ကုရ်အာန့် သုတ » solar system

အစ္စလာမ့်ရေစီးကြောင်းမှ တာတမံ ခုလုတ်ကသင်းများ(၇)
Solar System (ခေါ်) နေရောင်ခြည် ပေးဝေရေးးစနစ်။

اللَّهُ نُورُ السَّمَاوَاتِ  وَالْأَرْضِ ۚ مَثَلُ نُورِهِ كَمِشْكَاةٍ فِيهَا مِصْبَاحٌ ۖ الْمِصْبَاحُ  فِي زُجَاجَةٍ ۖ الزُّجَاجَةُ كَأَنَّهَا كَوْكَبٌ دُرِّيٌّ يُوقَدُ مِن  شَجَرَةٍ مُّبَارَكَةٍ زَيْتُونَةٍ لَّا شَرْقِيَّةٍ وَلَا غَرْبِيَّةٍ

يَكَادُ زَيْتُهَا يُضِيءُ  وَلَوْ لَمْ تَمْسَسْهُ نَارٌ ۚ نُّورٌ عَلَىٰ نُورٍ ۗ يَهْدِي اللَّهُ  لِنُورِهِ مَن يَشَاءُ ۚ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ ۗ  وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ

Allah is  the  Light  of  the   heavens  and  the  earth.  The  example  of  His  light  is  like  a   niche within  which  is  a  lamp,  the  lamp  is  within  glass,  the   glass  as  if  it  were  a  pearly  [white] star  lit  from  [the  oil   of]  a  blessed  olive  tree,  neither  of  the  east  nor  of  the   west,  whose oil  would  almost  glow  even  if  untouched  by  fire.   Light  upon  light. Allah guides  to  His light  whom  He  wills.  And  Allah presents  examples  for  the  people,  and Allah is  Knowing of   all  things.

(တုနှိုင်းမဲ့ ကိုးကွယ်ရာ အရှင်သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေကို အလင်း ပေးသောအရှင်ဖြစ်၏၊ ထို အရှင်၏ အလင်းပေးသော စနစ်မှာ နံရံတွင်းရှိ လှိုင်ဂူတစ်ခုနှင့်  အ လား သဏ္ဍန် တူ ၏၊ ထိုလှိုင်ဂူ အတွင်း ၀ယ် ဆီမီးအိမ် တစ်ခုရှိ၏ ထိုဆီမီးအိမ်မှာ မှန် အိမ်တစ်ခု အတွင်းတွင်ရှိသည်။ ထိုမှန်အိမ်မှာ ဂြိုဟ်တစ်လုံး ကဲ့ သို့ ဖြစ်သည်။ ယင်းဆီမီးအိမ်မှာ ကောင်းခြီးမင်္ဂလာ နှင့့် ပြည့်စုံသော သစ်ပင် မှ သံလွင်ဆီဖြင့် ထွန်းရလေသည်။ ထို သစ်ပင်မှာမူကား အကွယ်တစ်ခုခု၏ အရှေ့ ဖက်တွင် ကျ သည်လည်းမဟုတ် အနောက်ဖက်တွင် လည်းကျသည်မ ဟုတ်ပေ၊ ထိုသစ်ပင်၏ အဆီမှာ မီးနှင့် လုံးဝ တို့ထိခြင်း မရှိသော်ငြားလည်း ထတောက် အံ့ ဆဲဆဲဖြစ်နေသည်။ အမှန်သော်ကား ရော င်ခြည် ပေါ်၌ ရောင်ခြည်ထပ်လျှက် ရှိ နေသည်။ အရှင် သည် မိမိ အလို ရှိသူ တို့အား မိမိ၏ အလ င်းေ ရာင် ခြ ည်ဖြင့် လ မ်း ညွှန်တော်မူ၏။ ထို့ပြင်အရှင်သည် အရာခပ်သိမ်းကို အကြင်းမဲ့သိသော အရှင်ဖြစ် ၏) ကုရ် အာန် ၂၄း၃၅

အထက်ပါဗျာဒိတ်သည်ခေတ်တိုင်းရှိ လူတိုင်းနားလည်နှိုင်သည့် ဖန်ဆင်းရှင် ၏နေရောင်ခြည် ပေးဝေရေး စနစ်ဖြစ်သည်။ သာမန်မီးအိမ် တစ်ခုအားလှိုင်ခေါင်း တစ်ခု ထဲသို့ထည့်မည် ဆိုပါက လင်းအားပိုကောင်း မည်ဖြစ်သည်။ ထိုမီးအိမ်ပေါ် သို့ဖန်ပြောင်း ကာရံပေးခြင်းဖြင့် မီးအိမ်၏ မူလ အလင်းထက် အဆပေါင်းများစွာ ပိုလင်းမည်ဖြစ်သည်။ ဆီမီးအိမ် သုံးသူတိုင်းသည် ဆီမီး အိမ်ပေါ်တွင် ဖန်ပြောင်း ရံ ၍သုံစွဲကြသည်။ လျှပ်စစ် သုံးသော ခေတ်တွင်လည်း မီးချာင်းများ မီးလုံးများ ပေါ် တွင်လည်း ဖန်ပြောင်းရံ၍ သုံးစွဲ ကြသည်။ ထိုကဲ့သို့ ဖန်ပြောင်းရံ၍ သုံး စွဲ ခြင်းဖြင့် မူလအလင်းထက် အဆပေါင်းများစွာ ပို၍လင်းပေသည်။

ယနေ့ Solar System ဟုခေါ်သော နေရောင်ခြည် ပေးဝေရးစနစ် သည် လည်း အထက်ပါ ဗျာဒိတ်အတိုင်း နေသည် မီးတောင်ကြီးသဖွယ် အဆက်မပြတ် ပေါက် ကွဲပေး၍ အလင်းပေါ် ထပ် ဆင့် အလင်းဆင့်လျှက် အလင်းထုတ်လုပ် ပေးလျှက်ရှိသည်။ ထိုအလင်းကို Solar System တွင်ပါဝင်သော ဂြိုဟ် နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ်တံခွန်များ က နေ၏ ပတ်လည်တွင် ၀ိုင်းယံလျှက်နေ၏ အလင်းကို ဖန်ပြောင်းများ အသွင်ဖြင့် စင်္ကြ၀ဠာကြီးကို ထပ်ဆင့်အလင်း ပေးဝေလျှက်ရှိကြောင်း ကို ခေတ်သစ်သိပ္ပံ၏ အမြင်ရှုဒေါင့်မှ အနည်းငယ် တင်ပြပါမည်။ သို့မှသာနှစ်ပေါင်း(၁၅၀၀)ကထဲက ကျမ်းမြတ် ကုရ်အာန် တွင်တည်ရှိနေသော Solar System (ခေါ်) စကြ၀ဠာကြီးရှိနေရောင်ခြည် စနစ်ကို ဖန်ဆင်းခဲ့သော ဖန်ဆင်းရှင်၏ သက်သေ လက္ခဏာများကို ပီပီပြင်ပြင်မြင်တွေ့ရမည်ဖြစ် သည်။

Solar System တွင်ပါဝင်သော  ဂြိုဟ်နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ်တံခွန်များ က နေ၏ပတ်လည်တွင် ၀ိုင်းယံလျှက် နေ၏ဆွဲငင်အားအတွင်းမှ လွတ်မြောက်ရန်ကြိုးစား ရင်းမှ Solar System ဖြစ်ပေါ်လာသည်ဟု ဆိုလျှင်ပို၍ မှန် မည် ဖြစ်သည်။ နေ၏ပတ်လည် တွင်ရှိသောSolar System တွင်ပါဝင် သည့်  ဂြိုဟ်နက္ခတ်များ လများ ဂြိုဟ်ငယ်များ ကြယ် တံခွန်များ အားလုံးတို့သည် Solid State ကျစ် လစ်သော အစိုင်အခဲအဖြစ် တည်ရှိနေ ကြသည်။ သို့ရာတွင် နေသည် အစိုင်အခဲမဟုတ်ပေ၊ အဆက်မပြတ် ဆက် တိုက် တောက်လောင် ပေါက်ကွဲပေး လျှက်ရှိသော မီးတောက်မီးလျှံနှင့် အခိုးအ ငွေ့များဖြင့် ဖွဲ့စည်းထားသော လုံဝန်း နေသည့် မီးတောင်ကြီး တစ်ခုဖြစ်သည်။

Solar System

နေသည်မိမိ၏ ၀င်ရိုးတွင် လည်ပတ်ရာ၌ ပုံစံသုံးမျိုးဖြင့် လည်ပတ်လျှက်ရှိ နေသည်။ နေ၏ အီကွေတာ ပိုင်းသည် မိမိ၏၀င်ရိုးတွင် လည်ရာ၌ တစ်ပတ်ပြည့် ရန် အတွက် ၂၆.၆ရက်ကြာ သည်။ နေ၏ (လတ်တီကျွတ်) ၆၀ ဒီဂရီ ရှိသောနေ ရာ၏ လည်ပတ်နှုံးသည် တစ်ပတ်ပြည့် ရန်အတွက် ၃၀.၉ ရက်ကြာ သည်။ ၀င်ရိုး စွန်းနှင့် နီးသော အပူပြန့်သည့် လမ်းကြောင်းတွင် လည် ပတ်နှုံသည် တစ် ပတ် ပြည့်ရန် အ တွက် ၃၆ ရက်ကြာသည်။

နေ၏ပြင်ပအချို့သော အစိတ်အပိုင်းသည် လေဟာနယ် ကဲ့သို့ ဗလာဖြစ် နေ သော အပိုင်းသည် ဆွဲငင်အားနည်းသည်။ နေ၏အတွင်းပိုင်းနှင့် အချို့သော အစိတ်အ ပိုင်းသည် ဆွဲငင်အား ပို ကောင်းသည်။ ထိုဆွဲငင်အား မတူသော နေ၏ဆွဲအား ကြောင့်နေ၏ ပတ်လည်တွင် လည်ပတ်နေသော ဂြိုဟ်နက္ခတ် တို့မှာ နေ၏ဆွဲအား နည်းသောအပိုင်း သို့ ရောက်သော အခါနေမှ ရုံးထွက်၍ အဝေးသို့ရောက်ရှိ သွားကြသည်။ ထိုနည်း တူစွာ နေ၏ ဆွဲအားကောင်းသော အပိုင်းသို့ပြန်ရောက်ရှိ သော အခါ နေ၏အနီးသို့ ပြန် လည်၍ ရောက်ရှိ လာ ကြသည်။ ထိုကဲ့သို့ မတူ ညီသောနေ၏ဆွဲငင်အားကြောင့်နေ ၏ ပတ်လည်တွင် လည်ပတ်လျှက် ရှိကြသော ဂြိုဟ် နက္ခတ်တို့မှာ အချိုးအစားညီစွာဖြင့်ဟန် ချက်ညီညီ နေနှင့်နီးသွားလိုက် နေနှင့် ဝေးသွားလိုက် အဆုံး အစမရှိပတ်လျှက်ရှိနေ ကြသည်။

နေသည် အရှိန်ပြင်းစွာ ဆက်တိုက် မီးတောက် မီးလျှံကို တောက်လောင်ပေး လျှက်နှင့် အတူ ပြင်းထန်သည့် လေမုန်တိုင်းသည် အနုမြူမှုံများကို ထုတ်လုတ် ပေးလျှက်ဖြင့် ထို မီးတောက်ကို အဝေးသို့မှုတ်ထုတ်ပေးလျှက်ဖြင့် အလင်းပေးလျှက်ရှိနေသည်။ ထိုနည်း အားဖြင့် Solar System၏(ခေါ်)နေရောင်ခြည်အဆက်မပြတ် ထုတ်လုတ်ပေးသောစနစ် ကြီးဖြစ်တည်နေခြင်း ဖြစ် သည်။ ထို တောက်လောင်ပြီးသော မီးတောက်မီးလျှံအားလေမုန် တိုင်းက အဝေးသို့ မှုတ်ထုတ်ပြီးသည့်နောက်ပိုင်း ဖုံများနှင့်အခိုးအငွေ့များအဖြစ်နှင့်နေမှ တစ်ဖြေးဖြေးချင်း ထွက်ခွာသွား သည်။

ထိုနေရောင်ခြည် ထုတ်လုပ်ပေးသော စနစ်ကို ကျမ်းမြတ်ကုရ်အာန်၂၄း၃၅ တွင် ဖေါ်ပြ ထားရာ၌ ခေတ်တိုင်းခေတ်တိုင်းရှိ လူသားတိုင်း နားလည်စေနှိုင်သော ဖန် မီးအိမ်တစ် ခုနှင့် ပမာခိုင်း ထားပေသည်။ တိုးတက်လာသောခေတ်တွင်လည်း ဖေါ်ပြပါဗျာဒိတ် သည် ဝေါဟာရပြောင်းလဲခြင်း မရှိဘဲခေတ်သစ် သိပ္ပံတွေ့ရှိချက် Solar System (ခေါ်)နေရောင်ခြည်ထုတ်လုပ်ပေးသော စနစ်နှင့် အံဝင်ဂွင်ကျရှိ နေပေသည်။

နေသည်ကမ္ဘာနှင့် အနီးဆုံးဖြစ်သော Milky Way Galaxy အဖွဲ့ဝင်ကြယ်တစ် လုံးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် နေ၏အလင်းကို (ဒွေယာ)ကိုယ်တိုင်ထုတ် လုပ်သော အလင်း ဟု ဖေါ် ပြထားသည်။ လ၏အလင်းကို (နူးရ်) ရောင်ပြန် အလင်း ဟုဖေါ်ပြထား သည်။ နေသည်ကိုယ်ပိုင် အလင်းထုတ်လုပ်၍ လသည် ကိုယ်ပိုင်အလင်း မရှိဟူသော အ ချက်ကို ခေတ်သစ် သိပ္ပံ တွေ့ရှိ ချက် ထက် နှစ် ပေါင်းထောင်ချီ စော၍ ကုရ်အာန် က ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့သော အကြောင်းများကြောင့် ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုရာ၌ ကုရ်အာန်က ညွှန်ကြားပြသသော နည်းလမ်းအတိုင်း ဖွင့်ဆိုရမည်ဖြစ်သည်။ သို့မှသာ ကုရ်အာန် က ပြောလိုသော အ ကြောင်းအရာများကို ရှင်းလင်းထင်ရှားစွာ သိရှိနှိုင်မည် ဖြစ်သည်။ ကုရ် အာန်သည် ဖန်ဆင်းရှင်၏ အဆုံးအစမရှိ သော ဥာဏ်တော်ဖြင့် လွှမ်းခြုံ၍ ဗျာဒိတ် ထားသော ခေတ်တိုင်းစနစ်တိုင်း အတွက် အမြဲခေတ်မှီနေမည့် စင်္ကြ၀ဠာ ဆိုင်ရာ စွယ်ဆုံကျမ်းကြီး ဖြစ်သည်။ ထိုခေတ်မှီ ကျမ်းကြီးအား မျက်စိ တစ်ဆုံးလောက်ကိုသာ လွှမ်းခြုံနှိုင်သည့် လူ သားတို့၏ လူရေးကျမ်း မူဝါဒများ အားဖြင့် ဖွင့်ဆိုမှုများသည် ကုရ်အာန်ကပြောလိုသော အကြောင်း အရာကို ပေါ် လွင်စွာ ထင်ရှားနှိုင်မည် မဟုတ်ပေ။ ဤသည်ကို ကုရ်အာန် ၁၆း၈၇-တွင် (ငါအရှင်သည် အသင့်အပေါ်သို့ ကျမ်း မြတ်ကုရ်အာန် ကို အရာခပ်သိမ်းတို့၏ ရှင်း လင်းချက်အဖြစ် ချပေးခဲ့သည်။)

စင်္ကြ၀ဠာကြီးအပါအ၀င် ရှိအမျှသောအရာခပ်သိမ်းကို မရှိရာမှရှိရာသို့ ဖန်ဆင်းခဲ့သောဖန် ဆင်းရှင်သည် ၄င်း၏ဖန်ဆင်းမှုအလုံးစုံနှင့်စပ်လျှင်းပြီး ကုရ်အာန်တွင် ရှင်းလင်းထားပြီး ဖြစ်ကြောင်း အထက်ပါ ဗျာဒိတ်တွင် ပြဌာန်းထား ခြင်းဖြစ် သည်။

သို့ရာတွင် ကုရ်အာန်သည် ခေတ်တိုင်း လူတိုင်းအတွက် လမ်းညွှန်ဖြစ် သည့် အလျှောက် စင်္ကြ၀ဠာဆိုင်ရာ အချို.သော အကြောင်းအရာ များသည် တိုးတက်ဖွံ့ ဖြိုးလာသောခေတ် ကာလ တို့ တွင်သာ ထင်ရှားစွာ ဖွင့်ဆိုနှိုင်မည်ဖြစ်သည်။၃း၇

နေ့စဉ်နှင့်အမျှ ခေတ်မှီတိုးတက် လျှက်ရှိသော လူသားကမ္ဘာကြီး နှင့်အတူ အမြဲ တန်းခေတ်ရှေ့သို့ ဦးဆောင်လျှက် ရှိနေသည့် စင်္ကြ၀ဠာဆိုင်ရာ စွယ်စုံကျမ်းကြီး ကို ဖွင့်ဆိုရာ၌လည်း ထို ကျမ်း ကြီးအား ပြုစုသူ၏ လမ်းညွှန်ချက် အတိုင်းသာ ဖွင့်ဆိုကြရ မည်ဟု ၇၅း၁၉ နှင့် ၁၁း၁-၁၀း၃၇တို့တွင် ဆက်လက် လမ်းညွှန်ထား သည်။

(ယင်းကုရ်အာန်ကို ရှင်းလင်း ပြရန် မှာလည်း အမှန်ပင် ငါအရှင်၏ တာဝန်ဖြစ် သည်။)

(ဤသည် ကျမ်းတစ်ဆူဖြစ်သည်။ ထိုကျမ်းဂန်၏ ဗျာဒိတ်များသည် မြဲမြံခိုင်ခံ့ အောင်ပြုလုပ် ထားပြီးဖြစ်သည်။ ထိုဗျာဒိတ်များသည် ကျိုးကြောင်း ဆင် ခြင်တုံ တရားနှင့် ပြည့်စုံသော အကြွင်းမဲ့သိတော်မူသော အရှင့်ထံတော်မှ အသေးစိပ် ရှင်းလင်းဖေါ်ပြ ထားပြီး ဖြစ် သည်။)

ထိုဗျာဒိတ်နှစ်ခုအား အစွဲကင်းစွာဖြင့် ဖတ်သူတိုင်းသည် ကုရ်အာန်ကို ဖွင့် ဆိုရာ၌ ကုရ်အာန်တွင် ပါဝင်သော အခြားဗျာဒိတ် များအားဖြင့် ဖွင့်ဆိုရမည် ဟုလမ်းညွှန် ချက်ဖြစ်သည်။

သို့ရာတွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့ပြီးဖြစ်သော ကုရ်အာန်ဘာသာပြန်ကျမ်းအား လုံးသည် ကုရ်အာန် မတိုင်ခင် အလျှင်က ရှိခဲ့သောသမာကျမ်းကိုကျောထောက်နောက် ခံပြု၍ ဘာ သာပြန် ဆိုကြသည်။ ဥပမာအားဖြင့် ကုရ်အာန် ၁၁း၇-၃၂း၎-၅၀း၃၈- တို့တွင်ပါဝင်သော- ဗျာဒိတ်များအား -

စကြ၀ဠာကြီးကို (၆)ရက်ဖြင့် ဖန်ဆင်းခဲ့သည် ဟူ၍ သမာကျမ်းအတိုင်း ပြန်ဆိုကြသည်။ ထိုသမာကျမ်းပါအယူဝါဒအတိုင်း ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သော မွတ်စလင်မ် များ ၏ သမိုင်း ကျမ်းများတွင်လည်း စကြ၀ဠာကြီးကို (၆) ရက်ဖြင့် ဖန်ဆင်းခဲ့သည်ဟူ၍ ဆက်လက် ဖေါ်ပြခဲ့ကြသည်။ ကုရ်အာန် တွင် ပါဝင်သော (ယောင်းမ်) နှင့် (အိုက်ယမ်) ဟူသည် အင်္ဂလိပ် ဝေါဟာရ Period  ကာလပိုင်းခြား တစ်ခုဖြစ် သည်။ နေ၀င်နေထွက် တစ်ရက်ကို ဆိုခြင်းမဟုတ်ပေ။ စင်္ကြ၀ဠာကြီးကို မဖန်ဆင်းခင်အလျှင် နေ၀င် နေထွက် လည်း မရှိသေးသည့် အ တွက်တစ် ရက် နှစ် ရက်ဟူ၍ လည်းမရှိသေးပေ။ ထို့အ တွက်ကြောင့်-

ကုရ်အာန်၇၀း၎တွင် (ယောင်းမ်) ဟူသော ဝေါဟာရကို နှစ်ပေါင်း(၅၀၀၀၀) ကြာမြင့်သော ကာလတစ်ခု  ဟုဆို ထားသည်။

ကုရ်အာန်တွင် စင်္ကြ၀ဠာကြီးကို ကာလ(၆) ခုဖြင့် အဆင့်ဆင့် ဖန်ဆင်းခဲ့ ကြောင်း ၃၂း၎- ၄၁း၉- ၄၁း၁၂- ၂၅း၅၉- ၂၁း၁၆- ၄၃း၈၅- ၄၆း၃- ဖေါ်ပြထားသည်။

အခိုးအငွေ့ အဆင့်တွင်ရှိခဲ့ သည်။၄၀း၁၁

မိုးကောင်းကင်များ နှင့်ကမ္ဘာ မြေ သည် တစ်စုတစ်ဝေးတည်း အဖြစ်တည်ရှိခဲ့ သည်၊ ထို့နောက် ပေါက်ကွဲလွင့်စင်၍ သီးခြားဖြစ်သွား ခဲ့သည်။ ၂၁း၃၀

ဖေါ်ပြပါ ဗျာဒိတ်များသည် ခေတ်သစ်သိပ္ပံ တွေ့ရှိချက်ထက်နှစ်ပေါင်း များစွာ စော ၍ ကုရ်အာန်တွင် ဖေါ်ပြထားပြီး ဖြစ်သည်။

အကယ်၍သာ မွတ်စလင်မ်များသည် ကုရ်အာန်ကိုချဉ်းကပ်ရာ၌ ကုရ်အာန် ၅၆း၇၉က ပိတ်ပင်တားဆီးခဲ့သော ရိုးရာစွဲကျောင်းတော်ဝါဒစွဲ ဆရာပုံအပ်ဆည်းကပ်ဝါဒစွဲ ဂိုဏ်းဂ ဏ ကျောထောက် နောက်ခံစွဲ ဟူ သောအစွဲများကို ဖယ်ရှားနှိုင်ကြ မည်ဆို ပါက မွတ်စလင်မ်ဟူသည် ကမ္ဘာ့လူသား တစ်ရပ်လုံးအတွက် အဖက်ဖက်မှ ထူးချွန်သော စံပြခေါင်းဆောင် များ အဖြစ်နှင့် တည်ရှိ နေကြ မည် ဖြစ် သည်။

ယနေ့ မွတ်စလင်မ်များ၏ ဖြစ်အင်သည် အလွန်ခေတ်မှီ တိုးတက်သော နည်းဗျူ ဟာစွယ်စုံကျမ်းကြီး ကိုလက်ဝယ် ပိုင်ဆိုင်ထားပါလျှက် အသုံးမပြုတတ် သောသူ များအဖြစ်နှင့် ရပ် တည် လျှက် ရှိကြသည်ကို ၀မ်းနည်းဘွယ်ရာ တွေ့ရပေသည်။

(အင်ရှာအလ္လာဟ်) ဆက်လက်တင်ပြပါဦးမည်။

ဦးစိုးလွင် (ငြိမ်းချမ်းလျှပ်စစ်)