ကုရ်အာန့် သုတ » Prophet Nooh

နူးဟ်ကိုယ်တော်၏ ရာဇ၀င်
ဤစာတမ်းအား ဘာသာရေးစာပေကို လက်တွေ့ယုတ္တိဗေဒသဘောဖြင့် သိလိုသူများ အနေဖြင့် ပါးစပ်ရာဇ၀င်လာ နူးဟ်ကိုယ်တော်၏သမိုင်း၊ သမ္မာကျမ်းလာနူးဟ်ကိုယ်တော် (နောဧ)၏ သ မိုင်း၊ ကျမ်းမြတ်ကုရ် အံမှ ဖေါ်ပြသော နူးဟ်ကိုယ်တော်၏သမိုင်းတို့အား နှိုင်း ယှဉ်သိမှတ်စေရန် ရည်ရွယ်၍ သုတေသနလုပ် ပြုစုတင်ပြခြင်းသာ ဖြစ်ပေသည်။

နူးဟ် نُوح ကိုယ်တော်သည် ကျမ်းမြတ်ကုရ်အံတွင် အမည်နာမအားဖြင့် တိုက်ရိုက်ဖေါ်ပြ ခဲ့သာ ဉာဏ်စဉ်ဆောင်ကိုယ်တော်များ အနက်မှတစ်ပါး ဖြစ်သည်။ အချို့သော ဆရာတော် ကြီးများ က နူဟိုသခင်ဟု ခေါ်ဝေါ် ရေးသား ကြသည်။ သမ္မာကျမ်းစာတွင် ကိုယ်တော်၏ အမည်ကို နောဧ ဟုဖေါ်ပြထားသည်။

ပါးစပ်ရာဇ၀င်လာနူးဟ်ကိုယ်တော်

အစဉ်အလာ ကြားဘူးနားဝအရ နူးဟ်ကိုယ်တော်၏ လက်ထက်တွင်ကမ္ဘာကြီးတစ်ခုလုံး ကို ရေလွှမ်းမိုးခံရသည်။ ထိုသို့ရေမလွှမ်းမိုးမှီ အလ္လာဟ်အရှင်ကကိုယ်တော်အာ ဉာဏ်စဉ် အာရုံဖြင့်အ သိပေး၍တောင်ကုန်းတစ်ခုပေါ်တွင် သင်္ဘောတည်ဆောက်ခိုင်း သည်။ အလ္လာဟ်အရှင်၏အသိပေးမှုဖြင့်သင်္ဘောတည် ဆောက်နေစဉ်သူ၏အမျိုးသား များကသူ့ အားပျက် ရယ်ပြောင်လှောင် ကြသည်။ပမာမခန့်ပြုကြသည်။ သူ့အားအရူး တစ်ယောက်ဟု သတ်မှတ်သည်။ မိရိုးဖလာကို ဆန့်ကျင်သူတစ်ယောက်ဟု သမုတ် သည်။သူ၏တရားစ ကားကို နာထောင်ချင် သူ၊ နာခံ ချင်သူ၊ အလေးဂရုပြုသူဟူ၍ မရှိ သလောက်ရှားပါသည်။ သူ့သား အရင်းကိုယ်တိုင်က သူ့စကားကို လက်မခံခဲ့ဟုဆိုသည်။

ကိုယ်တော်သည် သူတည်ဆောက်ထားသော သင်္ဘောပေါ်တွင် သူ့အားနားထောင်သော တပည့်များနှင့် ကမ္ဘာပေါ်တွင်ရှိသမျှသော တိရိစ္ဆာန်များမှတစ်စုံစီအား သင်္ဘောပေါ်တွင် တင်ဆောင် ၍နေခဲ့သည်။ထိုအချိန်တွင်ပင် မိုးပြင်းမုန်တိုင်းကြီးကျရောက်၍ ကမ္ဘာကြီးတစ် ခုလုံး ရေမြုပ်တော့သည်။ သူ့စကားအားနားမထောင်သောသူများနှင့် သူ့သင်္ဘောပေါ်တွင် မတင်သောတိရစ္ဆာန် များမှာ မကြွင်းမကျန် အကုန်သေကုန် တော့သည်။ ယခုခေတ်တွင် ရှိသမျှသော ကမ္ဘာပေါ်ရှိလူ၊တိရစ္ဆာန်မှန်သမျှသည် နူးဟ် ကိုယ်တော်၏ သင်္ဘောပေါ်မှ မျိုးဆက်ပင် ဖြစ်တော့သည် ဟူ၏။

နူးဟ်ကိုယ်တော်သည် လူ့လောက၌ အသက်နှစ်ပေါင်း ၉၅၀တိုင် နေထိုင်သွားသည်ဟု လည်း ဖြစ်၏၊

သမ္မာကျမ်းစာပါ နူးဟ်ကိုယ်တော်

သမ္မာကျမ်းစာတွင် နူးဟ်ကိုယ်တော်အား နောဧ ဟု ခေါ်တွင်၍၊ ကိုယ်တော်၏ ရာဇ၀င်ကို ကမ္ဘာဦးကျမ်း ၆း၈ မှ စ၍ ၉း၂၉ ထိတွင် စုံလင်စွာ ဖေါ်ပြထားသည်ကို တွေ့ရပေသည်။

မွေးဘွားသည့်ခုနှစ် သမ္မာကျမ်းပါ ဖေါ်ပြချက်အရ နောဧသည် အာဒံ-အသက်၁၃၀ တွင်မွေးသောသား ရှေသ၊ ရှေသအသက် ၁၀၅တွင်မွေးသော သားဧနုတ်၊ ဧနုတ်အသက် ၉၀တွင်မွေး သော သားကာဣိနန်၊ ကာဣိနန် အသက်၇၀တွင်မွေးသော သား မဟလေလ၊ မဟာလေလ အသက် ၆၅တွင်မွေးသော သား ယာရက်၊ ယာရက် အသက်၁၆၂ တွင်မွေးသောသားဧနောက်၊ ဧနောက် အသက် ၆၅တွင်မွေးသောသား မသုရှလ၊မသု ရှလ အသက်၁၈၇တွင်မွေးသော သား လာမက်၊လာမက် အသက်၁၈၂တွင်မွေးသော သားနော ဧဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၅း၃ မှ ၃၂) ကမ္ဘာ ကြီးစတည်ဖြစ်ပေါ်ပြီး နှစ်ပေါင်း၁၀၅၆နှစ် တွင် မွေးဘွားခဲ့သူဖြစ်၍ အသက်၉၀၂နှစ်ရှည်သော အာဒံ၏မြေးဧနုတ်အားမှီလိုက်သူဖြစ် သည်။ နောဧ အသက် ၈၁နှစ်အရွယ် တွင်မှ အာဒံ၏မြေး ဧနုတ်ကွယ်လွန် အနိစ္စရောက် ခဲ့သည်။ (ဤခုနှစ်များမှာ သမ္မာကျမ်း စာ တွင် ဖေါ်ပြခြင်း ဖြစ်၍ အကျယ်ဖွင့်ဆိုချက်များ ကို ဓမ္မဆရာများထံ၌ မေးမြန်းသင့်သည်)။

ကမ္ဘာမြေကြီးပေါ်မှ သတ္တ၀ါများအား သုတ်သင်ရသော အကြောင်း

မြေကြီးပေါ်မှာလူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည်အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင်၊မြေကြီးပေါ်တွင် လူကိုဖန် ဆင်းတော်မူသည် ကို နောင်တရ၍ နှလုံးတော်ပူပန်လျှက်ရှိတော်မူ၏။ ထာဝရ ဘုရားကလည်း ငါဖန်ဆင်းသောလူကို၎င်း၊ လူ မှစ၍သားများ၊ တွားတတ်သည့် တိရိစ္ဆာန် များ၊ မိုဃ်းကောင်ကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ် သင်ပယ်ရှင်းမည်၊ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၆း၅မှ၇) သတ္တ၀ါတို့အား ဖန်ဆင်း မိလိုက်သည့် အတွက် ထာဝရဘုရားသခင်က နောင်တ ရသောကြောင့် သုတ်သင် ပစ်ရသည်ဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ သို့သော် ကျမ်းစာတစ်ခု၏ ကောက်ယူမှုအား ထိုကျမ်း စာ၌ ကျွမ်းကျင် သူများသာ ပိုမိုစွမ်းဆောင်နိုင် လိမ့်မည် ဖြစ်သည်။

ကမ္ဘာမြေကြီးအား ရေလွှမ်းမိုးခြင်း

မြေကြီးအားရေမလွှမ်းမိုးမှီ နောဧအား ဂေါဖရသစ်သားဖြင့် သင်္ဘောတည်ဆောက်ခိုင်း သည်၊ (ကမ္ဘာဦး၆း၁၄)။ နောဧ၏သား၊ မယား၊ ချွေးမနှင့်တကွ မြေပေါ်တွင်ရှိသော- အိမ်မွေး တိရ စ္ဆာန်၊တောရိုင်းတိရိစ္ဆာန်၊ တွားသွားသတ္တ၀ါ၊ ကျေးငှက်အားလုံးမှ တစ်စုံစီကို သင်္ဘောပေါ်သို့ တင်ဆောင်ခိုင်းသည်၊ (ကမ္ဘာဦး၆း၁၈-၁၉။၇း၁-၃)ထိုအချိန်တွင် နောဧ၏ အသက်နှစ် ၆၀၀ ပြည့် ပြီ ဖြစ်သည်၊(ကမ္ဘာဦး၇း၆)။ ရေကြီးမှုမှာမိုး ကောင်းကင်အောက် ၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။- မြေပေါ်တွင် အသက်ရှုသော သတ္တ၀ါအားလုံးသေကြေ ကုန်လေ သည်။ (ကမ္ဘာဦး ၇း၁၉-၂၄)။

ထိုနောဧ၏သားတို့မှလူမျိုးဆက်များ၊ သင်္ဘောပေါ်တွင်တင်ခဲ့သောတိရိစ္ဆာန်မျိုးဆက် များ မှယနေ့လက်ရှိလူသားမျိုးနွယ်များ တိရိစ္ဆာန်မျိုးနွယ်များ ပြန်လည်ဖြစ်ထွန်းဆင်းသက် လာခြင်း ဖြစ် သည်ဟု ဆိုသည်။ အထူးသဖြင့်နောဧ၏ သားသုံးယောက် သည် ရှေမ၊ ဟာမ၊ ယာဖက်တို့မှ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏ (လူသားများပြန်လည်ပြန့်ပွား လာခြင်းဖြစ် သည်) ဟု ဆိုပေသည်။ (ကမ္ဘာဦး ၉း၁၉)

ကုရ်အံကျမ်းတွင် ဖေါ်ပြသော နူးဟ်ကိုယ်တော်

ကုရ်အံကျမ်းတော်တွင် နူးဟ်ကိုယ်တော်၏အကြောင်းကိုအမည်နာမအားဖြင့် ၄၃ ကြိမ် ဖေါ်ပြ၍၊ထိုအမည် နာမနှင့် သက်ဆိုင်သောအကြောင်းအရာများတွင် သူ၊သူ့ကို၊ သူ၏ ဆိုသော နာမ်စား များဖြင့် ဆက်လက် ဖေါ်ပြထားသည်များ ရှိပေသည်။ (အောက် တွင် မရမ်းရောင်ဖြင့် ဖေါ်ပြထားသည့် သုတ်နံပါတ်များသည် နူးဟ်သည် نُوح ၊ နူးဟ် ၏ نُوح ဟု ဖေါ်ပြသော ကတ္တားပြ အ မည်နှင့်ပိုင်ဆိုင်မှုပြ အမည်ဖေါ်ပြသော သုတ်တော် များဖြစ်၍၊ အနီရောင်ဖြင့်ဖေါ်ပြသော ကျမ်းချက်များမှာ နူးဟ်ကို نُوحًا ဟူသည့် ကံပုဒ်ဖြင့် ဖေါ်ပြ သော သုတ်တော်များဖြစ်သည်။

၎း၁၆၃။ ၇း၆၉။ ၉း၇၀။ ၁၀း၇၁။ ၁၁း၃၂။ ၁၁း၃၆။ ၁၁း၄၂။ ၁၁း၄၅။ ၁၁း၄၆။ ၁၁း၄၈။ ၁၁း၈၉။ ၁၄း၉။ ၁၇း၃။ ၁၇း၁၇။ ၁၉း၅၈။ ၂၂း၄၂။ ၂၅း၃၇။ ၂၆း၁၀၅။ ၂၆း၁၀၆။ ၂၆း၁၁၆။ ၃၃း၇။ ၃၇း၇၅။ ၃၇း၇၉။ ၃၈း၁၂။ ၄၀း၅။ ၄၀း၃၁။ ၅၀း၁၂။ ၅၁း၄၆။ ၅၃း၅၂။ ၅၄း၉။ ၆၆း၁၀။၇၁း၂၁။ ၇၁း၂၆။ ၃း၃၃။၆း၈၄။ ၇း၅၉။၁၁း၂၅။ ၂၁း၇၆။ ၂၃း၂၃။၂၉း၁၄။၄၂း၁၃။၅၇း၂၆။ ၇၁း၁

မွေးဘွားသည့် ခုနှစ်

ကုရ်အံကျမ်းတော်တွင် ကမ္ဘာမြေကြီးအားဖြစ်တည်စေပြီး ရက်ပိုင်းအတွင်း အာဒံအားဖြစ် တည်လာခဲ့စေသည်ဟု၍လည်းကောင်း၊ အာဒံသည်ကမ္ဘာ့ပထမဦးဆုံး လူသားဖြစ်သည်ဟူ ၍ လည်းကောင်းဖေါ်ပြ မထားသကဲ့သို့ နူးဟ်ကိုယ်တော်သည် ကမ္ဘာကြီးဖြစ် တည်ပြီးနှစ်ပေါင်း မည်မျှအကြာတွင် မွေးဘွားခဲ့သည်ဟုဖေါ်ပြ ထားခြင်းမရှိပေ။သို့သော် ကျမ်းတော် တွင်လူသားတို့ ၏သမိုင်းကို ခေတ်အားဖြင့်ပိုင်းခြားပြောဆိုပေသည်။ဥပမာ အားဖြင့် သိပ္ပံပညာတွင်နယူတန်၏ခေတ်၊ အိုင်စတိုင်း၏ခေတ်ဟုသီအိုရီတည်မြဲမှု၊ လက်တွေ့နယ်၌အသုံးပြုနိုင်မှုပေါ် မူတည်၍ သတ်မှတ်ပြောဆိုသကဲ့သို့- လူသားတို့အား ဉာဏ်စဉ်ဆောင်တို့ ဦးဆောင်သော ခေတ်များကို အာဒံ၏ခေတ်၊ နူးဟ်၏ခေတ်၊ အီဗရာ ဟီးမ်၏ခေတ်၊ မောရှေ၏ခေတ်၊ မုဟမ္မဒ်၏ခေတ်ဟူ၍ သတ်မှတ် ပိုင်းခြား သည်သာဖြစ် သည်။

ထိုခေတ်စနစ်များအရ ကြည့်လျှင်နူးဟ်ကိုယ်တော်သည် အာဒံ၏ ခေတ်နှင့် အီဗရာဟီမ်း ၏ခေတ်နှစ်ခု ကြား တွင်ပွင့်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်ဖေါ်ပြမှု ဇယားကို ၃း၃၃ တွင် အာဒံ၊ နူးဟ်၊ အီဗရာဟီမ်းဟူ၍ အစဉ်လိုက်ဖေါ်ပြထားသည်ကိုတွေ့နိုင်ပြီး၊နူးဟ် ၏ခေတ်နောက်ပိုင်း အီဗရာဟီးမ်၏ ခေတ်ဖြစ်ကြောင်းကို မကြာခဏဖေါ်ပြထားပေ သည်။ (အထက်တွင် ဖေါ်ပြထားသော သုတ်နံပါတ်တော်များတွင် ကြည့်ပါ)

မြေကြီးပေါ်မှ သတ္တ၀ါများအား သုတ်သင်သော အကြောင်း

ကုရ်အံကျမ်းတော်တွင် မြေကြီးပေါ်မှသတ္တ၀ါများကို သုတ်သင်ရှင်းလင်းပစ်သည်ဟုဖေါ်ပြ ထားခြင်းမရှိ ပေ။ သတ္တ၀ါအပေါင်းအား ဖြစ်တည်စေခြင်းကြောင့် အလ္လာဟ်အရှင် ကနောင်တရ သည်၊စိတ်နှလုံးမချမ်း မြေ့ဖြစ်ရ သည်။ မောပန်းရသည်- စသည်ဖြင့် လူ သားတစ်ဦး၏ ပုံစံခံစားမှုများလည်းမရှိချေ။ ကုရ်အံ ကျမ်းတော်တွင် လူသားတစ်ဦး လူ မျိုးတစ်မျိုး ကောင်းကျိုး ခံ စားရခြင်း၊ ဆိုကျိုးခံစားရခြင်းသည် ထိုလူ မျိုး ၏ ကျင့်ဆောင် အား ထုတ်မှုပေါ်၌သာ တည်သည်ဟု ဆိုသည်။

နူးဟ်ကိုယ်တော်သည် ဉာဏ်စဉ်ဆောင်ဖြစ်၍၊ သူသိသောသစ္စာဓမ္မအားသူ့လူမျိုးအားဟော ကြားသည်။ သူ့လူမျိုးမှအများစုကြီးသည် သစ္စာဓမ္မအားလက်မခံဘဲမိရိုးဖလာ ၌ပျော် ပါးနေသည်။ တွယ်ကပ်နေသည်။ နူးဟ်ကိုယ်တော်အား အရူးအနှမ်းတစ်ဦးပမာသဘော ထားသည်။ နူးဟ်ကိုယ်တော်သည် သူရရှိသော အာရုံဉာဏ်စဉ်ဖြင့်ထိုဒေသတွင်မိုးပြင်း မုန်တိုင်းတိုက်ရေကြီးမည် ကို ကြိုသိခဲ့သည်။ (ယခုခေတ်အခါများတွင်လည်း မုန်တိုင်း တိုက်မည်၊ ငလျှင်လှုပ်မည် ဆိုသည်များကို ကြိုသိနိုင်ပေသည်။) သိသူတစ်ဦး၏ စကားကို နားမထောင်ဘဲ ခေါင်းမာနေ သူ များနှင့် ထိုသိသူ၏ စကားကို အ သိအမှတ်ပြု လက်ခံစဉ်း စားသူများ ရင်ဆိုင်ရမည့် ဘေးဒုက္ခမှာ တူညီမည် မဟုတ်ပေ။

ရေလွှမ်းမိုးသော ကမ္ဘာ

ကျမ်းမြတ်ကုရ်အံတွင် ကမ္ဘာဆိုသောအသုံးကို အရဗီဘာသာဖြင့် أَرْض အောက်သ်ဟုခေါ်၍ ထိုဝေါဟာရအားအခြေအနေပေါ်မူတည်၍။ —လောက၊ကမ္ဘာ၊ ကမ္ဘာမြေ၊ကမ္ဘာဂြိုလ်ဟူ၍ သုံးပေ သည်။ ယခုခေတ်တွင် အရဗ်ကမ္ဘာ၊ အနောက်ကမ္ဘာစသည်ဖြင့် သုံးခြင်းသည် ကမ္ဘာဂြိုလ်တစ်ခုလုံးအားကိုယ်စားပြုသော ကမ္ဘာဟူသည့် ဝေါဟာရမမဟုတ်ချေ။ ကုရ်အံ သည် လွန်ခဲ့သောနှစ် ၁၅၀၀ခန့်ကပင် ထိုကဲ့သို့ အီဒီယံ ဝေါဟာရများကို သုံးစွဲပေသည်။

နူးဟ်နှင့် ပတ်သက်၍ သုံးသော ကမ္ဘာဟူသည် ကမ္ဘာဂြိုလ်တစ်ခုလုံးအား ပြောဆိုခြင်းမ ဟုတ်ပေ။ ထိုအကြောင်းကို နူးဟ်ကိုယ်တော်အားဖေါ်ပြသမျှသော အကြောင်းအရာတိုင်း တွင် لَقَدْ أَرْسَلْنَا نُوحًا إِلَى قَوْمِهِ မုချပင်ငါသည်နူးဟ်ကိုသူ၏လူမျိုးအတွက်စေစားတော် မူ၏။ (၇း၅၉။၁၁း၂၅)သည်ဟူ၍ ထည့်ပြောထားသည်ကို ထင်ရှားစွာတွေ့ရပေ သည်။တနည်း အားဖြင့် နူးဟ်ကိုယ်တော် သည် သူ၏လူမျိုးအတွက်သာ ကိုယ်စားလှယ်ဖြစ်၍ ကမ္ဘာဂြိုလ် တစ်ခုလုံးတွင်ရှိသော လူမျိုးအားလုံးအတွက် ကိုယ်စားလှယ်မဟုတ်ချေ။ ထို့ ကြောင့် ကိုယ်တော်နူးဟ်၏ တရားဒေသနာ စ ကား၊ သတိပေးစကားများကို နားမထောင် အာခံ သူများမှာလည်း ကမ္ဘာဂြိုလ်တစ်ခုလုံးတွင် ရှိသောလူမျိုးအား လုံး မဟုတ်ချေ။ ထို့ကြောင့် မိုးသက်မုန် တိုင်းကြီးဖြင့် ရေကြီးမည်ဟုသတိပေး ခံရသူများမှာ နူးဟ်ကိုယ်တော်နှင့်ပတ် သက်သော လူမျိုးများသာဖြစ်၍၊ ထိုသတိပေးခြင်းကို နားမထောင်၍ ရေနစ်သေဆုံးရသူ များမှာလည်း ထိုလူ မျိုးသာဖြစ်ပေသည်။ ထိုလူမျိုးထို အသိုင်း အ၀ိုင်းကို နူးဟ်၏ကမ္ဘာ ဟုခေါ်ပေသည်။ ကျမ်းမြတ်ကုရ်အံတွင် ကိုယ်တော်မုဟမ္မဒ် မှအပအခြားသော မည် သည့်ဉာဏ်စဉ်ဆောင်ကိုမှ အာလမီးန်ဟုခေါ်သော လူမျိုးအားလုံးအတွက် စေ စားသည် ဟု ပြောဆိုထားခြင်း မရှိချေ။

أَرْض အောက်သ်ကိုအခြားအဓိပ္ပါယ်ဖြင့်ကမ္ဘာဂြိုလ်ဟုသုံးခြင်းများကိုကျမ်းတော်၏မြောက် များစွာ သောနေရာများတွင်တွေ့ရသည်။ ထိုသုတ်တော်များအနက်တစ်ခုမှာ وَالْأَرْضَ بَعْدَ ذَلِكَ دَحَاهَا۞ ကမ္ဘဂြိုလ်ဤ နောက်၎င်းကို ကြက်ဥပုံဖြစ်စေ၏။ ၇၉း၃၀ဟူသောသုတ်တော် ပင် ဖြစ်သည်။

ထို့ကြောင့်နူးဟ်ကိုယ်တော်လက်ထက် ရေယဉ်ပေါ်သို့တင်ဆောင်သောသတ္တ၀ါများမှာ ကမ္ဘာဂြိုလ်တစ်ခုလုံးတွင်ရှိသော တိရိစ္ဆာန်မျိုးနွယ်အားလုံးမှ တစ်စုံစီတင်ဆောင်ခဲ့ခြင်းမ ဟုတ်ဘဲ၊ နူးဟ် ကိုယ်တော်၏ လူမျိုးများမွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များမှ တစ်စုံစီ ကို သာတင်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ နူးဟ်ကိုယ်တော်၏ ရေယဉ် မှာသစ်သား၊သပ်စို့ များဖြင့်ပြုလုပ်ထားသော အရာဟုဆို ထားသည်၊ ၅၄း၁၂-၁၃။ ထိုကဲ့သို့ သစ်သားသစ် စို့များဖြင့် ပြုလုပ်ထားသော ရေယဉ်တစ်စီးပေါ်တွင် နူးဟ်ကိုယ်တော်၏ စကားအား နားထောင်သည့် နောက်လိုက်များ၊ သူတို့ အတွက် ရိက္ခာ များ၊ ထို့ အပြင် ဆင်တစ်စုံ၊ကြံ့ တစ်စုံ၊ကုလားအုပ်တစ်စုံ၊သစ်ကု လားအုပ်တစ်စုံ၊ ကျွဲတစ်စုံ၊နွားတစ်စုံ၊ မြင်းတစ်စုံ၊ကျား တစ်စုံ၊ ခြင်္သေ့တစ်စုံ၊-စသည်ဖြင့်ရှိသမျှ သော သတ္တ၀ါ များနှင့် ထိုသတ္တ၀ါများ အတွက်ရိက္ခာ များအား တင်ဆောင်ရန် မည်သို့မျှဖြစ်နိုင်ခြင်း မရှိသကဲ့သို့- ကမ္ဘာ့ တိရိစ္ဆာန်မျိုး ဆက်များ မှာ ယခုခေတ်အထိ အသစ်အသစ်ထပ် မံတွေ့ ရှိနေသော မျိုး စိတ်၊ မျိုးခွဲပေါင်းများစွာ ရှိနေလေသည်။ ထိုသို့ မဖြစ်နိုင်သော ဇတ်လမ်းမျိုးအား ကျမ်းမြတ်ကုရ်အံတွင်ထည့် သွင်းဖေါ် ပြ ထားခြင်း လုံးဝမရှိချေ။

နူးဟ်ကိုယ်တော်၏ သက်တမ်း

ခရစ်ယာန်သမ္မာကျမ်းစာ၏ ဖွင့်ဆိုမှုနောက်သို့လိုက်နေသော သမ္မာကျမ်းစာမှိုင်းမိဆရာများ က နူးဟ်ကိုယ်တော်သက်တမ်းမှာ နှစ်ပေါင်း၉၅၀ရှိသည်ဟုဒဏ္ဍာရီမင်းသားဖြစ်ရန်ပြော ဆိုကြပေ သည်။ ထိုဆရာ တော်များ ၏ ကိုးကားသော သုတ်တော်မှာ-

وَلَقَدْ أَرْسَلْنَا نُوحًا إِلَى قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ۞

ငါသည်-နူးဟ်ကို သူ့လူမျိုးများထံသို့ မုချစေစား၍၊ သူတို့ထဲ၌ နှစ်တစ်ထောင်တွင် နှစ် ငါးဆယ်လျှော့နေ စေခဲ့၏။ ထို့နောက်သူတို့အား မုန်တိုင်းသင့်စေခဲ့၏။ သူတို့သည် အ မိုက်ကောင်များ ပင် ဖြစ်ကြ၏။(၂၉း၁၄) ဟူ သည့် သုတ်ဒေသနာပင် ဖြစ်သည်။

ဤသုတ်တော်တွင် ဖေါ်ပြသော لَبِثَ လဘိဆ နေစေခဲ့သည်ဆိုသည့် ဝေါဟာရသည် ထို အမည်နာမအ သုံးခံရသူ၏ လူ့သက်တမ်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ထိုအမည်နာမအားသုံး စွဲသူ၏မျိုးရိုး သက်တမ်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ထိုအထောက်အထားအားကျမ်းတော် ၌-

وَلَقَدْ أَهْلَكْنَا الْقُرُونَ مِن قَبْلِكُمْ لَمَّا ظَلَمُواْ وَجَاءتْهُمْ رُسُلُهُم بِالْبَيِّنَاتِ وَمَا كَانُواْ لِيُؤْمِنُواْ كَذَلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ۞

ငါသည်သင်တို့မတိုင်မှီ မျိုးဆက်များကိုသူတို့အမိုက်သင့်နေစဉ်တွင် တိမ်ကောစေခဲ့ပြီ၊သူတို့ထံသို့ ဉာဏ် စဉ်တော်ဆောင်များသည် သက်သေလက္ခဏာများဖြင့် ရောက်လာသောအခါ၊ သူတို့သည်မယုံကြည် ကြ။ ငါသည်ရာဇ၀တ်သင့်သော လူမျိုးတို့အား ညီမျှသောအကျိုးကို သင့်စေပြီ။ (၁၀း၁၃)

ثُمَّ جَعَلْنَاكُمْ خَلاَئِفَ فِي الأَرْضِ مِن بَعْدِهِم لِنَنظُرَ كَيْفَ تَعْمَلُونَ۞

တဖန်ငါသည်သင်တို့ကို၊ သင်တို့မည်သို့ပြုကျင့်ကြမည်ကို စီစစ်ရန် သူတို့နောက် မြေကမ္ဘာ၌ အမွေခံမျိုး ဆက်အဖြစ် ပြုလုပ်တော်မူခဲ့ပြီ။(၁၀း၁၄)

وَإِذَا تُتْلَى عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ لاَ يَرْجُونَ لِقَاءنَا ائْتِ بِقُرْآنٍ غَيْرِ هَـذَا أَوْ بَدِّلْهُ قُلْ مَا يَكُونُ لِي أَنْ أُبَدِّلَهُ مِن تِلْقَاء نَفْسِي إِنْ أَتَّبِعُ إِلاَّ مَا يُوحَى إِلَيَّ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ۞

ငါ၏ ရှင်းလင်းထင်ရှားသော သုတ္တန်များအား ရွတ်ဖတ်ပြသောအခါ၊ ငါ့အားဖူးတွေ့ရမည်ကို မမျှော်ကိုးသူ များကဒီအပြင် အခြားသောကုရ်အံကျမ်းတော်ကို ယူဆောင်ခဲ့လော့။ သို့မဟုတ် ၎င်း အားပြောင်းလဲပစ် လော့၊ဟု ဆိုကြ၏။ ကျွန်ုပ်သည်၎င်းကို ကိုယ်ပိုင်သဘောဖြင့် ပြောင်းလဲခွင့်မရှိချေ။ ကျွန်ုပ်ထံသို့ အာရုံ ဈာန်ဖြစ်စေသည်ကိုသာ ကျွန်ုပ်သည်လိုက်နာရ၏၊ ကျွန်ုပ်၏ ကံကြ မ္မာရှင်အား ဖီဆန်လျှင် ၀ဋ်ကြွေးဒဏ် သင့်စေမည့် နေ့ကာလအား ကျွန်ုပ်ကြောက်ရွံ့ပါ၏-ဟု ဟောပြောလော့။ (၁၀း၁၅)

قُل لَّوْ شَاء اللّهُ مَا تَلَوْتُهُ عَلَيْكُمْ وَلاَ أَدْرَاكُم بِهِ فَقَدْ لَبِثْتُ فِيكُمْ عُمُرًا مِّن قَبْلِهِ أَفَلاَ تَعْقِلُون۞

ဟောလော့၊အလ္လာဟ်အရှင်၏ စံချိန်မပြည့်ခဲ့သော်၊၎င်းကိုသင်တို့ထံ၌ ကျွန်ုပ်ရွတ်ပြမည်မဟုတ်၊သို့မဟုတ် ၎င်းမှ တစ်စုံတစ်ရာကိုသော်မျှသင်တို့အား သွန်သင်မည်မဟုတ်ချေ။ ဤမတိုင်မှီ က ကျွန်ုပ်သည်သင်တို့ အထဲ၌ တစ်သက်လုံးနေခဲ့ပြီးပြီ၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။ (၁၀း၁၆)ဟုဖေါ်ပြထားသော ကိုယ်တော်မုဟမ္မဒ်နှင့် ကိုယ်တော်၏ နောက်လိုက်များဟု ခံ ယူထားသော ကျွန်ုပ်တို့အားဖြင့်တွေ့ နိုင်ပေ သည်။

ဤအကြောင်းအရာ ၁၀း၁၃မှ၁၆ထိတွင် ရှေးဉာဏ်စဉ်ဆောင်တို့၏မျိုးဆက်များကိုဖေါ်ပြ လျှက် ထိုမျိုးဆက်များမှာ တရားတော်အား မနာခံဖေါက်ပြန်သောကြောင့် တိမ်ကောသွား ရပုံ(၁၃)၊ ထို့နောက်ကျွန်ုပ်တို့၏ အစ္စလာမ်မျိုးဆက်အားဖြစ်တည်စေပုံ(၁၄)၊ ကျွန်ုပ်တို့၏ မျိုးဆက်အား ကိုယ်တော်မုဟမ္မဒ်က တရားတော်ဖြစ်သည့် ကျမ်းမြတ်ကုရ်အံအားရွတ် ဖတ်ပြသည့်အခါ- မိရိုး ဖလာနှင့်မတူညီသော အဆုံးအမများကြောင့် ကျွန်ုပ်တို့ ၏မျိုး ဆက်က မနာ ခံပုံ(၁၅)၊ ထိုအခါကိုယ်တော်က ကျွန်ုပ်သည်သင်တို့အထဲ၌တစ်သက်လုံးနေ ခဲ့ပြီးပြီ သင်တို့၌အတွေးအခေါ် မရှိ ကြသလော-ဟုဆိုပုံ(၁၆)တို့ကိုဖေါ်ပြထားသည်။ဤ သုတ်တော် များတွင် ပြော فِيكُمْ သင်တို့အထဲ၌ ဆိုသည့်စကားလုံးသည် ကိုယ်တော်အ သက်ထင် ရှား ရှိစဉ်သူ့ပတ်ဝန်းကျင်မှ အရဗ်များ ကိုသာရည်ညွှန်းခြင်းမဟုတ်၊ အစ္စလာမ် မျိုးဆက် အားလုံးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း တဖန်ငါသည်သင်တို့ကို၊ သင်တို့မည် သို့ ပြုကျင့်ကြမည်ကို စီစစ်ရန်သူတို့နောက်မြေကမ္ဘာ၌ အမွေခံ မျိုးဆက်အဖြစ်ပြု လုပ်တော် မူခဲ့ပြီ။ (၁၀း၁၄) ဟူသည့်ဝါကျက ထောက်ပြထားပေသည်။ ထို့ကြောင့်မျိုးဆက်ကြားထဲ တွင် အဆိုအဆုံးအမကို ဦးဆောင်သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုမျိုးဆက်၏ ကြားထဲတွင် အမည်နာမအားဖြင့် ရှင်သန်နေခြင်းကိုသာ ဆိုလိုခြင်းဖြစ်၍ ထိုသို့နေထိုင် ခြဲု့ခင်းကို  لَبِثَ လဘိဆဟု သုံးပေသည်။

သူတို့ အထဲတွင် အသက်နှင့် အတူနေထိုင်ခဲ့သည်ဟူသော အသုံးကို ကျမ်းတော်၌  مَّا دُمْتُ فِيهِمْ မာဒွန်းတု ဖီးဟင်မ် ဟူ၍ သုံးပေသည်၊ (၅း၁၁၇)။

ထို့ကြောင့် နူးဟ်ကိုယ်တော်သည် فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا သူတို့ထဲ၌ နှစ် တစ်ထောင်တွင် နှစ်ငါး ဆယ်လျှော့ နေစေခဲ့၏။ ဆိုသည်မှာ နူးဟ်ကိုယ်တော်၏ သက် တမ်းကို ဆိုလိုခြင်း မဟုတ်ပေ။ နူးဟ် ကိုယ်တော် ၏ အမည်နာမသက်တမ်း၊ အယူဝါဒ သက် တမ်းကိုသာ ဆိုလိုခြင်း ဖြစ်ပေသည်။

အချုပ်အားဖြင့် ဆိုရသော် ကျမ်းမြတ်ကုရ်အံပါ နူးဟ်ကိုယ်တော်၏ သမိုင်းက သက်ဆိုင် ရာ လူထုတစ်ရပ် အတွက် ပေါ်ပေါက်လာသော ခေါင်းဆောင်ကောင်း တစ်ဦး၏အတွေး အခေါ်၊ အသိ ဉာဏ်၊ဟောပြောသွန်သင်မှုတို့အား အသိအမှတ်မပြုသော၊မပြုတတ်သော လူမျိုးများမှာ နစ်နာဆုံးရှုံးရကြောင်း၊ ထိုခေါင်း ဆောင်ကိုယ်စား ပြုသောလောကသည် ထိုခေါင်းဆောင်၏ ကမ္ဘာ ဖြစ်ကြောင်း၊ ထိုခေါင်းဆောင်၏ အယူ အဆ၊ သီအိုရီသည် လက်တွေ့နယ်၌ အသုံးဝင်နေသ၍ ထိုခေါင်းဆောင်၏ သက်တမ်းဟု ခေါ်ဆိုကြောင်း များပင် ဖြစ်သည်။

ကျမ်းမြတ်ကုရ်အံသည် မျိုးဆက်သစ်တို့အား ဒဏ္ဍာရီပုံပြင်များအား လက်ဆောင်ပေးခြင်း မရှိချေ။

ကောင်းသော စေတနာဖြင့် ဆင်ခြင်၍ အားသန်ရာကို လက်ခံနိုင်ပါသည်။

ဌေးလွင်ဦး (islammyanmar.com)