညီတညွတ်တည်း ထောက်ခံ အတည်ပြု ခဲ့ကြသည်။

သူ၏စစ်ဆေးမှုသည် ရုပ်လောင်းနှစ်လောင်းစလုံး၏ အဆုပ်များကိုရေရှိမရှိသိပ္ပံဆိုင်ရာ အထောက်အကူပြုကိရိယာဖြင့် စမ်းသပ်သည်။ထိုရုပ်လောင်းနှစ်လောင်းအနက်မည် သည့် ရုပ်လောင်း သည်ကြာရှည် စွာ မပျက်ဆီးဘဲ တည်မြဲနေမည့်အချက်ကို စစ်ဆေးသည်။ ထိုရုပ်လောင်းနှစ်လောင်းအနက် မည်သည့် ရုပ်လောင်းသည် သေဆုံး ချိန်၌အကြောက် လွန်၍ သေဆုံးခဲ့သနည်း ဟူသောအချက်ကို စစ်ဆေး၍တမန်တော် မူဆာနှင့်ခေတ်ပြိုင် ဖိရ်အောင်ရုပ်လောင်းကို တိကျစွာအဖြေထုတ်၍ ပြနိုင် ခဲ့သည်။

၎င်း၏ ထောက်ပြချက်မှာကုရ်အာန်တွင်  ဖိရ်အောင် ၏အကြောင်းနှင့်စပ်လျှင်းပြီးရေနစ်သေ ဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ရေနစ်၍သေဆုံးချိန်တွင် အလွန်ထိတ်လန့်၍ သေ ဆုံးသွား၏။ ၎င်း၏ ရုပ်လောင်းကို လူသား တစ်ရပ် လုံးသံဝေဂရရှိနိုင် ရန်အတွက် အမြဲထိမ်းသိမ်းထားမည်ဟူသော အချက်များကိုအခြေခံ၍ ဖိရ်အောင်၏ ရုပ်လောင်း အစစ်ကိုခွဲခြားပြခဲ့သည်။ ထိုအ ချိန်၌ပင်မီဒီယာများကို ၎င်းဖက်သို့ လှည့် ရန် ခေါ်ယူ၍ အစ္စလာမ်သာသနာသို့ လူသိရှင်ကြား ကျေညာမောင်းခတ်၍ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ် သည်။ ဒေါက်တာမောရစ်သည် အစ္စလာမ် သာသနာဝင်ဖြစ်ပြီးနောက် The Origin Of Man ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သည်။ သူ၏ စာအုပ်သည် ဒါဝမ်၏ အီဗိုလူးရှင်းသီအို ရီ မျောက်ဝံမှလူဖြစ်လာခြင်းကို မှားယွင်းကြောင်း ကျမ်းမြတ်ကုရ်အာန်နှင့်ဆေးသိပ္ပံ အထောက်အထားများဖြင့် အကျယ်တဝင့် အသေးစိပ်တင်ပြထားသော ဂန္ဓဝင်စာအုပ် တစ်အုပ်ဖြစ်သည်။

(ဆက်လက်တင်ပြပါအုံးမည်။) ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)်

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၄)
ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးရာ၌၊ အဓိကအရေးကြီးသော အချက်များအ နက် အဓိကအချက် တစ်ချက်မှာ ကုရ်အာန်တွင် အာယာသ်တော်အမျိုးအစား နှစ်မျိုးရှိ သည်ကို သိ ထားရမည်။ ကျမ်းတော် တွင် ကျမ်းတော်ပါဖော်ပြချက် နိယာမ ဥပဒေများကိုအမည် နာမနှစ်မျိုးဖြင့် ဖော်ပြထားပေသည်။ ၎င်းကို၃း၇တွင် မြင်ရုံတွေ့ ရုံဖြင့်ချက်ချင်းလက်ငင်း ကွင်းကွင်း ကွက် ကွက်သိနိုင်သော ပင်မအုတ်မြစ်နိယာမ “မု ဟာကေမသ်”နှင့် ထိုပင်မနိ ယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော၊ တွေးလေ နက်လေ၊ ခေတ်ရှေ့သို့ပြေးလေ ဦးဆောင်နေသော “မုတရှာဗီ ဟတ်” တို့ဖြစ်ပေသည်။ “မုတရှာဗီဟတ်” ခေတ်ရှေ့လွန် ညွှန်းချက် ဥပဒေဆိုသည်မှာ မူလပြဌာန်းထားသည့် ပင်မအုတ်မြစ် မိခင် ဥပဒေနိယာမ များကို တွေးလေ မြင်လေ ဖြစ်သည့်အတွက်၊ တွေးတော စဉ်းစား ဗဟု သုတကျယ် လာလေလေ မြင်လေလေ သဘောကိုဆောင်ပေသည်။ ထိုဥပဒေများကိုမြင်နိုင်ရန်အ တွက် ကျောင်းတ်ာစွဲ၊ဂိုဏ်းစွဲ၊ မိရိုးဖလာအယူစွဲ၊ ဆရာသခင်တို့ပြုစုကိုးကား နေသည့် ဂိုဏ်းကြောထောက်နောက်ခံ ပြုသည့်ကျမ်းစွဲများကို ဖြုတ်ပါယ်လျက် ကျမ်းမြတ်ကုရ် အာန်ကို ကျမ်းမြတ်ကုရ်အာန် အတိုင်းသာ လေ့လာသုံးသပ်၊ တွေးတောတတ်သူတို့အ ဘို့သာ ဖြစ်ပေ သည်။

ထိုအကြောင်းကို ကျမ်းတော် ၏ ၅၆း၇၉ တွင်

(“ဤကျမ်းသည် အဖြူထည်သက်သက် ဖြစ်သူတို့မှအပ အခြားသူများအတွက် အာနိသင်ရှိမည်မဟုတ်၊”) ဟု အတိအကျထောက်ပြထားပေသည်။

ဥပမာအားဖြင့် ၅၅း၃၇တွင် ဂြိုလ်ကမ္ဘာတစ်ခု၏ နိဂုံးကို ပြောဆိုရာ၌ (ကောင်းကင်ယံ သည် အက်ကွဲကြေမွလျက် ၊ နှင်းဆီနီကဲ့သို့ချင်းချင်း နီသွားသောအခါ၊”) ဟူသော နိယာ မဖော်ပြချက် သည် ရိုးရိုးဖတ်နေသူအတွက်လည်း တစ်နေ့ကမ္ဘာဖြစ်စေ ဂြိုလ်တစ် ခုဖြစ်စေ  ပေါက်ကွဲပျက်စီ်းလျှင် မီးလောင်သကဲ့သို့ ရဲရဲနီ လောင်ကျွမ်းမှာပဲဟု သူ့အ ဓိပ္ပါယ်နှင့် သူနားလည်ပြီး ဖြစ် သည်။  ထိုအချင်းအရာကိုကျောင်းတော်ဝါဒကဝင်ရောက် စွက်ဖက် လျက် ကျမ်းတော်ပါနိယာမအား မိမိညာဏ်မမှီသော စကားလုံးများဖြင့်ဋီကာ ချဲ့လိုက် သောအခါ “ ကောင်းကင်သည် အက်ကွဲ လျက် သားရေပြားကြီးဖြစ်သွားလိမ့် မည်” ဟုဖြစ် လာပေတော့ သည်။

ရိုးရိုးအဖြူထည်အာရဗီစာပေကို လေ့လာသူတိုင်းသည် ဤဝါကျတွင်ပါသော အရဗီဝေါ ဟာရ“ဝါရ်ဒါဟ်” ဆိုသည်မှာ နှင်းဆီနီကို ခေါ်ကြောင်းသိပေသည်။ သို့သော်ကုရ်အာန် ကျမ်း တော် ၏ နောက်နှစ်ပေါင်း၇၀၀ ကျော်နောက်ကျမှ ပေါ်လာသော သဖ်စီရ် (အထကထာ)များက  “ဝါရ်ဒဟ်”ကို သားရေပြားဟု ဖွင့်ဆို၍ နောက်လိုက်တပည့်များက ဆရာသခင်များ၏ ဖွင့် ဆိုချက် ကို ပြန်လည်မစီစစ်ရဲ၊ မစီစစ်ရဟူသည့် ဆရာ တော်ပုံအပ် ဆည်းကပ်မှုဝါဒကြောင့် ကျမ်းတော်အားအဖြူ ထည်သက်သက်လေ့လာဆည်းပူးခြင်း အနု သုခများ ပျောက်ဆုံးလျက်၊ ကျမ်းတော် ၏ မူရင်းအနှစ်သာရ တင်ပြချက် နိယာမလည်း ပျက်၊ကမောက် ကမနှိုင်သော အတွေးအခေါ်များကို ဖက်၍သာနေရပေတော့ သည်။ နောက်ဆုံးတွင် မည်သည့်ဂိုဏ်းဂဏ ဝါဒကိုမှ လက်ကိုင် ထားခြင်းမရှိသော အမေ ရိကန်အာကာသ သုတေသနအဖွဲ့မှ လွှတ်တင်လိုက်သော ဂြိုလ်တုမှ ထိုကျောင်းတော် ဝါဒီများထက် ကျမ်းတော်၏ မူလနိယာမကို ပြန် လည် တင်ပြနိုင်လေတော့၏။ ထိုဂြိုလ်တုမှ ရိုက်ယူရရှိခဲ့သော ပျက်တော့ မည့်ဂြိုလ် တစ်လုံး၏ပုံမှာ အနီရောင်နှင်းဆီပွင့်ကို ဆီလူး ထားသည့်အလား ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းကို  Red Rose Nebula ဟု အမည်ကင် ပွန်း တပ်ခေါ် ပေသည်။

Red Rose Nebula

ဆိုလိုသည်မှာ Red Rose Nebula ကိုအမည်တပ်မခေါ်ခင် အ လျင်နှစ်ပေါင်း ၁၅၀၀က ထဲပင် ကျမ်းတော်မြတ်က ဂြိုလ်တစ်လုံး ပျက်သုံးတော့မည့် လက္ခဏာကို အတိအကျပြော ထားခဲ့သည်။ သို့သော်ကျောင်းတော်ဝါဒက ထိုလမ်းကြောင်းမှ အတွေးအခေါ် မှားများကို သွန်သင်သည်ဟူသည့်အချက်ပင် တနည်းအားဖြင့်အမြဲ အသက်ဝင်လျှက်ရှိနေ သည့်ခေတ်ရှေ့ဆောင်ကျမ်းတော်ပါ နိယာ မများအားကျောင်းတော်ဝါဒဖြင့်ချဉ်းကပ်ဖွင့် ဆိုခြင်းဖြင့်ကျမ်းတော် ၏ အရှိတရားကို အရှိအတိုင်းမြင်တွေ့ရခွင့်နှင့် လွဲကြ ရခြင်းဖြစ် သည်။  ထိုဥပဒေနိယာမ “ကောင်းကင်ယံသည် အက် ကွဲကြေမွ လျက် နှင်းဆီနီကဲ့သို့ ချင်းချင်းနီသွားသောအခါ”အားကျမ်းတော် ပါအတိုင်းထားလိုက်လျှင်သာမန်နွားကျောင်း သားတစ်ယောက်မှ သည် ဒသနပညာရှင် ကြီး တစ်ဦးအထိ လွယ်ကူစွာ နားလည်နိုင် ပါ သည်။ ကျမ်းတော်ပါ “မုတရှာဗီဟတ်” ဆိုသည်မှာ ကျမ်းတော်ကို အဖြူထည်သက်သက် လက်ကိုင်ထားလျက်ခေတ် စနစ်နှင့်အညီ နားလည်သဘော ပေါက်လာခြင်းကို ခေါ်ပေ သည်။

(ဤကျမ်းဂန်ကို အသင့်ထံသို့ ဆင့်ကဲဆင့်ကဲ တဖြည်းဖြည်း ချင်းချပေးခဲ့ရခြင်းသည် အရာ ခပ်သိမ်း တို့၏ ရှင်းလင်းချက် အဖြစ်လည်းကောင်း၊ လမ်းညွှန်အဖြစ်လည်းကောင်း၊ ဂရုဏာ အဖြစ် လည်း ကောင်း၊  သတင်းကောင်းအဖြစ်လည်းကောင်း၊ တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်အား အပ်နှင်း သူများ အတွက်ဖြစ် သည်။) ကုရ်အာန်၁၆း၈၉

ကုရ်အာန်သည် လူသားတစ်ရပ်လုံး၏ လမ်းညွှန်ကျမ်းဖြစ်သကဲ့သို့၊ အရှင်၏ ဖန်ဆင်းခံ အရာအား လုံး၏ ရှင်းလင်းချက် စကြ၀ဠာဆိုင် ရာ စွယ်စုံကျမ်းကြီး လည်းဖြစ်သည်။ အထက်မှ ဖော်ပြခဲ့သော “မု သရှာဗေဟသ်”(ခေါ်) အမြဲလန်းဆန်းသစ် လွင်နေသော အာယသ် များမှာပြောင်းလဲလာသော ခေတ်ကာလများနှင့်တိုးတက်လာသော လူတို့၏ အခြေအနေပေါ်တွင်မူတည်၍သာသိရှိနိုင်သောအကြောင်း အရာများလည်း ပါဝင်သည်။ ကုရ်အာန် ကျရောက်သော အချိန် က လူသားတို့သည် အစီးအနှင်းယာဉ်များ အဖြစ် မြင်း၊ ကုလားအုပ်တို့် အား အသုံး ပြုခဲ့ကြသောကာလ ဖြစ်သည်။ ထိုအချိန်ကပင် ကျမ်းမြတ် ကုရ်အာန်၈၄း၁၉ တွင် လူသား တို့ သည် ဂြိုလ် ကမ္ဘာများသို့ အစီးအ နှင်းယဉ်များဖြင့် ဧကန်သွားကြ မည်ဟူ၍၊ ဟောကိန်း ထုတ် ထားပြီးဖြစ်သည်။ ထိုကုရ်အာန်၏ဟောကိန်း ကို ယနေ့မျက်မှောက် ခေတ်တွင်မှ ဓိဌမြင်တွေ့ကြ ရခြင်းဖြစ် သည်။

လူသားများအနက် မွတ်စလင်မ်များသည် ဝတ်ပြုကြရာ၌ မကာမြို့(မစ်ဂျစ်ဒ်ဟရမ်)ကာ ဘာကျောင်းတော်ရှိရာ သို့ဦးလှည့်၍ ဝတ်ပြုကြရသည်။ ထိုကဲ့သို့ ကာဘာ ဖက်သို့ မျက်နှာ မူရန် အမိန့် ကို၂း၁၄၉၊၁၅၀တို့တွင်ပြဌာန်းထားသည်။ ကုရ်အာန်တွင် လူသားတို့သည် အခြားဂြိုလ်များသို့ သွားရောက်ကြရမည့်အကြောင်း၈၄း၁၉တွင် မိန့်ကြားထားသည်နှင့် အညီ၊ဂြိုလ်ကမ္ဘာပေါ် သို့ရောက်ရှိသော(သို့မဟုတ်) ထိုဂြိုလ်ကမ္ဘာ ပေါ်တွင်နေထိုင်ကြပါက ထိုဂြိုလ်ကမ္ဘာများမှ ဝတ်ပြုရာတွင် ကမ္ဘာမြေရှိ ကာဘာကျောင်းတော်ဘက်သို့ လှည့်၍ ဝတ်ပြု ရန်မဖြစ်နိုင်တော့ပေ။ ထို အကြောင်းကို အကြွင်းမဲ့သိတော်မူသော တုနှိုင်းမဲ့ကိုး ကွယ်ရာ အရှင်က ထိုဂြိုလ်ကမ္ဘာပေါ်တွင် ဝတ်ပြုရာ၌ မျက်နှာမူ ရမည့် အမိန့်ကိုလည်း ကုရ်အာန်တွင် တပါ တည်း ထုတ်ပြန်ထား သည်။

ကုရ်အာန်၂း၁၁၅ တွင်

(အလ္လာဟ်အရှင်သည် အရှေ့အရပ်နှင့် အနောက်အရပ် ကိုစိုးပိုင်သောအရှင်ဖြစ်သည်။ အသင်သည်မည် သည့်အရပ်ကိုပင် လှည့်၍ဝတ်ပြုသည်ဖြစ်စေ ၊ အလ္လာဟ်အရှင်ဖက်သို့လှည့် ခြင်းဖြစ်၏။ ဧကန်အလ္လာ အရှင် သည် ကျယ်ဝန်းစွာ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်၏။ )

ဤသည့် အချက်တစ်ချက်ဖြင့်ပင် ကုရ်အာန်၏လမ်းညွှန်မှုများသည် ကမ္ဘာကုန်ကျယ် သရွေ့ကမ္ဘာကြီးတည်ရှိနေသရွေ့၊ ခေတ်တိုင်းနေရာတိုင်း လူတိုင်းအဖို့ ပြီးပြည့်စုံသော လမ်းညွှန် မှုများဖြစ်ကြောင်းမြင် တွေ့နိုင် ပေသည်။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ။(၃)
ကျမ်းမြတ်ကုရ်အာန်၏ထူးခြားသောအသုံးအနှုံးဆိုင်ရာ ကိုယ်ပိုင်မူ

အလ္လာဟ်အရှင်ထံမှပို့ချထားသော ကျမ်းမြတ်ကုရ်အာန်ကို နားလည်သဘောပေါက် သိ ရှိနိုင်ရေးကို အပတ်တကုတ်ကြိုးပမ်းကြကုန်သောသူတို့ အခိုင်အမာသဘောပေါက်လာ သည့် အချက် မှာ ကုရ်အာန်ကို ကုရ်အာန်ကသာ တိတိပပ အနက်ဖွင့်ဆိုပေး၏။ ဤအချက် ကို အောက်ဖော်ပြကုရ်အာန် ၇၅း၁၉ တွင် အထင်အရှားသာဓက  အဖြစ်တွေ့နိုင်၏။

(ယင်းကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုရန် ကိစ္စသည်ငါအရှင်၏တာဝန်ပင်အမှန်ဖြစ်၏။)

ကုရ်အာန်၏အစိတ်အပိုင်းတစ်နေရာတွင် ရှိသောဝေါဟာရအသုံးအနှုံးအကြောင်းအရာ ကို ကုရ်အာန်၏အခြားအစိတ်အပိုင်း တစ်နေရာတွင် တစ်ကြိမ်မကထပ်မံထပ်မံ တစ်ကျော့ပြီး တစ်ကျာ့ ဆင့်ကာဆင့်ကာ ဖော်ပြရင်း အသိဥာဏ်ပေးဝေလျက် ရှိနေသည်။ ကုရ်အာန်၏ အသိပညာရယူလိုသူတို့အဖို့ သက်ဆိုင်ရာ ဝေါဟာရအသုံးအနှုံး အကြောင်းအရာကို ဆစ်ပိုင်း စိတ်ဖြာခွဲခြမ်းပြီး ရှင်းလင်းထားကြောင်း  ကုရ်အာန် ၆း၁၀၆ ၊ ၆၅ တွင်ဖော်ပြ ထား၏။

(အိုတမန်တော်သင်သည်သစ်စေ့ရှိအပြင်ခွံအတွင်းမှ အနှစ်သားကိုဆစ်ပိုင်းစိတ်ဖြာခွဲခြမ်းယူလိုက်သည် ဟု  ပြောရလောက်အောင်ကိုငါအရှင် သည်အာယာသ်တော်များကို တစ်ကျော့ ပြီး တစ်ကျော့ ထပ်ခါ ထပ်ခါ ပြောင်းကာလှည့်ကာ အသွင်အမျိုးမျိုး အဆင်အမျိုးမျိုး ဖြင့်လိုရင်းသဘောကိုအထင်အရှားဖွင့်ဆို ထားပုံ မှာ အသိပညာရယူအသုံးချလိုသူများအတွက် နား လည် သဘောပေါက်သွားနိုင်၏။)

(ကုရ်အာန် ၆း၁၀၆ )သာဓကပေး၍၊တင်ပြ ရှင်းလင်းခြင်းဖြင့် အထက်ကဖော်ပြခဲ့သည့် အာယာသ်များကို ထပ်ခါထပ်ခါအလှည့်ပြောင်းပြု၍၊ အဆင်အကွက်အမျိုးမျိုးဖြင့် လိုရင်း သဘောဖော် ထုတ်ပုံကို လက်တွေ့ သက်သေထူပါမည်။

ဆွဗဲရ်အများဘာသာပြန်ဆိုချက်မှာ၊ သည်းခံခြင်း၊ ဆွဗဲရ်သည်းခံခြင်း မျှသာဖြစ်သည်။ သို့သော်ယင်း ဝေါ ဟာရဆွဗဲရ်ကိုအခြားအာယာသ်တော်များ ဖြင့်အဆင့်ဆင့်ရှင်း လင်းပြ ရမည် ဆိုပါ က၊ ရှေးဦးစွာကုရ် အာန်၂း၁၅၃  မှစတင်ပါမည်။

(အလ္လာဟ်အရှင်သည် ဆွဗဲရ် ရှိသူနှင့်အတူတကွရှိတော်မူ၏။)

ဤနေရာတွင် ဆွဗဲရ်၏ထွတ်မြတ်ပုံကိုသာဖော်ပြထား၏။ ဆွဗဲရ်ဟူသောဝေါဟာရ၏ အနက်သည်မည် သည့်အရာဖြစ်သည်ကို မရှင်းပြသေးပါ။ နောက်ထပ်အခြား တစ်နေရာ ကုရ်အာန် ၃း၁၄၃တွင်

( နဗီ တမန်တော် မြောက်များစွာတို့သည် လွန်မြောက်သွားခဲ့ပြီးဖြစ်သည်။ များစွာသော စိတ်တူကိုယ်တူ ရဲဘော်များသည် နဗီတမန်တော်များ နှင့်အတူ ဘဝတိုက်ပွဲများ ဆင်နွှဲခဲ့ကြ သည်။ အလ္လာဟ်၏ အရေး ကိစ္စများ တွင်ပါဝင်ရင်း ၎င်းတို့ ပေါ်သက် ရောက်ခဲ့သော ဒုက္ခဘေး အန္တရာယ်များ ကြောင့်စိတ်ဓါတ် ကျ ခြင်းလည်း အလျှင်းမရှိ၊ အားငယ် ပျော့ညံ့ သွားခြင်း လည်း အလျှင်းမဖြစ်၊ လက်မြောက် အညံ့ခံသွား ခြင်း လည်း မလုပ်ကြချေ။)

ဤသူတို့သာလျှင်ဆွဗရ်လုပ်သူ (ဝါ)ဆွာဗေရီးန်းစိတ်ဓါတ်ကြံ့ခိုင်သူများ၊ ရဲစွမ်းသတ္တိရှိသူများ၊ အနိုင်မခံအရှူံးမပေးဘဲတိုက်ပွဲ တစ်ရာအောင်ပွဲတစ်ရာရအောင်၊ ဘဝတိုက်ပွဲဝင်သည့်သူ များဖြစ် သော အားမာန် ၊ဇွဲ၊ လုံ့လ၊ ကြံ့ခိုင် တောင့်တင်းသူတို့ နှင့်အလ္လာဟ်အရှင်မြတ်သည် အတူတကွ ရှိနေ တော်မူ၏။)

ဤသည်မပြီးသေးပါ။ ကိန်းဂဏန်းအတွက် အချက်ဖြင့်ပင်အတိအကျ ထပ်ဆင့်ဖွင့်ဆိုရှင်း လင်းချက်ကို ကုရ်အာန် ၈း၆၆ တွင်တွေ့ ရပေမည်။

(အကယ်၍ အသင်တို့ ထံတွင် အားမာန်၊ ဇွဲ၊ လုံ့လ၊ ကြံ့ခိုင်သူတစ်ရာရှိလျှင် (တစ်ဖက်ရန်သူတိုက်ပွဲဝင်) နှစ်ရာ ကို ရွပ်ရွပ်ချွံချွံအောင်ပွဲခံနိုင်မည်ဖြစ်သည်။ )

ဤသို့ဖြင့် ဝေါဟာရ အသုံးအနှုံး အကြောင်းချင်းရာ တစ်ရပ်ကို ကုရ်အာန်ကျမ်းမြတ်၏ နေ ရာပေါင်း များစွာတွင် အာယာသ်များကို ထပ်ဆင့်ထပ်ဆင့် အလှည့်အပြောင်းအမျိုးမျိုးဖြင့် ဆိုလို ရင်း အနက်ကို ကွက်ကွက် ကွင်းကွင်း ကုရ်အာန်က ပို့ချလမ်းညွှန်လျှက် ရှိနေပေသည်။ အသိပညာ ရယူလိုသူ တို့ အဖို့ ထင်းကနဲ၊ ရှင်းကနဲ၊ ကွင်းကနဲ၊ ကွက်က နဲ၊ သဘောပေါက် နား လည် သိမြင်လာနိုင်ပုံကို၊ ဝေါဟာရ ခြင်းဖ လှယ်ရုံ၊သာမန်ဘာသာပြန် ဆိုရုံ၊ဝေါဟာရငှားရမ်း ဘာသာပြန်ဆိုရုံဖြင့်၊ကုရ်အာန်ကသိစေလို၊နားလည်စေလိုသော၊ အရာသည်ပေါ်လာနိုင်မည် မ ဟုတ်ပေ။ ဤသို့ဆိုလျှင် ဘာသာပြန် ဖတ် ရုံဖြင့် ဘာသာပြန် ဆိုသူ၏ အာဘော်ဆိုလို ရင်းကိုသာသိ်မည်၊ ကုရ်အာန်၏ ဆိုလိုရင်း ကို ရာနုန်းပြည့် သိရန်မလွယ်ကူပေ။

(ကုရ်အာန် ကို ကုရ်အာန်ကသာတိတိပပအနက်ဖွင့်ဆို ရှင်းလင်းပေးသည်။)

ဥပမာအားဖြင့် နှိုင်းယှဉ်တင်ပြရပါမူ၊ လူသားပညာရှင်တို့သီကုံး သုံးနှုံး ဖွဲ့နွဲ့ ရေးသားသော ကဗျာ လင်္ကာ များကိုပင် အခြား ဘာသာစကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဘာသာပြန် ဆိုထား သည် ဆိုစေကာမူ၊ မူ ရင်းကဗျာလင်္ကာ၏အနှစ်သာရ သဘောတရား၊ အတိုင်းအ တာကိုကား၊အရှိအရှိတိုင်း ဖော်ညွှန်းထုတ်ပြန် ရန် မဖြစ်နိုင်ချေဟု စာပေပညာရှင်ကဝိ အကျော်အမော် များလောက တွင် အားလုံး လက်ခံထားကြ၏။

ကမ္ဘာလောကကြီး၏ Renaissance နိုးကြားမှူအသိပညာတိုးတက်မှူ အစမပြုမည် ခရစ် သက္ကရာဇ် (၇) ရာစုလောက်က ထုတ်ပြန်ပို့ချထားသော ကုရ်အာန်ကျမ်းမြတ်ကပေးသည့် အသိပညာ ရပ်များသည်၊ ခေတ်တိုင်း စနစ်တိုင်းတွင်တွေ့ကြုံရင်ဆိုင်ရသော ပြဿနာအ ရပ်ရပ် တိုင်း၏ စိန်ခေါ်မှူများကို ဖြေရှင်း ပေးလျှက်ရှိသော ကျမ်းတစ်ဆူဖြစ်သည်။ ထို ကျမ်းကို လူသားပညာ ရှိတို့က၊ မိမိတို့၏ အမိဘာသာ စကား တစ်ရပ်ရပ်ဖြင့် ဘာသာပြန် ဆိုမည်ဆိုပါက၊ မူရင်း အာရဗီ ကုရ်အာန် ကျမ်း၏ ဆိုလိုရင်းကို တိတိ ပပ အရှိရှိ အတိုင်း ဖော်ပြနိုင်ဖို့ကား အလွန်ဝေး လှပေ ၏။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ အရာ ရာကို လွမ်းခြုံထားသော  ရွှေဥာဏ်တော်အား၊ တစ်ခုကောင်း၊တစ် ဘာသာကောင်း၊တစ်ရွာတစ် ပုဒ်ဆန်းမျှ နားလည်သိရှိသည့် လူသားတို့ဘာ သာပြန် ရန် ဖြစ်နိုင်စရာ အကြောင်းအလွန် နည်းပါး၏။

အဘယ်ကြောင့်ဆိုသော် လူပညာရှင်တစ်ဦးသည် ကုရ်အာန်ကိုမည်မျှပင် ကျွမ်းကျွမ်း ကျင်ကျင် ဘာသာပြန်ဆိုထားသည် ဆိုစေကာမူ၊ ယင်းပညာရှိ တတ်ကျွမ်းထားသော အသိဥာဏ်ပ ညာဖြင့်၊ သူ၏ဝေါဟာရ ရွေးချယ်မှူကား သူ၏ပတ်ဝန်းကျင်ရှိ ဆယ်နှစ်မှနှစ် သုံးဆယ်ကြား၊ စာပေခေတ်ရေစီးကြောင်းတွင် သူ၏ဘာသာပြန်ကျမ်းသည် အံဝင်ဂွင် ကျ ဖြစ်ရုံမျှရှိ၏။ အသိပ ညာနှင့်ဝေါဟာရအသုံးအနှုံးတို့သည်လည်းလျှင်မြန်စွာပြောင်း လဲနေရကာ၊ နှောင်းခေတ်မျိုးဆက်သစ်တို့အဖို့၊အသုံးမပြုတော့သည့်ဝေါဟာရကိုဖော်ပြ ၍ ရာသက်ပန်လမ်းညွှန်ကျမ်း ကုရ် အာန်ကို အမြဲတန်းအတွက် စံချိန်စံညွှန်းမီမီ၊ ဘာသာ ပြန် ဆိုဖို့ကား လုံးဝမဖြစ်နိုင်ပေ။

ယနေ့ကမ္ဘာ့စာပေလက်ရှိအခြေအနေတွင် အကြွယ်ဝဆုံးဟု အများလက်ခံထားသော အင်္ဂလိပ် စာသည်၊ ကုရ်အာန်ကို ဘာသာပြန်ဆိုသူတို့က အံ့သြ၍ မကုန်နိုင် သော အချက် တစ် ချက်မှာ စင်္ကြ ဝဋ္ဌာအနန္တ ဖြစ် တည်ပေါ်ထွန်း နေခြင်းအဆင့်ဆင့် The Various Stages Of The Creation Of Universe တွင်အင်္ဂ လိပ်စာ ၌ Creation ဝေါဟာရ တစ်ခုတည်းသာ ရှိ၏။ ကုရ်အာန် တွင် ‘အလ်အမ်ရု’ ‘ဘဒအ’ ‘ဖသွရ’ ‘ခလက’ ‘ဆွနအ’ ဟု အနုစိပ် အဆင့်ဆင့် သီကုံး နှုံး ဖွဲ့ထား သဖြင့်၊ကုရ်အာန်၏ အာရဗီ စာစကား ရှေ.တွင် အင်္ဂ လိပ်စာ၏ နုံချာ ဆင်း ရဲမှူ ကိုသာ သုတေသီ ပညာရှင်များက သိမြင် လာကြသည်။ ဤ သည် ကျွန် တော်တင်ပြမည့် ‘ကျမ်းမြတ် ကုရ်အာန်၏ ခေတ်  ရှေ့ သို့ အမြဲဦးဆောင် လျှက်ရှိ သော ဟောကိန်း များ’ ဆောင်း ပါး၏ အဖွင့်ဖြစ်သည်။

ထိုအဖွင့်တွင် ပါဝင်သော အာရဗီစာပေနှင့် ကျမ်းမြတ် ကုရ်အာန်ဆိုင်ရာ ဖွင့်ဆိုချက်များမှာ (မွဖ်သီဦးမြတ်သူ၏ ကျမ်းမြတ်ကုရ်အာန် စွယ်စုံကျမ်း ပထမတွဲ) မှ ကောက်နှုတ်ဖော်ပြ ချက် ဖြစ် သည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ။(၂)
အာရဗီ ဘာသာစကား၏ဝိသေသလက္ခဏာများ။

အဘိဓါန်ဖွင့်ဆိုချက်အရ ‘အာရဗီ’ ဟူသောဝေါဟာရသည် လိုရင်းတိုရှင်း၊ တိကျပြတ် သားသည်ဟု အနက်အဓိပ္ပါယ်ရသည်။ အာရဗီဘာသာစကားသည်ကုရ်အာန်ကျမ်းမြတ် မကျရောက်မီ ကပင် အခြားသောခေတ်ပြိုင် ဘာသာစာစကား၊ရောမ၊ခေါမ၊ ပဲဟ်လဝီ(ပါ ရစီ)၊ သင်္သကရိုက်၊တရုတ်၊ အာမေးနီးယား၊ စသည့်ဘာသာစကားများထက် ၊ ဘာသာ စကားလောကတွင် ကျော် ကြားထင်ရှားခဲ့ပြီး ရွှေထီးဆောင်း၍အထွတ်အထိပ်သို့ရောက် ရှိ ခဲ့ပြီးဖြစ်သည်။

(က) စာလုံးဝေါဟာရ ကြွယ်ဝမှူ

ပျားရည်နှင့်ပတ်သက်၍ ဝေါဟာရပေါင်း(၈၀) ရှိ၏ ။ ကုလားအုပ်နှင့် ပတ်သက်၍ဝေါဟာ ရပေါင်း (၅၇၄၄)ရှိ၏။ မြွေနှင့်ပတ်သက်၍ ဝေါဟာရပေါင်း(၂၀၀)ရှိ၏။ ခြင်္သေ့နှင့်ပါတ်သက် ၍ ဝေါ ဟာရပေါင်း(၅၀၀) ရှိ၏။ ဓါးနှင့်ပတ်သက်၍ ဝေါဟာရပေါင်း(၁၀၀၀) ရှိသည်။

(ခ) ရှင်းလင်းဖော်ပြချက်ပါနေသည့်စာလုံးအမျိုးအစား

ပျားရည်နှင့် ပတ်သက်၍ ဝေါဟာရ တစ်ခုစီတွင် ၎င်းဖြစ်ပေါ်လာမည့် အရင်းအမြစ်ပါဝင် မည့် ဓါတ်သဘာဝအနံ့အရသာ အရောင်အဆင်းနှင့် အကျိုးမည်သို့ရှိ သည်တို့ကိုဖော် ညွှန်း နေသည်။  အလားတူပင် ကုလားအုပ်နှင့် ပတ်သက်၍ ဝေါဟာရပေါင်း (၅၇၄၄) မှတစ်လုံးကို ဖော်ပြသည်ဆိုပါက၊ ၎င်းသည်မည်ကဲ့သို့မျိုးရိုး၊ ဗီဇ ၊မျိုးနွယ်၊ အသက် အရွယ်၊ ကိုယ်လုံးကိုယ်ထည်။ အရပ် အမောင်းအရောင်အဆင်း၊ အသွင်အပြင်၊ လက္ခဏာရှိ သည့်၊ အရည်အသွေးပေါင်းများစွာကိုဖော်ညွှန်းလျှက်ရှိသည်။

အထက်ဖေါ်ပြပါ အကြောင်းအရာများကြောင့် အာရဗီဘာသာစကားသည် အခြားဘာသာ စကားများနှင့် နှိုင်းယှဉ်ရာတွင်တမူထူးခြားနေ၍ကိုယ်ပိုင်သီးသန့်ထူးခြားသောဖွဲ့စည်း တည်ဆောက် မှု၊ ခိုင်ခန့်ကျစ်လစ်တိပသည့်၊ အသုံးအနှုံး၊ အနက်အဓိပ္ပါယ်နက်ရှိုင်းမှုတို့ တွင် အခြားအလားတူဘာသာစကား မရှိပေ။

(ဂ)ရိုးရှင်းလည်းရိုရှင်း ၊ နက်ရှိုင်းလည်း နက်ရှိုင်း။

အာရဗီ ဘာသာစကားသည် တစ်ဖက်တွင် ရိုးရှင်းလွယ်ကူသလောက် အခြားတစ်ဖက်တွင် နက်ရှိုင်းကျယ်ပြောလှ၏။ ဘာသာစာစကား သုတေသီများသည်၊ကုရ်အာန်ကိုအခြားဘာ သာစ ကားတစ်ရပ်နှင့် ပြန်ဆိုခြင်းကို ပြုလုပ်ခဲ့ရာမှ တွေ့ရှိရသောအထူးခြားဆုံးအချက်တစ် ချက်မှာ၊ ကုရ်အာန်ရှိဝေါဟာရတို့သည် ၊အနက်အဓိပ္ပါယ်သဘော၊သဘာဝ အားဖြင့်၊ အ လွန်ကြွယ်ဝလှ၏။

၎င်း၏အနက်အဓိပ္ပါယ်နှင့်တန်းတူ ဖော်ပြနိုင်သောအခြား  ဝေါဟာရတစ်ခုကို၊ မည်သည့် ဘာသာစကားတွင်မျှမတွေ့ရပေ။ ထို့ကြောင့်ဝေါဟာရဖလှယ်၍ဘာသာပြန်ဆိုခြင်းပြုရန် မဖြစ်နှိုင်ချေ။ ကုရ်အာန်ကလူတို့အား လမ်းညွှန်ပြသလိုသည့်နည်းလမ်း သဘောတ ရားအယူအဆတို့ကို တင်ပြရာတွင် လူတို့၏နေ့စဉ်လက်တစ်ကမ်းမှ ဥပမာဥပမေယျ ခိုင်းနှိုင်းမှုများ တင် စားပြသမှု များ ဖြင့်ဖော် ပြရှင်းလင်း၏။

ဥပမာ အားဖြင့် မွတ်စလင်မ် များသိထားပြီးဖြစ်သော ၊အပြစ်ဖြစ်ခြင်းကို ‘အစ်မွန်’ဟု ကုရ်အာန်တွင် သုံးစွဲ ထားသည်။ ထိုဝေါဟာရ ဆင်းသက်လာသော အရင်းအမြစ်မှာ အားအင်ချိနဲ့ သော၊ မသန်မစွမ်း သော၊အများနည်းတူ ပြေးလွှားရာ၌ နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော ကုလားအုပ်မကို ‘အလ်အစ်မဟ်’ ဟုခေါ်သည်။ ကိုယ်ရည်ကိုယ်သွေး အင်အားစွမ်းပကား အစွမ်းအစမဲ့ပြီး၊  အများ နှင့်ယှဉ်၍ လူ့ဘဝတိုက် ပွဲတွင် ၊အတူမပါ ဝင်နိုင်သော သူကိုအထက်မှ ကုလားအုပ်မဖြင့် နှိုင်းယှဉ်၍ ကုရ်အာန်တွင်ဖော်ပြ ထား ခြင်းဖြစ်သည်။

အကြောင်းအရာတစ်ရပ်၏ တိကျလေးနက်မှု၊ အတိုင်းအတာအဆင့်ဆင့် ကိုဖော်ပြ ရာတွင် အရဗီဘာသာစကားဖြင့် ကုရ်အာန်ကဖော်ညွှန်းသီကုံးမှူကို လူသားတို့၏အခြား အခြားသော မည်သည့် ဘာသာစကားနှင့်မျှ ရေးသားပြန်ဆို ဖော်ညွှန်းရန်ဖြစ်နိုင်ချေ လုံးဝမ ရှိကြောင်း အောက်ပါကုရ်အာန် ၁၅း၉ ကို သာဓက(၁) အဖြစ်တင်ပြမည်ဖြစ်သည်။

(‘အဇ်ဇစ်ကရု’ သတိပေးသွန်သင်ဆုံးမချက် (ကုရ်အာန်)ကိုငါအရှင်ကိုယ်တိုင် အလီလီထုတ်ပြန်ထားသည့်နည်းတူ၊ ငါအရှင်ကိုယ်တိုင်ပင်၊ ယင်းကျမ်းကိုထိမ်းသိမ်းကာ ကွယ်စောင့်ရှောက် ထားလျှက် ရှိနေ၏။) ယင်း အာယသ်တွင်၊ စကားလုံး စုစုပေါင်း- -

စကားလုံး(၇) လုံးရှိ၏။ အများနားလည်ရန်တင်ပြရလျှင်၊ စာလုံး(၇)လုံးဖြင့်ဖွဲ့စည်း ထားသော ဝါကျတစ်ကြောင်းတွင်ပင် အရဗီဘာသာဖြင့်အလ္လာဟ်အရှင်က မိမိကိုယ်တိုင် ကို၊ ရည်ညွှန်း၍ ငါအရှင်ဟုသုံးနှူန်းထားသော အညွှန်းပါ စုစုပေါင်း(၄)လုံးပါ ဝင်ပြီး ကုရ်အာန်ကိုထုတ်ပြန်ပို့ချခြင်း ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် လုံးဝ ဥဿုံ ငါအရှင်ကိုယ်တိုင် ကိုယ်ကျသာ တစ်လုံးတစ်ဝတည်းပြုလုပ်ကြောင်း လေးလေး နက်နက် ထိထိမိမိ ငါအရှင်ငါအရှင်ဟု စုစုပေါင်း(၄)လုံးဖြင့် စီကုံးနှုံးဖွဲ့တင်ပြ ဖော်ညွှန်း ထားသည်။ ထိုကဲ့သို့ လူသားတို့၏ အခြားမည်သည့် ဘာသာစကားကမျှ လိုက်မီနှိုင်မည် မဟုတ်ပေ။ အရဗီဘာသာကို သဒ္ဒါနည်းကျ တတ်ကျွမ်းသူ၊ မွတ်စလင်မ်၏တစ်ဦးအဖို့ တုနှိုင်းမဲ့ အံ့သြကုန်နှိုင်ဘွယ် ကုရ်အာန်၏ ကြီးမြတ်မှူကို တန် ဖိုးဖြတ် နိုင်ခြင်းငှာ၊ လုံးဝ မဖြစ်နိုင်ပေ။

အလ္လာအရှင်မြတ်၏ ကျေးဇူးတော်ကိုကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းသီကုံးနှုန်း ဖွဲ့မှုပြောင်မြောက်ပုံတို့မှာ အံသြမကုန်နိုင်ဘွယ်သာဖြစ်သဖြင့် (အလ်ဟမ်ဒူလေ့လ္လာဟ်) ဟု နှလုံး သည်းပွတ်မှတစ်ဆင့်နှုပ်မှဖွင့် ဟပေါ်ထွက်လာခဲ့ရလေသည်။

သာဓက (၂) ကုရ်အာန် ၅၀း ၄၃ တွင်

(အမှန်တကယ်ငါအရှင်သာလျှင် ရှင်ခြင်း၊သေခြင်းအကြောင်းတရားများ ကိုပြဌာန်းထား လေရာ၊ ငါအရှင် ထံသို့သာ၊သင်တို့အားလုံးလည်းလာကြရမည်။ )

ထိုအာယာသ်တွင် စုစုပေါင်းစကားလုံးခြောက်လုံးပါဝင်ပြီး၊ ယင်းခြောက်လုံးအနက် ငါး လုံးတွင် ငါအရှင်ဟု ငါးနေရာတွင်ပါဝင် သီကုံးနှုံးဖွဲ့ထားပေသည်။ အလ္လာဟ်အရှင်သည် ကုရ်အာန်ကို ထုတ်ပြန်၍၊ ရွေးချယ်ထားသည့် အရဗီဘာသာတစ်ခုတည်းဖြင့် လူသား အား မိမိ၏အစီအမံများကို ပိုင်ပိုင် နိုင်နိုင် ထဲထဲ ၀င်ဝင်မိန့်ဆိုထား၏။

ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျမ်းစစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ.ပြေးဟောကိန်းများ။(၁)
မွတ်စလင်မ်များသည် ကမ္ဘာတွင် ကံအကောင်းဆုံးသော သူများဖြစ်ကြသည်။ အ ဘယ်ကြောင့် ဆိုသော်၊ ၎င်းတို့ထံတွင် အလွန်တရာမျှ ခေတ်ရှေ့သို့ အမြဲဦးဆောင်လျှက် ရှိနေသော တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်၏ ခေတ်မှီလမ်းညွန်ကျမ်းကြီး ရှိနေသောကြောင့် ပင်။ ထိုလမ်းညွန်ကျမ်း၏ အမည်မှာ ကုရ်အာန်ဖြစ်သည်။ထိုကျမ်းကို တုနှိုင်းမဲ့ကိုးကွယ်ရာ အရှင်က တမန်တော်မုဟမ္မဒ်  (အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် မင်္ဂလာ အဖြာဖြာ ကျရောက် ပါစေ။) ထံသို့ ဗျာဒိတ်အဖြစ်ချပေးခဲ့သော ကျမ်းတစ်ဆူ ဖြစ်သည်။

ကုရ်အာန်၂း၁၈၅တွင် ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက် လမ်းညွန်ချက်ဖြစ် သည်။ ၎င်း၏လမ်း ညွန်ချက်သည် ထင်ရှားသော အထောက် အထား ဖြစ်သကဲ့သို့ အ မှားနှင့် အမှန် ကို ခွဲခြား သိရှိနိုင်သော မှတ်ကျောက် လည်းဖြစ်သည်။

အထက်ပါ တိုတောင်း လှသော စာပိုဒ်လေးတွင် ကမ္ဘာ့လူသား  တစ်ရပ်လုံးအတွက် မရှိ မဖြစ် အလိုအပ် ဆုံး သော ၊အဓိကအချက် သုံးချက်ပါဝင်လေသည်။

(၁) ကုရ်အာန်၏လမ်းညွန်မှူသည်  လူသားတစ်ရပ်လုံးအတွက်  ဖြစ်သည်။ ထိုလမ်းညွန် မှူတွင် ခေတ်တိုင်နှင့် နေရာတိုင်းအတွက် သဟဇာတဖြစ်သော ကုံလုံကြွယ်ဝ ပြီးပြည့်စုံ သည့် နည်း စနစ်များ ပါဝင်သည်။

(၂)  ထိုလမ်းညွန်မှူတွင် လက်တွေ့ဘဝ တည်ဆောက်ရာ၌ ရရှိမည့်အကျိုးများနှင့် စပ် လျှင်းပြီးနားလည် ရန်လွယ်ကူသော ကျိုးကြောင်းဖော်ပြချက်များဖြင့် အပြည့်အဝအာမ ခံချက် များ ပါဝင်သည်။

(၃)လက်တွေ့ဘဝတွင် အကောင်းနှင့်အဆိုးကို တိကျသေခြာစွာ ခွဲခြားစိတ်ဖြာ၍ ၊ ကွက် ကွက်ကွင်းကွင်း ပိုင်းခြားနိုင်သော၊ စံချိန်စံညွန်းများပါဝင်သည်။ ထိုကျမ်းမြတ်ကုရ်အာန် သည် အာရဗီ စာပေဖြင့် ချပေး သောကျမ်းမြတ် ဖြစ်သော်ငြားလည်း အရဗ်များအတွက် သာလျှင် မဟုတ်ကြောင်းကို ကုရ်အာန် ၈၁း၂၇ တွင် ဖော်ပြ ထားသည်။

إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ

It  is  not  except  a  reminder  to  the  worlds

(ထို လမ်းညွန်ကျမ်း ကုရ်အာန်သည် လူသားတစ်ရပ်လုံးအတွက် ဆုံးမသြဝါဒကျမ်းးဖြစ်သည်။)

ထိုကျမ်းသည် လူသားတစ်ရပ်လုံးအတွက်  ဖြစ်သည်။ ထိုဖော်ပြပါ အာယာသ်သည် အစော ဆုံးကျရောက်သော အာယာသ်များတွင် ပါဝင်ခဲ့သည်။ ထိုအချိန်မှစတင်၍၊ အစ္စလာမ် ဟူ သောသာ သနာသည် ကမ္ဘာ့လူသားတစ်ရပ်လုံးအတွက် ကမ္ဘာကုန်ကျယ်သရွေ့ ကမ္ဘာကြီး တည်ရှိနေသ၍ လူသားတစ်ရပ်လုံးအတွက် အခြေခံဝါဒ လမ်းစဉ်အဖြစ် စတင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။  ဆက်လက်၍ ၈၁း၂၈ တွင်

لِمَن شَاءَ مِنكُمْ أَن يَسْتَقِيمَ

For  whoever  wills  among  you  to  take  a  right  course.

(အသင်တို့အနက် ထို ကျမ်းဂန်၏ လမ်းညွန်မှူအတိုင်း ဘဝတည်ဆောက် သူများသာလျှင် ဖြောင့်မတ်သော လမ်းမှန် ရရှိသူ များ ဖြစ်သည်။)

အထက်ပါအာယသ်၏ လှပရှင်းလင်းသောဖော်ပြချက်မှာ လူသားများအနက် မည်သူမဆို ကုရ်အာန်၏ လမ်းညွန်မှူအတိုင်း ဘဝတည်ဆောက်သူများသာလျှင် ဖြောင့်မတ်သောလမ်း မှန် ရရှိသူ များဖြစ်သည်ဟူသော အချက်ပင်။ ကုရ်အာန်သည် အာရဗီစာပေဖြင့် ချပေး ခဲ့သော ဗျာဒိတ်ကျမ်းဂန်ဖြစ်သော်ငြားလည်း၊ အရဗ်ရိုးရာယဉ်ကျေးမှူ များပါဝင်ခြင်းမ ရှိပေ။

ထိုကျမ်းတွင် လူသား၏ သဘောသဘာဝများကိုဖော်ပြထားသည်။ ထိုနည်းတူစွာ၊ ထို ကျမ်းသည်အရဗ်များအတွက် သက်သက်မဟုတ်သကဲ့သို့  ကမ္ဘာ့လူသား တစ်ရပ်လုံးအ တွက် ဖြစ်သည်။ သို့ရာတွင် လူသားတစ်ရပ်လုံးအနက် ထိုကျမ်း၏လမ်းညွှန်မှုအတိုင်း ဘ ၀တည်ဆောက်သူများသာလျှင်ဖြောင့်မတ်သော တရားလမ်းမှန်ကိုရရှိမည်ဖြစ်သည်။ အဓိပ္ပာယ်မှာ အရဗ်ဖြစ်စေ၊ အာရဗ်မဟုတ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ၊ မည်သူ့ကိုမျှ ပိုမိုအခွင့်အရေးပေးခြင်း၊ သို့မဟုတ်လျော့၍ အခွင့်အရေးပေးခြင်းမျိုးမရှိဘဲ ထိုကျမ်းပါလမ်းညွန်ချက်အတိုင်း လိုက်နာသူများသည်သာ လျှင်ဖြောင့်မတ်သောတရား လမ်းမှန်ရရှိမည့် ဖြစ်သည်ဟုဆိုခြင်းဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်သည်လူသားတစ်ရပ်လုံးအတွက် ဖြစ်ပါလျှင်မည်သို့သောအကြောင်း များကြောင့်အရဗီစာပေ ဘာသာစကားဖြင့် ချပေးခဲ့သနည်းဟူသောအချက်ကိုအောက် တွင်ဖော် ပြ မည့် အာယာသ်များက ထင် ရှားစွာ မီးမောင်း ထိုးပြထားပြီးဖြစ်သည်။ ကု၇်အာန် ၁၂း၂

إِنَّا أَنزَلْنَاهُ قُرْآنًا عَرَبِيًّا لَّعَلَّكُمْ تَعْقِلُونَ

Indeed,  We  have  sent  it  down  as  an  Arabic  Qur’an  that  you  might  understand.

(ဧကန်ငါအရှင် သည်ကျမ်းမြတ်ကုရ်အာန်ကို အာရဗီစာပေ ဘာသာစကားဖြင့် ချပေးခဲ့ရခြင်းသည် ၊အသင်တို့နားလည် သဘောပေါက်ရန် အလို့ငှါ ဖြစ်သည်။)ထို့ပြင် ၄၄း၅၈တွင်

فَإِنَّمَا يَسَّرْنَاهُ بِلِسَانِكَ لَعَلَّهُمْ يَتَذَكَّرُونَ

And  indeed,  We  have  eased  the  Qur’an  in  your  tongue  that  they  might  be  reminded.

(ငါအရှင်သည်ကုရ်အာန်ကို အသင်၏ နှူတ်လျှာတွင် လွယ်ကူစေခဲ့၏။ သို့မှသာ၎င်းတို့ တရားရရှိနိုင်မည် ဖြစ်သည်။) ကုရ်အာန် ၅၄း၁၇ ၊၂၂၊၃၂၊၄၀ တို.တွင်

وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ

And  We  have  certainly  made  the  Qur’an  easy  for  remembrance,  so  is  there  any  who  will remind?

(ဧကန်ငါအရှင်သည် ကျမ်းမြတ်ကုရ်အာန်ကို လိုက်နာကျင့်သုံးရာ၌ လွယ်ကူစေခဲ့၏။ သို့ပါလျက် အသင်တို့အနက် ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးသူ တစ်ဦးတစ်ယောက်မျှရှိပါ ၏ လော။)

ဖော်ပြပါအာယသ်တို့်ကို ဆင်ခြင်ရုံဖြင့် အာရဗီစာပေသည် ၊ လွယ်ကူမှူ အပြည့်ရှိသည်။ ကုရ် အာန်ပါလမ်းညွန်မှူသည်လူတိုင်းအတွက် ခေတ်တိုင်းနေရာတိုင်းနှင့်လိုက်ဖက်ညီသည်။ လိုက်နာ ကျင့်သုံးရာ၌လွယ်ကူမှူ အပြည့်ရှိသည်ဟူသော အဖြေကိုတွေ့ရှိ ရပေသည်။ ထပ်မံ၍ ကုရ်အာန် ၁၈း၁ တွင်

الْحَمْدُ لِلَّهِ الَّذِي أَنزَلَ عَلَىٰ عَبْدِهِ الْكِتَابَ وَلَمْ يَجْعَل لَّهُ عِوَجًا ۜ

[All]  praise  is  [due]  to  Allah ,  who  has  sent  down  upon  His  Servant  the  Book  and  has  not  made  therein  any  deviance.

(ချီးကျုး ထောပနာမှူအပေါင်းသည် တုနှိုင်းမဲ့ကိုးကွယ်ရာအလ္လာဟ် အရှင်အတွက်သာလျှင် ထိုက်တန်ပေသည်။ ထိုအရှင်သည် မိမိ၏ကျေးကျွန်ထံသို.ကျမ်းဂန်ကိုချပေးခဲ့၏ ။ ထိုကျမ်းတွင် မည် သည့်ကွေ.ကောက်မှူ တစ်စုံတစ်ရာမျှမရှိပေ။)

ကုရ်အာန်ပါ လမ်းညွှန်မှူသည် လွယ်ကူရှင်း လင်းရုံမက ကွေ့ကောက်မှူကင်းသော ကျမ်း လည်းဖြစ်သည်။ ထိုကျမ်းကို အာရဗီစာပေဖြင့်ချပေးရသောအကြောင်းရင်းနှင့်စပ်လျှင်းပြီး ၊ အာရဗီ စာပေ၏လွယ်ကူမှူကို သိရှိရမည်ဖြစ်သည်။ အာရဗီ ဟူသော ဝေါဟာရမှာ (အ ရ ဗ)ဟူသော အာရဗီစာပေ၏ အရင်းအမြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

အဓိပ္ပာယ်မှာ ရှင်းလင်းထင်ရှားခြင်း၊ ရှင်းလင်းစွာဖော်ပြချက်။နားလည်သဘောပေါက်လွယ် ကူစေခြင်း။ လိုရင်းတိုရှင်း တိကျပြတ်သားသည်။ ဟူသော အနက်ပေးသည်။ (အာရဗီ အင်္ဂလိပ် အဘိဓါန် JM, COWAN  စာမျက်နှာ ၂၀၇။

အာရဗီစာပေသည် အခြားသောစာပေ ဘာသာစကားများထက် လွယ်ကူကြောင်းကို ဓမ္မဓိ ဋ္ဌာန်ကျကျ တင်ပြရမည်ဆိုပါက  အာရဗီစာပေတွင် ဝါစင်္ဂ(၃)မျိုးနှင့် သရ(၃)မျိုးသာလျှင် ရှိပေသည်။

ဥပမာအင်္ဂလိပ်စာပေတွင် ဝါစင်္ဂ(၈)မျိုးနှင့်သရ(၅)မျိုးရှိသည်။ မြန်မာစာပေတွင်ဝါစင်္ဂ(၉) မျိုးနှင့်သရ(၁၁) မျိုးရှိသည်။ တစ်ချိန်တစ်ခါက မြန်မာနိုင်ငံရှိ အစိုးရကျောင်းများတွင်၊အင်္ဂ လိပ် စာပေ ကို ပဉ္စမတန်းမှစတင်၍ သင်ကြားပေးခဲ့သည်။ သို့ရာတွင် ဆယ်တန်းစာမေး ပွဲတွင်အောင်မြင်ကြသော ကျောင်းသားတစ်ထောင်အနက်ကျောင်းသား ဆယ်ဦးသည် အင်္ဂလိပ်စာ ဂုဏ်ထူးရ ရှိကြသည်။

ထိုကျောင်းသားအားလုံးသည် မွေးရာပါ မြန်မာစကားပြော ကျောင်းသားများ ဖြစ်ကြ သည်။ မြန်မာစာကို သူငယ်တန်းမှ စတင်သင်ကြားခဲ့သော ကျောင်းသားများဖြစ်ပါ လျှက် မြန်မာစာ ဂုဏ် ထူးရရှိသူ ဦးရေမှာ ဆယ်တန်းအောင်မြင်သော ကျောင်းသား တစ်ထောင်အနက် တစ်ယောက်နှူန်းမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ စာပေတွင် အင်္ဂလိပ်စာပေထက်ဝါစင်္ဂ တစ် မျိုးပို၍ များခြင်း ၊ထိုကဲ့သို့ပင်သရ (၆)မျိုးပို၍ များခြင်း တို.ကြောင့်ဖြစ်သည်။

အာရဗီစာပေသည် အထက်မှ ဖော်ပြခဲ့သော အင်္ဂလိပ်စာပေ မြန်မာစာပေများထက် ပိုမို၍ လွယ်ကူသောစာပေတစ်ခုဖြစ်သည်။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် ကုရ်အာန်ကိုနောက် ဆုံးကျမ်း အဖြစ်ကမ္ဘာ့ လူသားတစ်ရပ်လုံးအတွက် ကမ္ဘာကြီး တည်ရှိနေသရွေ.လမ်းညွန် အဖြစ်ကျေညာပြီးဖြစ်သည်။ ထိုကျမ်းပါ ဝေါဟာရများကို တစ်လုံးတပါဒမျှပြုပြင် ပြောင်းလဲ မှူမ ရှိနိုင်ရန် ထိုအ ရှင်ကိုယ်တိုင် ထိမ်းသိမ်း မည်ဟုကတိ ပေးထားပြီးဖြစ် သည်။ ထိုကျမ်း ပါ လမ်းညွှန်ချက်များသည်၊

လူ့ဘဝတစ်လျှောက် ခေတ်တိုင်း နေရာတိုင်းတို့တွင် ကြုံတွေ့ခံစားရမည့်ပြဿနာအဝဝ ကို ကိုင်တွယ်ဖြေရှင်းနိုင်သော နည်းလမ်းများပါဝင်သည်။ ထိုကျမ်းတွင် အနုမြူမှူံမှသည် စကြဝဋ္ဌာကြီး တစ်ခုလုံး အထိ ဖြစ် ပေါ်ပြောင်းလဲမှူများအ ကြောင်း အသေးစိတ် ရှင်း လင်းချက်များပါဝင်သည်။

ထိုသို့သောလမ်းညွှန်ကျမ်းအမျိုးအစားသည် လွယ်ကူရှင်းလင်းရမည်၊ မြဲမြန်ခိုင်ခန့်တိကျ ရမည်ဖြစ်သည်။ ထိုလိုအပ်ချက် အားလုံး နှင့်ကိုက်ညီသော စာပေအမျိုးအစားမှာအရဗီ စာပေတစ် မျိုးထဲသာ လျှင်ဖြစ်ပေသည်။

ဆက်လက်တင်ပြပါဦးပါမည်။

ဦးစိုးလွင်(ငြိမ်းချမ်းလျပ်စစ်)