ကုရ်အာန့် သုတ » Quranic Knowledge

ဗဟုသုတစုံလင် ကျမ်းမြတ်ကုရ်အာန်တွင်(၃)
ဒေါက်တာဆောင်းလွင်အောင် (B,D,S YGN)

ကုရ်အာန်၏ “မုအ်ဂျိဇာဟ်”များ

မူစာနဗီ၏ မုအ်ဂျိဇာဟ်မှာ တောင်မွှေးကိုမြေမှာချသော်မြွေဖြစ်၍ ယင်းတောင်မွှေးဖြင့် မြေကိုရိုက်သော် ရေဖြစ်ပြီး ရေပြင်ကိုရိုက်သော် မြေလမ်းဖြစ်၏။ အီဆာနဗီ၏ မုအ်ဂျိဇာဟ်မှာ သေသူကို ရှင်အောင်လုပ်၍၊ အ နူအကန်းတို့ အား လက်ဖြင့်ထိသော် အနူရောဂါပျောက်၊ မျက်စိပြန်မြင်၏။ ယင်းတန်းခိုးတော်တို့သည် ထိုနဗီများမရှိတော့သောအခါ စာပေတို့၌ပေထက်အက္ခရာ အ ဖြစ်သာကျန်ရစ်၏။ လက်တွေ့မျက်တွေ့ အဖြစ် ထိုနဗီတို့၏ အွမ္မသ် များတွင် မကျန်ရစ်တော့ပေ။

ကုရ်အာန်မူကား မဟာတမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ မုအ်ဂျိဇာဟ်တော်ဖြစ်ပြီးမွတ်စလင်တို့ထံတွင်လက် တွေ့မျက်တွေ့အဖြစ်ကျန်ရစ်၏။ကုရ်အာန်သည်မဟာတမန်တော်သခင်၏မုအ် ဂျိဇာဟ်တော်ဖြစ်ကြောင်း ယင်းကုရ် အာန်နှင့်တူသောကျမ်းကို တစ်ပုဒ်၊တစ်ပိုဒ်မျှပင် လူသားတစ်ဦးအနေဖြင့် ပြုစုနိုင်မည်မဟုတ် ကြောင်း ကုရ်အာန်၌ ဆိုထား၏။ (၁၇း ၈၈၊ ၁၁း ၁၃၊ ၁၀း ၃၈၊ ၂း ၂၃-၂၄၊ ၅၂း ၃၄) မဟာတမန် တော်မြတ်(ဆွ)ကိုယ်တော်တိုင်ကလည်း မိမိသည် အလ္လာဟ်ထံတော်ပါးမှ စေလွှတ် ခံရသောနဗီဖြစ် ကြောင်း သက်သေအဖြစ် ဤကုရ်အာန်သာ လုံ လောက်ကြောင်းမိန့်ဆိုခဲ့သည်။ (၆း ၁၉၊ ၂၉း ၅၇)

[ တမန်တော်မုဟမ္မဒ်သည် ရှေးဘာသာတရာတို့မှ အယူအဆများ (အထူးသဖြင့် သမ္မကျမ်း)ကို ခိုးချ၍ ကုရ်အာန် ကို ပြုစုခဲ့သည်ဟူသော စွဲချက်ကို ကုရ်အာန်ကဖြေရှင်းပြရာတွင်-

(က )ရှေးဘာသာတရားကျမ်းဂန်၊ ရှေးလူတို့မသိခဲ့သော လျှို့ဝှက်ချက်များကုရ်အာန်၌ပါရှိနေကြောင်း (၂၅း၅-၆ )

(ခ) တမန်တော်သည် ယခင်ကမည်သည့် ကျမ်းဂန်ကိုမျှ မဖတ်ဖူးခဲ့ခြင်းနှင့် မည်သည့်ကျမ်းမှလည်း ပြုစု ရေးသား ဖူးခဲ့ခြင်း မရှိကြောင်း (၂၉း ၄၈ )

(ဂ) ရှေးကျမ်းဂန်များကိုသိရန် အာရဗီမှလွဲသောအခြားဘာသာစကား တစ်ခုခုတတ်ဖို့လိုကြောင်း (တမန် တော်မုဟမ္မဒ်သည်အာရဗီမှလွဲ၍ အခြားဘာသာစကားမတတ်ကြောင်း)(၁၆း၁၀၃)

(ဃ) တမန်တော်မုဟမ္မဒ်(ဆွ)သည် မည်သည့်ဘာသာတရား ယုံကြည်ချက်နှင့် မည်သည့်ကျမ်းဂန်ကိုမျှ လေ့လာ သိရှိခဲ့ဖူးသူ မဟုတ်ကြောင်း (၄၂း ၅၂) ဖော်ပြ၏ ။ )

ကုရ်အာန်၏မုအ်ဂျေဇာများ။

(က) အာရဗီစာပေအရာ၌ ပြောင်မြောက်လှခြင်း အာရဗီစာပေအရာတွင် အလွန်ပြောင်မြောက်လှသဖြင့် ထိုခေတ် အာရဗ်များအဖို့ အကြီးအကျယ် အံ့အားသင့်ခဲ့ကြရ၏။ စားရေးတတ်၊ ဖတ် တတ်ခြင်းမရှိသော အွမ်္မီပုဂ်္ဂိုလ်တစ်ဦး၊ မည်သည့်ကျမ်း၊ မည်သည့်စာအုပ်ကိုမျှ သိရှိခဲ့ဖူးသူမဟုတ်သော ပုဂ်္ဂိုလ်တစ်ဦး (၄၂း ၅၂ ၊ ၂၉း ၄၈) က ဤသို့ သော စာပေလက်ရာမြောက်သော ကျမ်းမျိုးပြုစုနိုင်ရန် မဖြစ်နိုင်ကြောင်း ၎င်း တို့ သိကြ၏။ တမန်တော်မြတ်မုဟမ္မဒ် လက်ထက်အခါက လူရိုသေရှင်ရိုသေ စာပေနှင့် ကဗျာပညာရှင် ကြီးဖြစ်သော လဗီးဗ် အိဗ်နုရဗီအာသည်ပင် ကုရ်အာန်ကျမ်းပိုဒ်များ ကြားရပြီး အံ့အားသင့်ရ၍ နောက်ဆုံး တွင် ၀န်ချ၍ အစ္စလာမ်ကို လက်ခံ သွားခဲ့သည်။ ထိုသို့ပင် ကုရိုက်ရှ်ခေါင်းဆောင်ကြီးများမှ အလ်ဝလီးဒ် ဗင်မုဂီရာ၊ အွတ်သ်ဗာ ဗင်ရဗီအ်နှင့် (ဒုတိယမြောက်ခလီဖွာကြီး) အုမရ်သခင်တို့လည်း ကုရ်အာန်စာသား များကို အသည်းခိုက်ခဲ့ကာ အစ္စလာမ့်အေး ရိပ်ခိုဝင်ခဲ့ကြသည်။

မက္ကာဟ်မြို့တွင် ကျရောက်သော ကဏ္ဍများတွင် ကာရံများ၊ နဘေများဖြင့် အလွန်စာပေမြောက်လှ၏။ ဥ ပမာ -(၈၂း၁ -၄) (၈၄း ၁ – ၄) ယင်းအာယတ်များကို အသံနေအသံထားဖြင့် ဖတ် သည်ကို နားဆင် ကြည့်ပါက အာရဗ်မဟုတ်သူများပင် ကာရံများ နဘေများအား အာရုံပြုမိပေလိမ့်မည်။ ယနေ့ခေတ် မော် ဒန်စာပေအရေး အသားရှုထောင့်မှ ကြည့်လျှင်လည်း အလွန်လှပ သော အဖွဲ့၊ အရေးများ ကုရ်အာန်၌ တွေ့ရမည်သာ။

(ခ) ရှေးဖြစ်မည့်အကြောင်းအရာများကို တင်ကြိုဟောကြားချက်များ ပါရှိခြင်း

ဟုဒိုင်ဗီယာစာချုပ် ချုပ်ဆိုပြီးနောက် စူရာဟ်ဖသဟ်ကဏ္ဍ (၄၈) ကျရောက်လာခဲ့၏။ ယင်းကဏ္ဍတွင် ခိုင် ဗရ်စစ်ပွဲဖြစ်မည့်အကြောင်း၊ ယင်းစစ်ပွဲတွင်မွတ်စလင်မ်တို့ အနိုင်ရမည့်အကြောင်း ဖော်ပြထား၏။ ထို ခေတ် အာရဗ်တို့ လက်တွေ့မျက်တွေ့ မှန်ကန်ကြောင်း သိသွားခဲ့သည်။ ထိုသို့ပင် ရောမသားနှင့်ပါရှန်း တို့ ကမ္ဘာမြေ၌ အနိမ့်ဆုံး နေရာတွင် စစ်ဖြစ်ကြမည်။ ယင်းစစ်တွင် ရောမတို့စစ်ရှုံးမည်။သို့သော်လည်းနှစ် အနည်းငယ်အတွင်း ပါရှန်းကိုပြန်လည်အောင်နိုင်မည်။ယင်းသို့စစ်နိုင်မည့်အချိန်သည် အာရေဗျတွင်မွတ် စလင်တို့ ပျော်ရွှင်နေမည့်အချိန်ဖြစ်ကြောင်း ကုရ်အာန် (၃၀း ၁-၄)တွင် ဖော်ပြ၏။

ယင်းကိုလည်းထိုခေတ်အာရဗ်များ လက်တွေ့မျက်တွေ့မြင်ခဲ့ကြရ၏။ ရောမတို့ဂျေရုစလင်ကို ဆုံးရှုံးခဲ့ရ သည်။စစ်ပွဲဖြစ်ပွားရာ ပင်လယ်သေဒေသသည် ကမ္ဘာ့၏အနိမ့်ဆုံးနေရာဖြစ်ကြောင်း ကုရ်အာန်ကဆိုထား ၏။ ယနေ့ (၂၀) ရာစုခေတ်တွင် ယင်းမှာမှန်ကန်ကြောင်း ပထ၀ီဝင်နှင့် ဘူမိဗေဒပညာရှင်တို့ တွေ့ရှိကြပြီ ဖြစ်သည်။

(ဂ) အာရဗ်တို့ မသိခဲ့ဖူးသည့် အကြောင်းအရာများပါဝင်ခြင်း

ဤသည်တို့မှာ အကွယ်၌ရှိသော အကြောင်းအရာများဖြစ်ပြီး ငါအရှင်သည်အသင်တမန်တော်အား ၀ဟီ ဖြင့်အသိပေးတော်မူ၏။ ဤအကြောင်းအရာများနှင့် ပတ်သက်၍အသင်သည် လည်း ကောင်း၊ အသင့်အ မျိုးသားများသည် လည်းကောင်း ဤသည့်အလျင်က သိရှိခဲ့ဖူးသည်မဟုတ်။

(ဃ) သိပ္ပံဆိုင်ရာ အချက်အလက်များပါရှိခြင်း

သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကုရ်အာန်မှဖော်ပြချက်များ၏ အံ့ဖွယ်ကို သိမြင်လာကြမည် ဖြစ် ကြောင်း ကုရ်အာန်၌ ဆိုထား၏။

(မကြာမြင့်မီငါအရှင်သည် ထိုသူတို့အားဝန်းကျင်တစ်ခွင် တစ်ပြင်၌လည်းကောင်း၊ထိုသူတို့၏ခန္ဓာကိုယ် အတွင်း၌လည်းကောင်း၊ မိမိ၏သက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင်ယင်း(ကုရ် အာန်)သည် အမှန်တရားဖြစ်ကြောင်း သိသာထင်ရှားလာပေမည်။ (၄၁း ၅၃) (ထိုသဘောတရား ကိုပင် ကုရ်အာန် ၂၇း ၉၃၊ ၃၈း ၈၈၊ ၆း၆၇ တို့တွင်လည်း တွေ့ ရှိရ၏။)

ကုရ်အာန်သိပ္ပံဆိုင်ရာ သက်သေတို့မှာ များပြားလှ၏။ အချက်အချို့ကို သာ ဥပမာပေးရအံ့။

မိုးပေါ်တစ်ကယ်တက်လျှင်အသက်ရှုကြပ်သည်။

လမ်းမှားမှုကို လိုလားသူတို့အား ၎င်းတို့၏ရင်ကို ကြပ်တည်းကျဉ်းကြပ်စေ၏။ ထိုသူသည် မိုးပေါ်ပျံ၍တက် ရသကဲ့သို့ ဖြစ်အံ့။ ( ၆း ၁၂၅)

အမြင့်ပေ၁၆၀၀၀တွင် လေထုဖိအားသည် ကမ္ဘာရေပြင်ထက် ထက်ဝက်လျော့ပြီး ကမ္ဘာမြေပြင်မှ မိုင်၄၀ မှ၅၀အတွင်းလေထုသည် လုံးဝအဆုံးသတ်သွားကြောင်း သိပ္ပံပညာရှင်တို့ဆိုကြ၏။ မိုးကောင်းကင်အမြင့် သို့ရောက်လေလေ လေထုပါးသွားလေလေဖြစ်ပြီး လူသည်အသက်ရှုကြပ်လာမည်ဖြစ်ကြောင်းလူတိုင်း နားလည်နိုင်၏။ ဤအာယတ်သည် ဥပမာတစ်ရပ်အဖြစ် ဖော်ပြ သော်လည်း သဘာဝသိပ္ပံဖြင့်အလွန် ကိုက် ညီလှ၏။

ရေအောက်ထဲငုတ်လျှင်ရေအောက်တွင်အလင်းရောင်မရှိ

လူသားသည်မိမိ၏ ဖန်ဆင်းရှင်ကိုမသိသော် ဘာဖြစ်မည်နည်းဟူသော မေးခွန်းမေးသူများရှိ၏။  ကိုယ့်အ ဖေကိုယ်မသိသော် ဘာဖြစ်မည်နည်း မေးသကဲ့သို့ပင်ဟု ဖြေမိ၏။ ကုရ်အာန်( ၅၉း ၁၉)တွင်အလ္လာဟ်ကို မေ့ခြင်းသည် မိမိကိုယ်ကို မေ့ခြင်းဖြစ်ကြောင်းဆို၏။ အလ္လာဟ်ကို မသိသော် မိမိကိုယ်ကိုမသိ၊ မိမိကိုယ် ကျိုးကို မသိသူဖြစ်ရ၏။ အလ္လာဟ်ကို မသိမြင်သူတို့၏ ဥပမာကို ကုရ်အာန်ကပြရာတွင် သမုဒ္ဒရာအတွင်းရှိ အမှောင်ထုနှင့်တူ၏ ဟုဆိုကာ သမုဒ္ဒရာအတွင်း၌- “ထိုသူသည် လက်ကိုထုတ်ကြည့်သော် (မိမိ)လက်ကို ပင် ပြန်မမြင်နိုင်ချေ” ဟု ဖော်ပြထား၏။ (၂၄း ၄၀)

နေ၏ရောင်စဉ်များအနက် အနီရောင်သည် (၁၅)မီတာခန့်တွင် လိမ္မော်သည် (၂၅၀ )မီတာခန့်တွင် ထိုး ဖောက်နိုင်အားရပ်သွား၏။ ထို့ကြောင့် (၂၅၀)မီတာအောက်တွင် ရေပြင်သည် အလင်း ရောင်လုံးဝမရှိ တော့ပေ။ မှောင်အတိ ဖြစ်သွား၏။ ထိုအခါတွင် လူတစ်ဦးသည် မိမိလက်ကို ထုတ်ကြည့်သော် ထိုလက် ကို မ မြင်ရပေ။ တမန်တော်မြတ်မုဟမ္မဒ်သည် ရေအောက်ငုံ့ရှိုးဖူးခြင်း မရှိဘဲ ဤအချက်ကို အဘယ်သို့ သိပါသ နည်း။ “ကုရ်အာန်သည် တမန်တော်မုဟမ္မဒ်(ဆွ)၏ ကိုယ်ပိုင်အသိဖြင့် ရေးသားခြင်းမဟုတ်ဘဲ အလ္လာဟ် ထံတော်ပါးက ထုတ်ပြန်ပို့ချချက်များ ဖြစ် သောကြောင့်ပင်။

၁၉ ဂဏန်းနှင့် ကုရ်အာန်

(ယင်း၌တဆယ့်ကိုးရှိ၏။) (၇၄း ၃၀)

၇၄း ၃၁ တွင်မူ တဆယ့်ကိုးဂဏန်းအရေအတွက်သည် ထူးခြားမှုရှိကြောင်း ဆက်လက်၍ဖော်ပြ၏။ ၁၉ ဆိုသည်မှာ (၀ါဟစ်ဒ်)တပါးတည်းတည်ရှိတော်မူသော အရှင်ဟူသော အလ္လာဟ့်ဂုဏ် တော် အင်းဂဏန်း ဖြစ်သည်။

- ကုရ်အာန်၏ ပထမဆုံး အာယတ်ဖြစ်သော ဗစ္စမစ်လ္လာဟ်သည် ဗျည်း (၁၉)လုံးရှိ၏။

- ယင်း ဗစ္စမိလ္လာဟ်သည် ကုရ်အာန်တွင် (၁၁၄)ကြိမ်ပါဝင်၏။ (၁၉ x ၆)

- စူရာဟ် (၉) (စူရာဟ်သောင်ဗဟ်)တွင် ဗစ္စမိလ္လာဟ်ဖြင့် မစပေ။ သို့သော် စူရာနမလ် ၂၇း ၃၀ တွင် ဗစ္စမိလ္လာဟ် တစ်ကြိမ် ထပ်ပါဝင်ပြန်၏။ ဗစ္စမိလ္လာဟ်ပျောက်နေသော စူရာဟ်(စူရာဟ် သောင်ဗဟ်)နှင့်ဗစ္စ မိလ္လာဟ်အပိုပါသော စူရာ (စူရာဟ်နမလ်) တို့သည် စူရာ(၁၉)ပုဒ်ခြား၏။

- ပထမဆုံးကျရောက်သောစူရာ ၉၆ (စူရာအလက်)တွင် အာယတ် (၁၉)ပါးပါဝင်၏။ ယင်းစူရာဟ်အလက် သည် ကုရ်အာန်၏အဆုံးမှ ရေတွက်သော် ၁၉ နေရာမြောက်တွင် ရှိ၏။

- ပထမဆုံးကျရောက်သော ငါးအာယတ်တွင် ဗျည်း ၇၆ = ၁၉x၄ ပါဝင်၏။

- နောက်ဆုံးထုတ်ပြန်သော စူရာ(၁၁၀) စူရာဟ် နဆွရ်တွင် ၁၉ လုံးပါသော အာယတ်ဖြင့်အစပြုသည်။

- ကုရ်အာန်တစ်အုပ်လုံးတွင် စူရာဟ် ၁၁၄ ပုဒ်ပါဝင်၏။ (၁၁၄ = ၁၉x၆)

- စူရာဟ် (၅၀) (စူရာကားဖ်)တွင် (ကားဖ်)ဟူသော ဗျည်းတစ်လုံးတည်းဖြင့် အစပြုထား၏။ ယင်း (ကားဖ်)သည် ယင်းစူရာဟ်တစ်ပုဒ် လုံးတွင် ၅၇ လုံးပါဝင်၏။ (ကားဖ်)သည်ကုရ်အာန်ကို ရည်ညွှန်းပြီး ကုရ်အာန်ကို (မဂျီးဒ်)ဟူ၍ ဂုဏ်ပုဒ်ဖြင့် တွဲ၍ ဖော်ပြသည်။ (မဂျီးဒ်)၏ အဘ်ဂျဒ်နံပါတ် (အင်းဂဏန်း)မှာ ၅၇ပင်ဖြစ်သည်။ (၅၇ = ၁၉x၃)

(မှတ်ချက် – အထက်တွင်ဖော်ပြချက်များမှာ အမေရိကန်အရီဇိုးနားပြည်နယ်မှ တက္ကဆန်မြို့ဗလီတစ် လုံး၏အီမာမ်ဖြစ်သော ဒေါက်တာရရှီးဒ်ခလီဖာ၏တွေ့ရှိချက်များဖြစ်သည်။ ရရှီးဒ် ခလီဖာသည်ယုံကြည် ချက် ချွတ်ယွင်းတိမ်းစောင်းသွားမှုကြောင့် သူ၏တွေ့ရှိချက်များကိုပါ မွတ်စလင်ကမ္ဘာကမျက်ကွယ်ပြု လိုက်ကြ၏။ သူ၏၁၉ဆိုင်ရာတင်ပြချက်များတွင် အချို့သည် ချွတ်ချော်မှုများရှိသည်မှန်သော် လည်း အ ထက် ပါအချက်များမှာမူ ငြင်းပယ်မရအောင် မှန်ပါကြောင်းလူတိုင်းလက်ခံနိုင်ကြ၏။)

ဒေါက်တာဆောင်းလွင်အောင် (B,D,S YGN)

ဗဟုသုတစုံလင် ကျမ်းမြတ်ကုရ်အာန်တွင်(၂)
ဒေါက်တာဆောင်းလွင်အောင် (B,D,S YGN) တင်ပြသည်။

(ဏ) ကတိတည်ပါ။

“ကတိကို ကျေပွန်စွာ ဆောင်ရွက်လော့။ (၁၇း၃၄)

““သူတစ်ပါးကိုဂျောက်တွန်းခြင်းမပြုရ။ ( ၄း ၁၂ )

မစွပ်စွဲရ၊ မယိုးစွပ်ရ (၆၀း ၁၂ ၊ ၂၄း ၁၆၊ ၄း ၂၀၊ ၃၃း ၅၈)

အုပ်ချုပ်သူအာဏာပိုင်များနှင့်ပေါင်း၍ သူတပါး၊ ပစ္စည်းကို မတော်မတရား ရယူလိုခြင်းမရှိရ။ (၂း ၁၈၈)

(ဇီနာ)ကာမေသုမိစ္ဆာစရကံ မကျူးလွန်ရ။

ကာမမှု၏ အနားကိုပင် မချဉ်းကပ်ကြကုန်လင့်။ (၁၇း ၃၂) (၂၅း ၆၈၊ ၂၄း၂-၃)

အသက်တစ်ချောင်းကို အကြောင်းမဲ့မသတ်ရ။

အလ္လာဟ်အရှင်မြတ်က ဟရမ်ဟူ၍ တားမြစ်ထားသည်ဖြစ်သော အသက်ကိုမှန်ကန်သော အကြောင်းတ ရားမရှိဘဲ မသတ်ရ။ (၆း ၁၅၁) (၁၇း ၃၃၊ ၄း ၉၂-၉၃၊ ၅း ၃၂)

မူးယစ်သေစာနှင့်လောင်းကစားကိုရှောင်လော့။

မူးယစ်သေစာသည် လည်းကောင်း၊ လောင်းကစားခြင်းသည်လည်းကောင်း၊ အန်ဆွာဗ်နှင့်အဇ်လာမ် သည်လည်းကောင်း ညစ်ညမ်းဆိုးရွားလှသော အမှုကိစ္စများ၊ ရှိုင်တွာန်၏ လုပ်ရပ်များ ဖြစ်ပြီး ယင်းတို့ကို ရှောင်ကြဉ်ကြလော့။ (၅း ၉၀) (၂း ၂၁၉၊ ၄း ၄၃)

မိသားစုနောင်ရေးအတွက်ကြိုတင်စီစဉ်ထားချက်။

အသင်တို့ (ဇနီးမောင်နှံ)အတွက် တင်ကြိုစီမံထားကြလော့။ (၂း ၂၂၃)

သက္က၀ါတရား

သက္က၀ါတရားထားလော။့ (၂း ၂၃၁) (၂း ၂၃၃၊ ၂၇၈၊ ၂၈၁၊ ၂၈၂။ ၃း ၅၀၊ ၁၀၂၊ ၁၃၀၊ ၁၃၁၊ ၂၀၀။ ၄း ၁၊ ၁၃၁။ ၅း၂ ၃၁း ၃)

ကောင်းမှုပြု၊ဆွလာသ်တည်ဆောက်၊ဇကာသ်ပေးဆောင်။

ကောင်းမှုကောင်းရာပြုလော့၊ ဆွလာတ်ဆောက်တည်ကြလော့၊ ဇကားသ်ပေးကြလော့။ ( ၂း ၂၇၇)

မုသားမပြောနှင့်။

မုသားစကားကို ရှောင်ကြဉ်ကြလော့။ (၂၂း ၃၀)

လီဆည်လှည့်ဖြား၍ကျိန်တွယ်ခြင်းမပြုနှင့်။

ကျိန်ဆိုခြင်းကို အချင်းချင်း၌ ပရိယာယ်သဖွယ် မပြုလုပ်ကြနှင့်။ (၁၆း ၉၄)

သစ္စာမဲ့သူကိုမကာကွယ်နှင့်။

သစ္စမဲ့ လိမ်လည်လှည့်ဖျားသူတို့ဘက်မှ ကာကွယ်ချေပပြောဆိုသူ မဖြစ်ပါလေနှင့်။ ( ၄း ၁၀၅)


အသင်တို့ထံ သေခြင်းတရား မဆိုက်ရောက်မီ အသင်တို့အား (အလ္လာဟ်အရှင်မြတ်)ပေးကမ်း ချီးမြှင့်ထားသည်တို့ အနက်မှ လှူဒါန်းသုံးစွဲကြလော့။

အာခိရတ်အတွက်အလုပ်လုပ်၊လောကီရေးမလစ်ဟင်းစေနှင့်။

“အလ္လာဟ်အရှင်မြတ်က အသင်တို့အား ပေးကမ်းထားသည်တို့တွင် တမလွန်အရေးအတွက် ရှာဖွေဆည်း ပူးလော့။ လောကီဘ၀မှ အသင်ရထိုက်သည့် ဝေစုကိုလည်း မေ့မသွားလေနှင့်။

( ၂၈း ၇၇)

သက်သေခံရာတွင်မထိန်ချန်နှင့်။

အသင်တို့ သိမြင်သမျှကို သက်သေမခံဘဲ ထိန်ချန်လျှို့ဝှက်ခြင်း မပြုကြကုန်လင့်။ (၂း ၂၈၃)

အတိုးမစားနှင့်။

အတိုးမစားကြနှင့်။ ( ၃း ၁၃၀) ( ၂း ၂၇၅ – ၂၇၉၊ ၃း ၁၃၀၊ ၄၁း ၇၊ ၄း ၁၆၀ -၁၆၁၊ ၃၀း ၃၉)

ကမ္ဘာပေါ်တွင်အဖျက်လုပ်ငန်းမလုပ်နှင့်။

ကမ္ဘာမြေပေါ်တွင် အဖျက်လုပ်ငန်း မလုပ်ကြနှင့်။ (၇း ၅၆၊ ၇၄၊ ၁၈၅။ ၁၁း ၈၅) ( ၅း ၃၃၊ ၄၂း ၄၂၊ ၂း ၂၇၊ ၇း ၁၀၃၊ ၁၀း ၂၃၊ ၈၉း ၁၁-၁၃၊ ၂း ၁၁ -၁၂၊ ၂း ၂၀၅၊ ၁၃း ၂၅) အဖျက်သမားတို့၏ လမ်းစဉ်ကို မလိုက်နှင့်။ ( ၇း ၁၄၂)

ဥပဒေချိုးဖေါက်သူတို့၏အမိန့်ကိုမနာခံရ။

တိုင်းပြည်၌ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ပြီး (တိုင်းပြည်သာယာဝပြောအောင်) ပြုပြင်ကြခြင်းမရှိသူ များ ဖြစ်ကြသည့် စည်းကမ်းဥပဒေချိုးဖောက်သူတို့ပေးသော အမိန့်ကို မလိုက်နာ ကြကုန်လင့်။ ( ၂၆း ၁၅၁ – ၁၅၂)

ဇနီးကြင်ယာတို့အားကောင်းစွာဆက်ဆံ။

ဇနီးကြင်ယာတို့အား ကောင်းစွာဆက်ဆံကြလော့။ (၄း ၁၉)

ယောက်ျားတို့သည် မိန်းမများအပေါ်၌ အခွင့်အရေးရှိသကဲ့သို့ပင် မိန်းမတို့သည်လည်း ယောက်ျားပေါ်၌ တူညီစွာ အခွင့်အရေးရှိ၏။ ( ၂း ၂၂၈)

တောင်းခံလာသူများကိုငေါက်ငန်းခြင်းမပြုရ။

မည်သို့ပင်ဖြစ်စေကာမူ တောင်းခံလာသူများအား ငေါက်ငမ်းနှင်ထုတ်ခြင်း မပြုနှင့်။ (၉၃း ၁၀)

လှူဒါန်းပြီးနာအောင်ပြောခြင်း၊ဂုဏ်ဖေါ်ခြင်းမပြုရ။

အသင်တို့၏ အလှူဒါနကို ဂုဏ်ဖော်ခြင်းဖြင့်လည်းကောင်း၊ (တဖက်သား)ကို စိတ်ဒုက္ခရောက်စေခြင်းဖြင့် လည်းကောင်း အချည်းအနှီးအကျိုးမဲ့ဖြစ်အောင် မပြုကြနှင့်။ (၂း ၂၆၄) (၄း ၃၈၊ ၉၂း ၁၈-၂၀)

မိဘမဲ့ကလေးများကိုဖိနှိပ်ခြင်းမပြုရ။

မည်သို့ပင်ဖြစ်စေ မိဘမဲ့ကလေးသူငယ်တို့အား ဖိနှိပ်ခြင်းမပြုပါနှင့်။ (၉၃း ၉)

မိမိအတွက်တာဝန်ကျေပြွန်ပါ။

အိုး – မုအ်မင်ယုံကြည်သူအပေါင်းတို့ အသင်တို့ ကိုယ်အတွက် တာဝန်သည် အသင်တို့ပေါ်၌ရှိ၏။

စေ့စပ်ဖျန်ဖြေပေးကြ။

နှစ်ဦးနှစ်ဖက်ကြားတွင် စေ့စပ်ပေးကြလော့။ (၄၉း ၉၊ ၄၂း ၄၀)

ညှိနှိုင်းဆွေးနွေးအဖြေရှာ။

အရေးကိစ္စအ၀၀၌ တိုင်ပင်ဆွေးနွေးမှု ပြုကြလော့။ ( ၃း ၁၅၉)

အငြင်းမပွားကြနှင့်။

အငြင်းမပွားကြနှင့်။ ( ၈း ၄၆)

သွေးကွဲခြင်း၊အုပ်စုကွဲခြင်းမဖြစ်ကြနှင့်။

အုပ်စွဲကွဲသွေးကွဲခြင်း မရှိကြလင့်။ ( ၃း ၁၀၃)

ပညတ်တော်(၁၅)ပါး

ကုရ်အာန်ကျမ်းမြတ် (၁၇း၂၂-၃၈)တွင် အလ္လာဟ်အရှင်မြတ် တားမြစ်ပညတ်(၁၅)ပါးကို ထုတ်ပြန်ထား၏။

(၁) အလ္လာဟ်နှင့်ယှဉ်တွဲ၍ ယုံကြည်ကိုးကွယ်မှု “ရှစ်ရစ်က်”မပြုရ။

(၂) အလ္လာဟ်ကလွဲ၍ အခြားကို ရှိခိုးခြင်း မပြုရ။

(၃) မိဘနှစ်ပါးအား ကောင်းစွာပြုစုဆက်ဆံရမည်။ မိဘကို ငေါက်ငမ်းခြင်းမပြုနှင့် ။ “အိုး” ဟူ၍ပင်မပြော နှင့်။

(၄) ဆွေမျိုးသားချင်း၊ သူဆင်းရဲနှင့် ခရီးသည်တို့၏ ရပိုင်ခွင့်ကို မျက်ကွယ်မပြုရ။

(၅) ဖြုန်းတီးမှု မပြုနှင့်။

(၆) ကိုယ်မပေးကမ်း၊ မပြုစုနိုင်သော်မျှ မချေမငံမပြောရ။

(၇) စေးနည်းတွန့်တိုခြင်းလဲ မပြုနှင့်၊ လက်ဖွာခြင်းလည်းမပြုနှင့်။

(၈) စီးပွားရေးအကြောင်းပြချက်ဖြင့် သားသမီးကို သတ်ခြင်း (ကိုယ်ဝန်ဖျက်ချခြင်း) မပြုရ။

(၉) ကာမေသုမိစ္ဆာရကံ၏ အပါးသို့ မချဉ်းကပ်ရ။

(၁၀) မှန်ကန်သော အကြောင်းတရားမရှိပဲ၊ မည်သည့် အသက်ကိုမျှ မသတ်ရ။

(၁၁) မိဘမဲ့ ကလေးတို့၏ ဥစ္စာပစ္စည်းကို မတရား မစားသုံးရ။

(၁၂) ကတိကို မဖျောက်ဖျက်ရ။

(၁၃) အလေးတင်းတောင်း မခိုးရ။

(၁၄)ုကိုယ်မသိသော အကြောင်းအရာ မလုပ်၊ မပြောရ။

(၁၅) မာန်မာန မကြီးရ၊ မောက်မာပလွှား၊ ဟိတ်ဟန်ထုတ်ခြင်း မပြုရ။

သီလခြောက်ပါးခံယူခြင်း။ (ကုရ်အာန် ၆၀း ၁၂)

(၁) အလ္လာဟ်နှင့် ဒွန်တွဲ၍ အခြားကို တုဖက်ကိုးကွယ်ခြင်းမပြုရ။

(၂) မခိုးရ

(၃) ကာမိသုမိစ္ဆာစရကံ မကျူးလွန်ရ

(၄) မသတ်ရ (အထူးသဖြင့် ကိုယ်ဝန်ဖျက်ချခြင်း)

(၅) မမှန်မကန် ပြောဆို စွပ်စွဲမှုမပြုရ။

(၆) ကောင်းမှု ကောင်းရာများတွင် အသင်(တမန်တော်) ၏ အမိန့်ကို မဖီဆန်ရ။

(၃) အမလီယားသ် (အစ္စလာမ့် လုပ်ထုံးလုပ်နည်းများ) ပိုင်းဆိုင်ရာ ဖော်ပြချက်များ။

ဤအပိုင်းတွင် ဆွလာတ်၊ ဆွီယာမ် ၊ အိသွာအသ်၊ အလ္လာဟ်နှင့်နီးစေမည့် အကြောင်းများအစရှိသည့်ကျင့် မူတည်ဆောက်မှုအပိုင်းနှင့် မုအာမိလားသ်(ခေါ်) အပြန်အလှန် ပြုမူဆက်ဆံမှု အ ပိုင်းဟူ၍နှစ်ပိုင်း ရှိ၏။ မုအာမိလားသ် ပိုင်းနှင့် သက်ဆိုင်သော အစ္စလာမ်တရားဥပဒေ(ရှရီအဟ်)နှင့် ပတ်သက်၍ကုရ်အာန် ရှိ ဖော်ပြချက်များမှာ-

(က) နိကဟ်၊ တွလားက်၊ အမွေဆက်ခံမှု၊ အုပ်ထိန်းမှု၊ မဟရ်၊ ဇနီးအတွက် အသုံးစရိတ်၊ နို့တိုက်မှု အစရှိ သည့် မိသားစုဥပဒေနှင့် ပတ်သက်၍ အာယတ်ပေါင်း (၇၀)ခန့်

(ခ) တရားစီရင်ဆုံးဖြတ်ခြင်း၊ သက်သေခံခြင်း၊ (ကျမ်း)ကျိန်ဆိုခြင်း စသည့် – “တရားစီရင်ရေးနှင့် သက် သေခံဥပေဒ” နှင့် ပတ်သက်သော အာယတ်ပေါင်း (၁၃) ခန့်

(ဂ) ခိုးဝှက်မှု၊ လုယက်မှု၊ အဓမ္မကျင့်မှု၊ လူသတ်မှု၊ အများပြည်သူပိုင်လမ်းကို ဖျက်ဆီးမှု “ပြစ်မှုဥပဒေ၊ ရာ ဇ၀တ် ဥပေဒ”နှင့် ပတ်သက်သော အာယတ် (၃၀)ခန့်

(ဃ) အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် စည်းမျဉ်းစည်းကမ်းများ ပါဝင်သည့် “အုပ် ချုပ်မှုဆိုင်ရာ ဥပဒေ” နှင့် ပတ်သက်သော အာယတ်(၁၀)အာယတ်ခန့်

(င) နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံမှု၊ စစ်ဖြစ်မှု၊ စစ်ပြေငြိမ်းမှု အစရှိသည့် “နိုင်ငံတကာ ဆက်ဆံ ရေး ဥပ ဒေ” ပိုင်းနှင့် ပတ်သက်သော အာယတ်ပေါင်း (၂၅)ခန့်

(စ) နိုင်ငံတစ်ခု၏ ဘဏ္ဍာငွေလျာထား ခွဲဝေသုံးစွဲမှု၊ ဆင်းရဲသားတို့မှ သူဌေးများထံမှ ရပိုင်ခွင့်အစရှိသည့် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အာယတ်ပေါင်း(၁၀) အာယတ်ခန့် ပါဝင်၏။

အမလီယားသ် (အစ္စလာမ့်လုပ်ထုံးလုပ်နည်းများ – အထူးသဖြင့် တရားစီရင်မှုအပိုင်းအတွက် အောက်ပါ အခြေခံ မူများကို ကုရ်အာန်ကချမှတ်ပေးထား၏။

(က) ရှုရဟ် – မည်သည့်ကိစ္စမဆို တစ်ဦးတည်းအမြင်၊ တစ်ဦးတည်းအယူအဆဖြင့်  တစ်ဖက်သတ်မဆုံး ဖြတ်ဘဲ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်းဖြင့်သာ ဆုံးဖြတ်လုပ်ကိုင်ရမည်။ (၂၆း ၃၈၊ ၃း ၁၅၉)

(ခ) အဒလ်- တရားမျှတမှုကို ဦးတည်ရမည်။ (၁၆း ၉၀၊ ၄း ၅၈)

(ဂ) လူတစ်ဦးစွမ်းဆောင်နိုင်သည့် အတိုင်းအတာကို အသိအမှတ်ပြု၍ ယင်းအတိုင်းအတာအတွင်းသာ ဆောင် ရွက်လိုက်နာ ခွင့်ရှိစေရမည်။ (၆း ၁၆၄)

(ဃ) ပြစ်မှုနှင့် လျော်ညီသော ပြစ်ဒဏ်သာကျခံစေရမည်။ (၂၆း ၄၀)

(င) ကောင်းမှုကောင်းရာဘက်ကို ရောက်စေလိုသော ဆန္ဒသဘောထားဖြင့် အထောက်အမ အကူညီအ ဖြစ်စေရ မည်။ (၅း၂)

(စ) အကြပ်အတည်းကို ခွင့်လွှတ်နားလည်ရမည်။ (၂၂း ၇၈)

(ဆ) မလွှဲမရှောင်သာသော အခြေအနေအတွက် အရေးပေါ်အခြေအနေအတွက် လျှော့ပေါ့သက်သက်မှု များ ပေးရမည်။ (၂း၁၇၃)

(ဇ) အဂတိလိုက်စားမှု မရှိရ။ (၂း ၁၈၈)

(ဈ) ပေးအပ်ခြင်းခံရသော အလုပ်တာဝန်၊ ကတိခံဝန်ချက်ကို စောင့်ထိန်းယူဖြစ်ရမည်။ (၅း ၁)

(၄)မိုးကောင်းကင်နှင့်ကမ္ဘာမြေရှိ အလ္လာဟ့်ဖန်ဆင်းခံများအားလေ့လာမှုအပိုင်းအလ္လာဟ်တည်ရှိကြောင်း အထောက်အထားနှင့် အလ္လာဟ်အရှင်မြတ်၏ ကွတ်ဒရသ်တော်များကို သိရှိ နိုင် ရန် မိုးကောင်းကင်၊ ကမ္ဘာမြေနှင့် မိမိပတ်ဝန်းကျင် ရှိသမျှကို လေ့လာဖို့ ကုရ်အာန်က အကြိမ်ကြိမ်ဖော်ပြ၏။ မိုးကောင်းကင် နှင့် ကမ္ဘာမြေ၏ ဖန် ဆင်းမှု၊ နေ့နှင့် ည ပြောင်းလဲမှု၊ ပင်လယ် အ တွင်း ခရီးသွားနေသော သင်္ဘောများ ကို လေ့လာမှု၊ မိုးရေ ရွာသွန်း မှုနှင့် ယင်း မိုးရေကြောင့် ကမ္ဘာမြေရှင်သန်လာမှု၊ ခြေလေးချောင်းသတ်္တ၀ါ များ၏ ပြန့်နှံ့မှု၊ လေတိုက်ခတ်မှု၊ တိမ် များရွေ့ လျားမှုတို့ကို လေ့လာရန် (၂း ၁၆၄)

အရောင်များ၏ ကွဲပြားမှုနှင့် ဘာသာစကားတို့၏ ကွဲပြားမှုတွင် အလ္လာဟ့်နှင့် သက်ဆိုင်သောသက်သေ ရှိ သည် (၃၀း ၂၂)။

ကမ္ဘာမြေအတွင်းနှင့် လူ့ခန္ဓာအတွင်း၌ အလ္လာဟ့်သက်သေရှိ၏ ( ၄၁း ၅၃) ၊

မိုးကောင်းကင်၊ နေ၊ လ အလင်းရောင်နှင့် နေ့ ည (၂၅း ၆၁-၆၂)

အရိပ်နှစ်မျိုးနှင့် အရိပ်များကို တည်ငြိမ်စေမှုသဘော (ကင်မရာ၊ ဓါတ်ပုံ)(၁၆း ၄၈၊ ၂၅း ၄၅)

မိုးတိမ်များနှင့် ယင်းမိုးတိမ်များကြားမှ ပေါက်ကွဲမှု (မိုးကြိုး) မိုးရွာမှု၊ မိုးသီးကြွေမှု၊ လျှပ်စီးလက်မှု၊ခြေနှစ် ချောင်း၊ ခြေလေးချောင်း၊ တွားသွားသတ္တ၀ါတို့ကို လေ့လာပါ။ နေ့ညပြောင်းလဲမှုကို လေ့လာပါ။ (၂၄း၄၃ -၄၅)၊ ပင်လယ်အတွင်းရှိ ရေလှိုင်းတံပိုးများ၊ အလင်းရောင်စဉ်များကို ရေအလွှာများ၏ တဖြေးဖြးဆုပ်ယူ သွားမှု (၂၄း၄၀) တံလျှပ် (၂၄း ၃၉)၊

ရွက်လွှင့်သင်္ဘောများနှင့် လေတိုက်နှုန်း (၄၂း ၃၃)၊

မိုးကောင်းကင်ရှိ ဂြိုဟ်များ မိမိတို့လမ်းကြောင်းအတိုင်း လှည့်ပတ်နေမှု (၃၆း ၃၇-၄၀)၊

ကုလားအုတ်များ၊ မိုးကောင်းကင်၏ မြင့်စွင့်မှု၊ ကမ္ဘာမြေပြင်၏ အနိမ့်အမြင့်ဖြန့်ကြက်မှု (၈၈း ၁၇-၂၀) တို့ ကို လေ့လာပါ။

ကုရ်အာန်တွင် အလ္လာဟ်ဘက်ကို ဖိတ်ခေါ်ရာတွင် နည်းလမ်း(၃)သွယ်ရှိ၏။

(က) “အကလ်”အသိဉာဏ်ကို အသုံးပြုရန် စေ့ဆော်တိုက်တွန်း။

ကုရ်အာန်တွင် “အကလီဒလီလ်” စဉ်းစားတွေးခေါ်ချက်များဖြင့် အလ္လာဟ်နှင့်အစ္စလာမ်ဘက်သို့ ဖိတ် ခေါ်၏။ စဉ်းစားတွေးခေါ်ကြရန်လည်း အကြိမ်ပေါင်း (၇၀၀)ကျော်ပါရှိ၏။ ဥပမာ- အလ္လာဟ်နှစ်ပါးရှိနိုင် သလောဟူသော မေးခွန်းအတွက် အဖြေပေးရာတွင် အကယ်၍ အလ္လာဟ်နှစ်ပါးရှိခဲ့သော် ဆန္ဒသဘော ထား ကွဲပြားနိုင်သဖြင့် စကြ၀ဠာ ကြီးတစ်ခုလုံးပျက်စီးသွားမည် သာဖြစ်ကြောင်း ရှင်းပြ၏။ (၂၃း၉၁၊ ၂၁း၂၂)

ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုကိုယ် မဖန်ဆင်းနိုင်ပါဘဲ ကိုယ်သည် သူတစ်ပါး၏ ဖန်ဆင်းခံမဟုတ်ဟူ၍ အ သို့လျှင် ဆိုနိုင်အံ့နည်းဟု မေးခွန်းထုတ်ကြ၏။ (၅၂း ၃၅)

လူသားတို့ စဉ်းစားဖွယ် မေးခွန်းများမေးထား၏။ ကုရ်အာန် ၆၁း ၆၄ တွင် မေးခွန်း (၉) ပုဒ်ထုတ်ထား၏။

မိုးနှင့်မြေကို ဘယ်သူဖန်ဆင်းလဲ၊ မိုးကို ဘယ်သူရွာစေလဲ၊ ကမ္ဘာမြေမှာ မြေလွှာအနိမ့်အမြင့် မညီအောင် (ရေစီး ဆင်းမှုရှိစေရန်)နှင့် မြစ်ချောင်းများ ဘယ်သူဖောက်သလဲ၊ ကမ္ဘာတည်ငြိမ် အောင် တောင်များ ဘယ်သူ တည်ထား သလဲ၊ ပင်လယ်များအကြား၌ (ရေသိပ်သည်းမှု မညီညာမှု) အတားအဆီးကိုဘယ်သူ လုပ်သလဲ၊ အကူအညီ လို ရင် ဘယ်သူ့ကို အသင်အားကိုး အ ကူအညီတောင်းခံမလဲ၊ ကမ်းမမြင်လမ်းမ မြင် ပင်လယ်နှင့်သဲကန္တာရမှာ လမ်း ပျောက်နေသူတစ်ဦး အသင်ဖြစ်က လမ်းပြ အဖြစ် ဘယ်သူ့ကိုအား ကိုးမလဲ၊ လေကို ဘယ်သူတိုက်စေလဲ၊ ဖန် ဆင်း တီထွင်မှုများသမိုင်းတွင် အစဦးဆုံးသော သူကား အဘယ် သူနည်း။ (ကုရ်အာန် ၆၁း ၆၄)

ဤသို့သော မေးခွန်းများကို စဉ်းစားအဖြေရှာနိုင်သည်။

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဒေါက်တာဆောင်းလွင်အောင်(B,D,S YGN)

ဗဟုသုတစုံလင် ကျမ်းမြတ်ကုရ်အာန်တွင်(၁)
ဒေါက်တာဆောင်းလွင်အောင် (B,D,S YGN)

ကုရ်အာန်ဟူသောဝေါဟာရသည် အာရဗီရင်းမြစ် (က- ရ- အ) ရွတ်ဖတ်ခဲ့သည် ဟူသော ကြိယာပုဒ်မှ ဆင်းသက်ပြီး “အဖန်တလဲလဲ ရွတ်ဖတ်စရာ” ဟူသော အဓိပ္ပာယ်ဖြစ်၏။ “ကုရ်အာန်“ ဟူသည် အလ္လာဟ် အရှင်မြတ် ကိုယ် တော်တိုင် မှည့်ခေါ်သောအမည်ဖြစ်သည်။ (၂း၁၈၅၊ ၁၀း၃၇၊ ၁၀း ၆၁၊ ၁၇း ၁၀၆) ကုရ် အာန်ကျမ်းမြတ်ကို မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ် ထံတော် သို့ အလ္လဟ်အရှင်မြတ်က ရမ်ဒွန်လ မြတ်၏ ကဒရ်ညမြတ်၌ စတင်ထုတ် ပြန်ပို့ချတော်မူခဲ့သည်။ (ကြည့်- ၄၇း၂၊ ၂း၁၈၅၊ ၄၄း၃၊ ၉၇း၁) ကုရ် အာန်ကိုသန့်ရှင်းသောဝိညာဉ်တော် (ရူဟ်ဟွလ် ကွတ်ဒူးစ်) ဂျစ်ဗရီလ်ကောင်းကင်တမန်မှ တစ်ဆင့်ချပေး ခဲ့ခြင်းဖြစ်ပြီး အာရဗီဘာသာစကားဖြင့် ထုတ်ပြန်ပို့ချ ခြင်းဖြစ်သည်။ (ကြည့် – ၁၆း၁၀၂၊ ၂း၉၇၊ ၁၄း၎၊ ၂၆း၁၉၃-၁၉၅၊ ၁၆း၁၀၃၊ ၄၄း၅၈၊ ၉၂း၇၊ ၄၃း၃)။

ကုရ်အာန်ကို ထိုခေတ်ရှိ ဆွဟာဗာများ မှတ်သားကျက်မှတ်လေ့လာနိုင်ရန် အပိုင်းပိုင်းဖြင့် (၂၃)နှစ်တာ ကာလအတွင်း ဖြေးဖြေး ချင်းချပေးတော်မူခဲ့သည်။ (၁၇း၁၀၆) ယင်းသို့အပိုင်းပိုင်းခွဲ ၍ချပေးသော်လည်း၊ ယင်းကုရ်အာန်အစိတ်အပိုင်းများကို အလ္လာဟ်ကိုယ်တော်တိုင်ကပင် တမန်တော်မုဟမ္မဒ်အား လမ်းညွှန် ချက်များပေး၍ သူ့နေရာနှင့်သူ စုစည်းပေးတော်မူခဲ့သည်။ (ကြည့်-၂၅း၃၂၊ ၇၅း၁၇)။

ယင်းသို့ စုစည်းသမျှသော ကုရ်အာန်ကဏ္ဍများကို နေ့စဉ်ဝတ်ပြုရသော ဆွလာတ်ငါးကြိမ်အနက်နံနက် စော စောဝတ်ပြုသောဆွလာတ်(ဖဂ်ျ)နှင့် ညပိုင်းဝတ်ပြုရသော ဆွလာတ်နှစ်ကြိမ် (မဂရစ်နှင့်အိရှာ)တို့ တွင် တမန်တော်မု ဟမ္မဒ်က အသံဖြင့်ထုတ်၍ ဖတ်ရွတ်ပြတော်မူသည်။ (၁၇း၁၁၀)

ကုရ်အာန်ကိုထုတ်ပြန်ရခြင်း၏အကြောင်းအရင်း

အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွ)အပေါ်သို့ ကုရ်အာန်ကျမ်းမြတ်ကို ထုတ်ပြန်ပို့ချပေးရခြင်း ၏ အဓိကအကြောင်းအရင်းနှစ်ရပ်ရှိ၏။

(က) မဟာတမန်တော်မုဟမ္မဒ်သခင်၏ မုအ်ဂျိဇာ (တန်ခိုးဗျာဋိဟာ) တစ်ရပ်ဖြစ်အံ့သောငှာ

(ခ) လူသားတို့ နှစ်ဘ၀အောင်မြင်မှုရရှိရေးအတွက် အပြည့်အ၀ဆုံးသော လမ်းညွှန်ချက်ပေးရန်

“ဤကုရ်အာန်ကျမ်းမြတ်သည် အဖြောင့်မတ်ဆုံးသော လမ်းစဉ်ကို ညွှန်ကြားပြသ၏။” (၁၇း ၉)

ကုရ်အာန်ပါအကြောင်းအရာများ

ကုရ်အာန်တွင် အဓိကအားဖြင့် အပိုင်းငါးပိုင်းပါဝင်၏။

(၁) အကီဒါ (၀ါ) ယုံကြည်ချက်ရေးရာအပိုင်း။

(၂) အခ်လားက် (၀ါ) စာရိတ္တရေးရာအပိုင်း။

(၃) ရှရီအဟ်(၀ါ)အစ္စလာမ့်တရားဥပဒေအပိုင်း။

(၄) မိုးကောင်းကင်နှင့် ကမ္ဘာမြေရှိ အလ္လာဟ်အဖန်ဆင်းခံများအား လေ့လာမှုအပိုင်း။

(၅) ရှေးတမန်တော်များနှင့် ထိုခေတ်လူ့အဖွဲ့အစည်း၏သမိုင်း။

(၁) အကီဒါ (၀ါ) ယုံကြည်ချက်ရေးရာအပိုင်း။

ကုရ်အာန်ကျမ်းတော်မြတ်တွင် ယုံကြည်ချက်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အဓိကအားဖြင့် အလ္လာဟ်နှင့် အလ္လာဟ်စေလွှတ်တော်မူခဲ့သော နဗီရစူလ်တမန်တော် အဆူဆူတို့အပေါ် ယုံကြည် ခြင်း၊ အလ္လာဟ်ထုတ် ပြန် ပို့ချခဲ့သော ရှေးကျမ်းဂန်များနှင့် ကုရ်အာန်အပေါ်တွင် ယုံကြည်ခြင်း၊ မလာအိကဟ် ကောင်းကင်တ မန်တို့ အပေါ်ယုံကြည်ခြင်း၊ တမလွန်ဘ၀ရှိခြင်းနှင့် ယင်းတမ လွန်၌ လောကတွင်လုပ်ခဲ့သမျှသော ကောင်းမှုမကောင်းမှုတို့ကို စစ်ဆေးခံရမည်ဖြစ်ပြီး အကျိုးအစားပေး ခံရမည်ဖြစ်သည်ကို ယုံကြည်ခြင်း များ ဖော်ပြထား၏။

အလ္လဟ်အပေါ်ယုံကြည်ခြင်းနှင့် ပတ်သက်၍ ဖော်ပြချက်အားလုံးကို ကုရ်အာန်၌ အတိုဆုံးကဏ္ဍတစ်ရပ် ဖြစ်သော စူရာဟ် ၁၁၂ တွင် ဤသို့ အနှစ်ချုပ်ဖော်ပြထားသည်။

“(အို-တမန်တော်) အသင်ဟောလော့၊အလ္လဟ်သည် တစ်ပါးတည်းသာရှိ၏။အလ္လာဟ့်တွင်(စားမှုသောက် မှုနေမှုစသည့်) လိုအပ်ချက်ဟူ၍မရှိ၊ အလ္လာဟ့်ကို မည်သူကမျှ မွေးခဲ့သည် မ ဟုတ်သလို၊အလ္လာဟ်က လည်း မည်သူ့ကိုမျှ မွေးဖွားခဲ့သည်မရှိ၊ အလ္လာဟ်နှင့် တုနှိုင်းနိုင်သော အရာတစ်ခုမျှမရှိ။” (၁၁၂း ၁-၄)

ဤကဏ္ဍတွင် (၁) ကိုးကွယ်ခြင်းခံထိုက်သော ဘုရားသခင်ဟူသည်နှစ်ပါးမဟုတ်၊ သုံးပါးမဟုတ်၊တစ်ပါး တည်းဖြစ်ကြောင်း (၂) Time and Space အချိန်နှင့်နေရာ၏ လိုအပ်ချက်မရှိ၊ မည်သည့်နေရာတွင် နေသနည်း၊ မည်သို့ နေထိုင်နေသနည်းဟူ၍ ဆိုဖွယ်မရှိ၊ (၃) Cause and effect အကြောင်းနှင့်အကျိုး အပေါ် အခြေခံသည်မဟုတ်၊ အလ္လာဟ်မည်သို့ စတင်ဖြစ်ပေါ် ခဲ့သည်ဟူသော အကြောင်းမရှိ(၄)Relati- vely နှိုင်းရပမာဏ သဘော မရှိ၊ အလ္လာဟ်ကို မည်သူနှင့်မျှ နှိုင်း၍ မရ၊ ရှစ်ရစ်က် လုပ်ခွင့်မရှိကြောင်းရှင်း ပြထား၏။

အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်သည် ကုရ်အာန်တွင် (၉၉)ပါးပါရှိ၏။ ယင်းဂုဏ်တော်များသည် ကုရ် အာန်တွင်အကြိမ်ပေါင်း (၂၈၀၀)ကျော် ပါရှိ၏။ ယင်းနာမံတော်များအနက် အောက်ပါ နာမံတော်(၄)ပါးမှာ အကြိမ်အများဆုံးပါရှိ၏။

(၁) ရဗ် (အဆင့်ဆင့်ဖန်ဆင်း ပြုစုပျိုးထောင်သောအရှင် )  (အကြိမ်ပေါင်း-၉၆၀ ကျော်ပါ ရှိ၏။ ကုရ်အာန် ကို ယင်းဂုဏ်တော်ဖြင့် စတင်၍ ယင်းဂုဏ်တော်ဖြင့်ပင် အဆုံးသတ်ထား၏။)

(၂) ရဟ်မာန် (အလွန်တရာသနားညှာတာတော်မူသောအရှင်) ရဟီးမ် (အထူးသနားကြင်နာသောအရှင်) ရဟ်မာန်နှင့်ရဟီးမ်သည် အရဗီသဒ္ဓါအားဖြင့် ရင်းမြစ်ပုဒ်တူဖြစ်သည်။ ကုရ်အာန် တွင်အကြိမ်ပေါင်း ၅၆၀ကျော်ပါရှိ၏။

(၃) ဂဖူးရ် (အကြိမ်ကြိမ်ခွင့်လွှတ်တော်မူသောအရှင်ဖြစ်သည်။ အကြိမ်ပေါင်း ၂၃၀ ကျောပါရှိသည်။

(၄) မာလစ်က် (အရာရာကို ပိုင်စိုးတော်မူသော အရှင်)

ကုရ်အာန် ၅၉း ၂၂-၂၄ တွင် အလ္လာဟ်ဂုဏ်တော် (၁၈)ပါးကို စုစည်းဖော်ပြထား၏။ “အလ္လာဟ်နာမံတော် များအားဖြင့် အလ္လာဟ့်ထံတောင်းခံလော့” (၇း၁၈၀) မလာအိကဟ်၊ ကျမ်းဂန်၊ တ မန်တော်များနှင့် အာခိ ရသ်တမလွန်ကို ယုံကြည်ရန် (၂း၁၅၀-၁၅၁)နှင့် မယုံကြည်သော် လမ်းမှားခြင်းဖြစ်ကြောင်း ကုရ်အာန် ကဖော်ပြထား၏။

“အလ္လာဟ်၊ မလာအိကဟ်နှင့် အလ္လာဟ်ကျမ်းတော်များ၊ အလ္လာဟ့်တမန်တော်များ၊ အာခိရသ်နေ့ရက် (ကိ ယာမတ်)ကို မယုံကြည်သူသည် အလွန်ဝေးကွာစွာ လမ်းအလွဲကြီးလွဲသူပင်။” (၄း ၁၃၆)

(၂) အခ်လားက် (၀ါ) စာရိတ္တရေးရာအပိုင်း။

မဟာတမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် စာရိတ္တပိုင်းတွင် အမြင့်မားဆုံးပုဂ်္ဂိုလ်ဖြစ်သည်။ “အသင်တမန် တော်သည် ကြီးမားလှစွာသော စာရိတ္တမြင့်မားသူပင်။” (၆၈း၎)

တမန်တော်မြတ်မုဟမ္မဒ်(ဆွ)သည် ယင်းသို့စံပြနေထိုင်ပြခဲ့သူဖြစ်ပြီး ကိုယ်တော်အား စံနမူနာယူရန်ကုရ် အာန်ကဖော်ပြထား၏။ “အလ္လာဟ့်တမန်တော် (မုဟမ္မဒ်)ထံတွင် အသင်တို့အ တွက် စံနမူကောင်း များရှိ ပေသည်။”

ကုရ်အာန်တွင် ဖော်ပြသော အခ်လားက်ပိုင်းကို အနှစ်ချုပ်ဖော်ပြရသော် -

(က) အဟ်ဆန် [ဝေနေယျအပေါ် ကောင်းမှုပြုခြင်း(၀ါ) လောကကိုအလှဆင်ခြင်း]

“အသင့်အား အလ္လာဟ်အရှင်မြတ်က ကောင်းမှုပြုသကဲ့သို့၊ အသင်ကလည်း (ဝေနေယျအား) ကောင်းမှုပြု လော့၊ ကမ္ဘာမြေတွင်ပျက်စီးရာ ပျက်စီးကြောင်းကို မရှာကြလေနှင့်” (၂၈း၇၇)

မိဘ၊အထက်အောက်ဘိုးဘေး ဆွေမျိုးညာတကာ၊ မိဘမဲ့၊သူဆင်းရဲ၊ခရီးသည်၊ ကျွန်အခိုင်းအစေတို့ အ ပေါ် အဲဟ်ဆန်ပြုခြင်းကို အလ္လာဟ်အပေါ် ယုံကြည်ကိုးကွယ်မှုနှင့်ဒွန်တွဲ၍ ကုရ် အာန်၌ အကြိမ်ကြိမ်ဖော် ပြထား၏။ (၂း၈၃၊ ၄း၃၆၊ ၆း၁၅၁၊ ၁၇း၂၃၊ ၁၆း၉၀)

သက္က၀ါတရားနှင့် အဲဟ်ဆန်တရား နှစ်ရပ်ပေါင်းစပ်သော် ကြီးမားသော အကျိုးရမည်ဖြစ်ကြောင်း ”သင် တို့ အနက် အဲဟ်ဆန်ပြုပြီး သက္က၀ါတရားထားသူတို့အတွက် ကြီးမားလှစွာသော အ ကျိုးရလဒ်ရှိအံ့” (၃း ၁၇၂)

အဲဟ်ဆန်တရားပြုကျင့်သူတို့သည် (လတ်တလောပင်) မိမိအတွက် အကျိုးရှိကြောင်း (အများအကျိုး ဆောင် ကိုယ့်အကျိုးဆောင်) ၅၅း၆၀၊ ၁၇း၇ တွင် ဖော်ပြထားသည်။ အဲဟ်ဆန်တရား ပြုကျင့်သူတို့ကို မုဟ် ဆင်န်ဟုခေါ်သည်။ (၂း၁၉၅၊ ၃း၁၃၄၊ ၃း၁၄၈၊ ၂း၁၁၂၊ ၄း၁၂၅၊ ၂၄း၂၂၊ ၃၇း၁၁၃၊ ၁၆း၁၂၈၊ ၂း၂၃၆၊ ၅း၁၃၊ ၅း၈၅၊ ၅း၉၃၊ ၆း၈၄၊ ၇း၅၆၊ ၉း၉၁၊ ၉း၁၂၀၊ ၁၁း၁၁၅၊ ၁၂း၂၂၊ ၁၂း၃၆၊ ၁၂း၇၈၊ ၁၂း၉၀၊ ၂၂း၃၇၊ ၂၈း၁၄၊ ၂၉း၆၉၊ ၃၁း၃၊ ၃၇း၈၀၊ ၃၇း၁၁၀၊ ၃၇း၁၂၁၊ ၃၇း၁၃၁၊ ၃၉း၃၄၊ ၃၉း၅၈၊ ၆၂း၁၂၊ ၅၁း၁၆၊ ၇၇း၄၄ မုဟ်ဆင်န်မိန်းမများ ၃၃း၂၉ )

(ခ) အလ်အဖူး ခွင့်လွှတ်နားလည်ပေးတတ်ခြင်း။

“(မိမိအပေါ်မကောင်းမှုပြုသူကို) ခွင့်လွှတ်ပြီး ကောင်းစွာပြုမူဆက်ဆံသူကို အကျိုးအစားပေးရန် (ငါ)အ လ္လာဟ် အရှင်၏ တာဝန်ပင်ဖြစ်သည်။” (၄၂း၄၀၊ ၂း၁၀၉)

(အမျက်ဒေါသကို ချုပ်တည်းမြိုသိပ်တတ်ကြသောသူများ၊လူခပ်သိမ်းတို့အားခွင့်လွှတ်နားလည်ပေးတတ် ကြသောသူများ(ယင်းသို့သော) မုဟ်ဆင်န်များကို အလ္လာဟ်ချစ်တော်မူ၏။) (၃း ၁၃၄)

ခွင့်လွှတ်ခြင်း၊တရားကို အမြဲဆုပ်ကိုင်ထားလော့၊ ကောင်းမှုပြုရန် ခိုင်းစေမှုပြုလော့။ (ခွင့်လွှတ်မှုနှင့်ပတ် သက်၍ ဆက်လက်လေ့လာလိုသော် ၃း၁၄၉၊ ၂၄း၂၂၊ ၆၄း၁၄၊ ၃း၁၅၉ တို့တွင် ကြည့်ပါ)

(ဂ) (အလ်အဖါးဖ်) စောင့်စည်းမှု၊ သိက္ခာစောင့်ထိန်းမှု။

(အလ်အဖါးဖ်)ဆိုသည်မှာ ဟော့ဟော့ရမ်းရမ်းမရှိမှု၊ သေသေ၀ပ်ဝပ်၊ ဗိုင်းကောင်းကျောက်ဖိ နေတတ်မှု ပင်ဖြစ်သည်။ ကုရ်အာန်၂း၂၇၃ ဆင်းရဲသော်လည်း ဟိုလူထံလက်ဖြန့်၊ဒီလူ့ထံ လက် ဖြန့်မလုပ်ဘဲ(အလ် အဖါးဖ်) သိက္ခာထိန်း၍ နေထိုင်မှုကြောင့် မသိသူတို့က သူဋ္ဌေးဟုပင် ထင်မှတ်မှားခံရသူ ဆင်းရဲသားတို့ အားပေးကမ်းရန်။ ကုရ်အာန် ၂၄း၃၃တွင် ဆင်းရဲ၍ နိကာဟ် မပြု နိုင်သော် မိမိကိုယ်ကို စောင့်စည်း၍နေ ရန် ငွေကြေးကုန်ကျစရိတ် မတတ်နိုင်သေး၍ နိကာဟ်မပြုနိုင်သေးသော် စောင့်စည်းမှုရှိလော့။ “ထိုသူမ များသည် စောင့်စည်းမှုရှိကြသော် ထိုသူမတို့ အတွက် ကောင်းခြင်းရှိပေ၏။” (၂၄း ၆၀)

မိဘမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို ထိန်းသိမ်းပေးရသောသူသည် လူချမ်းသာတစ်ဦးဖြစ်သော် မိမိ သိက္ခာ မိမိထိန်းသိမ်း၍ မိဘမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းကို မစားသုံးရန် ဟူ၍ ဖော်ပြ ထားသည်။ (၄း ၆)

အတင်းအဖျင်းအဟောသိကစကားဝိုင်းများဖြတ်သန်းသွားရာတွင် သိက္ခာသမာဓိရှိရှိနေရမည့်အကြောင်း ၂၅း၇၂ တွင် ဖော်ပြထားသည်။

(ဃ) (အလ်အဒလ်) တရားမျှတခြင်း

“အလ္လဟ်သည် “အဒလ်”တရားမျှတခြင်းနှင့် “အဲဟ်ဆန်”ကို ပြုလုပ်ကြရန် ခိုင်းစေတော်မူ၏။ (၄း၁၀၇)

စကားပြောရာတွင် -

“စကားပြောရာတွင် မိမိဆွေမျိုးသားချင်းနှင့် ပတ်သက်နေသော အခါပင်ဖြစ်စေကာမူ တရားမျှတမှုရှိ လော့။” (၆း၁၅)

သက်သေခံရာတွင် -

“အို-အီမာန်ရှင်အပေါင်းတို့ – အသင်တို့သည် တရားမျှတမှု၌ ရပ်တည်သူများဖြစ်ကြလော့၊ သက်သေ ခံရာတွင်လည်း မိမိကိုယ်ကျိုး၊ မိဘဆွေမျိုးသားချင်းတို့ကို ဆန့်ကျင်ရသည်ဖြစ်စေ ကာမူ အလ္လာဟ်ကို ထောက်ထား၍ (မှန်ကန်စွာ) သက်သေခံသူများဖြစ်ကြလော့၊ အသင်တို့(သက်သေခံပေးရမည့်သူသည် ချမ်းသာသူဖြစ်စေ) ဆင်းရဲသူဖြစ်စေ (ချမ်းသာ၍ လာဘ်မျှော် ကာ အဂတိမလိုက်စားနှင့်၊ ဆင်းရဲ၍သနား မှုဖြင့် မတရားသက်သေ မလိုက်နှင့်) အလ္လာဟ်သည်သာ ထိုသူဌေး၊ သူဆင်းရဲတို့ထက် အနီးစပ်ဆုံးဖြစ်၏။ (တစ်နည်း-ဦးစားပေးရာ၏) အသင်တို့ သည် တရားမျှမှုမှ တိမ်းစောင်းစေမည့် အဂတိ ဆန္ဒများကို မ လိုက် စားကြကုန်လင့်။” (၄း ၁၃၅)

“လူမျိုးတစ်မျိုးကို မုန်းတီးမှုကြောင့် အသင်တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည် မရှိ စေရ။ (ကိစ္စအ၀၀၊ အခြေအနေမျိုး၌) တရားမျှတမှု ရှိကြလော့။” (၅း၈)

တရားစီရင်ရာတွင် -

“လူတစ်ဦးနှင့် တစ်ဦးကြား တရားစီရင်ရာတွင် တရားမျှတစွာ စီရင်ဆုံးဖြတ်ရန် (အလ္လာဟ်ကအမိန့်ပေး တော်မူ၏)။ (၄း၅၈)

ဘာသာခြားပင်ဖြစ်စေကာမူ တရားစီရင်သော် တရားမျှတစွာ စီရင်ရမည့်အကြောင်း (၅း၄၂)၊

မတည့်သော အုပ်စုနှစ်ခုကြား၌ ညှိနှိုင်းရာတွင် တရားမျှတမှု (၃၃း၉)၊

ဇနီးများ၌တရားမျှတမှု (၄း၃၊ ၄း၁၂၉)၊ စာချုပ်ချုပ်ရာတွင် တရားမျှတမှု (၂း၂၈၂)၊

(တရားမျှတမှုအကြောင်း ဆက်လက်လေ့လာလိုသော် – (၅း၉၅၊ ၅း၁၀၆၊ ၁၆း၇၆၊ ၄၂း၁၅၊ ၁၆း၉၀၊ ၄၉း၉၊ ၆၅း၂၊ ၄း၁၀၅) “ဇုလွန်မ်” မတရားမှုမပြုရန် (၄၂း၃၉-၄၂၊ ၄း၁၀၅၊ ၂း၂၈၃၊ ၆း၄၅၊ ၁၀း၁၃၊ ၁၈း၅၉၊ ၁၁း၁၁၊ ၃၀း၅၇၊ ၃၀း၂၉)

(င) ဖြောင့်မတ်တည်ကြည်ရန်

“အသင်တို့သည် ဖြောင့်မတ်တည်ကြည်သူများနှင့် အတူရှိကြလော့”။ (၉း၁၁၉) (၃၃း၂၄)

“ဖြောင့်မတ်သော စကားပြောလော့။ (၃၃း ၇၁)

(စ) ကြံ့ကြံ့ခိုင်မှု၊ခန္တီတရားထားရှိမှု။

“အို–အီမာန်ရှင်တို့ – အသင်တို့သည် (ဒုက္ခနှင့်ကြုံလျှင်) သည်းခံလော့၊ ကြံ့ကြံ့ခိုင်လော့၊ ဒုက္ခကိုရင်ဆိုင် ရန်) အသင့်ရှိလော့” (၃း၂၀၀)

အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ (၃၁း ၁၇)

၎င်း(ကာဖစ်ရ်)တို့ ပြောဆိုချက်များကို သည်းခံလော့။ (၇၃း၁၀)

“အသင်တို့ အချင်းချင်းအငြင်းမပွားကြနှင့်။ သို့ရှိလျှင် (ထိုသို့အငြင်းပွားသော်) အသင်တို့ စိတ်ဓာတ်ရေး ရာကျဆုံး ကြပေမည်။ အသင်တို့၏ လေ(အင်အား)လည်း ကုန်ခန်းသွားပေမည်။ သည်းခံကြံ့ခိုင်ကြ လော့၊ သည်းခံကြံ့ခိုင် သောသူတို့နှင့် အလ္လာဟ်အရှိတော်မူ၏။ (၈း ၄၆)

အလ္လာဟ်အရှင်မြတ်သည် သည်းခံတတ်သူတို့ကို မြတ်နိုးတော်မူ၏။ (၃း ၁၄၆)

(ဆ) မကောင်းသူကိုအကောင်းဖြင့်တုံ့ပြန်ခြင်း။

“မကောင်းမှုကို အကောင်းဖြင့် ခုခံတွန်းလှန်လော့” (၂၃း၉၆၊ ၄၁း၃၄)

(ဇ)ယုံကြည်လွှဲအပ်မှုကိုစောင့်ထိန်းခြင်း။

“(အောင်မြင်မှုရရှိမည့် အီမာန်ရှင်တို့၏ အရည်အချင်းမှာ) ယုံကြည်လွှဲအပ်မှုကို လည်းကောင်း၊ ကတိက ၀တ်များကို လည်းကောင်း စောင့်ထိန်းကြ၏။” (၂၃း၈)

“ယုံကြည်လွှဲအပ်ခံရသူ အပ်နှံထားသော ပစ္စည်းကိုမူလပိုင်ရှင်ထံသို့ပေးရန် အလ္လာဟ်သည်အသင်တို့အား ပညတ်တော်မူ၏။” (၄း၅၈)(၂း ၂၈၃)

“အမာနဟ်” (အလွဲသုံးစား) မလုပ်ရန်လည်း ကုရ်အာန်ကဖော်ပြ၏။

“အသင်တို့သည် အလ္လာဟ်နှင့် တမန်တော်ကို အလွဲသုံးစားမပြုကြနှင့်။ ထို့အတူအသင်တို့ကို ယုံကြည်လွှဲ အပ် ထားသော “အမာနဟ်”ကို ခိယာနဟ် (အလွဲသုံးစား)မပြုကြနှင့်။” (၈း၂၇)

“အလ္လာဟ်သည် ခိယာနသ်ပြုသူများကိုလည်းကောင်း၊ အပြစ်လုပ်သူတို့ကို လည်းကောင်း နှစ်သက်တော် မမူပေ ” (၄း ၁၀၇)

(ဈ) မာန်မာနကင်းခြင်း။

“အသင်သည် ပထမ၀ီမြေ၀ယ်မော်ကြွားလျက် လမ်းမလျှောက်နှင့်။ (အသင့်ခြေလှမ်းတို့ဖြင့်) ကမ္ဘာမြေ ကို မဖောက် နိုင်သကဲ့သို့ အသင့်အရပ်မြင့်မားခြင်းသည် တောင်များကို မီနိုင်မည် မ ဟုတ်ပေ။” (၁၇း၃၇)

အသင်သည် လူတို့ ရှေ့ဝယ် မျက်နှာကိုစူ၍ မထားနှင့်၊ မြေပေါ်လမ်းလျှောက်ရာတွင်လည်း မော်ကြွား၍ မ လျှောက်နှင့်၊ အလ္လာဟ်သည် မာန၀င့်ကြွားသူ၊ ဂုဏ်မောက်သူတို့ကို နှစ်သက်တော် မမူချေ။လမ်းလျှောက် ရာတွင် (နှေးခြင်း၊ မြန်ခြင်းမရှိ) အလယ်အလတ်သာ လျှောက်လော့၊ အသင့်အသံကို နှိမ့်ချလော့။(မြည်း သံဖြင့် စကား မ ပြောနှင့်) “အသံတကာ အသံတို့တွင် မြည်း သတ္တ၀ါ၏ အသံသည် နှစ်သက်ဖွယ်မရှိပေ။ (၃၁း၁၈-၁၉)

အလ္လာဟ်ချစ်သော အီဗာဒီ (ပုဂ်္ဂိုလ်မွန်)တို့၏ ကျိုးနွံသေ၀ပ်စွာနေထိုင်ပုံကိုလည်း ကုရ်အာန်(၂၅း၆၃-၇၅) တွင် ဖော်ပြထား၏။

(ည) အတင်းအဖြင်းမပြောနှင့်၊ မစပ်စုနှင့်၊ မကောင်းမထင်နှင့်။

“အို – အီမာန်ရှင်အပေါင်းတို့ – (မကောင်း)ထင်မြင်မှုများစွာကို ရှောင်ကြဉ်ကြ။ ထင်မြင်ချက် အချို့သည် အပြစ် ဖြစ်၏။ တစ်ဦး၏ (အတွင်းရေးကို) တစ်ဦးက စပ်စုခြင်း၊ မပြုကြနှင့်။ တစ်ဦး ကိုတစ်ဦး နောက် ကွယ် အတင်း မပြော ကြနှင့်။ အသင်တို့သည် ညီအစ်ကို၏ အသားကို စားရန် နှစ်သက်ကြသလော။ အ သင်တို့ စက်ဆုပ်ကြမည်သာ”။ (၄၇း၁၂)

(ဋ) မသရော်ရ ၊ နာမည်မဖျက်ရ၊ စောင်းချိတ်ခြင်းမပြုရ။

လူမျိုးတစ်မျိုးကို နောက်လူမျိုးတစ်မျိုးက (အထင်သေး၊ အမြင်သေး)သရော်မှု မပြုရ။ (၄၉း ၁၁)

“နာမည်အပြောင်များဖြင့် တစ်ဦးကိုတစ်ဦး မခေါ်ရ။” (၄၉း ၁၁)

“အချင်းချင်း ငြူစူစောင်းမြောင်ကဲ့ရဲ့ခြင်း မပြုကြရ။” (၄၉း၁၁)

“စောင်းချိပ်သူနှင့် အတင်းပြောသူတို့ ကျိုးယုတ်ပျက်စီးမည်သာ။” (၁၀၄း၁)

(ဌ) မကောင်းသတင်းမလွှင့်ရ။

“အီမာန်ရှင်တစ်ဦး၏ ရှက်ဖွယ်ရာသတင်းကို ပျံ့ပွားစေလိုသူအတွက် ဤလောက၌လည်းကောင်း၊ အာခိ ရသ် တမလွန်၌သော်လည်းကောင်း ပြင်းပြသော ပြစ်ဒဏ်ရှိပေသည်။” (၂၄း ၁၉)

(ဍ) ကျေးဇူးမမေ့နှင့်။

“အသင်တို့အကြားအလယ်ရှိ ကျေးဇူးကို မမေ့ကြနှင့်”။ (၂း ၂၃၇)

(ဎ) အလေး၊ တင်းတောင်းမစဉ်းလဲရ။

“တင်း၊ တောင်းနှင့် အလေးများကို တရားမျှတစွာဖြင့် ချိန်တွယ်၍ ပေးကြလော့”

(ဤအကြောင်းအရာနှင့်ပတ်သက်၍ ၇း၈၅၊ ၁၁း၈၄-၈၅၊ ၁၇း၃၅၊ ၂၆း၁၈၁-၁၈၃၊ ၆း၁၅၂၊ ၅၅း၇၇-၇၉၊ ၈၃း ၁-၄ ကိုလည်း လေ့လာပါ။)

အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။

ဒေါက်တာဆောင်းလွင်အောင်(B,D,S YGN)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၅)
ကုရ်အာန်ကိုမြင်တွေ့ရာဝယ်

ကျမ်းမြတ် ကုရ်အာန်၏ ဥပဒေများကို လွယ်ကူမှုအတိုင်း မြင်နှိုင်ရန်အတွက် ကုရ်အာန်က ညွှန်ကြားသော နည်းလမ်းအတိုင်း ကုရ်အာန် ကိုချဉ်းကပ် နှိုင်ရမည်ဖြစ် သည်။

(၁) ထိုကျမ်းသည် အဖြူထည် သက်သက် ဖြစ်သူတို့ မှအပ အခြားသူများကို အကျိုး သက်ရောက် စေမည်မဟုတ်ပေ။) ၅၆း ၇၉

(၂) ကုရ်အာန်သည် စကြ၀ဠာဆိုင်ရာ လူမျိုးတိုင်း ခေတ်တိုင်း နှင့်နေရာ တိုင်း အ တွက် လမ်းညွှန်ကျမ်း ဖြစ်သည်။ ၈၁း၂၇

(၃) ကုရ်အာန်သည် အရာခပ်သိမ်းတို့၏ အကြောင်းကို ရှင်းလင်းထားသော ဘ၀ လမ်းညွှန်ကျမ်း ဖြစ်သည်။ ၁၆း၈၇

(၄) ကုရ်အာန်ပါ ဗျာဒိတ်များကို ကုရ်အာန်ကပင် အသေးစိပ် ပြန်လည် ရှင်းထား ပြီးဖြစ်သည်။ ၁၁း၁- ၁၀း၃၇

(၅)  (ယင်းကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုရန် ကိစ္စသည်ငါအရှင်၏ တာဝန်ပင် အ မှန်ဖြစ်၏။) ၇၅း၁၉

(၆)ကုရ်အာန်ပါ ဗျာဒိတ် အမျိုးအစား နှစ်မျိုးရှိသည် တစ်မျိုးမှာ တွေ့ရုံ မြင်ရုံ ဖြင့် ချက် ချင်း လက်ငင်း ကွက်ကွက် ကွင်းကွင်း သိမြင်နှိုင်သော ပင်မ အုပ်စု နိယာမ (မုဟာကေ မသ်) နှင့် ထိုပင်မ နိယာမကို ဆင့်ကဲဆင့်ကဲ သိမြင်လာစေသော တွေး လေနက်လေ ခေတ်ရှေ့ သို့ပြေးနေသော (မု သရှာဗီဟသ်) ဗျာဒိတ် တို့ဖြစ်သည်။ (မုသရှာဗီဟသ်) ဗျာ ဒိတ် အမျိုးအစားသည် လူတို့၏ တိုး တက်လာသော အခြေ အနေနှင့် အချိန်အခါ ရောက်ရှိမှ သာ ဖွင့်ဆိုနှိုင်သော ဗျာဒိတ် အမျိုး အစား ဖြစ် သည်။ ၃း၇

အထက်ပါ ဗျာဒိတ် အချို့သည် ကုရ်အာန်ကို လေ့လာဆည်းပူး ရာ၌ အဓိက ထည့် သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။

ကုရ်အာန်စတင် ကျရောက်ခဲ့ချိန် နှစ်ပေါင်း၁၅၀၀ က လူသားတို့သည်  အစီးအ နှင်းယာဉ်အဖြစ် တိရစ္ဆာန်များနှင့် တိရစ္ဆာန်များ ဆွဲသော ယာဉ်များကို အသုံးပြု ကြသည်။ ထို အချိန်ကပင် ကျမ်းမြတ်ကုရ်အာန် ၈၄း၁၉တွင် လူသားများသည် တစ် ဂြိုဟ် မှအခြားဂြိုဟ် များသို့ အစီးအနှင်း ယဉ်များဖြင့်သွားရောက်ကြ မည့် အကြောင်းကို ဗျာဒိတ် ထား ပေသည်။ ထိုဗျာဒိတ် အရ လူသားသည် ကမ္ဘာဂြိုဟ် တွင်မက အခြားဂြိုဟ်များ သို့ပါသွားရောက် လျှက်ရှိ ကြောင်းကို ၁၉ရာစု နှစ် လောက်မှစတင်၍ ထင်ရှားစွာမြင်တွေ့ ရ ခြင်းဖြစ်သည်။ ရှေးလူသားပညာရှိများ သည် ထိုဗျာဒိတ်ကို ဖွင့်ဆိုရာ၌ ၄င်းတို့ခေတ် ၄င်းတို့ပါတ်ဝန်းကျင်၏ အခြေအ နေအရပ်ရပ် အပေါ်မူတည်၍ ကွဲပြားခြားနားစွာ ယူ ဆ ဖွင့်ဆို ခဲ့ကြသည်။ အချို့ က သေဆုံးသွားသော လူသားအား ဤအမ္ဘာဂြိုဟ် မှ အခြားဂြိုဟ် (ဗရ်ဇခ် )ခေါ် သု ဿန်သို့ ပို့ခြင်းဟူ၍ ယူဆဖွင့်ဆိုကြသည်။ ၄င်းတို့၏ ဖွင့်ဆို ချက် သည် ၄င်းတို့ ခေတ်၎င်းတို့ ၀န်ကျင်နှင့် လိုက်လျှောညီထွေ ရှိသောဖွင့်ဆိုချက်ဖြစ်သည်။ ထိုခေတ်ထိုအခါက လူသားများအဖို့ မှန်ကန်သော ဖွင့်ဆိုချက်ဖြစ် ကြောင်းလက် ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည် ကုရ်အာန်၏ ခေတ်တိုင်းနှင့် လူ တိုင်းအတွက် ပြီးပြည့် ဆုံသော လမ်းညွှန်မှု ဖြစ်သော ကြောင့်ပင်။

ထိုအချိန်ကတဲက ကုရ်အာန် ကဆိုသော-( လူသားသည် တစ်ဂြိုဟ်မှ အခြားဂြိုဟ် ကမ္ဘာများသို့ သွားရောက် မည်ဟုဆိုခြင်းကို) ယနေ့မျက်မှောက်ခေတ် လူသားများ သည်မျက် ၀ါးထင်ထင် မြင် တွေ့ကြရပေသည်။ ထိုနည်းတူစွာ မွတ်စလင်မ်များ ဆွ လာသ်တည်ဆောက်ရာ ၌ မက္ကာဟ်မြို့ရှိ ကာဘာကျောင်းတော် ဘက်သို့မျက် နှာ မူ၍ ဆွလာသ် တည် ဆောက် ရန် ကုရ်အာန် ၂း-၁၅၀-တို့တွင်ပြဌာန်း ထား ပြီး ဖြစ် သည်။ ထိုပြဌာန်းချက် နှင့်အတူ အခြားဂြိုဟ်များသို့ ရောက်ရှိနေသော လူ သား များအား မည်သို့ မျက်နှာ မူရ မည် ကိုလည်း ကုရ်အာန်တွင် ပြဌာန်းထားသည်ကို တွေ့ရ ပေသည်။ ကုရ်အာန် ၂း၁၁၅ တွင်

(အရှေ့အရပ် သည်လည်းကောင်း အနောက် အရပ် သည်လည်းကောင်း အလ္လာဟ်အ ရှင့် အဖို့သာဖြစ်၏၊ သို့ဖြစ်၍ မည်သည့် အရပ် ဘက်သို့ဖြစ်စေ မျက်နှာမူခဲ့သည်ရှိသော် အလ္လာဟ်အရှင်၏ မျက်နှာဘက် သို့ လှည့်၍၀တ်ပြုခြင်း ဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်သည် အရပ်မျက်နှာ အားလုံးကို ကျယ်ဝန်းစွာ ၀န်းရံထားသော အရှင်ဖြစ်တော် မူ၏။)

ဤသည့် ဗျာဒိတ် အချို့ကို အထက်မှ ဖေါ်ပြခဲ့သော ဗျာဒိတ် (၁)မှ(၆) ၏ ဘောင်အ တွင်းမှ  ကြည့်မည် ဆိုပါက ကုရ်အာန် ကပြော လိုသော အကြောင်းအရာ ကို ရှင်း လင်းထင် ရှားစွာ သိမြင်နှိုင်ပေမည်။

ဤသည် ကျမ်းမြတ်ကုရ်အာန် ပါဗျာဒိတ်များ ကို ကျမ်းမြတ်ကုရ် အာန်၏ ဗျာဒိတ် များ၏ လောင်းရိပ်အောက် မှဘာသာပြန် ဖွင့်ဆိုသော ကုရ်အာန်ပြစနစ် ဇ ယား ဖြစ် သည်။

ကုရ်အာန်သည် လက်ဦးမဆွကပင် စကြာဝဠာ ရှိလူသား အားလုံး နှင့်ခေတ်တိုင်း အတွက် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ တိုင် စကြာဝဠာ ဆိုင်ရာ လမ်းညွှန်ကျမ်း ဟု ဆိုထား ပြီး ဖြစ်သည်။ ထိုကျမ်းပါ ဗျာဒိတ်အမျိုး အစားများတွင် ခေတ်မှီ တိုးတက် လာသော အခြေအနေနှင့် အချိန်အခါများရောက် ရှိလာမှသာ ထင်ရှားစွာ သိရှိ နှိုင် သော ဗျာဒိတ်များ တည်ရှိနေပေသည်။

ထိုအကြောင်းများကို အသေးစိပ် သိရှိ ထားသော နှစ်ဘ၀သခင် ကျေးဇူးရှင် တမန် တော်မြတ်ကြီး မုဟမ္မဒ် (အရှင်၏အေးငြိမ်းမှု အပေါင်းခညောင်းပါစေ) က ကျမ်း မြတ် ကုရ် အာန် ကို မူရင်းအတိုင်း လူသားတစ်ရပ်လုံး အတွက်အမွေထားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပင် တမန်တော်၏ မဟာသာဝကများ၊ အဂ္ဂမဟာသာဝကများ ကလည်း ကုရ်အာန် ကို တမန်တော် နည်းတူ မူရင်းအတိုင်း ထားခဲ့ခြင်းဖြစ်သည်။ ကုရ်အာန်သည် စကြ၀ဠာတစ်ခုလုံးနှင့် ဆိုင်သော ကေယာမသ်နေ့တိုင် လူသား တစ်ရပ်လုံး ကိုခေတ် တိုင်း စ နစ်တိုင်းအတွက် တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဥာဏ် တော်ဖြင့် တိုင်းတာ ချင့်ချိန်၍ ပြဌာန်း ထားသော ဗျာဒိတ် တော်ဖြစ်သည်။ ထိုဗျာဒိတ်များကို မိမိတို့၏ မျက် စေ့ တစ်ဆုံး လောက် ကိုသာလွှမ်းငုံနှိုင်သော ခေတ်အဆက်ဆက် လူသားများရေးသားသော လူရေးကျမ်းစွဲ၊ ကျောင်းတော်စွဲ၊ ဂိုဏ်းဂနစွဲ၊ ဆရာစွဲ၊ ပုဂ္ဂိုရ် စွဲ၊ ရိုးရာစွဲ ဟူသော အစွဲ ပေါင်းစုံ ကင်း မှ သာ ကုရ်အာန်က ပြောလိုသော အကြောင်းအရာ များကို အရှိအတိုင်းမြင်နှိုင် မည်ဖြစ်သည်။ သို့မဟုတ်ပါက သဘာ ၀ အဖြူထည် ကုရ်အာန် ကို ရောင် စုံ မျက် မှန် များဖြင့်ကြည့်သကဲ့သို့ ဖြစ်နေပေမည်။

(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၄)
လွယ်ကူသောကုရ်အာန်၏ စားသောက်မှုဆိုင်ရာ ဥပဒေ

ကုရ်အာန်ပါ ဥပဒေများ အနက်၊ အစားအသောက် ဆိုင်ရာ ဥပဒေအချို့ ကိုတစ်စေ့ တစောင်း ကြည့်မည် ဆိုပါက -(ဟလားလံ တွိုက်ယေဘာ) ၅း၎။၁၇း၇၀။တို့တွင်  (ကောင်း မြတ် သန့် ရှင်း သော အစားအစာများကို အမည်နာမ ဖေါ် ပြမှု မရှိဘဲစား ခွင့်ပြုထားပြီး ဖြစ်သည်။  အလားတူပင် လူသားတို့ အတွက် ဘေးဥပါဒ် အန္တရာယ် ဖြစ်စေ နှိုင်မည့် အ စား အစာများ အားလုံး ကို လည်း တားမြစ်ရာ၌ ချွင်းချက် မရှိ စေရန်အတွက် အမည်နာမများကို သီးသန့် ဖေါ်ပြထားမှု မရှိဘဲ တားမြစ် ပိတ်ပင် ထား သည် ။

ကုရ်အာန်၏ တိကျ ပြည့်စုံ သော နည်းဖြင့် ဖေါ် ပြမှု ပုံစံမှာ မည်သို့မျှ စောဒက ၀င်၍မရ သောနည်း ဖြစ်သည်။ အကယ်၍ စားသုံးပိုင်ခွင့် ရှိလေသမျှသော အစား အသောက် များ၏ အမည်များ ကို တစ်ခုချင်း ဖေါ်ပြနေပါက- အစားအသောက် ဥပဒေ တစ်မျိုးတည်း နှင့်ပင် စာမျက်နှာပေါင်းများစွာ ဖြစ်နေမည်။ အခြားသော ဥပဒေ ပေါင်းများ စွာ ကို လည်း အလားတူ တင်ပြနေပါက လူ တစ်ဦး အတွက် တစ်ဘဝလုံး တွင် စာဖတ်ရင်းသာ အချိန်ကုန်သွားမည်ဖြစ်သည်။ လက်တွေ့ကဏ္ဍ ကျင့်ကြံ နေထိုင်နိုင်ရန် အချိန်ရ လိုက် တော့မည် မဟုတ်ချေ၊ စကြဝဠာ အပေါင်းအား ပြဌာန်းသော အရှင်သည် စကြာဝဠာအတွင်း ဖြစ်တည် လာသော မျိုးစိတ်များ၏ မူလဇစ်မြစ်ကို သိရှိပြီးသား ဖြစ်နေ သည့် အလျှောက် လူသားတို့အား ဥပဒေ ပြဋ္ဌာန်းရာ၌လည်း အလွယ်တကူ လျှပ်တပြက်ဖြင့် နားလည်နိုင်စေရန် ပြဋ္ဌာန်းထားသည် များကိုတွေ့ရပေသည်။ (၆း ၁၄၂) တွင် စား ခွင့်ပြု ထားသော (အလ် အန်အာမ်) ခွာကွဲ စားမြုံ့ပြန်- မြက်စား (အသားမစား သည့်) တိရစ္ဆာန် မျိုးနွယ်ဖြစ်သည့်၊ ဆဲလ်သဘာဝတူ မျိုးစိတ်တစ်ခု အမည်အုပ် စုဖြင့် ဖေါ် ပြပေးထားပေသည်။ (အလ်အန်အာမ်) ဟူသည် လူသားတို့ ပတ်ဝန်း ကျင်ရှိ  အလွယ်တကူ  မြင်တွေ့ သိကျွမ်း ပြီးသား တိရစ္ဆာန် မျိုးနွယ်များ ဖြစ် သည့် ကျွဲ နွား ဆိတ်၊သိုး စ သည့် တိရစ္ဆာန် မျိုးနွယ်များ ဖြစ်သည်။  ထိုပြဋ္ဌာန်း ချက် ဥပဒေကို သိရှိသူ မွတ်စလင်မ် တစ်ဦးသည် (အလ်အန်အာမ်) (ဆဲလ်) သဘာဝတူ (ခွာကွဲစားမြု့ပြန်မြက် စား (အသားမစားသည့်) တိရစ္ဆာန် မျိုးနွယ်များ) ဖြစ်သည့် သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ် တို့ကဲ့သို့ သော အခြား မျိုးစိတ်တူ  တိရစ္ဆာန်များကို စားခွင့်ရှိကြောင်းကို အလွယ် တ ကူ သိရှိနှိုင်ပေသည်။

အလားတူပင် ကြွက်၊ ကြောင်၊ ကျား၊ ခွေး၊ ဝံ၊ သစ်၊ ခြင်္သေ့ စသည့် ခွာမပါ ခွာမကွဲ စားမြုံ့ မပြန်သော အသားစား တိရစ္တာန်၊ အစုံစား တိရစ္ဆာန်များကို စားသုံးခြင်းမှရှောင် ကျဉ် နှိုင်ရန် တား မြစ် ရာ၌့လည်း လူသားတို့ အလွယ်တကူ မြင်တွေ့ သိရှိ နိုင် သည့် (ဆဲလ်) သဘာဝ မျိုးစိတ်တူ ဝက်တိရစ္ဆာန်အား တား မြစ်ခြင်းဖြင့် အလွယ်တကူသိ ရှိနှိုင် ပေ သည်။(၂း၁၇၃)၊

ထိုသို့ တား မြစ်ခြင်း ခွင့်ပြုခြင်းတို့ နှင့်အတူ အခြား ဥပဒေ တစ်ခုမှာ သွေး ကို လည်း တားမြစ် ထားပေသည် (၅း၃)။ သွေးကို ကျမ်းတော်က   “မိဟာဒန်” စီးဆင်းသော သွေး။ သွေးပြန်ကြော မှ ပန်းထွက်သော သွေးဟု ဖြစ်သည်။ တဆက် တည်းတွင် စားသုံးပိုင်ခွင့် ရှိသော တိရစ္ဆာန်များကို တုနှိုင်းမဲ့အရှင်၏ နာမတော်ကို တိုင် တည်လျှက် ထိုသွေး ကြောအား လှီးဖြတ်ရမည်ဟု ဆို ထား ပေသည်။ ထိုအသုံးအနှုန်း ကို “ဇဗီဟာဟ်” ဟုဆိုသည်။ “ဇဗီဟာဟ်” ဟူသည် သတ္တ၀ါတို့ လျှပ်တပြက်အတွင်း ခံစားမှု အာရုံမဲ့ သွား မည့်နေရာ (လည်ပင်း) သွေး ကြောအား လှီးဖြတ် ရ မည် ဖြစ်သည်။

သွေးပြန်ကြောမှ သွေးများထွက်ရန် တခေါက်ကြောအား ဖြတ်ခြင်းဖြင့် လည်းကောင်း၊ နံရိုးကြားသို့ ဓါး၊ ဒုတ်၊ အချွန်နှင့် ထိုးခြင်းဖြင့် လည်းကောင်း မပြုလုပ်ရန် “ဇဗီဟာဟ်” ဆိုသည့် ဝေါ ဟာရကို သုံးထားခြင်း ဖြစ်ပေသည်။ လူသား သဘာဝ ဤလောက အတွင်း မှီတင်း နေရသည်ဖြစ်၍  အသက်သတ်ရခြင်းနှင့် မကင်းသည့် အတွက် မိမိတို့ လူ သားများ အသက်ရှင်သန် ရပ် တည်ရေးအတွက် တိရစ္ဆာန် များကို လှီးသတ် နိုင်ခွင့် ပြုထားသော် လည်း မေတ္တာမဲ့ ရက်စက်စွာ ညှင်းပန်း နှိပ်စက်ခြင်း မပြုရသော အဓိပါယ်ကို “ဇဗီ ဟာဟ်” ဆိုသည့် စကားက အ နက် ပေး ခြင်းဖြစ်သည်။ “ဇဗီဟာဟ်” လည်ပင်း သွေးကြောကို လှီဖြတ်ခြင်းဖြင့် တိရစ္ဆာန် တစ်ကောင်သည် လျှပ်တပြက် (အများဆုံး သုံး စကန့် အတွင်းတွင်) အာ ရုံခံစားမှု ပြတ်တောက် သွားပေ သည်။

ထိုလည်ပင်း သွေးပြန်ကြောမှ ပန်းထွက်သွားသော သွေးကြောင့် ကိုယ်ထဲရှိ သွေးကြော များနှင့် အတူပြန့်နှံ့နေသော ရောဂါပိုးမွှားများ မှာလည်း သွေးနှင့်အတူ ပါသွားသည့် အတွက်ထို သားကောင်၏ အစိပ်အပိုင်း တစ်ခုလုံးသည် လည်းသန့် ရှင်းစင်ကြယ်သော စားသုံးဖွယ်ရာ ဖြစ်သွားပေသည်။ သွေးပြန်ကြောမှ သွေးအညစ်များကို စွန့်ထုတ်ရာ ၌့လည်း တုနှိုင်းမဲ့ အရှင်၏ နာ မ တော်ကို တိုင်တည် လျက် လှီးဖြတ်ကြလော့ ဆိုသည်မှာ- တုနှိုင်းမဲ့ အရှင်အား ယဇ်ပူဇော်ပသ ခြင်း မဟုတ်ပေ။ လူသားတို့ စားသုံးခြင်း များကို သာမာအာဇီဝ ကျသော နည်းဖြင့် ရှာ ဖွေ ထားသော စားသုံးကုန်များ ဖြစ်ရမည်ဟု သွန်သင်ခြင်း ဖြစ်ပေသည်။ ခိုးရာပါ ပစ္စည်း၊ တိုက်ရာပါ ပစ္စည်းများကို မည်သည့် နည်းနှင့်မျှ  ဘုရားတရားအား တိုင် တည်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အစားအသောက်နှင့် ဆိုင်သော ဥပဒေတိုင်း တွင် “သန့်ရှင်း စင်ကြယ်သော” နာမဝိသေသန ကိုတွဲ၍ ဖေါ်ပြထားသည်ကို တွေ့ ရပေသည်။

“သန့်ရှင်း စင်ကြယ်သော” ဟု ပြောဆိုသည့်      (တွိုက်ယေဘာ) ရုပ်ပိုင်း နှင့် နာမ်ပိုင်း နှစ်မျိုး စလုံးကို စင်ကြယ်စေရာ၌့ သုံးစွဲကြောင်းကို အာရ်ဗီစာကို ဖတ်ဘူးသူတိုင်း၊ ကျမ်းတော်ကို တစုံတရာ ဖတ်ဘူးသူ တိုင်း သိပေသည်။ ထို့ကြောင့် တုနှိုင်းမဲ့ အရှင်၏ နာမတော်ကို တိုင်တည်လျှက် ဆိုသော စကား၏ လေးနက်မှုကို (လည်ပင်း သွေးကြော) အား ဖြတ်တောက်ရန် သက်သက် ရွတ်ဆိုရသည့် ဂါတာ အဖြစ် မမှတ် ယူအပ်ပေ။ သူတစ်ပါးပိုင် နွားတစ်ကောင်အား ခိုးယူ လုယက် တိုက်ခိုက်၍ ထို ဂါတာကို ရွတ်ဖတ်လျှက် လှီးဖြတ် လိုက်လျှင် စားသုံး ပိုင်သည်ဟု အစ္စလာမ် သာသနာတော်က လုံးဝ သွန်သင်ခြင်း မရှိပေ၊ ကုရ်အန်ကျမ်း တော်ပါ  ဤမျှ အသေးစိတ် နားလည် နိုင်သော ဥပဒေများ၊ စကား လုံးဝေါဟာရ များကို မပြည့်စုံ ပါဟု မည်သို့မျှ စောဒက တက်နှိုင်အံ့ မည်နည်း။ ဤသည် ကမ္ဘာ့ကုန်းမြေ ပေါ်ရှိ သက်ရှိသတ္တ၀ါများနှင့် စပ်လျှင်း၍ စားသုံးမှုဆိုင် ရာ ကုရ်အာန်ပြ ဥပဒေဖြစ်သည်။

ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း အင်းအိုင်အတွင်းရှိ ရေသတ္တ၀ါ များနှင့် စပ်လျှင်း၍ လည်း ကုရ်အာန် ၁၆း ၁၄၊ ၃၅း၁၂ တွင် ရေသတ္တဝါတို့အား လူသားတို့ အဖို့ လတ် ဆတ် သော စားသုံးဖွယ် ရာအဖြစ် ဖန်တည်းပေးထားသည်။  မိမိတို့အဖို့ အဆိပ် အတောက် ဖြစ်စေ နိုင်သော အရာများမှ လွှဲ၍ စားသုံး ပိုင်ခွင့်ရှိ ကြောင်း ဖေါ် ပြထားပေသည်။  ငါးသတ္တဝါ များ- ရေသတ္တဝါများတွင် “မိဟာဒန် ” ဟု ခေါ်သည့်။ စီးဆင်းသော သွေးအား နည်းပေ သည်၊ ထို့ပြင် ငါး သို့မဟုတ် ရေ သတ္တဝါများ၏ သွေးများသည်၊ ရေထဲတွင် အသက်ရှင် နိုင်ရန်အတွက် တုနှိုင်းမဲ့ အရှင်၏ ဖြစ် တည် စေမှု နိယာမ အရ ပါးဟက် သည် တည်ရှိနေပေသည်။ ထို သတ္တဝါ များသည် ရေမရှိသော ကုန်းမြေပေါ်သို့ ရောက် လာသော အခါ၊ တစ်ကိုယ်လုံးမှ သွေးများသည် ပါးဟက်တွင် စုစည်း သွား၍ တစ်ကိုယ် လုံးတွင် မကျန်ရှိ တော့ပေ။ ထို့အတွက်ကြောင့် ထိုရေသတ္တဝါတို့အား “ဇဗီဟာဟ်” လည်ပင်း မှ သွေးပြန် ကြောအား လှီးဖြတ်လျှက် တစ်ကိုယ်လုံးမှ သွေးများကို ထုတ်ပစ် ရန် မလိုတော့ ပေ။ ထိုသို့သော အကြောင်းများကြောင့် ရေသတ္တဝါများကို(ဇဗီဟာဟ်)ပြုလုပ် ရန် လိုသည်ဟုကျမ်းတော်၌ ဖေါ်ပြထားခြင်း မရှိပေ။ အသေကောင် ပုပ်သိုး လာလျှင် ရောဂါပိုး များ ကပ်ငြိလာမည် ဖြစ်၍ လတ်ဆတ်သော အသားများကို စားသုံး ကြ ဟု ဖေါ်ပြထားခြင်း ဖြစ်ပေသည်၊

ထို့ကြောင့် စားသုံးခွင့်ပြုထားသည့် တိရစ္ဆာန်မျိုးစိတ်များ၊ စားသုံးခွင့် မရှိသော တိရစ္ဆာန် မျိုးစိတ်များ၊ သမာအာဇီဝ နည်းဖြင့် ရှာဖွေထားခြင်း မရှိသော အစား အစာ ဝတ္ထုများ၊ လတ်လတ် ဆတ်ဆတ်ကိုသာ စားသုံးရမည်ဟူသည့် သွန်သင်ချက် များ စသည့် —

ကုရ်အာန်၏ဥပဒေများသည်ရှင်းလင်းတိကျပြတ်သားသော ဥပဒေများဖြစ်သောကြောင့် နွားကျောင်းသားလေးတစ်ဦးမှ ဒသနပညာရှင်ကြီး တစ်ဦးအထိ လွယ်ကူရှင်းလင်း စွာဖေါ်ပြ တားပေ သည်။ အယူအဆမကွဲ တူညီစွာ သိမြင်နိုင် သော စနစ်ဖြင့် ဖေါ်ပြ ထား သည်ကို တွေ့ရပေသည်။ ကုရ်အာန်က ညွှန်ကြားပြသထားသောဥပဒေများသည်ခေတ် တိုင်း နေရာတိုင်း လူတိုင်း အတွက် မည်သူ တစ်ဦးတစ်ယောက် ကိုမျှ မေးမြန်းစုံစမ်းရန် မလိုဘဲ လွယ်ကူစွာ လိုက်နာကျင့်သုံး နှိုင်ပေသည်။ ထိုလွယ် ကူ သော ဥပဒေများကို လွယ်ကူမှု အတိုင်း မြင်နှိုင် ရန် အတွက် ကုရ်အာန်ကမည်ကဲ့သို့ လမ်းညွှန်ထားသနည်။

ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၃)
သာသနာ့ထီးရိပ် တစ်ခုထဲအောက်မှကွဲပြားခြားနားမှု

အထက်မှ ဖော်ပြခဲ့သော မာလီကီ၊ ရှာဖီ၊ ဟမ်ဘလီ ဂိုဏ်းသုံးဂိုဏ်း ထက်ပို ၍ စောခဲ့သော အေမန် အဘူဟနီဖာ၏  ဂိုဏ်းတွင်  ရေသတ္တဝါ များနှင့် စပ်လျှင်း၍ စားသုံး ခွင့်ကို အထက်မှ ဂိုဏ်းသုံးဂိုဏ်း ကဲ့သို့ အခွင့် အရေးများ မရရှိခဲ့ပေ။ ဥပမာ ဟန်နဖီ ဂိုဏ်းဝင်များ အတွက် ပုစွန် စားခြင်း ပင်လျှင် မစား ထိုက် ဟူ၍ ဆို ထားသည်။ ဂဏန်း၊ ပြည်ကြီးငါးနှင့် အခြားသော ရေသတ္တဝါ တို့မှာ လုံးဝ စားပိုင်ခွင့် မရှိပေ။

ဤသည့် အချက်လေး တစ်ချက် နှင့်ပင် ကုရ်အာန် ၄း၈၂ ပါ လူသား တို့၏  လူရေးကျမ်း များနှင့် လူရေးဥပဒေ များဟူသည် ကွဲပြားခြားနား မည်သာ ဖြစ်သည် ဟူသော အချက်သည် မြေကြီး လက်ခတ် မလွဲ မှန်ကန်လျှက် ရှိနေပေသည်။ တစ်ပါး တည်းသော အရှင်ကို ကိုးကွယ်သူ အချင်းချင်း တစ်ဦး တည်းသော တမန် တော်၏ နောက်လိုက် အချင်းချင်း တစ်ဆူတည်း သော ကုရ်အာန် လမ်းညွှန် ကျမ်းကို လက်ခံ ယုံကြည်သူ အချင်းချင်း တစ်ဦး စားခွင့် ရှိသော အစားအစာနှင့် တစ်ဦး ပြုပိုင်ခွင့် ရှိသော အရာများသည် အခြားသူများ အတွက် စားခွင့်၊ လုပ်ခွင့် မရရှိ ကြပေ။ အစ္စလာမ် သာသနာ ဟူသော ထီးရိပ်တစ်ခု ထဲအောက်မှ မွတ်စလင်မ် များသည် တူညီ သော အခွင့်အရေး များ ကို မရ ရှိကြ ခြင်းမှာ လူရေးကျမ်း မူဝါဒများ၊ ဂိုဏ်းဂန ဝါဒများ၊ ကျောင်းတော် ဝါဒများ၊ ဆရာ့ ဆရာများ၏  ဝါဒလမ်းစဉ်များ ကြောင့်ဖြစ်သည်။ ဤသည် ကုရ်အာန်က အထပ်ထပ် တားဆီး ပိတ်ပင် ခဲ့သော ရှေးကျမ်းရများ နည်းတူ သာသနာပိုင် ဝါဒနှင့် ဂိုဏ်းဂန ဝါဒများ ကြောင့်ဖြစ်သည်။ ကုရ်အာန်က ဂိုဏ်းဂန ဝါဒများ အပေါ် မည်ကဲ့သို့ ဆိုထားသနည်း။

ကုရ်အာန် ၃၀း၃၂ တွင်

(၎င်းတို့ အနက်မှ ထိုသူတို့သည် မိမိတို့၏ သာသနာကို အစိပ်စိပ် အမွှာမွှာ ပြုလုပ်ခဲ့ ကြပြီး ဂိုဏ်းဂန အသီးသီး ဖြစ်သွား ကြကုန်၏။ ထိုဂိုဏ်းဂန အသီးသီး တို့သည် မိမိတို့ လက်ခံကျင့်သုံး သောဝါဒ လမ်းစဉ်များ နှင့်ပင် ကျေနပ် ဝမ်းမြောက်လျှက် ရှိကြကုန်၏)

ကုရ်အာန် ၆း၁၅၉ တွင်

(ဧကန် ၎င်းတို့သည် သာသနာကို အစိပ်စိပ် ခွဲပြစ် ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဂိုဏ်းဂန အသီးသီးဖြစ် သွားကြ၏။  အိုတမန်တော် အသင်သည် ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်ပေ။)

မည်သည့် ဘာသာ သာသနာတွင် မဆို မိမိတို့၏  အခြေခံ မူဝါဒ ဖြစ်သော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ ဗျာဒိတ်ကျမ်းဂန် ကပင်လျှင် စည်းလုံး ညီညွှတ်သော လူ့အဖွဲ့ အစည်းကြီး တစ်ခုကို တည်ဆောက်ပေးသော ဝါဒလမ်းစဉ်ဖြစ်သည်။ ဗျာဒိတ် ကျမ်း၏ အခြေခံ နိယာမသည် ကွဲပြားခြားနား၍ အယူဝါဒ မ တူ သူများကို တူညီသော လမ်းညွှန်မှု အရ တူညီသော အခွင့်အရေး များကို တပြေးညီ ခံစားခွင့် ပေးထားသည်။ ထို မှန်ကန်သော ဗျာဒိတ် ကျမ်းဂန်ဝါဒမှ လူသားတို့၏ အယူဝါဒများ စွက်ဖက် လာသည်နှင့် စည်းလုံး ညီညွှတ်သည့် လူ့ အဖွဲ့အစည်း ကြီးအဖြစ်မှ ကွဲပြားခြား နားသောဂိုဏ်း ကွဲများဖြစ်ကြသည်ပင်။ မိမိတို့၏ အယူဝါဒ ဂိုဏ်းသည်သာလျှင် ပိုမိုမှန်ကန် သည်ဟု ယုံကြည်လာ ကြသည်နှင့် အတူ ထိုအယူ ဝါဒများကို မျိုးဆက်သစ်များ အား ဆက်လက်၍ ထိရောက်စွာ အမွေပေး နိုင်ရန်အတွက် ကျောင်းများဖွင့်၍ ထိုဝါဒ လမ်းစဉ်များကို အကွက်ချ၍ တိုးပွား စေခဲ့ကြ သည်။ ထိုမျိုးဆက်သစ်များ အချင်းချင်း အတွင်း၌ မတူညီသော မိမိတို့၏ ကျောင်းတော် ဝါဒ၊ ဂိုဏ်းဂနဝါဒ၊ ဆရာ့ ဆရာများ၏ မတူညီသော ဝါဒများကြောင့် အချင်းချင်းအတွင်း၌ အငြင်း ပွားမှု၊ တဖက်ကို တဖက်ထိုးနက်မှု တို့ ကြောင့် အလွန်တရာမှ တိုတောင်း လှသော လူ့ဘဝ အတွင်း စစ်မှန်သော ဘဝလမ်းညွှန်မှု ကုရ်အာန်ကို သိနား လည်ခွင့်ပင် မရရှိခဲ့ကြပေ။ ထိုကဲ့သို့သော ဆိုးမွေများသည် ခေတ်အဆက်ဆက် လွှမ်းမိုးလာမှု ကြောင့် ဘာသာရေး ဆိုင်ရာ ကျောင်းများမှ ပေါ်ပေါက် လာကြ သော ပညာရှင်များမှာ ကုရ်အာန်ထက် သာပို၍ လူရေးကျမ်းများကို ပိုမို၍ တတ်သိ နားလည်သော လူရေးကျမ်း တတ်ပညာရှင်များ ဖြစ်လာကြ၏။ ၎င်းတို့ အတွက် ၎င်းတို့၏ ကျောင်းများမှ သင်ကြား ပေးလိုက်သော လူရေးကျမ်း အားလုံး၏ တူညီသော အချက် တစ်ချက်မှာ၊

(ကျမ်း တစ်ကျမ်း နှင့် အခြားကျမ်း တို့၏ စပ်ကြား ၌ လည်း ကောင်း၊ ကျမ်း တစ်ကျမ်း အတွင်း၌ တွင် လည်းကောင်း၊ ကျမ်း တစ်ကျမ်း ထဲပါ၊ ကဏ္ဍ တစ်ခုထဲ အတွင်း၌ သော်လည်း ကောင်း ကွဲပြား ခြားနား ၍ တူညီမှု မရှိသော အချက်ဖြစ်သည်။)

ထိုသို့သော အကြောင်း များကြောင့် လူရေးကျမ်းတတ် ပညာရှိခေါင်းဆောင် များသည် အများမွတ်စလင်မ် တို့အား စည်းလုံး ညီညွတ်စေသော လူ့အဖွဲ့ အစည်းကြီး အဖြစ် တည်ဆောက် နိုင်ရန် အတွက် အချိန် မရခဲ့ကြပေ။ လူရေးကျမ်းတတ် ပညာရှင် အချင်းချင်း မတူညီသော ဂိုဏ်းဂန ဝါဒ များကြောင့် အ ချင်းချင်း စွပ်စွဲပုပ်ခတ် လာခဲ့ကြ ရာမှ ယနေ့မျက်မှောက် ခေတ်တွင် မတူညီသော ဂိုဏ်းများကို အခြေခံ၍ အများ မွတ်စလင်မ် နောက်လိုက်များ အတွင်း အချင်းချင်း လူသတ်ပွဲများ ကျင်းပလျှက် ရှိနေသော အခြေနေသို့ ပင် ရောက် ရှိနေပေသည်။ ထိုကဲ့သို့ဖြစ် ရခြင်းသည် မွတ်စလင်မ် အများစုကို ခေါင်းဆောင်သော ရှေ့ဆောင် ဆရာတော် ပုပ်ရ ဟန်းကြီးများ အတွင်း ကုရ်အာန်ပါ အခြေခံ မူဝါဒလမ်းစဉ်ကို တမန်တော်မြတ်နည်းတူ မဟာသာဝက များ နည်း တူ၊ အဂ္ဂမဟာ သာဝကများ နည်းတူ လိုက်နာကျင့်သုံး နိုင်မှုမရှိဘဲ မိမိတို့၏ ကျောင်းတော် ဝါဒများ ဂိုဏ်းဂန ဝါဒများနှင့် ဆရာ့ဆရာများ ၏ အဆိုအမိန့်များကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားကြခြင်း များကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကုရ်အာန် ၃း၁၀၃ တွင်

(အသင်တို့ ကျမ်းမြတ်ကုရ်အာန် ပါလမ်းညွှန် ချက်များကို စွဲမြဲစွာ လိုက်နာ ကျင့်သုံးကြ အသင်တို့ အချင်းချင်း စိတ်ဝမ်း မကွဲကြလေနှင့်) ဟူသောအမိန့်နှင့် တိုက်ရိုက် ဆန့်ကျင်လျက် ကုရ်အာန်မှ လွဲ၍ လူရေးကျမ်းပါ မူဝါဒ များကို စွဲကိုင်ထားကြခြင်းဖြင့်  အချင်းချင်း စိတ်ဝမ်းကွဲလျှက် ရန်သူများအဖြစ် တည်ရှိနေကြသည်။

ကုရ်အာန်ကို ဟဒီးဆ်သမိုင်းကျမ်းများဖြင့်ဖွင့်ဆိုရာဝယ်

ကမ္ဘာတစ်ဝှမ်းတွင် ကုရ်အာန် မကျရောက်မီ အချိန်က  နေသည် အရှေ့ အ ရပ် မှထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုး ဝင်သွားသည်။ နောက်တစ်ရက် ပြန်လည်ထွက်သည်။ ကမ္ဘာတွင် နေသည် လုံးဝ တစ်ည ပျောက်ကွယ် သွားသည် ဟူ၍ လူတိုင်း လက်ခံ ထားလေသည်။ အများ နည်းတူ အာရဗ်များ သည် လည်း ထိုကဲ့သို့ လက်ခံထား ကြမည် ဖြစ်သည်။ ဤသည့် အချက်ကို မှားယွင်း နေကြောင်း တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ကျမ်းမြတ်ကုရ်အာန် ၃၆း၃၈ တွင် နေသည် ဝင်ခြင်း ထွက်ခြင်းမရှိ ၎င်း၏ လမ်းကြောင်းတွင် သွားလာနေ သည် ဟူ၍ အသိပေး မိန့်ကြားခဲ့ ခြင်းဖြစ်သည်။ ဤအသိကို ပထမဦးဆုံး စတင် ရခဲ့သူမှာ တမန်တော် မြတ် ဖြစ် သည်။ တမန်တော်မြတ်မှ တဆင့် လူသား တစ်ရပ်လုံးကို ကုရ်အာန်၏ အသိကို တဆင့်ပို့ချ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်ကို မူရင်းအတိုင်းမှ ဘာသာပြန် ဖွင့်ဆို သောကျမ်းများသည် တမန်တော် မရှိတော့သည့် နောက် ပိုင်း နှစ်ပေါင်း (၇၀၀) ဝန်းကျင်တွင် လှိုင်လှိုင် ပေါ်ထွက်လာ ခဲ့သည်။ ထိုဖွင့်ဆိုချက် များကို အထက်မှ ဖော်ပြခဲ့ ပြီး ဖြစ်သော တမန်တော်နှင့် နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော ဟဒီးဆ်သမိုင်း ကျမ်းများနှင့် ဖွင့်ဆိုခဲ့ကြသည်။

ကုရ်အာန် သဖ်စီရ် လောကတွင် အများ သဖ်စီရ်ပညာရှင် များက ထပ်တူ ထပ်မျှ ပြန်လည် ကူးယူ ဖွင့်ဆိုကြ ရသော လက်ရွေးစဉ် သဖ်စီရ် ကျမ်းကြီး များစွာရှိ ခဲ့သည်။ ထိုကျမ်းများ အနက် အကျော်ကြားဆုံး အာရဗီမူရင်း သဖ်စီကျမ်း ကြီးများတွင် အထက်ပါ ကုရ်အာန် ၃၆း၃၈ နေသည် ၎င်း ၏လမ်း ကြောင်းတွင် သွားလာ နေခြင်းကို ဘိုခါရီ ဟဒီးဆ်သမိုင်း ကျမ်းပါ ဟာဒစ်(၁၀)ပုဒ်ဖြင့် ပြန်လည်ဖွင့်ဆိုထား သည်ကို တွေ့ရပေသည်။  နေသည် အရှေ့အရပ်မှ ထွက်၍ အနောက် အရပ်သို့ ငုံ့လျှိုးသွားပြီး အရှင်၏ ပလ္လင်အောက် တွင် တစ်ည အိပ်၍ နောက်တစ် ရက်မှ အရှင့် အမိန့်ဖြင့် ပြန်လည်ထွက်သည်ဟူသော ဟဒီးဆ်သမိုင်းကျမ်း အရ ဖော်ပြ ခဲ့သည်။ ထိုဟဒီးဆ်များကို တမန်တော် အမှန်ပင်ပြော ခဲ့ပါသည်ဟု ဆိုပါလျှင်လည်း အထက်ပါ ကုရ်အာန် ၃၆း၃၈ မကျရောက်ခင် အလျှင်က အာရဗ်တစ်ဦးဖြစ်သော တမန်တော်က အများ အာရဗ် များကဲ့သို့ ယူဆ ပြောဆိုခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ယခုကဲ့သို့ ကုရ်အာန် ကျရောက်ပြီးမှ ကုရ်အာန်၏ အခြေခံ မူဝါဒနှင့် တက် တက်စင် လွဲချော် နေသော အကြောင်းအရာ တစ်ခုကို  မွတ်စလင်မ်များက  ဆက်လက်၍ ဆွဲကိုင် ထားခြင်းဖြင့် မည်သို့မျှ အကျိုး သက်ရောက် နိုင်မည် မဟုတ်ပေ။ ဖော်ပြပါ ဟဒီးဆ်သမိုင်း ကျမ်းရှင် အားလုံးက ၎င်းတို့ စုဆောင်း ရရှိ ချက်များ သည် Hear Say “ရေဝါယသ်” ဆင့်ကဲဆင့်ကဲ ကြားသိချက် များဟု မူလ ကပင် ၎င်းတို့၏ ကျမ်းများ တွင်ဖော်ပြ ထားပြီးဖြစ်သည်။

လွန်ခဲ့သော နှစ် နှစ်ဆယ် ဝန်းကျင်က မြန်မာနိုင်ငံတွင် နိုင်ငံသားကဒ် လျှောက်ထား ရာ၌ မိခင် ဖခင် တို့၏ အဘိုးအဘွား များ၏ အကြောင်းအရာ များကိုပင် တိတိ ကျကျ မသိရှိသူ ဦးရေ မြောက်များစွာ ရှိနေပေသည်။ ယခုကဲ့သို့ နှစ်ပေါင်း နှစ်ရာကျော် အလျှင်က အဖြစ်အပျက် အကြောင်း အရာ များကို စာရွက် ပေရွက်များဖြင့် မှတ်တမ်း တင်ထားခြင်း မရှိဘဲ တဆင့်ပြီး တဆင့် လူမျိုးဆက်ပေါင်း (၇)ဆက်တို့၏ အ လွတ် ကျက်မှတ်ချက် အကြောင်း အရာများသည် မည်မျှ မှန်ကန် ပါသည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။ အဆိုများ မှန်၏ မမှန်၏ ဆိုသည်ကို “ဖုရ်ကန်” ဟုခေါ်သော ကုရ်အာန်၏ အရှိတရား စံများဖြင့် စမ်းစစ်၍ ကြည့် ရ မည်မှာ မွတ်စလင်မ် တိုင်းအတွက် တာဝန် တစ်ရပ်ဖြစ်သည်။ ယနေ့လူသား တို့၏ ဥပဒေများတွင် ပင်လျှင် တဆင့် ကြားသော စကားကို ဥပဒေ အခေါ်  Hear Say ဖြင့် တရားရုံးများတွင် သက်သေ လိုက်၍ မရတော့ပေ။ ထို့ကြောင့် ကျမ်းမြတ် ကုရ်အာန် တစ်အုပ်လုံး တွင် ပါဝင်သော အာယာသ်များကို အာယာသွလ် ကုရ်အာန်ဟုဆိုသည်။ အာယာသ်ဟူသည် အလ္လာဟ်၏ ဗျာဒိတ် ဖြစ်သည်။ အဓိပ္ပါယ်မှာ လက္ခဏာ ဖြစ်သည်။ အာယာသ် တစ်ခုတိုင်းသည် ဖန်ဆင်းရှင် ရှိနေကြောင်းကို ဖော်ညွှန်း လျှက်ရှိနေသည်။ တမန်တော်၏ သြဝါဒဟု ခေါ်ဆိုသော ဟဒီးဆ်များကို ဟဒီးဆ် နဗဝီဟုသာ ခေါ်ဆိုကြသည်။ မည်သည့်ကဝိ အကျော် အမော် ပညာရှင်များကမျှ အာယာသ်သွလ်နဗီဝီ ဟု မခေါ်ဆိုကြပေ။ ဟဒီးဆ်ဟူသည် ပြောစကားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အယူဝါဒ ရေးရာပြဿနာ တစ်ရပ် ရင်ဆိုင် လာပါက ကုရ်အာန်တွင် တည်ရှိ နေသော အရှိ တရားများနှင့် စပ်လျှင်းပြီး မည်သည့်အယူ မည်သည့်ဝါဒ ကမျှ ကျော်လွန်၍မရနိုင်ပေ။ ကုရ်အာန် သည် Supreme Law အခြေခံ ဥပဒေဖြစ်သည်။ ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ တမန်တော်သည် ပင်လျှင် ထိုကုရ်အာန် ဥပဒေ၏ အထက်တွင် မရှိခဲ့ပါဟု ကုရ်အာန်က ဆိုထား ပြီးဖြစ်သည်။ သို့ဆိုလျှင် တမန်တော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်း နှစ်ရာမှ ငါးရာကျော် လူသား မျိုးဆက် ပေါင်း(၇) ဆက်တို့က အလွတ် ကျက်မှတ် ချက်များသည် ကုရ်အာန်၏ ဥပဒေကို မည်ကဲ့သို့ ကျော်ပိုင်ခွင့်ရှိ မည် နည်း။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၂)
“ဟာဒစ်များကိုပြန်လည်ဖော်ပြရာ၌”

ဟာဒစ်သမိုင်းများ ကိုစုဆောင်းသူများ အားလုံးသည် ၎င်းတို့ရရှိခဲ့သော ဟာဒစ်များကိုပြန် လည်စီစစ်၍ အနည်း ငယ်မျှကိုသာ ပြန်လည်ဖော်ပြခဲ့ ကြခြင်းဖြစ်သည်။ အေမန် ဘိုခါရီ သည် ဟာ ဒစ်ပေါင်း (၆)သိန်းကို စုဆောင်းရရှိခဲ့ သည်။ ထို(၆)သိန်း အနက်မှ ၎င်း၏ ဘိုခါရီကျမ်းတွင် ဟာဒစ်ပေါင်း (၇၀၅၂)  ပုဒ်ကိုသာ ပြန်လည်ဖော်ပြခဲ့သည်။

မွတ် စနတ်ကျမ်း ဟစ်ဂျရီ၂၄၁အားပြုစုသူ အဟ်မဒ်အေ့ဗနုဟမ်ဘလ်သည်၊၎င်းစုဆောင်း ရရှိခဲ့သော ဟာဒစ်ပေါင်းတစ်သန်းအနက်မိမိ၏ ကျမ်းတွင်(၂၉၀၀၀)ကိုသာပြန် လည်ဖော်ပြခဲ့သည်။ ထိုကျမ်းရှင် အားလုံးသည် ၎င်းတို့၏ ခေတ်တွင် ဟာဒစ်များကို အလွတ် ကျက်မှတ်ထားသူများထံမှစာရွက်များပေါ်တွင် ပြန်လည်၍ရေးသား မှတ်တမ်း တင်ခဲ့ခြင်း ဖြစ်သည်။ထိုဟာဒစ် များကို အလွတ်ကျက်မှတ် ထားသူများသည် ၎င်းတို့၏ ဆရာများ၊ ၎င်းတို့၏ဘိုးဘွားများမှ ဆင့်ကဲ ဆင့်ကဲတစ်ဆင့်ပြီးတစ်ဆင့် အလွတ်ကျက် မှတ်ထားသော ဟာဒစ်များဖြစ်သည်။ ဖော်ပြပါဟာဒစ် ကျမ်းပေါင်း (၄၁) ကျမ်းပါဟာဒစ် များ သည် တမန်တော်ခေတ် မှ တမန်တော်၏ ပြောကြား ချက်များ၊ လုပ်ဆောင်ချက်များကို မဟာသာ ဝကများက ကုရ် အာန်ကိုမှတ်တမ်းတင် သကဲ့သို့ မှတ် တမ်းတင်ခဲ့ခြင်းမျိုး မ ဟုတ်ပေ။

ထို့အတွက်ကြောင့် ဟာဒစ်များအား ဆင့်ပြန်သူကို  “ရာဝီ” ဆင့်ပြန်သူဟုခေါ်သည်၊ဟာဒစ် များကို ”ရေ ဝါယသ်” ဟု ခေါ်သည်။ အာရဗီဝေါဟာရ ရေဝါယသ် ဟူသည်အဖြစ် အပျက် တစ်ခုကို ဆင့်ပြန်သူသည် အခြားတစ်ဦးထံမှ ကြားခြင်းဖြစ်သည်။ ထိုအခြားတစ်ဦးမှာ လည်း ထိုဖြစ်ရပ် နှင့်ကြုံခဲ့သည်မဟုတ်၊ နောက် အခြားတစ်ဦးထံမှ ဆင့်ကဲကြား သိချက်ဖြစ် သည်။ ဥပမာ အားဖြင့် ဘိုခါရီကျမ်းသည် ဟစ်ဂျရီ၂၅၆ ဖြစ်သည်။တမန်တော်မြတ် ၏ခေတ်နှင့် နှစ်ပေါင်းနှစ်ရာ ကျော် အတွင်း လူသားမျိုးဆက်(၇)ဆက်မှတမန်တော်၏ ပြော ကြားချက်များကို ဆင့်ကဲဆင့် ကဲ အ လွတ်ကျက်မှတ်ထားချက်များကို အေမန်ဘိုခါရီက ၎င်း၏ခေတ်ပြိုင် နောက်ဆုံး အဆင့်အလွတ် ကျက်မှတ်ထား သူထံမှ စာရွက် ဖြင့် မှတ်တမ်း တင်ချက်ဖြစ်သည်။

ရေဝါယသ်ဟူသော အရဗီ ဝေါဟာရကို Hear say (သို့မဟုတိ) Narration ဟူသော အင်္ဂလိပ် ဝေါဟာရ နှင့်ထပ်တူထပ် မျှဖြစ်သည်။ ထို့အတွက်ကြောင့် ဘိုခါရီကျမ်းပါ ဟာဒစ် တစ်ပုဒ်ကို ဆင့်ပြန်သော မျိုးဆက်မှာ (၇)ဆက်ခန့်ဖြစ်သည်။ ဘိုခါရီကျမ်းပါ အချို့ဟာဒစ် များသည် ဆင့်ပြန်သူ၏ အာဘော် အတိုင်း အာရဗီဝေါဟာရ (အောက်(ရ်)ကမာ၊ကားလ) အဓိပ္ပွါယ်မှာ (သို့မ ဟုတ်- ထိုကဲ့သို့ ပြောခြင်း လည်းဖြစ် နိုင်သည်) ဟူသော မတိကျသော ဆင့်ပြန်ချက် ကို အေမန်ဘိုခါရီက ဆင့်ပြန်သူ၏အာဘော် အတိုင်းပြန်လည်ဖော်ပြထား သည်။

အလားတူ အကြောင်း အရာတစ်ခု နှင့် တစ်ခု လုံးဝဆန့်ကျင် ကွဲပြားလျှက်ရှိသော ဟာဒစ် များကိုလည်း ယှဉ်တွဲဖော်ပြ ထားလေသည်။ ဘိုခါရီကျမ်းတွင် ဖော်ပြ ချက် များအနက် အချို့ကိစ္စ များမှာ ဘာသာရေးနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မရှိသော ဟဒစ်များလည်း ပါဝင်သည်။ ဥပမာ ရှေးအာရဗ် များ၏ရိုးရာ ဗိန္ဓောဆေးဝါး ကုသမှုဆိုင်ရာကဏ္ဍများ လည်း ပါဝင် သည်။ ထိုကဲ့သို့ပင် ရှေးအာရဗ်များ ၏ နက္ခတ္တ ဗေဒဆိုင်ရာ အယူဝါဒများ အကြောင်းပါဝင်သည်။ ထိုနက္ခတ္တဗေဒဆိုင်ရာ အယူဝါဒများသည်လည်း ကုရ်အာန်ပါ နက္ခတ္တဗေဒဆိုင်ရာ ပါရှိချက်များ နှင့် ကွဲလွဲ လျှက်ရှိနေ ပေသည်။ ကျမ်းမြတ်ကုရ်အာန် မတိုင်ခင် အလျှင်က အာရဗ်များအပါအဝင် ကမ္ဘာ့လူသားများ၏  အယူအဆများ အ တိုင်းနေသည် အရှေ့ အရပ်မှ စတင်ထွက်၍ အနောက် အရပ်သို့ငုံ့လျှိုး ဝင်ရောက်ပြီး အရှင်မြတ်၏  အရ်ရှ်ပလ္လင်တော်အောက်တွင် တစ်ညအိပ်သည်၊ နောက်တစ်နေ့နံနက် တွင်နေသည် အရှင့်အမိန့်နှင့် အရှေ့ အရပ်မှပြန်လည် ထွက် သည်ဟူ သော ဟာဒစ် များဖြစ်သည်။ (နေသည် ကမ္ဘာတွင် တစ်ညပျောက်ကွယ် သွားသည်ဟူသော အယူအ စဖြစ်သည်။)

မည်သို့ပင်ဖြစ်စေ ဟာဒစ်များကို စုဆောင်း၍ စာအုပ်အဖြစ်ရေး သားခဲ့ကြသော ကျမ်းရှင် များက “ရေဝါယသ်” Hear Say (သို့မဟုတ်) Narration ဟူသော ဆင့်ကဲ ဆင့်ကဲ တ ဆင့်ကြား စ ကားများမှ ပြန်လည်မှတ်တမ်းတင်ခြင်း  ဖြစ်သည်ဟုဆိုထားပြီးဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ဥပဒေရှုဒေါင့်မှ ဟာဒစ်များကို ဖော်ပြခဲ့သည်ဆိုပါက ကဏ္ဍတစ်ခုထဲ တွင်ပင်လျှင် ကွဲပြားခြား နားသော ဟာဒစ်နှစ်မျိုးကို တစ်နေရာထဲ တွင်ယှဉ်တွဲ၍ ဖော်ပြ ကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် တမန် တော်သည် မီးနှင့်ချက်ပြုတ် ကြော်လှော်ထား သည့် အစားအစာ များ ကို စားသုံး ၍ဝို ဇူ ပြန်လည်ပြုသော ဟာဒစ်များနှင့် မီးနှင့် ချက်ပြုတ်ကြော်လှော်ထားသည့် အစားအစာကို စားသုံး၍ ဝိုဇူပြန်လည် ၍မလုပ်သော ကွဲပြားခြားနားသည့်ဟာ ဒစ်များကို လည်းယှဉ် တွဲဖော်ပြ ထားသည်များကိုတွေ့ရလေ သည်။

အစ္စလာမ့်သမိုင်းတွင် အဟ်လေဟာဒစ် (ဝါ) ဟာဒစ်ဝါဒီ များဟူသော ဟာဒစ်သမိုင်းများ ကိုရှာဖွေ၍ ဥပဒေစ တင်ပြုသောစနစ်ကို အေမန်မာလစ်(က်) လက်ထက်မှ စတင်ခဲ့ သည်။ ထိုဝါဒ လမ်းစဉ်ကို ပိုမို၍ တိုးပွားခဲ့သူမှာ အေ မန်ရှာဖီဖြစ်သည်။ ထိုပညာရှိ သုခ မိန်ကြီး နှစ်ဦး၏ နောက်ပိုင်း  အဟ်လေဟာဒစ် ဝါဒလမ်းစဉ်ကို ပိုမိုတိုး ပွားစေသူမှာ အဟ် မဒ်အေ့ဗနုဟမ်ဗလ်ဖြစ် သည်။ အေမန်မာလစ်က် သည်ကိုယ်တိုင် ဟာဒစ်သမိုင်းကျမ်း ကိုပြုစု သူဖြစ်သည်။ အေမန်ရှာဖီသည် ကိုယ်တိုင်ဟာဒစ် သမိုင်းကျမ်း ကိုမပြုခဲ့သော် လည်း ဟဒစ်များကိုစုဆောင်း သော စနစ် ကို အားပေးခဲ့သူဖြစ် သည်။ အဟ်မဒ်အေ့ဗနု ဟမ်ဗလ်မှာ ကိုယ်တိုင်လည်း မွတ်စနတ်ဟူသော ဟာဒစ်သမိုင်း ကျမ်းကြီးကိုပြုစုခဲ့ သူဖြစ်သည်။ သို့ရာတွင်များမြောင်သော ဟာဒစ်များနှင့် ကွဲပြား ခြားနားသော ဟာဒစ်များ လည်း များမြောင်စွာပါဝင်ခဲ့လေ သည်။

အထက်မှ ဖော်ပြခဲ့သော ဟာဒစ်များကို အခြေခံ၍ အစ္စလာမ့် ဓမ္မထုံးဖွဲ့မှုများ ကိုစတင် ခဲ့သော အေမန်မာလစ်က်၊ အေ မန်ရှာဖီ၊  အေမန်အဟ်မဒ်အေ့ဗနုဟမ်ဗလ် တို့သည် အဟ်လေ ဟာဒစ် ၀ါဒီများဖြစ်ပါလျှက် ဥပဒေပြုရန် ဟာဒစ်များကိုရွေးချယ်ရာ၌ တစ် ဦးနှင့်တစ်ဦး အကြိုက်ခြင်းမတူသော ဟာဒစ်များကြောင့် ဂိုဏ်းကွဲသုံးခုဖြစ်ခဲ့ကြရ သည်။အမန်မာလစ်က်နှင့် အေမန် အဟ်မဒ်အေ့ဗနုဟမ်ဗလ်တို့၏ “မဇဟဗ်” ဂိုဏ်းများ တွင် မီးနှင့်ချက်ပြုတ်ပြီးသော အစားအ စာစားခြင်းဖြင့် ဝိုဇူပြန် လည်ပြုရန် မလိုအပ်။ အ လားတူဝိုဇူနှင့် ဇနီး မယား ကို ထိမိ ရုံဖြင့် ဝိုဇူပြုရန် မလိုအပ်ပေ။ သို့ရာ တွင်အေမန်ရှာဖီ၏ ဂိုဏ်းဝင်များ အဖို့ မီးနှင့် ချက်ပြုတ်သော အစားအစာ စားအပြီး ဝိုဇူပြန်လည်ပြုရသည်။ဇ နီးကိုထိမိ ရုံဖြင့် ဝိုဇူပြန် လည် ပြုရသည်။ ထို ကဲ့သို့ပင် အေမန် မာလစ်က်၏ ဂိုဏ်းဝင်များ က ဆွလာသ် တည်ဆောက်ရာ၌ လက်နှစ်ဖက် ကိုအောက်ချ၍ တည်ဆောက်သည်။ ရှာ ဖီဂိုဏ်းဝင်များနှင့် ဟမ်ဗလီဂိုဏ်းဝင်များက လက်နှစ်ဖက်ကို ရင် ဘတ်ပေါ် တင်၍ တည်ဆောက်သည်။ အစားအသောက် စားသုံးရာ၌ ရေသတ္တဝါများနှင့် စပ်လျှင်း၍ ရှာ ဖီ၏ ဂိုဏ်းဝင်များက ရေနေ ကုန်း နေ လိပ်သတ္တဝါ များကိုပါ စားသုံး ခွင့်ရှိ သည်။ အခြား ဂိုဏ်း နှစ်ခုဖြစ် သော မာလီကီဂိုဏ်းဝင်များနှင့် ဟမ် ဗလီဂိုဏ်းဝင်တို့က ရှာဖီဂိုဏ်း ဝင်များ ကဲ့သို့စားပိုင် ခွင့်မရှိပေ။ ဤဂိုဏ်း သုံး ဂိုဏ်းမှာ အဟ်လေဟာဒစ်ကို စတင်ခဲ့သူ များဖြစ်ပါ လျှက် များစွာသော ဟာဒစ်သမိုင်းကျမ်းများအတွင်းမှကွဲပြားခြားနားလျှက်ရှိနေသော ဟာဒစ် များကို ရွေးချယ်၍  ဥပဒေပြုရင်းမှ ကွဲပြားခြားနားသောဂိုဏ်းကွဲ သုံးခုဖြစ်သွား ခဲ့သည်။

ထိုဟာဒစ်များကို နောက်ပိုင်း ပညာရှင်များက ပြန်လည်၍ အဆင့်အတန်းခွဲခြား သတ် မှတ်ခဲ့ကြသည်။ ထိုအဆင့်အတန်း သတ်မှတ်ချက်များ အနက်အချို့မှာ-(ဆွဟီးဟ်)မှန် ကန်သောဟ ဒီးစ်များ။ (ဟစန်) သင့်တင့်လျောက်ပတ်သော အဆင့်တွင်ရှိသောဟဒီးစ် များ။(ဒွအီးဗ်)အားနည်းမှုရှိသောဟာဒီးစ်များ။ (ခဗ်ရေအဟသ်)တစ်ဦးတစ်ယောက်(၀ါ)လူ နည်းစုသာဆင့်ပြန်သော ဟာဒီးများ။ (မုသ၀သ်သာရ်) လူများစု ဆင့်ပြန်သောဟဒီးစ် များ။ (ခဗ်ရေအဟသ်မရှ်ဟူးရ်) တစ်ဦးတစ်ယောက်ကဆင့် ပြန်သော ဟဒီးစ်ဖြစ်သော် လည်းကျော်ကြားသောဟဒီးစ်ဖြစ်သည်။

ဥပမာအားဖြင့် သောက်သုံးအရေခွက် ထဲသို့ယင်ကောင်ကျသွားပါက ထိုယင်ကောင်ကို ထိုအရေထဲသို့ နှစ်မြှုတ်၍ သောက်သုံးနှိုင်သည်။ယင်ကောင်၏အတောင် တစ်ဖက်တွင် အဆိပ်ရှိသည် အခြားအတောင်တစ်ဖက်တွင် ဖြေဆေးရှိသည်။ ထိုဟာဒီးစ်ကိုဆင့်ပြန် သူမှာ အဘူဟူရိုက်ရာဟ် တစ်ဦးတည်းဖြစ်သည့်အတွက် (ခဗ်ရေအဟသ်)ဟဒီးစ်အမျိုး အစားဖြစ်သည်။ ထိုဥပဒေကို ကျင့်သုံးချင်လည်း ကျင့်သုံးနှိုင်သည်။ မကျင့်သုံးလိုက မ ကျင့်သုံးဘဲနေနှိုင်သည် ဟု ဟာဒီးစ် ပညာ ရှင် များက သတ်မှတ်ထားသည်။

အလားတူ မုတ်ဆိတ်ထားခြင်းနှင့်စပ်လျင်းသော ဟာဒီးစ်များသည် ဘိုခါရီကျမ်း၊ အဘူဒါ ၀ုဒ်နှင့် မွတ်စနတ်ကျမ်းများတွင် ပါဝင်သည်။ ထိုဟဒီးစ်အားလုံးကိုအဗ္ဖဒွလ္လာဟ် အေ့ဗနု အွမ္မရ် တစ် ဦးတည်းက ဆင့်ပြန်သည့် အတွက် (ခဗ်ရေအဟသ်) ဟဒီးစ်အ မျိုးအစားဖြစ် သည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုနည်းအတိုင်းပင် (အင်နမလ်-အအ်မား လို-ဘင်န်နိ ယဟ်) လုပ်ဆောင်မှု၏ ရလဘ်သည် ရည်ရွယ်ချက် ပေါ်တွင်မူတည် သည် ဟူသောဟာဒီးစ် ကို အွမ္မရ်အေ့ဗနု ခသဗ် တစ် ဦး တည်းက ဆင့်ပြန်သော (ခဗ်ရေအဟသ်) ဟဒီးစ်အမျိုးအစားဖြစ်သည်။ သို့ရာတွင် ထိုဟာဒီးစ်သည် ဟဒီးစ်ကျမ်းပေါင်း (၄၁)ကျမ်း လုံးတွင် အကြိမ်ပေါင်း ခြောက်ရာကျော် ပါဝင်ခဲ့သည့်အတွက် (ခဗ်ရေအဟသ်မရှ်ဟူးရ်) တစ်ဦးတစ်ယောက်က ဆင့်ပြန်သော ဟ ဒီးစ်  ဖြစ်သော်လည်း ကျော်ကြားသော ဟာဒီးစ်ဖြစ် သည်။

ထိုကဲ့သို့ပင်(ဆွဟီးဟ်) ဟဒီးစ်များ ဖြစ်သော်ငြားလည်း ယခုခေတ်တွင် မည်သူမျှလိုက် နာကျင့်သုံး မှုမရှိတော့သော ဟာဒီးစ်များစွာရှိနေပေသည်။ ဥပမာအမျိုး သား တစ်ဦး သည်မိမိ၏ ဇ နီးဖြင့် သံဝါသပြု၏  ကာလာလရေ မထွက်ပါက ရေချိုးရန်မလို၊ ၀ိုဇူပြုပြီး ဆွလားသ် တည်ဆောက်ခွင့်ရှိသည်။ ထိုဟာဒီးစ်ကို ဆင့်ပြန်သူ များမှာ အွတ်စမာန်း-ဘင်-အဖါန်း၊ အလီအေ့ဗ်နုတွာ လစ်ဗ် ၊ဇိုဗိုရ်ဗင်န်ဖ၀ါမ်၊ သွာလဟာဗင်န် အိုဗိုက် သွလ္လာဟ်၊ အေ့ဗနေ ကအားဗ် တို့ကဆင့်ပြန်သည်။ ဟာဒီးစ် အမျိုးအစားမှာဆွဟီးဟ်ဖြစ် သည်။ ထိုဟဒီးစ် ပါဝင်သော ကျမ်းများမှာ (ဘိုခါရီ ကျမ်း) ၀ိုဇူကဏ္ဍ၊ရေချိုးခြင်းကဏ္ဍ၊ ဓမ္မတာကဏ္ဍ၊ (မွတ်စလင်မ်ကျမ်း) ဓမ္မတာ ကဏ္ဍ၊ (နေဆာ အီကျမ်း) သန့်စင်မှုကဏ္ဍ၊ (မွတ် စနတ် ကျမ်း) အခန်း၁၊၂၊၃၊တို့တွင်ပါဝင်သည်။

မွတ်စလင်မ်များသည် မိမိတို့တတ်သိသော စာပေဖြင့် ဟစ်ဒီးသမိုင်းကျမ်းများကို လေ့ လာမည်ဆိုပါက ဟဒီးစ်များကို ရေးသားမှတ်တမ်း တင်သူများက သမိုင်းရှုဒေါင့်မှ သာ ပြန်လည် တင်ပြခြင်းဖြစ်သည်ကို တွေ့ရှိနှိုင်မည်ဖြစ်သည်။ မည်သည့်ကျမ်းရှင်များကမျှ ၄င်းတို့၏ကျမ်းများပါ အဆိုအမိန့်များသည်လုံးဝဥဿုံဥပဒေများဖြစ်သည်ဟုဆိုထားခြင်းမ ရှိကြပေ။ အကယ်၍ ၄င်းတို့က ဥပဒေအဖြစ် ဖေါ်ပြခဲ့ကြမည်ဆိုပါက ကွဲပြားခြား နားသော အဆိုများကို ကဏ္ဍတစ်ခု ထဲတွင်ယှဉ်တွဲဖေါ် ပြ ကြမည်လည်းမဟုတ်ပေ။

ဆက်လက်တင်ပြပါဦးမည်။။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၁)
ဟာဒစ်သမိုင်းကျမ်းရှင်များ၏ရည်ရွယ်ချက်

အေမန်ရှာဖီသည် မိမိ၏တပည့်များကို ဟာဒစ်သမိုင်းဆိုင်ရာအချက် အလက်များကို စုဆောင်းရန် တိုက်တွန်းခဲ့ခြင်းမှာ အစ္စလာမ်သာသနာသည် ကျမ်းမြတ်ကုရ်အာန်တစ် အုပ်တည်း နှင့် မွတ်စလင်မ်များ အဖို့လုံလောက်မှု မရှိ၍ ကုရ်အာန်၏အားနည်း နေသောဥ ပဒေများကို အ ထောက်အကူ ပြုရန်အတွက်ဟာဒစ်များကို စုဆောင်း စေခဲ့ခြင်း မ ဟုတ်ပေ။

ဤသည့်အချက်ကို သတိထားရမည်မှာ မွတ်စလင်မ်များအတွက် အသက်သွေးကြောတ မျှ အရေးကြီး သောအချက်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် ထိုကဲ့သို့အတွေး အခေါ် ဝင်ရောက် လာပါက မည်မျှပင် ကြီးမားသော လူသား ပညာရှိကြီး ဖြစ်နေ စေကာမူ ထိုသူ သည် ကုရ်အာန်၏ အခြေခံ မူဝါဒ ဖြစ် သောကျမ်းမြတ် ကုရ်အာန်၅း၃ အခြေခံ ဥပဒေ ဖြစ်သည့် အစ္စလာမ် သာ သနာ ပြီးပြည့်စုံပြီ ဟူသော ဗျာဒိတ် အား ငြင်း ဆန်ခြင်းတစ် ရပ်ဖြစ်သည်။ အကယ်၍ ကုရ်အာန်သည် လူသားများ ရေးသားစီရင် အပ်သော လူရေးကျမ်းများ အားဖြင့်သာ ပြည့်စုံသည် ဟု ယူ ဆ ခြင်းဖြင့် ထို လူရေးကျမ်း များမရှိခဲ့ သေးသော ကာလရှိ မဟာသာဝကများ အဂ္ဂ မဟာသာဝက များနှင့် ၎င်းတို့၏ အရိုက်အရာ များကို ဆက် ခံခဲ့သော မွတ်စလင်မ်များ သည် ပြီးပြည့် စုံသော လမ်း ညွှန်မှုကို အ ပြည့်အဝ မရရှိခဲ့ကြပါ ဟုတိုက်ရိုက် စွပ်စွဲခြင်း တစ်ရပ် လည်းဖြစ်သည်။

အေမန် ရှာဖီသည် ၎င်း၏ တပည့်များကို ဟာဒစ်သမိုင်း ကျမ်းများကို စုဆောင်း စေ ခဲ့ခြင်းမှာ အေမန်အဘူဟနီဖာ၏ အသိဥာဏ်ကို အခြေခံ၍ ဆုံးဖြတ်ခြင်းမျိုးထက်ရှေးသမိုင်း များမှ မဟာ သာဝကများ၊  အဂ္ဂမဟာ သာဝကများ၏ပြုမူဆောင်ရွက် ချက်များကိုပြန် လည်ရှာဖွေ ခြင်းဖြစ်သည်။  ဖော်ပြပါ အေ မန်အဘူဟနီဖာ ၏ဆုံးဖြတ် ချက်များသည် လည်း၊  အစ္စလာမ်သာသနာ အတွက် မရှိ မဖြစ် လိုအပ်ချက် ဥပဒေ များ မဟုတ်ပေ။ ကုရ်အာန်တွင် ပါဝင်သော ဥပဒေများ နှင့်စပ်လျှင်းပြီး အဓိက သိထားရ မည့် အချက်မှာ ကုရ်အာန်သည် ခေတ်တိုင်း နေရာတိုင်း နှင့် လူတိုင်း အတွက် ဟူသော အချက်ဖြစ်သည်။

ဥပမာ အားဖြင့် လင်နှင့်မယား စပ်ကြား ကွာရှင်းပါက “အစ်ဒသ်” စောင့် ဆိုင်းကာလအတိ အကျ ဖော်ပြ ထားပြီး ဖြစ်သည်။ အလားတူ လင်ယောက်ျား သေဆုံး သွားသော အမျိုးသမီးများ ၏ စောင့်ဆိုင်းကာလ ကိုလည်း အတိအကျ ပြဌာန်း ထားပြီးဖြစ်သည်။ သို့ရာတွင် အိမ်မှ ထွက်သွား ၍  ပြန်လည် ရောက်ရှိ လာခြင်းမရှိသော လင်ယောက်ျား ၏ဇနီး အတွက် နောက် အိမ်ထောင် ထူထောင်ရန် ကိစ္စကို ကုရ်အာန်တွင် မည်မျှ အတိုင်း အတာ အထိ စောင့်ဆိုင်းရမည် ဟူ၍ အတိအကျ ဖော်ပြ ထားခြင်း မရှိသည်မှာ အလွန် သဘာဝ ကျသော ကိစ္စဖြစ်သည်။

လူတစ်ယောက် ပျောက်သွားခြင်း ကိစ္စကို အဖြေရှာရာ၌ ခေတ်ကာလ နှင့် သက်ဆိုင်သော ကိစ္စ ဖြစ်သည်။ ခေတ်မှီ တိုးတက်သော အခြေ အနေနှင့် အချိန်အခါ ပေါ်တွင် မူတည်၍သာ အချိန် သတ်မှတ် နိုင်မည်ဖြစ်သည်။ ဥပမာ အားဖြင့် လူတစ်ယောက် သည် အသက်ရှင် လျှက်ရှိနေသည် သို့မဟုတ် သေဆုံး သွားပြီ ဟူသော ကိစ္စမှာ ခေတ်မှီ တိုးတက်သော နိုင်ငံ ကြီး များတွင် ၎င်းတို့၏  Biometric ခေါ် လက်ဗွေ၊ ID. CellPhone. Credit Card များ အားဖြင့် အချိန်တိုတို အတွင်း စုံစမ်းနိုင်သည်။ ထိုကဲ့သို့ စုံစမ်းရာ၌ ခေတ်မှီ တိုး တက်မှု မ ရှိသေး သော နိုင်ငံများနှင့် နေရာများတွင် အထက်မှ တိုးတက်သော နိုင်ငံများ ကဲ့သို့မြန်နိုင်မည် မဟုတ် ပေ။ ဤသည်ကို အကြွင်း မဲ့သိသော တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်က ၎င်း၏ ခေတ်မှီ လမ်းညွှန်မှု ကျမ်းတွင် လူသား များရေး သားသော ဥပဒေများ ကဲ့သို့ လှေနှံဒါးထစ် ဘောင်ခတ် ၍ပြဌာန်း ထားခြင်း မရှိပေ။ လူသား၏ မြင် တွေ့မှု သည် ၎င်း၏ မျက်စေ့ တစ်ဆုံး ကို သာ မြင်နိုင်သောကြောင့် ၎င်း၏ ဥပဒေ သည်လည်း ၎င်း၏ ခေတ်ကာလ ပတ်ဝန်း ကျင်လောက် ကိုသာ လွှမ်းမိုးနိုင်မည်။ ကုရ်အာန်သည် ထိုကဲ့သို့ လူသားတို့၏ စီရင်အပ်သော လူရေး ကျမ်း မျိုး မဟုတ် ကြောင်းကို ကုရ်အာန် ၄း၈၂ တွင် ဖော်ပြထားသည်။

أَفَلَا يَتَدَبَّرُونَ الْقُرْآنَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ اللَّهِ لَوَجَدُوا فِيهِ اخْتِلَافًا كَثِيرًا

Then  do  they  not  reflect   upon  the  Qur’an?  If  it  had  been  from  [any]  other  than Allah ,  they  would  have  found  within  it  much  contradiction.

(ထိုသူတို့သည် ကုရ်အာန်ကို ဂဃ နဏ နှိုက်နှိုက် ချွတ်ချွတ် စေ့ငုံစွာ လေ့လာသမှု မပြုကြ လေသလော၊ အကယ်၍ သာထိုကျမ်းသည် တုနှိုင်း မဲ့ကိုး ကွယ်ရာ အရှင်ထံမှ မဟုတ်ဘဲ အခြားတစ်ဦးဦး ထံမှဖြစ်ခဲ့သော် ဧကန် အသင်တို့သည်  များစွာသော ကွဲလွဲ မှုများကို ဧကန် တွေ့ကြ ရမည်ဖြစ် သည်)

ဖော်ပြပါ ကုရ်အာန်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိသော ကိစ္စကိုလူသားပညာ ရှိဖြစ်သော အေမန်အဘူဟနီဖာက ၎င်း၏ခေတ် ၎င်း၏ကာလ၌ ၎င်း၏ အမြင်အရ လင်ယောက်ျားပျောက် ဆုံးသွားသောဇနီးသည်နောက် အိမ်ထောင်ပြုလိုပါကနှစ်ပေါင်း ရှစ်ဆယ်စောင့်ဆိုင်းရမည်ဖြစ်သည် ဟုတရားဆုံးဖြတ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာထိုအမျိုး သမီးအနေဖြင့် ဒီတစ်သက်နောက် အိမ်ထောင် မထူတော့ နှင့် ဟုဆိုခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အိမ်ထောင် ပြုပြီးသော အမျိုးသမီး တစ်ယောက်၏ အသက်မှာ အနည်းဆုံး ၁၈နှစ် ဆိုပါ လျှင် နှစ်ေ ပါင်း ၈၀ ထပ်ပေါင်းပါက ဒီတစ်သက်နောက် အိမ်ထောင်ပြုခွင့် မရှိဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ထိုကိစ္စရပ် အပေါ် အေမန်ရှာဖီ၏ ဆုံးဖြတ်ချက်မှာ ဇနီးသည် အ တွက် လေးနှစ် စောင့် ဆိုင်းရ မည်ဖြစ်သည် ဟုဆုံးဖြတ်သည်။ အေမန် ရှာဖီ၏ တပည့်  အေမန်ဘိုခါရီသည် ၎င်းရှာ ဖွေ ရရှိခဲ့သော ဟာဒစ် သမိုင်း များ အရဘိုခါရီကျမ်းတွင် (၂)နှစ်စောင့် ဆိုင်း ရမည် ဟုဖော် ပြထား သည်။

ဖော်ပြပါ မွတ်စလင်မ်ပညာရှိ သုခမိန်ကြီးများ အတွင်း၌ပင်လျှင် အယူဝါဒဆိုင်ရာ ဓမ္မသတ်များသည် ၎င်းတို့၏ခေတ် ၎င်းတို့၏ဘောင်များ အတွင်း ပြောင်းလဲလာသော အခြေအနေ ပေါ်တွင် မူတည်၍ တစ်ဦး၏ ဓမ္မသတ်နှင့် အခြား တစ်ဦးတို့မှာ တူညီမှုမရှိပေ။ ဤအချက်လေး တစ်ခုတည်း ကိုကြည့်ခြင်းဖြင့် နှစ်ပေါင်း ၁၅၀၀ ကတည်းက လူသား တစ်ရပ်လုံးကို လမ်းညွှန်ရန် အတွက် ချပေးခဲ့သော ကုရ်အာန် ၄း၈၂၏ ဟော ကိန်းပါ (လူသားတို့၏ ရေးသော လူရေးကျမ်း၊ လူသားတို့၏ ပြောသောစကား၊ လူသားတို့၏ ဆုံးဖြတ်ချက်၊ လူသားတို့ ၏ ထင်မှတ် ယူဆ ချက်များသည် ကွဲ ပြားခြားနားမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

အလားတူ ကျမ်းမြတ် ကုရ်အာန်တွင် အသေးစိပ် ဖော်ပြထားမှု မရှိသော ရေ တွင်း ရေကန် ထဲသို့ ခွေး၊ ကြောင်၊ တိရိစ္ဆာန် တစ်ကောင်ကောင် ကျသွားပါက ရေကို မည်ကဲ့သို့ သုံးရန် လမ်း ညွှန် မှု ပါဝင်ခြင်း မရှိပေ။ ဤသည်လည်း အလွန် သဘာဝ ကျသော ကိစ္စရပ် ဖြစ်သည်။ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်၏ ဗျာ ဒိတ်ကျမ်းသည် ခေတ်တိုင်း နေရာ တိုင်း လူတိုင်း အ တွက်ဖြစ်သည်။ ညစ် ညမ်းသွားသော ရေကို သန့်စင်ရန် ကိစ္စရပ် သည် ခေတ်ကာလ တိုင်းတွင် တူညီမှု မရှိနိုင်ပေ။ ယနေ့ခေတ် မှီတိုးတက်သော နိုင်ငံများ အနက် ရုရှားသည်လည်း တစ်နိုင် ငံ အပါအဝင် ဖြစ်သည်။ ရုရှားနိုင်ငံ မြို့ကြီးများ ၏ ရေပေး ဝေရေး စနစ်သည် အလွန် စိတ်ဝင်စား ဖွယ်ရာ ကောင်းပေသည်။ တစ်မြို့ လုံးမှစွန့်ပစ် လိုက်သော ရေများသည် ရေမြောင်းများမှ မြို့ပြင်သို့ ရောက်ရှိ သွား သည်။ ထို မြို့ပြင်မှ ထိုရေများကို အထပ်ထပ် ဇကာခံစစ်ရာ မှ လုံးဝ အညစ်အကြေး များစင် ၍ ရေကြည် စစ်စစ်အဖြစ်သို့ရောက် ရှိသွား သည်။ ထိုရေကြည် ၌ ပိုး မွှားများ ကင်းစေရန် ပိုး သတ်ဆေးရည် များရော၍ ထိုမြို့ပြင် ရေသန့်စက်ရုံမှ မြို့ထဲ သို့ပြန် လည်၍ သောက်ရေ အဖြစ် ပြန်လည် ဖြန့်ဖြူး သော စနစ်ကို အသုံးပြုခဲ့ သည် မှာ နှစ်ပေါင်း များ စွာအလျှင် က ပင် ဖြစ်သည်။ ယနေ့ ခေတ်တွင် ထိုစနစ်ကို များစွာသော ခေတ်မှီ နိုင်ငံများတွင်လည်း သုံးစွဲလျှက် ရှိနေသည်။ ဤကဲ့သို့ ကိစ္စရပ် များအား ကုရ်အာန် တွင်  ဖော်ပြမှု မပြုခဲ့ခြင်းမှာ တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်၏ အရာရာကို လွှမ်း ခြုံသော အနှိုင်းမဲ့ ဥာဏ်တော်ကြောင့်ဖြစ် သည်။

မွတ်စလင်မ်တိုင်းသည်ကျမ်းမြတ်ကုရ်အာန်ပါလမ်းညွှန်မှုများကိုအစွဲကင်းစွာဖြင့်နားလည် သဘောပေါက်ကြမည်ဆိုပါက အထက်မှအေမမ်ကြီးများ၏ ကွဲလွဲသောဆုံးဖြတ်ချက်များ ကို သဘောပေါက် နားလည် နှိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ကုရ်အာန်ကမလိုအပ်၍ အသေးစိတ်ဖေါ်ပြထားမှုမရှိသော ကိစ္စရပ်များကို ဆုံးဖြတ်ကြရာ၌ ၎င်းတို့ခေတ် ၎င်းတို့ဝန် ကျင်ရှိ အခြေ အနေနှင့် အချိန် အခါများအပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ ကြခြင်းဖြစ်သည်။ ဥ ပမာအားဖြင့် ထိုအချိန်က သာမန်အမဲလိုက် ထွက်သွားသူတစ်ဦးနှင့် ယနေ့ခေတ်သာမန် အမဲလိုက်ထွက်သွားသူ တစ်ဦးတို့၏ အခြေ အနေမှာမတူ နှိုင်ပေ။ တိုကဲ့ပင်ထိုခေတ်ထို အခါက ရေကြောင်း ခရီးထွက်သွားသူတစ်ဦးနှင့် ယနေ့ခေတ် ရေကြောင်းခရီး ထွက်သွား သူ တစ်ဦးတို့၏အခြေအနေမှာလည်း တူနှိုင် မည် မဟုတ်ပေ။ ထို သို့သော အကြောင်း များကြောင့် ခေတ် တိုင်း စနစ် တိုင်း အတွက်ဖြစ်သော ကျမ်းမြတ် ကုရ်က အထက်မှ ဖေါ်ပြ ခဲ့သော ဥပဒေများကို လှေနံဒါးထစ် ပြဌာန်း ခဲ့ခြင်း မ ရှိပေ။

အင်ရှာအလ္လာဟ် ဆက်လက် တင်ပြပါဦးမည်

ဦးစီုးလွင်(ငြိမ်းချမ်းလျပ်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၁၂)
“ဖေကာဟ် ဓမ္မသတ်ခေတ်အစ”

သမ္မတကြီးလေးပါးခေတ်သည် အေဒီ၆၃၂ မှ ၆၆၁ အထိတွင်လည်း ကုရ်အာန်မူရင်းဗျာ ဒိတ်ကျမ်းတစ်မျိုး ထဲသာရှိခဲ့သည်။ ကမ္ဘာ့မွတ်စလင်မ် လောကတစ်ခုလုံးတွင်ကျမ်းမြတ် ကုရ်အာန် မှလွဲ၍ ထမဦးဆုံး ဟာဒစ်(ဆင့်ဆိုသမိုင်း) ကျမ်းကြီး၏အမည်မှာ “မုသ၀သ်သာ” “အထုအထောင်းခံလမ်းကြောင်း” ဟူသောအမည်ဖြင့်အေမာန်မာလစ်(က်)(အေဒီ၇၉၅က စုဆောင်းရေး သားခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်အား အေဒီ၇၉၅ဟုဖေါ်ပြခြင်းမှာ အေမာန် မာလစ်(က်)၏ ကွယ်လွန်သော ခုနှစ်ကိုဆိုခြင်းဖြစ်သည်။ ထိုသမိုင်းကျမ်းကြီးသည်၊ တ မန်တော်၏ခေတ် ကာလနှင့် (၁၇၃)နှစ်နောက် ပိုင်းမှ ကုရ်အာန် ကလွှဲလျှင် ပထမဦးဆုံး လူသား ပညာရှင်တစ်ဦး၏ လူရေးကျမ်းကြီး တစ်ကျမ်းစတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ် သည်။

အေမာန်မာလစ်၏ကျမ်းအား ထိုခေတ်မွတ်စလင်မ်အများစုက လက်ခံကြရာတွင်မိုးကောင်း ကင်နှင့် ကမ္ဘာမြေတို့၏ စပ်ကြားတွင် ကျမ်းမြတ်ကုရ်အာန်ပြီး လျှင်ကမ္ဘာတွင်အကောင်း ဆုံးကျမ်း ကြီးဟူ၍ လက်ခံခဲ့ကြသည်။ ထိုအချိန်က အဘာစီခလီဖါ အဘူ ဂျာဖရ်အလ်မန် ဆူးရ် အေဒီ၇၅၅-၇၇၅အုပ်ချုပ် သူကအေမာန်မာ လစ်က်၏ ဟာဒစ်သမိုင်းကျမ်း “မုသ၀သ် သာ” ကိုမိတ္တူပွား၍ ကမ္ဘာ့မွတ်စလင်မ်များ ထံသို့ဝေငှရန် ခွင့်တောင်းခဲ့၏။အေ မာန်မာ လစ်(က်) ကခွင့်မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မက္ကာဟ်နှင့် မဒီနာစပ် ကြားရှိ ကျွန်ုပ်နှင့်ခေတ် ပြိုင်ဟာဒစ် သမိုင်းများကို အာဂုံဆောင် အလွတ်ကျက်မှတ်ထားသူ များထံမှ စုဆောင်း၍ ရေးသားဖော်ပြထားသော ဟာဒစ်(ဆင့်ဆိုသမိုင်း)များဖြစ်သည်။

မဟာသာဝကများသည်  တမန်တော်မရှိတော့ သည့်နောက်ပိုင်း အစ္စလာမ်သာသနာကို ကမ္ဘာ့ လူသားများ အားဖိတ်ခေါ်ရန် အတွက် ကမ္ဘာ့နိုင်ငံများ အသီးသီးသို့ သွားရောက် ခဲ့ ကြ ပြီးဖြစ် သည်။ ထိုမဟာသာဝက များ ကလည်း ၎င်းတို့ရောက်ရှိရာ နေရာများတွင် ၎င်း တို့၏လုပ်ဆောင်ချက်၊ ပြောဆိုချက်များကို တစ်ဆင့်ချင်း တစ် ဆင့်ချင်း ကျက်မှတ် ထားချက်များ လည်း ရှိ နှင့်နေမည်ဖြစ်သည်။ များစွာသော ဟာဒစ်သမိုင်းများ နှင့်စပ်လျှင်း ၍အများမွတ်စလင်မ်များက မိမိတို့၏ကာလံ ဒေသံများအရ မိမိတို့နှင့် ကိုက်ညီသည် များကို လွတ်လပ်စွာ ပြုစေချင်သော ဆန္ဒ ကြောင့်၎င်း၏စာအုပ်ကို မိတ္ထူပွားခွင့်မပေးခဲ့ပေ။ အကယ်၍ မွတ်စလင်မ် ဘုရင်ကိုယ်တိုင်က အာဏာစက်ဖြင့် ၎င်း၏ စာအုပ်ကို မိတ္ထူပွား၍ မွတ်စလင်မ်များကို ဝေငှခဲ့ပါက ၎င်း၏စာ အုပ်ပါ အကြောင်းအရာများကိုမွတ်စလင်မ်များက ဥပဒေအဖြစ်မပြုမနေ ပြုရမည့်တာဝန်ရှိသည်ဟုမြင်တွေ့သွားမည်ကိုမလိုလားသောကြောင့် အီမာန်မာလစ်က်က ခွင့်မပြုခဲ့ခြင်းဖြစ်သည် ဟု( အလ်ရှရာနီ၏အလ်မီဇမ်အတွဲ(၁)စာ မျက်နှာ(၃၀) အာရဗီမူရင်းကျမ်း) မှဖော်ပြခြင်းဖြစ် သည်။

အေမာန်ရှာဖီသည် အေမာန်မာလစ်က်၏ တပည့်ရင်းတစ်ဦးဖြစ်သည်။ ဟာဒစ်သမိုင်း ဆိုင်ရာပညာ ရပ်များ နှင့်ဖေကာဟ် ဓမ္မသတ်ဆိုင်ရာ ပညာရပ်များကို အေမာန်မာလစ်က် ထံမှဆည်းပူးခဲ့ သူဖြစ်သည်။ ထိုခေတ်ကာလက အေမာန်အဘူဟနီဖါ  (အေဒီ၇၆၉ကွယ် လွန်)သူ၏ဓမ္မထုံးဖွဲ့မှုပညာရပ်များက မွတ်စလင်မ်အများစု လက်ခံကျင့်သုံးလျှက်ရှိသော ကာလဖြစ်သည်။ အေ မာန်အဘူဟနီဖါသည် (သာဗေအီန်း) အဂ္ဂမဟာသာဝကများခေတ် ကို မှီသော ပညာရှင်တစ်ဦးဖြစ်သည်။ သူ၏ဓမ္မထုံးဖွဲ့မှုများသည်၊ ၎င်း၏ခေတ် အဂ္ဂမဟာ သာဝက များ၏ “အေဂ်ျမာဟ်” စုံညီခုံရုံးဆုံးဖြတ်ချက်များနှင့် “ကေယာစ်” စုပေါင်းဝိုင်း ဝန်းချင့်ချိန်ချက်များကို အခြေခံ၍ တရားဆုံးဖြတ် သူတစ်ဦးဖြစ်သည်။ အေမာန်အဘူဟ နီဖာ၏ ခေတ်ကာလတွင်လည်း မွတ်စလင်မ် များအတွက်လိုက်နာ ကျင့်သုံးရမည့် ဥပဒေ ကျမ်းအဖြစ်၊ကျမ်းမြတ်ကုရ်အာန် တစ်အုပ်တည်းသာ ရှိသေးသောခေတ်ကာလဖြစ် သည်။ အေမာန်အဘူဟနီဖါ၏ တရားဆုံးဖြတ်ချက် များသည် ပင်လျှင် ၎င်း၏ကိုယ်တိုင်ရေး စာအုပ်ဟူ၍ မရှိသလောက် ရှားပါးခဲ့သည်။ နောက်ပိုင်း ၎င်း၏ တပည့်များက ၎င်း၏ ဓမ္မထုံးဖွဲ့မှုများကိုပြန်လည်ရေးသား ခဲ့ကြခြင်းဖြစ်သည်။ အေမာန်အဘူဟနီ ဖါ၏ ကွယ် လွန်သောအေဒီ၇၆၉သည် အေမန်ရှာဖီမွေးသော ခုနှစ်ဖြစ်သကဲ့သို့ အေမန်အဘူဟနီဖါ ကွယ်လွန်သောနေ့တွင် အေမန်ရှာဖီအားမွေးခဲ့ကြောင်းကို အီဂျစ်နိုင်ငံကိုင်ရိုမြို့ ရှိ အေမန် ရှာဖီ၏ အုတ်ဂူတွင် ရေးသားမှတ်တမ်း တင်ထား သည်ကို တွေ့ရပေသည်။

အေမာန်ရှာဖီသည်အေမာန်အဘူဟနီဖာ ၏ဓမ္မထုံးဖွဲ့မှု ပညာရပ်များကို လေ့လာရာ၌ အချို့သောဓမ္မ ထုံးဖွဲ့ မှုများ သည် အဘူဟနီဖာ၏ အသိဥာဏ်ကို အခြေခံထားသော ဆုံးဖြတ် ချက်များဖြစ် သည်။ ထိုကဲ့သို့၎င်း၏ အသိဥာဏ် ကို အခြေခံ၍ ဆုံးဖြတ်မှုများ အနက် တစ်ခုမှာ ရေကန် ထဲသို့မဟုတ် ရေတွင်းထဲသို့ ခွေးတစ်ကောင်ကျ ရောက်သေဆုံး သွားပါက ထိုခွေးအသေကောင် ကို ဖယ်ရှား၍ ထိုရေတွင်း ရေကန်မှရေ၏ သုံးပုံနှစ်ပုံကို ဖယ်ရှားခြင်း အားဖြင့် ထိုရေကို သောက်သုံး နိုင်သည်ဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ထိုကဲ့သို့ပင် အိမ်မှ လင်ယောက်ျား ထွက်သွား ၍ ပြန်၍မလာတော့သော၊ သေသည်၊ရှင် သည်ကို မသိရသော လင်ယောက်ျား၏ ဇနီးအနေဖြင့် နောက် အိမ်ထောင် ထူထောင်ရန်အ တွက် မည်မျှစောင့်ဆိုင်း ရမည်နည်းဟူသော မေးခွန်းဖြစ် သည်။ ထိုမေးခွန်းနှင့်စပ်လျှင်း ၍ အေမန်အဘူဟနီဖာက နှစ်ပေါင်း(၈၀) စောင့်ဆိုင်းရမည်ဟူ၍ ဓမ္မသတ် ဆုံးဖြတ် ခဲ့ သည်။

(အဗ်ဒွလ်ရဟ်မာန်း အလ်ဂျဇီရီ(လ်) ၏ (ကေသာဘွလ်ဖစ်(က်) အလာမဇ်ဟဗ် အလ်-အရ ဗအ) အရဗီ မူရင်းကျမ်း)

ဤသည့်အချက်ကို ဘဝင်မကျသော အေမန်ရှာဖီက ဟာဒစ်သမိုင်းများကို ပြန်လည် စုဆောင်း၍၊ ထိုသမိုင်း အထောက်အထားများမှ တမန်တော်ခေတ် မဟာသာဝက များခေတ်၊ အဂ္ဂမဟာ သာဝကများ ခေတ်တို့တွင် ထိုအထက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ် လျှင်း၍ မည်သို့မည်ပုံပြုမူဆောင်ရွက် ချက်များကိုအတုယူ၍ တရားဆုံးဖြတ်ရန်တို့ဖြစ် သည်။ ထိုသို့ သောအ ကြောင်း များကြောင့်အေမန်ရှာဖီသည် မိမိကိုယ်တိုင်ဟာဒစ်များကို စုဆောင်းခဲ့ခြင်းမရှိသော်ငြားလည်း ဟာဒစ်စုဆောင်းသူတပည့်များကို မွေးထုတ်၍ဟာဒစ် စုဆောင်းသူများပေါ်ထွန်းရေးကို ကြိုး ပမ်းခဲ့သူဖြစ်သည်။ထို့ကြောင့် ယနေ့ ဟာဒစ်သမိုင်း ကျမ်းများသည် ဟစ်ဂျရီ သက္ကရာဇ်အရဖော်ပြရမည်ဆိုပါက တမန်တော်မြတ်မရှိတော့ သည့် ခေတ်နှင့်နှစ်ပေါင်း၁၇၉တွင် စတင်ခဲ့သော “မုသ၀သ်သာ” ဟာဒစ်သမိုင်းကျမ်းမှာ ပထမဦးဆုံးကျမ်းဖြစ်၍ ဟစ်ဂျရီ ၅၁၆ အလ်ဟူစိန်ဘင်မတ်စအုဒ်၏ ရှရာဟ်အလ်စွန္နဟ် ကျမ်းမှာ နောက်ဆုံးကျမ်းဖြစ် သည်။ ဖော်ပြ ပါ“မု သ၀သ် သာ”အပါအဝင် ဟာဒစ်သမိုင်း ကျမ်း ပေါင်း (၄၁)ကျမ်း ပေါ်ပေါက်ခဲ့သည်။ ထို(၄၁)ကျမ်းပေါ်ပေါက်ပြီး နောက်ပိုင်း အေ မန်ရှာဖီ၏တပည့် မုဟမ္မဒ်ဘင်အစ်မာအီလ်၏ ဘိုခါရီဟာဒစ် သမိုင်း ကျမ်း ဟစ်ဂျရီ(၂၅၆) ၏ ကျမ်းသည် အကောင်းဆုံးဟူ၍ နောက်ပိုင်းဟာဒစ်(သမိုင်း) ပညာရှင်များက အဆင့် အတန်း သတ်မှတ်ခဲ့ကြသည်။ ထိုနည်းတူစွာ ကမ္ဘာ တွင် ပထမဦး ဆုံးပေါ်ပေါက် ခဲ့သော တမန်တော်၏ခေတ်နှင့် အနီးဆုံးပေါ်ခဲ့သော မိုးနှင့်မြေကြားတွင် ကုရ်အာန် ပြီးလျှင် အမြတ်ဆုံး ဟူသော ရှေးပညာရှင်များ သတ်မှတ်ထားခဲ့သည့်“မုသ၀သ်သာ” ကျမ်းသည် (၄၁) ကျမ်းပေါ်ပြီး နောက် ပိုင်း အဆင့်အတန်း အားဖြင့်အဆင့်(၃၈)သို့ နောက်ပိုင်းပညာ ရှင် များက လျော့ချသတ်မှတ်ခဲ့ကြသည်။

( အေမန်အေ့ဗ်နုဟဂျရ်၏ဘုလွက်အလ်မရာန်းအာရဗီမူရင်းကျမ်းစာမျက်နှာ၅၅၈)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၁၂)  ၏နောက်ပိုင်း အခန်းဆက်ဆောင်းပါးများကို အကြောင်းအရာ နှင့် လျှော်ညီရန်အတွက်

အစ္စလာမ့်ရေစီးကြောင်းမှ  တာတမံ ခုလုတ်ကသင်းများ အမည်ဖြင့်တင်ပြသွားမည်ဖြစ်သည်။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)

ကျမ်းမြတ်ကုရ်အာန်၏ခေတ်ရှေ့ပြေးဟောကိန်းများ(၁၁)
ကုရ်အာန်တွင်ပါဝင်သော လမ်းညွှန်ချက်များအနက်အချို့သည်တမန်တော်ကိုယ်တိုင်က သရုပ်ဖော်ပြမှုမရှိဘဲ လိုက်နာကျင့်သုံး၍မရနိုင်သော လမ်းညွှန်များလည်းပါဝင်သည်။ဥပ မာအားဖြင့် ကုရ်အာန်တွင် “ဆွလာသ်” ဟူသောဝေါဟာရ အကြိမ်(၉၉) ပါဝင်သည်။ ထိုကဲ့ သို့ပင် ဆွလာသ်တည်ဆောက်ရာ၌ ဝိုဇူရေသန့်စင်ရန် အမိန့်များပါဝင်သည်။ အလားတူ မျက်နှာမူရာအရပ်ပါဝင်သည်၊ ဆွလာသ်နှင့်စပ်လျင်း သည့် ဆွလာသ်အချိန်များပါဝင်သည်။ ထိုနည်းတူစွာ ဆွလာသ်၏ပင်မအင်္ဂါရပ်များဖြစ်သော“ကေယမ်” မတ်တပ်ရပ်ခြင်း၊ “ရကူ”ကိုင်းညွှတ်ခြင်း၊ “စဂ်ျဒဟ်” ဦးချခြင်း၊ “ကအေဒဟ်”ထိုင်ခြင်းတို့ပါဝင်သည်။ သို့ရာ တွင် ဆွလာသ်ဝတ်ပြုရန် အသေးစိပ် နှင့်စပ်လျှင်းပြီး ကုရ်အာန်တွင်ပါဝင်ခြင်းမရှိပေ။ တမန်တော် ထံသို့ဗျာဒိတ်အဖြစ်ချပေးခဲ့သောကုရ်အာန် ပါဥပဒေများကိုတမန်တော် က လက်တွေ့ ကျကျ၂၃နှစ်တိုင် သင်ကြားပြသခြင်းအားဖြင့် အစ္စလာမ်ဟူ သောသာသနာ တွင် မည်သည့်လူသား ကယ်တင်ရှင်ကမျှ မည်သည့်လူရေးကျမ်း၊ မည်သည့်လူဝါဒလမ်း စဉ်ကမျှ အထောက်အကူအဖြစ် မလိုအပ်ပဲ ကေယာမသ်နေ့တိုင် ပြီးပြည့်စုံခဲ့ခြင်းဖြစ် သည်။ အစ္စလာမ်သာသနာ၏ပြီးပြည့် စုံခြင်းဟူသည် တမန်တော်သက်ရှိ ထင်ရှားရှိစဉ် ကပင် ကုရ်အာန်၅း၃ဗျာဒိတ်အရ ပြီးပြည့်စုံခဲ့ခြင်းဖြစ်သည်။ တမန်တော်၏ဘ၀တည် ဆောက်မှု သည်မဟာသာဝကတစ်သိန်းကျော်နှင့် အတူ လက်တွေ့အသေးစိပ် ပုံဖေါ်ခြင်းအားဖြင့် အမွေပေးခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်ကုရ်အာန်တွင် ကုရ်အာန်သည် နောက်ဆုံး ကျမ်းဖြစ်သကဲ့ သို့ တမန်တော်သည်လည်း နောက်ဆုံးတ မန်တော်ဟူ၍ ကျေ ညာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကုရ် အာန် ၃၃း၄၀ တွင်

(မုဟမ္မဒ်သည်မည်သည့်ယောက်ျား တစ်ဦးတစ်ယောက်၏ ဖခင်မဖြစ်ခဲ့ပေ။ သို့ရာတွင်အလ္လာဟ်အရှင်၏ တမန်တော်တစ်ပါးဖြစ်သည်။ ထို့ပြင်“ခါးသမနဗီယီးနား” တမန်တော်များပွင့်ခြင်းကို အဆုံးသတ်စေခဲ့ သော တမန်တော်လည်းဖြစ်သည်။ အလ္လာဟ်အရှင်သည် အရာအားလုံးကို လွှမ်းခြုံ၍သိတော်မူသာအရှင် ဖြစ်သည်။ )

ထိုအာယာသ်ပါ “ခါးသမ”ဟူသည် ချိတ်ပိတ်ခြင်း၊သို့မဟုတ် အဆုံးသတ်ခြင်း တမန်တော် များပွင့်ခြင်း ကိုအဆုံးသတ်စေသော တမန်တော်ဖြစ်သည်။ အစ္စလာမ့်သမိုင်း ကိုပြန်လည် ကြည့်ခြင်းဖြင့်လည်း တမန်တော်မြတ်၏  နောက်ပိုင်းမည်သည့်တမန်တော်မျှ ပွင့်ခဲ့ သည်ဟူ၍မရှိခဲ့ပေ။ ပွင့်ရန်လည်းအကြောင်းမရှိ တော့ပေ။ ပြီးပြည့်စုံပြီးသော သာသနာအ တွက်မည်သည့် လူသားကယ်တင်ရှင်မျှ လာရောက်ရန်လည်းမလိုအပ်တော့ပေ။လူသား ကယ်တင်ရှင်များ လာဦးမည်ဟူ၍လည်း ကုရ်အာန်တွင်တိုက်ရိုက်ဖြစ်စေ၊သွယ် ၀ိုက်သော နည်းနှင့်ဖြစ်စေစေ့စေ့တွေး မှရေးရေးပေါ်လာနိုင် သည့်သဘောမျိုးနှင့် လည်းဖော်ပြ ထားခြင်း မရှိပေ။ လူသားကယ်တင် ရှင်များကိုစောင့်မျှော်သောဝါဒလမ်းစဉ်များသည် အခြားအယူဝါဒ များမှ ပူးကပ်လာသော ပယော ဂများသာ ဖြစ် သည်။

ဤသည် အလွန်သဘာဝကျသော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြီးပြည့် စုံသောသာသနာ အတွက် အခြေခံဥပဒေဖြစ်သော ကုရ်အာန်ကိုလည်း မူရင်းမပျက် ထိမ်း သိမ်းမည့် တာဝန်သည်တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်ဖြစ်ကြောင်းနှင့် ထိုကျမ်းပါဥပဒေများကို အသေးစိပ်လိုက်နာကျင့်သုံးရမည့်နည်းစနစ် များကိုလည်း တမန်တော်က(၂၃)နှစ်လုံးလုံး တစ်ဖြေးဖြေး ချင်း၊တစ်ခုချင်း၊တစ်မျိုးချင်း၊ကိုယ်တိုင်ကိုယ်ကျ၊ မဟာသာဝကပေါင်း တစ်သိန်းကျော်ကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။ တမန်တော်ထံမှလက် ဆင့်ကမ်း ရရှိခဲ့သောသာသနာကို မ ဟာသာဝကများတစ်သိန်းကျော်က၊ အဂ္ဂမဟာသာဝကများ သန်းကျော်ကိုလက်ဆင့်ကမ်းရင်းမှ ကမ္ဘာတစ်ဝှမ်းသို့ နေမင်း၏အလင်းပမာ နွေးထွေး မှုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ တမန်တော် သည် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံမှ ကုရ်အာန် ကိုဗျာဒိတ်အဖြစ် ချီးမြှင့်ခံသူဖြစ် သည်နှင့်အညီ ကုရ်အာန်ပါဗျာဒိတ်အားလုံး၏ သဘောတ ရားကို နားလည်ဆုံးဖြစ်သည့်တစ်ဦးတည်း သော ပုဂ္ဂိုလ်ဖြစ်သည်ကို မည်သူမျှငြင်း၍ မရသောအချက်ဖြစ်သည်။

ကုရ်အာန်တွင် လူ့ဘဝတည်ဆောက်မှုအတွက် လမ်းညွှန်မှုများပါဝင်သကဲ့သို့ စကြဝဠာဆိုင် ရာ ရှင်းလင်းချက်များလည်းပါဝင်သည်။ ကုရ်အာန်ပါအချို့ကိစ္စရပ်များ သည် လူတို့၏ တိုးတက် ဖွင့်ဖြိုးလာသောအခြေအနေများမှ တစ်ဖြေးဖြေးချင်းသိရှိနိုင်မည့် ကိစ္စရပ်များ လည်း ပါဝင်သည်။ တစ်ချို့ကိစ္စရပ်သည် လက် တလောသိနိုင်သောအချက်များဖြစ်သည်။ ဤ သည့်သဘောကို အသိဆုံးဖြစ်သောတမန်တော်ကကုရ် အာန်ကိုဗျာဒိတ်၏ မူရင်းအတိုင်း လူသားတစ်ရပ်လုံးအတွက် ထားခဲ့ခြင်းဖြစ်သည်။ ဤသည့်သဘောတရား များကို တမန်တော်ထံမှရရှိခဲ့ကြသော မဟာ သာဝကများ၊ အဂ္ဂမဟာသာဝကများ နှင့် ၎င်း တို့၏ အရိုက်အရာကို လက်ခံရရှိသော မွတ်စလင်မ်များကလည်း ကုရ်အာန်ကိုမူရင်းဗျာ ဒိတ် အတိုင်းထားခဲ့ သောစနစ်ကိုကျင့်သုံးခဲ့ကြ၏။

ဥပမာအားဖြင့် ဆွလာသ်တည်ဆောက်မှုသည် နေ့စဉ်ငါးကြိမ်ဗလီဝတ်ကျောင်းတိုင်း၊အိမ် တိုင်း၊ဂျမာအသ်စုပေါင်းဝတ်ပြု လျှက်ရှိကြသည်။ ဆွလာသ်နှင့်စပ်လျှင်း၍ ကုရ်အာန် တွင်အ ကြိမ် နှင့်အသေးစိပ်ကို ဖော်ပြထားခြင်း မရှိသော်လည်း တမန်တော်သည် မဟာ သာဝကတစ်သိန်းကျော်နှင့်အတူ နေ့စဉ်ငါးကြိမ်ဆွလာသ်ဝတ်ပြုမှုကို(၂၃)နှစ်လက်တွေ့ပြု ကျင့်ပြခဲ့သည်။ တမန်တော်မရှိတော့သည့်နောက်ပိုင်း မဟာသာဝကများကိုသာမြင်တွေ့ ဘူးကြသည့် အဂ္ဂမဟာသာဝကများသန်းကျော်က ဆက်လက်၍ မိမိ တို့၏မျိုး ဆက်သစ် များကို ဆက်လက်အမွေ အဖြစ်ပေးခဲ့ခြင်းအားဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ ယနေ့ကမ္ဘာ္ဘ့မွတ်စလင်မ်ထုအတွင်း ဆွလာသ်ငါးကြိမ်ဟူသည် ကွဲလွဲမှုမရှိဘဲ လက်ခံကျင့် သုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဆွလာသ်များအတွင်း ဖဂျရ်-ဆွလာသ်(၂)ရကသ်၊ ဇိုဟိုရ်(၄)ရကသ်၊ အဆွရ်(၄) ရကသ်၊ မဂ္ဂရစ်ဘ(၃)ရကသ်၊အေရှာ(၄)ရကသ်ဟူ၍ဖရ်(ဇ်) မလုပ်မနေရ တာဝန်များနှင့်စပ် လျှင်းပြီးကွဲ လွဲမှု လုံးဝမရှိဘဲ တူညီခဲ့သည်ကိုတွေ့ရပေ သည်။

ထိုသို့သော အကြောင်းများကြောင့် တမန်တော်ခေတ်အေဒီ ၆၁၀ပထမဦးဆုံး ကုရ်အာန် ဗျာဒိတ် စတင်ရရှိချိန်မှ အေဒီ၆၃၂နောက်ဆုံးဗျာဒိတ်ရရှိပြီး တမန်တော်ပရိတ်နိဗ္ဗာန်စံမြန်း ခဲ့သည် အ ထိ ကုရ်အာန်ဗျာ ဒိတ်ကျမ်း မူရင်းတစ်မျိုး ထဲမှလွဲ၍ အခြားမည်သည့် လူသားပ ညာရှိများရေးသားသော လူရေးကျမ်းများ လုံးဝဥဿုံမရှိခဲ့သေးပေ။

ဆက်လက်တင်ပြပါဦးမည်။

ဦးစီုးလွင်(ငြိမ်းချမ်းလျင်စစ်)